## PAGE 484


၄၂၈

"

ဓမ္မာစရိယဦးဌေးလှိုင်

သာ ဖြစ်ကြကုန်၏။ (စောစောပိုင်းကမူ မာရ်နတ်က လက်ချက်ဦးဦးသွား၍ လက်ပိုက်၍သာ
ကြည့်နေခဲ့ကြရကုန်၏။) ကံတရားတို့၏ အစီအမံကား ဉာဏ်မီသလောက် အံ့ဖွယ်ရှိပေစွာ။
“ဤအကြောင်းသည် အဘယ်အကျိုးအတွက်၊ ဤအကျိုးသည် ထိုအကြောင်းကြောင့်”
စသည်ဖြင့် (ရှေ့သွား သူတော်ကောင်းကြီးများက ဘဝနှင့်ရင်း၍ ပြခဲ့ကြသည်ကိုသာ) ရှုမြင်
နိုင်ကြပါလျှင် ထိုအကြောင်းအကျိုးများကို တစ်မျိုးတစ်ဖုံ ဖြစ်အောင် အချိန်ဆွဲပေးတတ်သော၊
လမ်းလွှဲ ပေးတတ်သော၊ ထိုးဖောက်၍ ဝင်နှောက်လာတတ်သော အမွှေဓာတ်တို့၏
သင်္ဘောကို ပေါလောကြီး သိမြင်ကြလေရာ၏။ သို့မှသာ “လာမည့်ဘေး အဝေးကမြင်’
နိုင်ကြပေမည်။

မလှုပ်ချောက်နိုင် ကိုယ်ပိုင်အသိ

ဘုန်းကြီး ဦးနာရဒသည် အပ္ပမာဒတရားကို သက်စွန့်ကြိုးစား မနားမရပ် ရှုမှတ်
ပွားများတော်မူရာ သတိပဋ္ဌာန်တရားသည် အလွန်အကျိုးများကြောင်း ရိပ်စားမိကာ “ပါဠိတော်
မှာလဲ ပွင့်ပွင့်လင်းလင်း၊ အဋ္ဌကထာ ဋီကာတွေမှာလဲ ရှင်းရှင်းကြီး ရှိနေပါလျက် လက်တွေ့
စမ်းကြည့်မယ့်သူတောင် မရှိခဲ့ကြပါလား” ဟု သာသနာအတွက် အားမလိုအားမရ ဖြစ်နေ
မိ၏။ ထိုအချိန်မှစ၍ ဇွတ်နှစ် ကြိုးစားတော်မူသည်။

သတိပဋ္ဌာန်ဟူသည် သွားလာလှုပ်ရှားသမျှ ရုပ်တရား၏ အမူအရာအားလုံးနှင့်. စိတ်
(နာမ်တရား) ၏ တွေး ကြံစဉ်းစား လှုပ်ရှားမှုအားလုံးကို -မလွတ်တမ်း ကြည့်၍ သိသိ
နေရသော အလုပ်ပင် ဖြစ်သည်။ ရှင်းလင်းလွယ်ကူလှပေ၏။ ပထမ သွားမှုလာမှ လှုပ်ရှားမှ
(ရုပ်ပိုင်း) ကို စောင့်ကြည့်သိမှတ်ရ၏။ နောက် ကြံစည်စိတ်ကူးမှု (နာမ်ပိုင်း) ကို
စောင့်ကြည့်သိမှတ်ရသည်။ သွားချင်သော စိတ်က ဦးစွာဖြစ်၍ သွားခြင်း ကိရိယာ (ရုပ်)
ဖြစ်ရပုံ ခေါင်းပြု၍ပြု၍လာသော စိတ်ဦးကလေးများကိုပါ မှတ်သိကာ တစ်ရက်ထက်တစ်ရက်
မှတ်သိစိတ်များ စိပ်၍စိပ်၍ မှတ်စရာများ များ၍များ၍ လာတော့သည်။

ထိုအခါ “တင့်တယ် ချမ်းသာ မြဲသောငါ” အထင်သည် အမြင်နှင့် ပြောင်းပြန်
ဖြစ်သွားတော့၏။ ဝတ်စားတန်ဆာ၊ ဣရိယာပထ၊ သန္တတိဃန ပညတ်အဖုံးများ လုံးလုံး
ကွာကျသွားကုန်၏။

