## PAGE 490


၄၃၄

စမ္မာခရိယ ဦးဌေးလှိုင်

ခုဟော့ ဘယ်လောက်မြန်အောင် တီးသွားပေမယ့် တစ်လုံးပြီးမှ တစ်လုံးတီးတာ ဆိုတော့
အသံလဲ တစ်ခုစီထွက်လာတဲ့အတိုင်း ဗုံကလေး အလုံးတိုင်းရဲ့ အသံကို ကွဲကွဲပြားပြားကြီး
ကြားရတယ်ဖရာ့၊ ဒါတင်မကဘဲ စထွက်လာတဲ့အသံကနေ အဲဒီအသံ´ ရပ်သွားတဲ့အထိ
ဆက်ဆက်ပြီး အသံဖြစ်ပေါ်တာ၊ ပျောက်သွားတာ သိနေရတယ်၊ ရှေးကတော့ သန္တတိပညတ်
သဘော တစ်ဆက်တည်း ထင်ရုံတင်မကဘူး၊ စုပြုံပြီး မြည်နေတယ် ထင်ရတယ်”
စသည်ဖြင့် လျှောက်ထားသည်ကို ထိုဆရာတော်က ဤစာရေးသူအား တစ်ဆင့်ပြောပြရာ-

“ငါက သူကိုသနားစရာဆိုပြီး သွားတာကွ၊ လက်စသတ်တော့ သူကပဲ ငါ့ကို
သနားနေရပုံရတယ်။ ဒီလိုမှန်း ငါက သိမှမသိဘဲ” ဟူ၏။

ဗုဒ္ဓ၏ ကိုယ့်ဟာကိုယ် စိတ်ညှို့နည်း

ဒေါ်ဥတ္တရာသည် ကိုယ်ပိုင်အသိအမြင်အရ သဘောပေါက်သလို ပြောဆိုရာ၌ သောတ
ပသာဒ (နားအကြည်ဓာတ်) ၏ စူးရှထက်မြက်ပုံမှာ ပေါ်လွင်လှပေ၏။ ထို ့အတူ အခြား
အကြည်ဓာတ်ငါးပါးတို့လည်း မြူမှုန်မတင်သော ကြေးမုံပြင်ကဲ့သို့ ကြည်လင်စူးရှ ထက်မြက်
ကြကုန်၏။ ယောဂီကို မဆိုထားဘိ လောက၌ “အိပ်မွေ့ချပညာ၊ စိုတ်ညှို့ပညာ” ဟူ၍ ရှိ၏။

ထိုပညာရပ်၌ အိပ်မွေ့ချခံရသူသည် ရှေးကတွေ့ကြုံခံစားရချက်များကိုလည်း ပြန်လည်
ပြောပြနိုင်၏။ မသင်ကြားဖူးသော အခြားဘာသာမျိုးခြား စာများကိုလည်း ဖတ်ရှုနိုင်၏။
နည်းမျိုးစုံဖြင့် စမ်းသပ် လေ့လာကြရာ အဆိုပါ အတွင်းအာယတန အကြည်ဓာတ်
ခြောက်ပါးလုံး မယုံကြည်နိုင်လောက်အောင် ထူးခြားထက်မြက်ကြောင်း လေ့လာသိရှိကြရသည်။
ယင်း သည်လည်း မပြည့်မစုံ၊ တစ်စွန်းတစ်စ၊ လောကီဆရာတို့ အလှမ်းမီသမျှ စမ်းသပ်ရရှိသည့်
အပေါ်ယံ အကြမ်းသဘောမျှသာတည်း။

ကမ္မဋ္ဌာန်း အားထုတ်သူများသည် မိမိကိုယ်ကိုမိမိ အိမ်မွေ့ ချနေသူများ ဖြစ်ကုန်၏။
ထို့ကြောင့် သူတကာထက် ထူးခြားသော မယုံကြည်နိုင်လောက်အောင် အကြားအမြင်
အသိထူးများ တွေ့မြင်ကြရသည်မှာ အံ့သြဖွယ်မရှိချေ။ သတိပြုပါလျှင် အသိကလေးများကို
ဖြစ်စေ၊ အသိကြီးများကို ဖြစ်စေ သိမြင်နိုင်ကြသည်ချည်းပင်တည်း။ “အသိကြီး” ဟူသည်
ဒိဗ္ဗစက္ခု စသော အသိညာဉ် ခြောက်ပါးဖြစ်၏။

