## PAGE 478

၄၂၂


ဓမ္မာစရိယ ဦးဌေးလှို

ဟံသာဝတီခရိုင် ကွမ်းခြံကုန်းမြို့နယ်ရှိ ကော့မှူးရွာ ဦးရီးတော်အိမ်၌ ရောက်နေကြောင်း
ကြားသိရ၏။ ထိုအိမ်၌နေစဉ် တစ်နေ့သ၌ စိတ်အဆင်မပြေ၍ စကားမပြောဘဲ အိပ်ရာထဲ၌
နှစ်ရက်လုံးလုံး မစားမသောက်နေ၏။

အဒေါ်လုပ်သူက “တကတဲတော် မစားမသောက်တာ ရှိပါစေတော့၊ မယိုမပေါက်ဘဲ
နေနိုင်တာများ အံ့ပါရဲ့” ဟု သူ၏ ဦးရီးတော်အား ပြောကြားသောဟူ၏။

စင်စစ် မောင်သာဗျောကား လောကဓံ မုန်တိုင်းများကြားမှ ရှေ့သွားရမည့် ခရီးစဉ်အတွက်
အစ်မနှင့် နှမများက တစ်ဖက်၊ အရိုးစွဲ အသားစွဲအောင် ပန္နက်ရိုက်ခြင်း ခံခဲ့ ရသော
သာသနာစိတ်က တစ်ဖက်၊ အကြိမ်ကြိမ် ချိန်စက်ကြည့်နေခြင်း ဖြစ်သည်။ သို ့နှင့် တစ်စုံ
တစ်ခု ဆုံးဖြတ်ကာ ဇာတိ အညာမြေသို့ ပြန်ခဲ့၏။

စိတ်စေရာ လိုက်ပါခဲ့ရသော ဦးနာရဒ

၁၂၄၉-ခုနှစ် အညာသို့ ရောက်လျှင် အစ်မ၊ နှမများနှင့်အတူ တောင်ယာလုပ်ကိုင်ရင်း
အစ်မနှင့်နှမများအား တဖြည်းဖြည်း နားသွင်းကာ ပဉ္စင်းတက်ရန် ခွင့်တောင်း၏။ အားလုံးက
သဘောတူခွင့်ပြုကြသည်။ အသက်လည်း ၂၀-တွင်းသို့ပင် ရောက်လာ၏။ သို့နှင့် ကန်ကြီးကုန်း
ရွာ၏ အရှေ့တောင် မန်ကျည်းစု တောရကျောင်း ဘုန်းကြီး ဦးလက္ခဏ (ဝမ်းကွဲအစ်ကို)
ထံ၌ ရဟန်းပြု၏။ ဒေါ်ပိုင်၏ ညီမဝမ်းကွဲ တော်သူ ဒေါ်အံစာ-ဦးပေါ်စတို့က ဒါယကာ
ခံကြသည်။

ကျောင်းနေ ကျောင်းအိပ် ကျောင်းရိပ်နှင့် ကျောင်းစိတ်က အတိတ်ကို မေ့ပျောက်စေကာ
လေ့လာ သင်ယူဖူးသော ပိဋကစာများက ဦးနာရဒအား ချွေးသိပ် နားနေစေ၏။

ပါဠိ ပိဋကများ ဆက်လက်သင်ကြားပြီးနောက် အားမရသေးသဖြင့် မင်းကွန်းတောင်ရိုး
ဦးပုညကြီးတောင်ခေါ် တောင်းပါကြီး ကျောင်းတိုက် သုံးဂိုဏ်းချုပ် ဆရာတော် ဦးရာဇိန္ဒထံသို့
`ပြောင်းရွှေ့ သင်ယူသည်။ သုံးဂိုဏ်းချုပ် ဆရာတော်က ပိဋက သွားနည်း လာနည်းကို
လက်ဆုပ်လက်ကိုင် အထူးသင်ပြပေးရာ လပိုင်း နှစ်ပိုင်းအတွင်း များစွာတိုးတက်သွား၏။
အနေအထိုင်နှင့် စိတ်ဓာတ်ကိုလည်း အားရကာ ဦးနာရဒအား စာချ ဆရာအဖြစ်မှ တစ်ဆင့်
ကျောင်းတိုက်ကိုပါ လွှဲအပ်လေ၏။