ဥပမာအားဖြင့် အလွန်ပိရိလှသော လူတစ်ယောက်အား လူဆိုး လူကောင်း ခွဲခြားသိရန်
အမြဲတမ်း နောက်ယောင်ခံ၍ စုံထောက် ကြည့်ရှုနေမှသာ ထိုသူလုပ်သမျှ၊ ဆက်သွယ်သမျှ
အားလုံး တွေ့မြင်လာမည် ဖြစ်၏။ ထိုအခါ အပြောအထင်နှင့် မျက်မြင် လက်တွေ့တို့
ကွာခြားကာ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ စီရင်ချက် ပေးစွမ်းနိုင်တော့သည်သာ။

“အသံသည် သမာဓိ၏ ရန်သူ” ဖြစ်သည့်အတိုင်း ဘုန်းကြီး ဦးနာရဒသည် လူသူ
ပရိသတ်နှင့် နီးကပ်နေသော မူလကျောင်းကလေး၌ ညည်းငွေ့ ကာ သမုံးချပ်ချောင်ဌာနသို့
ရွေးပြောင်း သီတင်းသုံး၏။ သုံးနှစ်မျှအကြာ သက်တော် ၄၀-အရွယ်၌ ဖုံးကွယ်နေသော


## PAGE 485


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၂၉

အရာကို ဖွင့်လှစ်ပြသကဲ့သို့လည်းကောင်း၊ အမှောင်တိုက်ခန်း၌ ဆီမီးထွန်းသကဲ့သို့ လည်းကောင်း
ဦးစွာသော ဘဝ၏အနှစ်သာရကို ရရှိသိမြင်တော်မူ၏။ မြေ၌ အခိုင်အခန့် စိုက်ထားသော
တုရိုဏ်တိုင် (တံခါးတိုင်) သည် အရပ်လေးမျက်နှာမှလာသော လေတို့ကြောင့် ချောက်ချား
ယိမ်းယိုင်ခြင်းမရှိ ပကတိ တည်ငြိမ်သကဲ့သို့ ရုပ်နာမ်ဓမ္မ ဘဝအဓိပ္ပာယ်ကို အဘယ်
လူနတ်ဗြဟ္မာတို့၏ အသွင်မတူ အယူဝါဒ လေကြမ်းကြောင့်မျှ ရွှေ့ပြောင်းယိမ်းယိုင်ခြင်း
မရှိအောင် သိမြင်တော်မူလေ၏။

ဘူတံ ဘူတတော ပဿတိ=အရှိကို အရှိအတိုင်း မြင်တော်မူပြီ။

အာပေါက်အောင် ဟောသော်လည်း မောရုံမျှသာ

ဂူကလေးချောင် အလယ်တောရ ဘုန်းကြီး ဦးနာရဒသည် သတိပဋ္ဌာန် အပ္ပမာဒ
ကျင့်စဉ်ကို မိမိကိုယ်တိုင် ကျင့်ကြံ၍ “သန္ဒိဋ္ဌိက၊ အကာလိကဂုဏ်” ကို (အဓိဂမသဒ္ဓါဖြင့်)
လေးမြတ်ယုံကြည်လာသောအခါ “ဧဟိပဿိက” ဂုဏ်ကို ထုတ်ဖော်လျက်ရှိ၏။ သုံးနှစ်တာ
ကာလအတွင်း၌ပင် ထူးဆန်းသော ဘုန်းကြီးဟု ထင်နေသူများ ရှိခဲ့၏။ တစ်စ,တစ်စ စုံစမ်း
စမ်းသပ် နာယူကြည့်ကြရာ ဘုန်းကြီး ဦးနာရဒ တရားမှာ မယုံနိုင်အောင် အဆန်းဖြစ်နေခဲ့ကြ၏။
“သွား-သွားတယ် မှတ်၊ ရပ်’ရပ်တယ် မှတ်၊ ထိုင်-ထိုင်တယ် မှတ်၊ အိပ်(လျောင်း)-
အိပ်(လျောင်း)တယ်မှတ်။”

