## PAGE 463


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

500

ဆပ်စပ်နေကြောင်း ယုံကြည်သူနည်းလှချေသေး၏။ (ဝလာဟကသံယုတ် စသော ပါဠိတော်၊
အဋ္ဌကထာတို့၌) အတိအလင်းပင် ဟောကြား ဖွင့်ဆိုသည်မှာ များလှပေ၏။

မယုံ၍ တစ်စုံတစ်ခုသော ကိုယ်ကျင့်တရားကို စမ်းသပ်ရုံမျှပင် မကျင့်သုံးကြ သဖြင့်
ယုံစရာလည်း မတွေ့ဖြစ်ကာ ရုပ်ကိုပင် အားကိုးရာ ထင်မှတ်၍ ချဉ်းကပ်ကြ ပြန်ပါသော်လည်း
မိုးလွန်၊ မိုးခေါင်၊ ရေကြီး၊ မီးလောင်၊ တောင်ပြိုကွဲ၊ ငလျင်တော်လည်းခြင်းမှအစ “သဘာဝ
အန္တ ရာယ်' ဟု ဆိုကာ ရုပ်ဆရာ သိပ္ပံပညာရှင်တို့ကလည်း “ဒါ ငါတို့မတတ်နိုင်” ဟုကား
မပြောကြဘဲ စကားယဉ်ယဉ်ဖြင့် ခပ်အင်အင်လုပ်နေကြပြန်၏။ “မိမိကိုယ်ကိုသာ အားကိုးရာ
ဟု မမြင်သော လူသားတို့ဘဝသည် သနားစရာ ကောင်းလှပါပေ၏။

ယခုအခါ ဗြဟ္မဒတ်မင်းကဲ့သို့ တရားစွမ်းအင်ကို စမ်းသပ်လေ့လာသူများ ပေါ်ပေါက်
သင့်လေပြီ။ ထိုမင်းသည် တစ်နေ့သောအခါ မြို့ပြ စနည်းနာရင်း ဟိမဝန္တာ ရသေ့ကြီးထံ
ရောက်သွားစဉ် ရသေ့ကြီးက စားနေကျ ညောင်သီးဖြင့် ဧည့်ခံရာ ချိုမြိန်လှသဖြင့် အကျိုး
အကြောင်းမေးလျှင်-

"

“မင်းများမှအစ လူတို့တရားစောင့်လျှင် သီးနှံများ သြဇာရှိ၍ တရားမစောင့်လျှင်
သြဇာညံ့ဖျင်း ရသာကင်းသည်” ဟု မိန့် ့သည်ကို မယုံကြည်၍ “လက်တွေ့ စမ်းမည်” ဟု
ပြန်လာခဲ့၏။ တိုင်းပြည်ရောက်လျှင် တရားမရှိ ဓားမရှိ မိမိထင်ရာလုပ်၍ အုပ်ချုပ်ရေးစနစ်
ပြောင်းပြီး ရသေ့ကြီးထံ ပြန်လာရာ ညောင်သီးဖြင့်ပင် ဧည့်ခံသောအခါ စားကြည့်လျှင်
ခါးလှသဖြင့် ရသေ့ကြီး အမိန့်ရှိသည်မှာ မှန်ကန်ကြောင်း ဝန်ခံလျှောက်ထားရလေ၏
(စတုက္ကနိပါတ်၊ ရာဇောဝါဒဇာတ်။)

နတ်ဆွမ်းစားသော ကျောင်းတိုက်

တစ်နှစ်တွင် အနယ်နယ်အရပ်ရပ် မိုးခေါင်လျက်ရှိရာ ညောင်လွန့်ဂေါစရဂါမ်လည်း
မိုးခေါင်၍ ကျောင်းတိုက်သံဃာများ အတန်ငယ် ဆွမ်းကွမ်း ပါးရှားချို့ငဲ့ကြကုန်၏။
တစ်နေ့တွင် ဆရာတော်သည် မိမိကျောင်းမှ စေတီကြီးဘက်သို့ လမ်းလျှောက်ကြွစဉ်
ပြောင်ပြောင်လက်လက် လောလောလတ်လတ် ပေစာတစ်ရွက်ကို တွေ့ ရသဖြင့် ကောက်ကြည့်