သို့သော် ဦးနာရဒကား ထိုတာဝန်ကို ကြာရှည်လက်မခံဘဲ မန္တ လေးမြို့သို့တက်၍
အဘိဓမ္မာ အကျော် မိုးကောင်းတိုက်သို့ စာသင်ကြွခဲ့သည်။ ထိုမှတစ်ဆင့် ဒက္ခိဏဝန်တိုက်၊
ထိုကမှ မြတောင်တိုက်၊ ထိုကမှ စံကျောင်းတိုက်ကြီးများသို့ တစ်တိုက်ပြီးတစ်တိုက်၊
တစ်ဆရာပြီး တစ်ဆရာ နည်းမျိုးစုံအောင် စာလိုက်ခြင်း၊ ရှင်ငယ် ပဉ္စင်းငယ်များအား
တစ်ဆင့် စာချပေးခြင်းဖြင့် နေထိုင်ခဲ့၏။

ထို့နောက် အကြောင်းအားလျော်စွာ ပြည်ခရိုင် ရွှေတောင်မြို့ နာမည်ကျော် ဝေဠုဝန်
ဆရာတော်ထံ ရွှေ့ပြောင်း သီတင်းသုံးရာ ပိဋကအရာ၌ ထက်မြက် စူးရှ၊ ဝီရိယလည်းကောင်း၊


## PAGE 479


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၂၃

အနေအထိုင်လည်း အားရသဖြင့် ဆရာတော်ကြီးက ဝေဠုဝန် ကျောင်းတိုက်ကြီးကိုပင် ဦးစီး
အုပ်ချုပ်ရန် လွှဲအပ်ခြင်း ခံရပြန်သည်။ သို့ရာတွင် ဦးနာရဒသည် အောက်မြို့ အောက်ရွာ၌
မပျော်ပိုက်သဖြင့် မင်းကွန်းသို ့ ပြန်ကြွလာခဲ့၏။ မင်းကွန်းတောင်ပေါ်ကြီး ကျောင်းသို့
ပြန်ကြွလာသောအခါ ဆရာ့ဝတ်၊ သံဃဝတ်များ လုပ်ရင်း၊ စာပို့ချရင်း ပါဠိ၊ အဋ္ဌကထာ၊
ဋီကာ များကို မွှေနှောက်ကြည့်ရှုကာ အချိန်ကို ကုန်လွန်စေခဲ့သည်။

စာချဘုန်းကြီး ဦးနာရဒ၏ သတင်းလည်း စစ်ကိုင်း၊ မင်းကွန်း တစ်ခွင်၌ ပျံ့လွင့်စ
ပြုနေ၏။ ထိုအချိန်ကား လယ်တီဆရာတော်၏ ‘မဟာဋီကာ’ ဂယက်ထချိန် ဖြစ်၍
“ငါသာဆိုလျှင် အဋ္ဌကထာပဲ ရေးမယ်” ဟု အားကျမခံ အကြံပေါက်ကာ 'ပေဋကောပဒေသ
ပါဠိဟော်” အဖွင့် “အဋ္ဌကထာ' ရေးရန် စီစဉ်လျာထားလျက်ရှိသည်။

တစ်ညသ၌ ဦးနာရဒသည် အိပ်မက်တွင် အောက်သွားနှစ်ချောင်း ကျိုးသွားသည်ဟု
မြင်မက်၍ “အောက်သွားကျိုးရင် ကိုယ့်အောက်ကလူ သေတတ်သည်" ဟူသော အစွဲကြောင့်
နှမများရှိရာ နှစ်မိုင်ကျော်ဝေးကွာသော ကျောက်ပနံရွာသို့ ကတိုက်ကရိုက် ကြွသွား၍
ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့ရသေး၏။ နှမများကား အိမ်ထောင်မကျကြသေး။