သုံးနှစ်ကာလ လွန်သောအခါ စုံစမ်းသူများကိုသာမက မိမိကဗစ် တရားဟောရန်
အခွင့်ရှာလျက်ရှိ၏။ တွေ့သမျှ ထိုတရားကိုပင် ဟောသည်။ နာသူတိုင်း လန်သွားကြ၏။

“မင်းတို့အမေမိဘ ဘိုးဘွားတွေ ဘုရားဝတ်တက် ရွတ်ဖတ်နေခဲ့ကြတဲ့ သတိပဋ္ဌာန်
တရားဆိုတာ ဒါပဲ။ ရွတ်ရတဲ့စာ မဟုတ်ဘူး၊ အလုပ် လုပ်ရတဲ့စာ၊ ခုနစ်ရက် လုပ်ကြည့်၊
၀ နိဗ္ဗာန်ရနိုင်တယ်လို့ ဘုရားက ရဲရဲကြီးအာမခံချက် ပေးတော်မူတဲ့ တရားကွယ့်။ ကြိုးစားနာကြ၊
ကျင့်ကြ၊ မယုံမရှိကြနဲ့” ဟု ထပ်ဆင့် အာမခံချက်များ ပေးသော်လည်း-တရားနာသူများမှာ
မကြားဖူးသော တရားအဆန်း ဖြစ်နေ၍ ရယ်သူရယ်ကြ၊ လှောင်သူလှောင်ကြ၏။

“သွားရင် သွားမှန်း လူတိုင်းသိတာပေါ့၊ ခွေးတွေ ဝက်တွေလဲ သိတာပဲ” စသည်ဖြင့်
လည်းကောင်း၊

“သမထပါကွာ၊ ပညတ်ပါကွာ” စသည်ဖြင့် လည်းကောင်း ခုခံရှုတ်ချခြင်းကိုပင်
ခံခဲ့ရ၏။ သို့သော် ဦးနာရဒကား လက်မလျှေင်ချပ်

“သူတို့ မိုက်တာ မိုက်ကြပစေ၊ နားရည်ဝပြီးရော ဟောရမှာပဲ” ဟု ဇွဲအားတင်းတော်
မူခဲ့၏။ သို့သော် “အာပေါက်အောင် ဟောသော်လည်း မောရုံမျှသာ ရှိ၍ ``တစ်နှစ်သာ
ကြာသွားသော်လည်း တစ်ဦးတစ်လေမျှ တရားရှုမှတ်မည့်သူ ပေါ်မလာချေ၊

ဘုန်းကြီး ဦးနာရဒသည် “ပုဂ္ဂိုလ်ခင်မှ တရားမင်သည်” ဟု ယူဆ၍လော မသိ၊ မိမိ
တရားကို မည်သူမျှနာယူကျင့်ကြံမည့်သူ မပေါ်ပေါက်သဖြင့် မိမိဆွေမျိုးများရှိရာ ဇာတိရွာသို့


..

## PAGE 486


၄၃ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

တရားဖြင့် ကျေးဇူးဆပ်ရန် ကြွတော်မူ၏။ “အစားကောင်း စားရသောအခါ ခင်မင်သူကို
သတိရ” သကဲ့သို့လည်း ဖြစ်ပေလိမ့်မည်။ ဉာတတ္ထ စရိယာလည်း ဖြည့်ရာရောက်ပေသည်။
ဇာတိရွာသို့ ရောက်လျှင် ကန်ကြီးကုန်း ရွာ၏ အရှေ့ဘက် ကျောက်ပြုတ်ကုန်း တောတွင်း၌
ကမ္မဋ္ဌာန်းကျောင်း တစ်ဆောင်ဆောက်၍ သီတင်းသုံးသည်။

မန်ကျည်းစု တောရကျောင်းဘုန်းကြီး ဦးလက္ခဏကလည်း ဆင်ဖြူတော်တစ်စီးဝင်၍
လာဝပ်သည်' ဟု ကြိုတင် အိပ်မက် မြင်မက်ကြောင်း ရင်းနှီးသူများအား ပြောကြားထားနှင့်၏။

