## PAGE 472

!


၄၁၆

..

အရိပ်နိမိတ် တထိတ်ထိတ်နှင့် ကျိတ်၍ပူဆွေး

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဘုန်းကြီးတို့ ဦးပဉ္စင်းတို့၊ အခါကောင်း အခွင့်ကောင်းကြီး ရတုန်း ပရိယတ္တိလဲကြိုးစား
- သင်ယူကြ။ ယခုပို့ချနေတဲ့ ဝိနည်းစာဝါကိုလဲ မှန်မှန်တက်ကြ။ နောက်တစ်ကြိမ် ချဖို့မလွယ်ဘူး၊
အစိုးမရတဲ့ ဒီရုပ်နာမ်လဲ တစ်နှစ်ပင် ကျော်လွန်မည်မဟုတ်။ ပဋိပတ်ကိုလဲ မနေမနား ကြိုး
စား အားထုတ်ကြပါ။ ငါတို့ မရှိကာမှ နောင်တ, မဖြစ်ရစ်ကြနှင့်။”

၁၂၉၄-ခုနှစ် နှစ်ဦးလောက်မှစ၍ ဆရာတော်သည် စာဝါ ပို ့ချသည့်အခါ မကြာခဏ
သတိပေးတော်မူလေ့ ရှိ၏။ ထိုစကားကို ကြားရသောအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ
သုံးလအလို၌ ကြိုတင်မြွက်ကြားသော စကားကြောင့် ဦးခေါင်း၌ မိုးကြိုးကျသကဲ့သို့
ဓမ္မသံဝေဂ ဖြစ်ခဲ့သူ “ဓမ္မဓရ ရဟန်းငယ် ကဲ့သို့ ပဋိပတ်ကို ပို၍ ကြိုးစားသော တပည့်များလည်း
မနည်းပေ။ ထိုသို့ စကားများကို ကြားရပြီးနောက် မကြာမီပင် “အလွန်တရာ တောက်ပ၍
လှပ ဆန်းကြယ်သော ရတနာ ပြာသာဒ်ကြီးသည် နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေသည်ကို
တွေ့ နေရသည်” ဟု အမိန့်ရှိသည်ကို တပည့်တိုင်းလိုလို ကြားရပြန်သည်။ နတ်ဗြဟ္မာတို့
အန္တိမပူဇော်ခြင်းလော၊ “အာယုသင်္ခါရ လွှတ်ချိန်တန်ပါပြီ” ဟု လျှောက်ထားခြင်းလော။

မည်သို့ဖြစ်စေ၊ ဆရာတော်ကား စာဝါများကိုလည်း ချမြဲ ချပို့တော်မူ၏။ သာသနာရေး
ကိစ္စနှင့် သံဃာ့ဝေယျာဝစ္စများကိုလည်း ပြုလုပ်မြဲ ပြုလုပ်တော်မူသည်။ ၁၂၉၅-ခုနှစ်
နယုန်လတွင် မြင်းခြံမြို့ စွန်းလွန်းဆရာတော်လည်း ဈာပနကိစ္စတစ်ခုဖြင့် ကြွလာကန်တော့
ပြီးလျှင် ဆရာတော်နှင့် ခါတိုင်းကဲ့သို့ပင် အေးဆေးရင်းနှီးစွာ တွေ့ဆုံသည်ကို တွေ့ ရ၏။
စွန်းလွန်းဆရာတော်က ဆရာတော်၏ တပည့်ကြီးများကိုလည်း-

“ဆရာတော်သည် အမှန်ပင် ရဟန်းကိစ္စပြီးခဲ့ပြီ” ဟုသာ အမိန့်ရှိပြီး ပြန်ကြွသွား၏။

ရွှေမြို့ ဘုန်းကြီး ဦးကုသလ၏ သိမ်သမုတ်အတွက် မကြွတော့ဟုနေရာ ဇွတ်လာ၍
ပင့်ကြသဖြင့် ကြွတော်မူရာမှ တောမီးညှော်နံခြင်း၊ မိုးဦးမိခြင်းကြောင့် ဖျားနာတော်မူခဲ့ရာ
ကောင်းစွာ မပျောက်နိုင်ဘဲရှိလေ၏။ (အရိယာသူတော်ကောင်းကြီးများ ခြေတစ်လှမ်းမျှ
ပို၍လှမ်းပေးရခြင်းမှအစ မိမိတို့အတွက် တာဝန်ပိုမတက်ရအောင် သတိပညာဖြင့် ဆည်းကပ်
ကြရာသည်။)