အကျိုးလိုလား၍ တရားသောဘောင်အတွင်းမှ အခြားသူများကိုလည်း မိမိအလိုသို့
အလွယ်တကူလိုက်ပါလာရအောင် ဆွဲဆောင်ညှို့ယူနိုင်သည့် အစွမ်းများလည်း “ဗုဒ္ဓစာပေ”
၌ များကုန်၏။ ပို၍ သဘောပေါက်လွယ်စေရန် လောကီပညာရပ်နှင့် နှိုင်းယှဉ်ပြရသဖြင့်
ဂုဏ်ငယ်စေသည်ဟု မအောက်မေ့ပါကုန်လင့်။

အချုပ်ဆိုရသော် မြတ်စွာဘုရားရှင်၏ “လောကဝိဒူ' စသော ဂုဏ်ရည်များလည်း
အာနာပါနမှ ဖြာ၍ထွက်လာသော အကျိုးတရားများချည်း ဖြစ်ကြသည်။ သိလျှင် တရား
တော်သည် အားကျ ကြည်ညိုဖွယ်အတိ ဖြစ်ပါပေသည်။


## PAGE 491

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၃၅

ဘုမသိ ဘမသိ သာသနာပြုခရီး

ဆရာတော်သည် မြို့လှ၌ နှစ်နှစ်သီတင်းသုံးအပြီး မော်လမြိုင်ယောဂီများ၏ ပင့်လျှောက်
ချက်အရ ကပ္ပိယဦးစံဒွန်းနှင့်အတူ ရထားဖြင့်ကြွတော်မူ၏။ ၁၂၇၅-ခုနှစ် ဖြစ်သည်။သထုံမြို့
မေဃဝန်အောက်ကျောင်း ဘုန်းကြီးဦးကေလာသလည်း ဆရာဘုန်းကြီးအား ရထားသို့လာ
ပို့ရင်း-“အရှင်ဘုရား ဘယ်ကပါလဲဘုရား” ဟု ကြုံ၍ မေးလျှောက်ကြည့်ရာ...

“တို့ မြို့လှက” ဟု မိန့်တော်မူလျှင် ယခင်ကပင် သတင်းကြားဖူးသည့်အတိုင်း

.

“သို့ ...မင်းကွန်းဘုန်းကြီး မသိဘူးလားဘုရား” ဟု ဆက်၍လျှောက်၏။

ထိုအခါ ဆရာတော်သည် အတန်ငယ် ဆိုင်းငံ့၍ “တို့ပဲ” ဟု ဖြေတော်မူလျှင်
ဦးကေလာသည် သတင်းကြားရသမျှ ကမ္မဋ္ဌာန်းဆရာကို စုံစမ်းနေသူ ဖြစ်သည့်အတိုင်း
ဆရာတော်ကို ဖူးတွေ့ရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။

“ခု ဆရာတော် ဘယ်ကြွမလို ့လဲဘုရား” ဟု ဆက်၍ စုံစမ်းရာ-
“မော်လမြိုင်သွားမလို ့” ဟု မိန့်တော်မူလျှင်-

64

6

“ဘာကိစ္စလဲဘုရား” ဟု ဆက်တိုက်သိလိုဇောဖြင့် မေးလျှောက်ပြန်၏။

“တပည့်များက ပင့်လို့ပဲ၊ ရာသီဥတု သပ္ပါယ မျှလျှင်လဲ စမ်းပြီး နေတန်နေမလားလို့”
ဟု မတင်မကျ လေးလေးကြီး အမိန့်ရှိလျှင် ဦးကေလာသည် ရုတ်တရက် စိတ်ကူးပေါက်ကာ-
“ဒီလိုဆိုရင် ဆရာတော်ဘုရား၊ အောက်မြို့အောက်ရွာမှာ သာသနာပြုဖို ့ဆိုရင်
သထုံထက်ကောင်းတဲ့မြို့ မရှိပါဘူး၊ ဒီတကြောက ဘုရားတပည့်တော် မနေဖူးတဲ့ ဌာနမရှိဘူး”
စသည်ဖြင့် သာသာထိုးထိုး စိတ်ညွှတ်လောက်အောင် လျှောက်ထားပြီး ဆက်၍ပင်-

“တပည့်တော် မေဃဝန်ဘုန်းကြီး ကေလာသပါဘုရား။ ဆရာတော့်သတင်း ကြားသိ
စကထဲက ကြည်ညိုအားထားရင်း ရှိပါသည်။ ဆရာတော် ဝန်မလေးလျှင် သထုံ ဘုရား
တပည့်တော်များ ကျောင်းမှာ တစ်ဝါတစ်ချီ ချီးမြှောက်ပါဘုရား။ ထာဝရ သီတင်းသုံးပါလျှင်လဲ
တပည့်တော် အစစအရာရာစိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် သာသနာပြုနိုင်အောင် ဝေယျာဝစ္စ
ဆောင်၍ ပါရမီဖြည့်ပါရစေဘုရား” ဟု ဆရာတော်အား ဇွတ်ပင့်နေ၏။