ရာ-

“အရှင်ဘုရားများ ပစ္စည်းလေးပါးအတွက် မစိုးရိမ်မကြောင့်ကြရဘဲ ချမ်းချမ်းသာသာဖြင့်
ရဟန်းတရား အားထုတ်ရပါလိမ့်မည်” ဟူသော စာများကို ထူးထူးဆန်းဆန်း ဖတ်ရှုရ၏။
ဆရာတော်ကလည်း ထိုနေ့ ဘုရားဝတ်တက်အပြီး ရဟန်းသံဃာများအား-

R

“ဦးပဉ္စင်းတို့ သီလကိုသုတ်သင်ပြီး မေတ္တာသာပွားကြ၊ ရဟန်းတရားကိုသာ ကြိုးစာ
ဆောင်ရွက်ကြပါ။ ဝေရဉ္ဇာပြည်မှာ ဘုရားရှင် သီတင်းသုံးစဉ်ကလောက် မဆိုးသေးပါဘူ.။
သူတော်ကောင်းနတ်တွေကလဲ သံဃာတော်များ မငြိုငြင်ရအောင် စောင့်ရှောက်နေကြပါတယ်။
အချိန်တန်တော့လဲ ဖြစ်လာမှာပါပဲ။ ကိုယ်လုပ်စရာရှိတာသာ လုပ်ကြ။ အနုသာသနီ


## PAGE 464

၄၀၈


မ္မာစရိယဦးဌေးလှိုင်

ပါဋိဟာရိယ ခေါ်တဲ့ ဒီ သီလ, မေတ္တာစတဲ့ တန်ခိုးတွေဟာ ကိုယ်က မသိပေမယ့် အလွန်
အားကိုးလောက်အောင် အစွမ်းထက်ကြတယ်။ သမ္မာဒေဝနတ်တွေလဲ ကိုယ့်ကို အကြောင်းပြုပြီး
မရေမတွက်နိုင်အောင် ကုသိုလ်တိုးကြရတယ်။ ပရိတ်ရွတ်ခါနီးတိုင်း-

“ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိ သာဓကံ=အကျွန်ုပ်တို့ လုပ်နေတဲ့
ကုသိုလ်ဟာ စကြဝတေး မန္ဓာတ် ချမ်းသာကအစ နတ်ဗြဟ္မာ ချမ်းသာအလယ်၊
နိဗ္ဗာန်ချမ်းသာအဆုံး အလိုရှိသမျှ၊ တောင့်တတတ်သမျှ ချမ်းသာ အားလုံးကို ရစေ
နိုင်ပါတယ်၊ ဒီ ကုသိုလ်အဖို့ကို သင်နတ် ဗြဟ္မာများအားလုံး အမျှယူကြ၊
ဝမ်းမြောက်စွာ သာဓုခေါ်ကြပါ”

လို့ ဆိုတော့ သူတို့မှာ ချမ်းသာစီးပွား များကြရတာ ကိုယ်က သိချင်မှ သိပေမယ့်
သူတို့က သိတယ်။ ကျေးဇူးတင်ကြတယ်။ အဲဒါကြောင့် ဦးပဉ္စင်းတို့ ကြိုးစားကြပါ။
ဦးပဉ္စင်းတို့ သီလ၊ မေတ္တာတွေ ဒိဋ္ဌဓမ္မဝေဒနိယ (လက်ငင်း) အကျိုးပေးရအောင်ဟာ
ကူညီပြီး ပါရမီဖြည့်နေကြတယ်။ သာသနာပြုနေကြတယ်လို ့ မှတ်ကြရမယ်” ဟု ဆုံးမ
သြဝါဒ ပေးတော်မူ၏။

