## PAGE 466

၄၁၀


ဓမ္မာစရိယ ဦးဌေးလှိုင်

သော နတ်စိမ်း၊ အမနုဿ၊ ပြိတ္တာ၊ နတ်များနှင့် ခက်ခက်ခဲခဲ တွေ့ဆုံဟောကြား၍ သိမ်
သမုတ်ရခြင်းဖြစ်ရာ တစ်နိုင်ငံလုံးက အံ့သြရသော ပွဲလည်းဖြစ်၏။

ထိုပွဲတွင် မြင်းခြံ စွန်းလွန်းဆရာတော် ဘုရားလည်း ဆရာတော်နှင့် အတူ ကြွရောက်
သာသနာပြုရသည်ဖြစ်ရာ စွန်းလွန်းဆရာတော်၏ သီလ, သမာဓိ, ပညာစွမ်းလည်း
ဆရာတော်ကဲ့သို့ပင် အံ့မခန်း ကြည်ညိုဖွယ်အတိ ဖြစ်ပါပေသည်။ ရဟန္တာအရှင်မြတ်ကြီး
နှစ်ပါး၏ တရားအစွမ်းနှင့် အမနုဿတို့၏ ကြောက်ခမန်းဘေးရန်မှာ မော်ကွန်း ထိုးလောက်
ပါပေ၏။

ထိုအကြောင်းကို အတတ်နိုင်ဆုံး အကျဉ်းချုံး၍သာ ပြပါအံ့။

ကြောက်စရာ နေမိန္ဓရ

နေမိန္ဓရတောင်သည် သထုံမြို့ မြောက်ဘက် ခြောက်ဖာလုံခန့်ဝေး၍ ရှေး သထုံမြို့ ရိုး
ကျုံးဟောင်း၏ အရှေ့မြောက်နှင့်ထိစပ်လျက်ရှိသော တောင်ဖြစ်၏။ အရှေ့မြောက် တောင်တန်း
ကြီးနှင့် တစ်ဖက်မျက်နှာ၌သာ ထိစပ်လျက် စေတီကဲ့သို့ မြင့်တက်နေသော တောင်ဖြစ်သည့်အပြင်
ကျောင်းငယ်ကလေးများပင် ဆောက်လောက်အောင် ပစ္စယံကဲ့သို့ အဆင့်ဆင့် မြေကွက်လပ်များ
ရှိ၏။ ကောင်ထိပ်တွင် ပေတစ်ရာခန့် ညီညာသော'မြေပြင်ရှိသည်။ အမြင့် ပေနှစ်ရာကျော်ခန့်
ရှိမည်ထင်ရ၏။ အုတ်ဂူနတ်ကွန်းများလည်း ရှိသည်။ ‘တောကြမ်းသည်’ ဟု ဆိုကာ ထို
နေရာသို့ မည်သူမျှ မကပ်ရဲကြ။

သထုံမြို့ ပင်စင်ရိက္ခာတော်ရ မင်းကြီး ဦးဘိုးစ၊ အရေးပိုင် ဦးကျော်ဒွန်းစသော မြို့
လူကြီးများက ပဋိပတ္တိ သာသနာပြုဌာနကြီးအဖြစ် ပြုလုပ်ရန် တောင်ခြေ၌ အဆောက်အအုံများ
ဆောက်ကြ၏။ အကျင့်သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသည်ဟု ယူဆရသော ဆရာတော်ကြီး
တစ်ပါးအား ရဟန်း၊ သီလရှင်၊ လူသူတော် အခြံအရံများနှင့်တကွ ပင့်ဆောင်၍ သီတင်း
သုံးစေကြသည်။

တောင်ထိပ်၌ သိမ်သမုတ်ရန် ဆက်၍စီစဉ်ကြသောအခါ သိမ်အတွက် ကျောက်တိုင်
သစ်ဝါးများကို တောင်ပေါ်သို့ တင်ကြရာ နံနက်မိုးလင်းလျှင် ထိုကျောက်တိုင် သစ်ဝါးများအားလုံး
အလိုလို တောင်အောက်ပြန်ရောက်နေသဖြင့် အံ့အားသင့်ကုန်ကြ၏။ ဆရာတော်ကြီးက
“ဒါ အနှောင့်အယှက် ပေးရုံပါ။ ကိစ္စမရှိပါဘူး” ဟု ဆိုကာ နောက်တစ်ရက် ထိုပစ္စည်းများကို
ထပ်၍တင်စေ၏။ လူများကိုပါ တောင်ပေါ်၌ ညအိပ်အစောင့်ထားသည်။ နံနက်မိုးလင်းလျှင်
သစ်ဝါးများသာမက လူများပါ တောင်အောက်သို့ ရောက်နေသဖြင့် ကျောင်းနေ သံဃာ
ပရိသတ်အချို့ပင် တိမ်းရှောင်သွားကြ၏။ မြို့နေလူများလည်း မသွားရဲကြ။ ဆရာတော်ကြီးလည်း
ရုတ်တရက် ပျံလွန်တော်မူသွားရသည်။