အသိဉာဏ် အမြော်အမြင် ရှိသော တပည့်ကြီးများမှာ အချိန်ပို၍ နီးကပ်လာပြီဟု
ယူဆကာ အားငယ်စပြုလာကြ၏။ ဆွမ်းစားကျောင်းအနီး စိုက်ထူထားသော နေ နာရီတိုင်မှာ
အခိုင်အခံ့ ရှိလျက်က အလိုအလျောက် လဲကျ၏။ ကျောင်းပတ်ဝန်းကျင်၌ အခါမဲ့ ပန်းမျိုးစုံ
ပွင့်နေကြပြန်သည်။ ကြက်ဖကြီးခန့်ကြီးသော ငှက်ကျားကြီး တစ်ကောင်ကလည်း တနင်္ဂနွေ
ထောင့်မှလာ၍ ကျောင်းအပေါ်၌ ဝဲပျံကာ ကြောက်လန့်ဖွယ် အသံကွဲကြီးဖြင့် ငိုညည်း
မြည်တမ်းနေသည်မှာလည်း မကြာခဏ ဖြစ်သည်။ ကျောင်းတိုက်ပတ်ဝန်းကျင် တစ်ခုလုံးမှ
အုတ်အုတ်ကျက်ကျက် မသဲကွဲသော ငိုညည်းရှိုက်ငင်သံများ ရက်များစွာပင် ကြားနေကြရ၏။
လူခြေတိတ်သောအခါတွင် ပို၍ ကျောချမ်းအားငယ် ထိတ်လန့်ဖွယ် ရှိလှသည်။


## PAGE 473


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အချိန်အခါနှင့် ကျေးဇူးဂုဏ်ကို သိမြင်သူတို့က ငိုနှင့်ကြလေပြီ၊

မ္မဝေဒန သမ္ပာဒေထ

၁၇

ဆရာတော်ကား ပို၍ ရောဂါဆိုးရွားလှသည်မထင်ရ။ အသားအရေ ကြည်လင်လျက်
ဟောကြားဆုံးမမြဲ ဆုံးမလျက်ပင် ရှိသည်။ နယုန်လပြည့်ကျော် သုံးရက်နေ့တွင်ကား ပို၍
အားနည်းလာပုံရ၏။ ဒေါ်စောတင် ဆောက်လှူသော ကျောင်းကြီးအောက်ထပ်၌ သီတင်းသုံး
နေရာမှ စာချတော်မူရာ ကုလားထိုင်ပေါ်သို့ ပြောင်းရွှေ့ပေးကြရသည်။ တိုက်တွင်းရှိ
သံဃာအားလုံးအား ပင့်ခေါ်စေ၍-

“ဘုန်းကြီးတို့ ဦးပဉ္စင်းတို့၊ ပရိယတ် ပဋိပတ်အလုပ်တို့ကို မဆုတ်မနစ် ကြိုးစားကြပါး
ဝိနည်းသိက္ခာပုဒ်တော်နှင့်စပ်လို အသေးအဖွဲကလေးကအစ ထိန်းသိမ်းပြီး ဆရာသမားတို့၏
ဒိဋ္ဌာနုဂတိ ရှိကြရမယ်။ မြတ်စွာဘုရား တားမြစ်တာ၊ လုပ်ခိုင်းတာတွေ အားလုံးဟာ
သတ္တဝါတွေ ချမ်းသာဖို့ချည်းပဲ၊ သင်္ခါရ တရားတွေဟာ ဘာမှ အားကိုးစရာ အနှစ်သာရ
မရှိဘူး” စသည်ဖြင့် ဆုံးမဟောကြားတော်မူသည်။