ဦးနာရဒလည်း ရောက်သောနေ့မှစ၍ တစ်ယောက်လာ တစ်ယောက်၊ ဆယ်ယောက်လာ
ဆယ်ယောက် မလွတ်တမ်း တရားချီးမြှင့်တော်မူ၏။ မင်းကွန်းထက်ပင် အခြေမလှ ဖြစ်ကာ
“သွား-သွားတယ်၊ စား-စားတယ်၊ ဝါး-ဝါးတယ်၊ မျို-မျိုတယ်၊ ဆို့-ဆို့တယ်၊ တို့-
တို့တယ်၊ ဆိတ်-ဆိတ်တယ်” ဟုပင် ပြောင်လှောင်လာကြကုန်၏။ “သူငယ်ချင်းမင်းဖြစ်”
ဟူသကဲ့သို့ ရင်းနှီးသူများအကြားဖြစ်၍ ပို၍ပင် မညှာမတာ ဝေဖန်လာကြ၏။ ဦးနာရဒကား
စိတ်မပျက်။ ဆက်၍ ဟောမြဲဟော၏၊ ကြာလျှင် ကျောင်းသို့ပင် လူဝင်လူထွက် နည်းလာ
တော့သည်။

ရပ်ရွာထဲတွင် နားမဆံ့အောင် ကြားနေခဲ့ရသော အလုပ်အကျွေး လူယုံတစ်ယောက်က
“ကြာလျှင် ခက်ရချေရဲ့’ ဟု ထင်၍လော မသိ တစ်နေ့တွင် ဦးနာရဒအား-

"

“အရှင်ဘုရားကို ပြောနေကြတယ်၊ ဒီဘုန်းကြီးဟာ အဆန်းထွင်ပြီး သူများ
မဟောတဲ့တရား ဟောလားဟောရဲ့၊ သူများမပြတဲ့တရား ပြလားပြရဲ့၊ သူများမပေးတဲ့တရား
ပေးလား ပေးရဲ့၊ သူများ မကျင့်တဲ့တရား ကျင့်လား ကျင့်ရဲ့တဲ့” ဟု လျှောက်ရာ ဦးနာရဒ
မှာ ပြုံး၍ပင် နားထောင်ကာ အောက်ပါအတိုင်း အမိန့်ရှိပြန်သည်။

• 66

“သူများ မဟောသေးတဲ့ တရားကို ဟောမှ၊ သူများ မနာဖူးသေးတဲ့ တရားနာရတာပေါ့။
သူများ မပေးသေးတဲ့ တရားပေးမှ သူများ မရသေးတာကို ရမယ်။ သူများ မကျင့်သေးတာကို
ကျင့်မှ သူများမမြင်သေးတဲ့ တရားထူးကိုသိမြင်ပြီး အကျိုးထူးခံစားရမှာပေါ့ကွယ့်” ဟု
မိန့် ဆိုတော်မူရသော်လည်း တစ်ဝါဆိုပြီး ထင်ကြေးမပေါက်ဘဲ မင်းကွန်းသို့ နောက်ကြောင်း
လှည့်ပြန်တော်မူခဲ့ရ၏။

ဦးနာရဒ၏ ဆွေတော်မျိုးတော် ချွတ်ခန်းကား သူတို့ယုံအောင် ရေ-မီး အစုံအစုံလည်း
မပြနိုင်။ သူတို့မြင်သည်မှာလည်း ဦးသာဗျောသာလျှင် ဖြစ်ရာ နာယူကျင့်သုံးလိုသူများ
မရှိသည်မှာ မဆန်းလှပါချေ။ သတ္တဝါတို့ ကံကား ကြံဖန်၍ လွဲတတ်ပေသည်။

တစ်ယူသန်လုပ်မှ တော်ကာကျ

ဘုန်းကြီး ဦးနာရဒသည် နှစ်နှစ်အတွင်း ကျင့်ကြံလိုသူများ မတွေ့ရသည့်အပြင်
နာကြားလိုသူများပင် နည်းပါးလှသော်လည်း ဇွဲလုံ့လ ချတော်မမူ။ မဖြစ်မနေ စိတ်ဆန္ဒ
ပြင်းပြထက်သန်စွာ အခွင့်သာတိုင်း ဟောပြောလျက်ပင် ရှိ၏။ တစ်နေ့သော် မင်းကွန်းဘက်၌