ဦးနာရဒသည် အဋ္ဌကထာကျမ်းပြုရန် စီစဉ်ဆဲ အစ်မနှင့် နှမများကို ကျောင်းသို့ခေါ်ယူ၍
“ငါ လူထွက်တော့မယ်၊ အင်္ကျီ၊ လုံချည် ယူခဲ့ကြ၊ နင်တို့ကို စိတ်မချဘူး” ဟု ခရီး
ရောက်မဆိုက် ပြောလိုက်ရာ အစ်မနှင့် နှမများမှာ ယူကျုံးမရ ငိုကြွေးကြကုန်၏။ အမျိုးမျိုး
တောင်းပန် လျှောက်ထားသော်လည်း မရတော့ဘဲ နောက်ဆုံးတွင် တစ်ယူသန် တစ်ဇွတ်ထိုး
လုပ်တတ်သောစိတ်ကြောင့် ခေါင်းပေါင်း နီတာရဲ၊ ပိုးသားလုံချည် နီတာရဲနှင့်. စာပွဲကို
ရှေ့ချကာ အလှူမင်္ဂလာမဏ္ဍပ်တွင် စာရေးကြီး ဖြစ်လာလေ၏။ ကြားသမျှ မြင်သမျှ ဆရာ
သမားများနှင့် ဘဝတူစာသင်ဘက် ဘုန်းကြီးအားလုံး ယူကျုံးမရ နှမြောတသ နေကြကုန်၏။

ဦးနာရဒ တစ်ဖြစ်လဲ ကိုသာဗျောကို နားချ၍

“မဆုံးမ မစောင့်ထိန်းဘဲ လွှတ်ထားသော စိတ်ကဲ့သို့သော အကျိုးမဲ့ ဒုက္ခရောက်စေ
တတ်သော အခြား တရားတစ်ပါးကို ငါဘုရား မြင်တော်မမူ” ဟု မြတ်စွာဘုရားရှင်
(ဧကင်္ဂုတ္တရ-အဒန္တဝဂ်၌) ဟောတော်မူ၏။

တစ်ဖန် (ယင်း ဧက ဓမ္မပါဠိ-တတိယဝဂ်၌ပင်)-

“ကောင်းမွန် မှန်ကန်သော တရားကျင့်ဝတ် မဟုတ်ရာ၌ လုံ ့လဝီရိယကြီးသူသည်
ဒုက္ခရောက်၍ လုံ့လနည်းသူသာ ချမ်းသာရ၏။ ကျင့်ကြံသော်လည်း ဆင်းရဲလွတ်ကြောင်း
တရားမဟုတ်သောကြောင့်တည်း၊ ကောင်းမွန်မှန်ကန်သော တရားကျင့်ဝတ်၌ကား လုံ့လဝီရိယ
ကြီးသူသည်သာ ချမ်းသာ၍ လုံ့လနည်းသူမှာ ဆင်းရဲရသည်” ဟု သာသနာတော် လမ်းစဉ်
နှင့် သာသနာအပြင်မှ လမ်းစဉ်တို့၌ ဝီရိယ အသုံးချပုံကို နှိုင်းယှဉ်၍ ဟောတော်မူဖူး၏။
ထိုသဘောများကို မှန်းမျှော်၍ ဇွဲလုံ့လ ဝီရိယကောင်းတိုင်း အကျိုးရှိသည်ကားမဟုတ်ချေ။


## PAGE 480

၄၂၄


ဓမ္မာစရိယဦးဌေးလှိုင်

အကျိုးမများသော ကိစ္စ၊ နည်းလမ်းမမှန်သော အလုပ်တို့ကို လုပ်ကိုင်ရာ၌ ဝီရိယကောင်း
သလောက် ဒုက္ခရောက်တတ်၏။ အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်၏။

ဒေါသ၊

ထို့ကြောင့် မိမိလုပ်တော့မည်ဟု ကြံစည်သော အလုပ်ကို ရာဂ၊
မောဟကင်းကြောင်း အလုပ် ဟုတ်-မဟုတ် မှန်-မမှန်၊ ဘုရားစသော သူတော်ကောင်းများ
ကြိုက်-မကြိုက် ဝေဖန် စိစစ်ရ၏။ ဟုန်မှန်သော်လည်း မိမိစွမ်းအားဖြင့် တကယ်လုပ်နိုင်
မလုပ်နိုင် စဉ်းစားရာ၏။ အချိန်အခါ အခြေအနေ, နေရာဌာန သင့်မသင့် မှန်-မမှန်
ဝေဖန်ရာ၏။