ထို့နောက် များမကြာမီအတွင်း ညောင်လွန်ရှေ့ တဲမြင့် ခေါ်သော ရွာအနီးရှိ
ဘုရားဝင်းအတွင်း တံမြက်လှည်းနေကြသော ညောင်လွန့်ဆရာတော်နှင့် ဘုန်းကြီးဦးဇောကို
ဖူးတွေ့လိုက်ကြရသည် ဟုလည်းကောင်း၊ လယ်ဝေးမြို့အနီး ရွာတစ်ရွာ၌ ဆရာတော်နှင့်
ဘုန်းကြီးဦးဇောတို့ ဆွမ်းခံကြွလာ၍ ဆွမ်းလောင်းဖူးမျှော်နေကြစဉ် ကောင်းကင်မှ ပျံတက်
ကြွသွားသည်ကို မြင်လိုက်ကြရသည်ဟု လည်းကောင်း သတင်းများ ဖြစ်ပွားကာ ဆရာတော်၏
ကျေးဇူးဂုဏ်မှာ နိုင်ငံအနှံ့ ပြန့်ပွားသွားသည်။ အနယ်နယ်အရပ်ရပ်မှ ဆန်အိတ်၊ ဆီပုံး၊
ငပိ၊ ငါးခြောက်၊ သင်္ကန်းစသော ပစ္စည်းလေးပါးတို့သည်လည်း မီးရထား၊ ကားတို့ဖြင့်
အဆက်မပြတ် ရောက်လာကြကုန်၏။

သေနတ်မီးမကူး၍ ချီးကျူးမကုန်

တစ်ခါက ဆရာတော်သည် (ငွေတောင်တောရ ဦးကဝိန္ဒ၊ ပျော်ဘွယ် ဦးနရိန္ဒ၊
တိုက်ကြပ်ဘုန်းကြီး ဦးနန္ဒိယ၊ ပဲခူးကလျာဏီ ဦးသဒ္ဓမ္မ) နောက်ပါ ဆရာတော်လေးပါးနှင့်အတူ
ညောင်လေးပင်မြို့ ခင်တန်းရွာကျောင်း သိမ်သမုတ်ပွဲသို ့ ကြွတော်မူရ၏။

အဆောက်အအုံ မရှိသေးသော သိမ်မြေကွက်ပေါ်၌ သိမ်သမုတ်ပြီး၍ သံဃာများနှင့်အတူ
ထိုင်နေတော်မူကြခိုက် ဒကာတစ်ဦးက အသံနေအသံထားဖြင့် သိမ်အောင် သြဘာစာကို
ဖတ်လျှောက်ရာ ပရိသတ်များမှာ ဝမ်းသာအားရ နားစိုက်ကြည်ညိုနေကြ၏။ ရွာသားများက
လည်း သြဘာစာဖတ်ပြီးလျှင် သေနတ်ပစ်ဖောက်ရန် အင်္ဂလိပ်လူမျိုး သစ်တောအရာရှိတစ်ဦးအား
အနီးအပါးတွင် ကောင်းမွန်စွာ ဧည့်ခံ၍ ထားကြရာ သြဘာစာ ဖတ်အပြီး ထိုအရာရှိအား
“သေနတ်ဖောက်တော့” ဟု အချက်ပေး၍ ပစ်ဖောက်ရာ ကျည်ဆန်မထွက်ဘဲ ရှိနေ၏။


## PAGE 465


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄ဝ၉

ထိုအရာရှိလည်း ကျည်ဆန်ကိုထုတ်၍ အသစ်တစ်တောင့် လဲထည့်ပြန်၏။ မရချေ။ သို့နှင့်
´ပါသမျှကျည်ဆန် ၅၀-လုံး မီးမကူးဘဲ ရှိနေသဖြင့် အထပ်ထပ် စစ်းဆေးကြည့်ရှုကာ
မဖြစ်စဖူး အံ့အားသင့်လျက် ချွေးပြန်နေရှာ၏။

ထိုအခိုက် သံဃာအများထဲမှ (ညောင်လွန်မှ) ဆရာတော်ငယ်တစ်ပါး ထလာကာ
လက်ဟန်ခြေဟန်ဖြင့် “ဘုန်းကြီးများ အပေါ်က ကျော်မပစ်နှင့်။ ဟိုဘက်လွှဲပစ်” ဟု
ပြောသည့် အတိုင်း ပစ်ဖောက်သောအခါမှ တဒိုင်းဒိုင်း မီးကူးကာ အားလုံး ချီးကျူးမကုန်
ဖြစ်ကြရ၏။