တစ်နေ့တွင် ဦးဘိုးစနှင့် ဦးကျော်ဒွန်းတို့ ထိုတောင်သို့သွား၍ ကြည့်ရှုကြရာ “ကျုပ်
ဒီတောင်မှာ နယ်ဖြစ်နေရတယ်။ မကြာမီ ခြောက်လလောက် ရှိရင်တော့ ကျွတ်လွတ်ရမှာပါ”


## PAGE 467

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၁၁

ဟု လူမမြင်ရဘဲ အသံတစ်ခု ကြားရ၏။ ပျံလွန်သော ဆရာတော်ကြီးအသံ ဖြစ်နေသတတ်။
ဦးဘိုးစတို့လည်း အံ့သြလျက် ပြန်လာခဲ့ကြရ၏။

ကြိုတင်သိမြင်သော ရဟန္တာအရှင်မြတ် နှစ်ပါး

သာသနာစိတ် ပြင်းပြလှသော ဦးဘိုးစ၊ ဦးကျော်ဒွန်း စသော မြို့မျက်နှာဖုံး လူကြီး
များသည် စိတ်မကောင်း ဖြစ်နေကြခိုက် ရသေ့ကြီး ဦးခန္တီ သထုံရောက်လာသဖြင့် ထို
နေမိန္ဓရတောင် သိမ်သမုတ်ရေး ကိစ္စကို အပ်နှင်းကြသည်။

“ကျုပ်က ရသေ့ဆိုတော့ အဆောက်အအုံလောက်ပဲ တာဝန်ယူနိုင်မယ်။ ညောင်လွန်
ဆရာတော်ဟာ ပရိယတ်၊ ပဋိပတ် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်။ အတွင်းသိ အတူ
နေဖက်ပါ။ သူ့ကိုပင့်လျှင် အောင်မြင်ပါလိမ့်မယ်” ဟု အကြံပေးသဖြင့် ဦးသံဒိုင်နှင့် -
ဦးသံစုံတို့ ညောင်လွန့်တောရသို့ လာပင့်ကြ၏။

ညောင်လွန် ့သို့ ရောက်ကြလျှင် ဆရာတော်၏ လက်ရုံးတပည့်ကြီး တစ်ပါးဖြစ်သူ
ဘုန်းကြီး ဦးဥတ္တမက အကျိုးအကြောင်း စဉ်းစားကာ ဆရာတော်နှင့် တွေ့ ခွင့်မပေးသေးဘဲ
အစစအရာရာ ပို၍ ကောင်းမွန်စေရန်အတွက် အမိန် ့တော်ပြန် စာတမ်းတစ်ခုကို ပေးလျက်
အမိန့်တော်ပြန်စေခိုင်း ပြီးလျှင် တောင်စောင့်နတ်များ၏ သဘောတူမတူကို ဦးစွာ အစမ်း
ခိုင်းလိုက်၏။

သထုံမြို့ လူကြီးများ စမ်းသပ်ကြည့်ကြရာ ကျေနပ်သည်ကို တွေ့ ရကာမှ ဆရာတော်ကို
လာ၍ပင့်ကြ၏။ ဆရာတော်ကလည်း ချက်ချင်းလက်မခံသေးဘဲ တစ်ညခန့် ဆိုင်းငံ့စေ၍
မြို့စောင့်နတ်၊ တောင်စောင့်နတ်များ၊ အစိမ်းသရဲများ အခြေအနေကို ကြည့်ရှုဆင်ခြင်တော်မူ၏။
အပ္ပနာမေတ္တာပွား ပိုတော်မူ၏။ အစောင့်နတ်များ မျှော်လင့်ကြည်ညိုကြောင်း သိပြီးမှ
လက်ခံကြွရောက်တော်မူသည်။

ဆရာတော်၏ တိုက်တွင်းတိုက်ပမှ ၁၁-ပါးနှင့် မိတ္ထီလာမြို့ ရေလယ်ကျောင်း
ဆရာတော်နှင့် စွန်းလွန်းဆရာတော်(ထိုစဉ်က ရေလယ်ကျောင်း၌ သီတင်းသုံးသည်။)
အပါအဝင် မိတ္ထီလာမှ ငါးပါး၊ တောင်ငူမှ တစ်ပါး ပေါင်း ၁၇-ပါး ကြွတော်မူကြသည်။
ထိုသိမ်သမုတ်ပွဲတွင် “စွန်းလွန်းဆရာတော် ပါဝင်ဆောင်ရွက်မှ ပိုမို၍ လွယ်ကူချောမော
မည့်. အခြေအနေများလည်း ရှိတန်ရာ၏” ဟု ယူဆရသည်။

❝

စွန်းလွန်းဆရာတော်သည် သထုံသို့ မကြွမီ နေမိန္ဓရတောင် အခြေအနေကို ဇာတ်ကြောင်း
ပြန်၍ အာရုံယူ ကြည့်ရှုတော်မူနေစဉ် အနီးအပါးရှိ သူငယ်ချင်းဖြစ်သူ ဦးစံတင်က-