ကောင်းမွန်မှန်ကန်သည့် အလုပ်ပင် ဖြစ်စေကာမူ သတိပညာ စဉ်းစားဉာဏ်
အထိန်းမပါသောစိတ်၊ တစ်ဇွတ်ထိုး ကြိတ်မှိတ်၍ ကြိုးစားသော ဝီရိယတို့သည် ကောင်းကျိုး
မပေးတတ်ချေး

အကုသိုလ်ကံဟောင်း ကြွေးဟောင်းတို့ကို ဝိပဿနာကုသိုလ်ဖြင့် စာရင်းရှင်းကာ
ရှင်းကာ ဘဝများကို ချုံး၍ချုံး၍ သွားနေရသော ယောဂီတို ့အတွက် စိတ်ထက်သန်လေ၊ ဇွဲ
ကောင်းလေ၊ မဇ္ဈိမပဋိပဒါကျအောင် စဉ်းစားဝေဖန်ရလေဖြစ်၏။ သို့မဟုတ်ပါက လမ်းစဉ်ပင်
မှန်သော်လည်း အံချော်၍ သွားတတ်ပေသည်။

ကိုသာဗျောသည် အမျိုးမျိုးသော လောကဓံများကို ဖြတ်သန်းကာ ရဟန်းလူထွက်ဘပ
အခြေမကျမီမှာပင် မင်းကွန်းအလယ်တောရ ဆရာတော်ဘုရားကြီး ဦးမဉ္ဇူသာရက ဆွဲဆောင်
ဟောပြ၍ သာသနာ့ဘောင်သို့ ပြန်လည် ရောက်ရှိလာသည်။ ဦးနာရဒသည် နှစ်ကြိမ်မြောက်
ရဟန်းပြု၍ မကြာမီပင် လက်ပံတန်းမြို့မှ ဆရာတော် ဦးဂန္ဓမာက စာချဘုန်းကြီး အဖြစ်
ပင့်ခေါ်၍ လက်ပံတန်းမြို့၌ ကြွရောက် သီးတင်းသုံးရပြန်၏။ လက်ပံတန်းမြို့၌ တစ်ဝါမျှသာ
နေပြီးနောက် မင်းကွန်းသို့ ပြန်လည်ကြွလာခဲ့သည်။

ဦးနာရဒ ချုံးပွဲချ ငိုရခြင်း

ဦးနာရဒသည် မင်းကွန်းသို့ ပြန်ရောက်ပြီး တောင်ပေါ်ကြီးကျောင်းရှိ တိုက်တာ
ဝေယျာဝစ္စနှင့် စာချရသော တာဝန်ကြီးကို လုပ်မြဲလုပ်နေစဉ် မကြာမီပင် မတ္တရာမြို့နယ်
ရွာကြီးတစ်ရွာမှ ကျောင်းထိုင်စာချအဖြစ် ပင့်၍ ဆရာတော်၏အမိန့်အရ လိုက်ပါကြွသွား
ရပြန်၏။ (ပဋိပတ်ဘက် မလှမ်းနိုင်စေရန် စာနှင့်၊ ပရိသတ်နှင့် ဝိုင်း၍ ဖိထာ·ခြင်း
ပင်တည်း။)

တိုက်အုပ် စာချလုပ်ရသည်မှာ ရှောင်လွယ်လှသော်လည်း ကျောင်းပိုင်ဘဝကား ရုတ်
တရက် ရှောင်၍မလွယ်ကူလှချေ။ ထိုတောရွာ စာသင်တိုက်မှာလည်း ရပ်ရွာဒကာ ဒကာမ
တောင့်တင်း၍ ကျောင်းသားကိုရင် ဦးပဉ္စင်းလည်း များလှသဖြင့် ဦးနာရဒကဲ့သို့သော
စာတတ်ပုဂ္ဂိုလ်ကို ရသည့်အတွက် တစ်နယ်လုံးက ဝမ်းသာနေကြ၏။

ဦးနာရဒလည်း ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်သဘောကျ အုပ်ချုပ်၍ လွတ်လပ်စွာ