(စတုက္ကနိပါတ်၊ ကာလိင်္ဂဗောဓိ ဇာတ်၌) ကာလိင်္ဂစကြာမင်း သည် ဆင်ဖြူရတနာစီး၍
ကောင်းကင်ခရီးဖြင့် သွားရာ ဗောဓိမဏ္ဍိုင် အရပ်သို့ ရောက်သောအခါ ဆင်မှာ ရှေ့မတိုးဘဲ
ရပ်နေ၏။ ပုရောဟိတ်က ဆင်း၍စုံစမ်းရာ “ဘုရားရှင်တို့၏ ကိလေသာ အောင်မြေဖြစ်၍
နတ်သိကြားများပင် ဖြတ်၍ မသွားရဲကြ” ကြောင်း သံတော်ဦးတင်ရာ မယုံသဖြင့် ဆင်ကို
စိန်ချွန်းအချက်ချက်အုပ်၍ နှင်ရာမရ။ အော်မြည်လျက် ထိုနေရာ၌ပင် အသက်အသေခံသွား
ရှာ၏။

ဤ၌လည်း သက်မဲ့ ကျည်ဆန်သည် ဆရာတော့်အပေါ်က ဖြတ်ကျော်၍ မသွားရဲသကဲ့သို့
ရှိ၏။ သူတော်ကောင်းတို့၏ တရားသဘောကား . အံ့သြမကုန်နိုင်ပါချေ။ ထိုအရာရှိ
အင်္ဂလိပ်လည်း တစ်သက်နှင့်တစ်ကိုယ် တအံ့တသြဖြစ်ကာ ဆရာတော်အား ဦးခိုက်
အရိုအသေပေးလေ၏။

သိမ်ကိစ္စပြီးဆုံး၍ ဆရာတော် ညောင်လွန့်သို့ ပြန်ကြွမည်ရှိစဉ် ညောင်လေးပင်မြို့နယ်ရှိ
ဘုန်းကြီးရော လူများပါ အထူးကြည်ညို လေးစားကြ၍ “တစ်ဝါတစ်ချီ သီတင်းသုံး
ချီးမြှောက်ပါဦး” ဟု အတင်းအကြပ် လျှောက်ထားကြသည်။ ဆရာတော်ကမူ-

“ယခုလိုပင့်ကြတာ တို့များ ဝမ်းမြောက်ပါတယ်။ သို့သော်လဲ ငါတို့နေတဲ့ ညောင်လွန် က
တောကြီးဖြစ်လို့ အာရုံငါးပါး မရှိဘူး။ ကိုယ်တိုင် ဆွမ်းခံစားကြရပြီး စားရတဲ့ အာဟာရကလဲ
ခေါင်းပါးတော့ “တောနှင့် ခေါင်းပါးတဲ့ အစားအသောက်က ပရိသတ်ကို တစ်ဝက်ဆုံးမပြီး
ဖြစ်နေတယ်။” တို့များက တစ်ဝက်သာ ဆုံးမရတော့ သက်သာတယ်။ သင်တို့ ညောင်လေးပင်က
မြို့ဆိုတော့ အာရုံငါးပါးလဲပေါ။ ပစ္စည်းလေးပါးလဲ ပြည့်စုံနေတော့ လူမျိုးစုံ နေကြထိုင်ကြလို့
တို့များ ဆုံးမရခက်လိမ့်မယ်။ တို့များလဲ ဆင်းရဲရလိမ့်မယ်။ ဒါကြောင့် ဝမ်းမြောက်လှ
သော်လဲ သည်းခံကြပါ” ဟု နှစ်သိမ့် တောင်းပန်တော်မူ၏။

ဆရာတော်၏ စကားများမှာ အလွန်မှတ်သားဖွယ် ကောင်းလှပေသည်။

နေမိန္ဓရတောင် သိမ်သမုတ်ခန်း

ဆရာတော်၏ သထုံသာသနာပြု လုပ်ငန်းလည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။
သီလ သမာဓိ ပညာများကို ကြည်ညို၍မဆုံး ရှိရသည်။ မျက်စိဖြင့် မြင်ရသော အမျိုးမျို