ထို့နောက် ဆရာတူတပည့်ဖြစ်၍ မိမိထက် အသက်သိက္ခာ ကြီးကြသော လယ်ဝေး
ဦးအာစရနှင့် ဦးဇော (ဆရာတော်ကြီး နှစ်ပါး) အား ဦးချ ကန်တော့တော်မူ၏။ မကြာမီ
ည ၁၁-နာရီရောက်လျှင် ကုလားထိုင်ပေါ်၌ ခြေချထိုင်တော်မူလျက် “အနုပါဒိသေသ
အသင်္ခတ' အငြိမ်းဓာတ်ကြီးသို့ အပြီးအပြတ် ကိန်းဝပ်စံကာ ပရိနိဗ္ဗာန်ပြုတော်မူ၏။

ဝါဆိုလဆန်း သုံးရက်နေ့တွင် ပရိသတ်တစ်သောင်းကျော် သံဃာတော် လေးရာခန့်တို့
စုဝေး၍ တစ်စုံတစ်ခု တိုက်တွန်းနှိုးဆော်ခြင်း မပြုရဘဲ အစစအရာရာ လိုလေသေးမရှိ
ပြည့်စုံစွာဖြင့် သာဓုကီဠနသဘင် ဆင်ယင်ကြသည်။ နံ့သာထင်းများ (မည်သူမျှ မပြုလုပ်
ဘဲလျက်) အလိုအလျောက် စုပုံပူဇော်ကြခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း စသော အံ့ဖွယ်
များကိုလည်း တွေ့ကြုံကြရ၏။ အရိုးတော်ဓာတ်ကိုလည်း ရုပ်ပွားတည်ဖန်၍ ပူဇော်ထားရှိ
ကြသည်။

မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ ဝိနည်းအဓိက စာချစာသင်ပုံစနစ်နှင့် မဆုတ်မနစ်
ယုံယုံကြည်ကြည်ဖြင့် - ကြိုးစားပါလျှင် ဘုရားရှင် သာသနာတော်သည် သတ္တဝါတို့
အားထားရာကြီး အစစ်ဖြစ်ကြောင်း ညွှန်းပြတော်မူလေပြီ။

(၁၃၁၆-ခုနှစ်၊ တပည့်ယောဂီ မထေရ်ကြီးများ စုပေါင်း ပြုစု၍ ၁၃၂၇-
ခုနှစ်တွင် ရုပ်နှိပ်သော “ထေရုပ္ပတ္တိ အကျဉ်းနှင့် ညောင်လွန် တောရ တရား
အားထုတ်စဉ်” ကျမ်း၌လည်း အပြည့်အစုံ ကြည့်ရှုတော်မူနိုင်ကြပါသည်။
ဆရာတော်၏ ဥပနိဿယ အတိုင်း အားထုတ်၍ ပြီးမြောက်အောင်မြင်တော်
မူကြသော ရွှေဥဒေါင်းတောင် ဆရာတော်၊ မြောင်းမြ ဝေဠုငတီ ဆရာတော် များ
အကြောင်းကိုလည်း ရှေ့၌ ကြည်ညိုရပါလတ္တံ့။)


## PAGE 474


CJ

သထုံဇေတဝန် ဆရာတော်
1 ၁၂၃၀ - ၁၃၁၆ )

ဇာတ်၊ ရုပ်သေးတို့၌ ရှည်လျားသော ဇာတ်လမ်းများကို ကပြကြရာ ပထမတွင်
အေးအေးဆေးဆေး ကပြနိုင်ကြသေး၏။ ဇာတ်ပေါင်းခါနီး လင်းအားကြီးအချိန် ရောက်လျှင်ကား
အချိန်ကိုက်ဖြစ်စေရန် ခပ်သုတ်သုတ် ကပြကြရသည်။ အရေးမကြီးသော အကြောင်းများကို
ချုံးသင့်လျှင်ချုံး၊ ပလှပ်တန်လျှင်ပလှပ်၍၊ သို့တည်းမဟုတ် ပြတန်သလောက်ကိုသာပြ၊
ငိုကြွေးမြည်တမ်း လွမ်းဆွေးသင့်သလောက်သာ လွမ်းဆွေး၍ ရေးကြီးသုတ်ပျာ ကပြကြရသည်။