“အရှင်ဘုရား၊ ရှေးကအကြောင်းတွေ ပြန်ကြည့်နေသလား၊ ကြွသာကြွပါ၊ အရှင်ဘုရား
ပြုလုပ်ထားခဲ့တာတွေပါ။ တနင်္ဂနွေထောင့်မှာ မြေကမူလေး ရှိလိမ့်မယ်။ အဲဒီနေရာက
ပရိကံ တယ်ပါ။ အောင်မြင်ပါလိမ့်မယ်ဘုရား” ဟု ဝင်၍ လျှောက်ထားဖူး၏။

ထိုစကားများကား အလွန်အဓိပ္ပာယ် သွားလှပေသည်။ ထို့ကြောင့် ဘဝဟောင်း


## PAGE 468

၄၁၂


ဓမ္မာစရိယ ဦးဌေးလှိုင်

သံယောဇဉ်သည် ထိုကိစ္စ၌ စွန်းပွန်းတော် မပါလျှင် မပြီးနိုင်သော အချက်တစ်ခုပင်

ဖြစ်လေရာ၏။

အရူးကပြောသော အကောင်း

၁၂၈၄-ခုနှစ် တပေါင်းလဆန်းတွင် ဆရာတော်နှင့်တကွ အဖွဲ့ဝင် ၁၇-ပါးသည်
သီးသန့် မီးရထား တစ်တွဲဖြင့် ညောင်လွန် ့ဘူတာမှ ကြွတော်မူကြသည်။ ရေတာရှည်
ဘူတာ၌ ခေတ္တရပ်၍ ရထားထွက်ကာနီးတွင် ထိုတွဲပေါ်သို့ ထူးဆန်းသော ဘုန်းကြီးရူးတစ်ပါး
ကပ်လိုက်ပါလာ၏။ လက်တစ်ဖက်၌ တောင်ဝှေးနှင့်ကြိုး၊ အခြားတစ်ဖက်၌ သစ်သာ·
ပန်းခက်ကျိုးတစ်ခုနှင့် ခလောက်တစ်ခု ကိုင်ထားလျက် ဆရာတော်များအား စိမ်းစိမ်းကြည့်နေစဉ်
ရေလယ်ဦးသုဇာတက “သီးသန့်တွဲဖြစ်သည်” ဟု ပြောရာ “အို....ပိုင်ပိုင်” ဆိုပြီး ဇွတ်
ဝင်ထိုင်၏။

..

"

"

“ဆရာတော်ကြီးပါတယ်၊ စကားတွေ သိပ်များမနေနဲ့” ဟု ပြောရာ....
“ဘာဆရာတော်တုန်း” ဟု ထပ်မေး၏။

“ညောင်လွန် ဆရာတော်ကြီး” ဟု ဖြေကြားရာ....

“ဘာ ညောင်လဲ၊ ဗောဓိညောင်လား၊ ညောင်ချဉ်လား၊ ညောင်ကြပ်လား၊ အဲလေ....
ဗောဓိညောင်ပေါ့” ဟု ပေါက်ကရ ပြောရင်း.....

"

“ဘာကိစ္စ ကြွမှာတုန်း” ဟု ထပ်မေးနေပြန်သဖြင့် စကားမဆုံးအောင် ရှိနေ၏။
“သထုံကို သိမ်သမုတ်၊ သာသနာပြုသွားမယ်လို ့” ဟု ခပ်တိုတိုပြောလိုက်ရာ အရူး
ဘုန်းကြီးက…….

..

“ဪ....ရှင်မဟိန္ဒူတို့လို သီဟိုဠ်ကို သာသနာပြု သွားမယ်လို့ကိုး။ အဲ...ဟုတ်ပေါင်၊
သထုံကို သာသနာပြုသွားမယ်လို့ကိုး” ဟု ဆိုကာ....

..

“အောင်ပဓာတ် အောင်ပဓာတ်၊ သွားကြ သွားကြ၊ အောင်ပါလိမ့်မယ် အောင်ပါလိမ့်မယ်”
ဟု အော်ဟစ်ပြောဆိုလျက် လက်တွင်ပါသော ခလောက်နှင့် ပန်းခက်ကျိုးကို လှုပ်ပြသည်။
ပါးစပ်ကလည်း....

“ဒီမှာကြည့်ကြည့် ခလောက်ခလောက်၊ ပန်းခက် ပန်းခက်၊ အဆံမပါဘူး၊ အကျိုးအကျိုး”
ဟု တစ်ဗျစ်တောက်တောက် ပြောဆိုကာ ရှေ့ဘူတာအရောက်တွင် ဆင်းသွားလေတော့၏။
ထိုအတိတ်နိမိတ်အရ “အနှောင့်အယှက်တော့တွေ့မယ်၊ မှုစရာမရှိ” ဟု အဓိပ္ပာယ်
ဖော်ကြ၏။ အရူးကပြောသော အကောင်းဖြစ်သည်။

လူတစ်လှည့် နတ်တစ်လှည့် တရားနာ

ဆရာတော်များ သထုံမြို့သို့ ရောက်ကြလျှင် ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်၍