ထို့ကြောင့် ပွဲကြည့်သူတို့၌ တစ်ခန်းနှင့်တစ်ခန်းသည် ကြိုတင်၍ မမှန်းဆ မတွက်ချက်
နိုင်အောင် အဆက်အစပ် အဆင်အပြင်ကွဲကာ အပြောင်းအလဲ မြန်ဆန်တတ်၍ ဇာတ်လမ်းမဆုံးမီ
ငိုရအံ့လော ရယ်ရအံ့လောမသိ ဖြစ်ကြရလေ၏။

အပရာပရိယ (ရှေးကံ) ဇာတ်ဆရာကလည်း ယောဂီအား ရှည်လျားလှစွာသော
သံသရာ ဇာတ်လမ်းအတွက် မာရ်နတ်ကဲ့သို့သော လူကြမ်းများကို သုံးတန်သုံးလျက် ကပြ
စေခဲ့ပြီ။ ဇာတ်ပေါင်းခါနီး လင်းအားကြီးလေ ဆယ်ဘဝခံရခံရမည်ကို တစ်ဘဝတည်း၌
ပေါင်းတန်ပေါင်း၊ ချုံ့တန်ချုံ့ ၊ ပလှပ်တန် ပလှပ်၍ အချိန်မီ ကပြရလေဖြစ်သဖြင့် ရက်ပိုင်း
လပိုင်း အတွင်း၌ပင် 'ရှေ့နောက်မညီ၊ အဆက်အစပ် အပြင်အဆင်ကွဲကာ အပြောင်းအလဲ
မြန်ဆန်တတ်၏။

ထို့ကြောင့် အရုဏ်ကျင်း၍ လင်းကြက်ပင် တွန်နေသော်လည်း တော်တော်နှင့်
ဇာတ်ရည်မလည်း၊ ခု ရသေ့ ထွက်လိုက်၊ တော်ကြာ မင်းသားထွက်လာလိုက်၊ ကတိုက်ကရိုက်
ကနေရသော ရုပ်သေးပွဲကိုကြည့်၍ ‘လင်းကြက်ဖြင့် အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော်လေမှန်း
မသိ၊ အခန်းခန်း အဖုံဖုံ၊ များနိုင်မျှကုန်” ဟူသော ဦးပုညစာကဲ့သို့ ဇာတ်လမ်းမဆုံးမီ ဇဝေ
ဇဝါ ဖြစ်ကြရလေ၏။

ဘုရားရှင်လက်ထက်တော်က နာဂသမာဠမထေရ် သည် ထိုသို့သော သဘောကို
ဆင်ခြင်မိ၍လော မသိ၊ ပွဲကြည့်ရင်း ရဟန္တာ ဖြစ်တော်မူခဲ့သည်။ ထို့ကြောင့်လည်း မျက်စိ
အောက်၌ပင် ရှေ့နောက်မညီဟု ထင်ကြရသော တမ္ဗဒါဌိက သူသတ်သမားကြီး တရားထူး
ရသွားပြီ၊ သန္တ တိအမတ် အရူးအံမူးကြီး ရဟန္တာဖြစ်သွားပြီ ဆိုသည်ကို မယုံကြည်နိုင်အောင်
ရှိခဲ့ကြလေ၏။

ဘဝသံသရာ၌ ကံကြမ္မာတို့သည် ဆန်းကြယ်စွာတကား။

လူပြန်တော် ပညာရှိ ဦးသာဗျော

စစ်ကိုင်းမြို့ မြောက်ဘက် ဆယ်မိုင်အကွာ ကန်ကြီးကုန်းရွာအနီး ကျောက်ပနံရွာ၌