ဆရာတော်လည်း အတန်ကြာစဉ်းစားနေခိုက် “သာသနာတည်စ သထုံက” သုဝဏ္ဏ
ဘူမိ၏ ရှေးသနစ်ဟောင်းကို ပြန်ပြောင်းသတိရကာ “သတိပဋ္ဌာန် သာသနာ ဤဌာနက
စတည်ဖြန်ရလျှင် ကောင်းမည်' ဟု စိတ်ကူးတစ်ချက် ရသဖြင့် မော်လမြိုင်သို့ ဆက်၍
မလိုက်တော့ဘဲ သထုံ၌ပင် ဆင်း၍ နေခဲ့တော့၏။

မမြင်ရသော အကြောင်းတရားတို့ ဆန်းကြယ်ပုံကို ခန့် ့မြှော်နိုင်ရန် ဆရာတော်
ဦးကေလာသ ပြန်လည်အမိန့်ရှိသည့်အတိုင်း ဖော်ပြလိုက်ပါသည်။ ဦးကေလာသကလည်း
တစ်ဇွတ်ထိုး ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းကြီး ဖြစ်သည့်အတိုင်း ဇွတ်တရွတ်
ပင့်၏။ ဆရာတော်ကလည်း ဘုမသိဘမသိ ဦးကေလာသပင့်ရာ ချက်ချင်းဆင်း၍ လိုက်ပါ
သွားခဲ့သည်။ ဦးကေလာသအား မိတ်ဆွေ ဆရာတော်များက ဝိုင်း၍ အပြစ်ပြောနေကြသေး၏။


## PAGE 492

၄၃၆


ဓမ္မာစရိယ ဦးဌေးလှိုင်

သထုံမြေ နှုတ်ခွန်းဆက် တရားဦး

ဦးကေလာသကား ဘယ်သူတွေ ဘာပြောပြော၊ ဝမ်းသာအားရ မမောနိုင်အောင်ရှိ၏။
ဆရာတော်အား အတောင် ၆၀-စက်ကျောင်းကြီး၌ သီတင်းသုံးစေကာ ထိုညရောက်မဆိုက်ပင်
တရားဦးချီးမြှင့်ရန် ကောင်းပန်လျှောက်ထားကြ၏။ ခွင့်ပြုချက်ရသည်နှင့် နီးစပ်ရာ လိုက်လံ
နှိုးဆော်ကာ မမောနိုင်မပန်းနိုင် ဝမ်းသာအားရ နာယူကြသည်။ ဆရာတော်လည်း ခရီးပန်း
သည်ကိုပင် မေ့ပျောက်ကာ စိတ်ပါလက်ပါ တရားဦး ဟောတော်မူ၏။ ဟောသော တရား
မှာ “ဥပရိပဏ္ဏာသ ပါဠိတော်လာ မဟာသဠာယတနိကသုတ်' ဖြစ်သည်။

“စက္ခုံ ဘိက္ခဝေ အဇာနံ အပဿံ ယထာဘူတံ” အစချီသော ပါဠိတော်များကို
ရွတ်လိုက်၊ မြန်မာပြန်လိုက် ဟောပြနေ၏။

“စက္ခု စသည်ကို သဘာဝအမှန်အတိုင်း မသိကြ၍ တွယ်တာ `နှစ်သက်ခြင်းမှအစ
ဘဝခန္ဓာနှင့် ဒုက္ခအမျိုးမျိုး ခံကြရပုံ၊ အမှန်တကျ သိ-သိ နေလျှင်ကား သတိပဋ္ဌာန်စသော
ဗောဓိပက္ခိယတရားများ ဖြစ်ပွားကာ သမထနှင့် ၀ိပဿနာလည်း ထမ်းပိုးထမ်းညီသော
နွားတစ်ရှဉ်းကဲ့သို့ ရှိ၍ သိ၊ ပယ်၊ ဆိုက်၊ ပွား လေးပါး ကိစ္စ အပိုင်ရပုံ၊ သိရ၊ ပယ်ရ၊ ဆိုက်ရ၊
ပွားရမည့်တရား” ကို ဘုရားဟော မူမပျက် အပိုဖြည့်စွက်မှု မပါ လေးလေးကြီး
ဟောပြတော်မူရာ ဦးကေလာသ၏ နှလုံးသားနှင့် အံကိုက်၊ ပါရမီကံကလည်း ဆော်ဖန်ခိုက်
ဖြစ်၍ ခြိုက်ခြိုက် မြိုက်မြိုက်ကြီး ဝင်သွား၏။

ထိုအချိန်မှစ၍ သထုံမြို့၌ သတိပဋ္ဌာန်တရား နာကြားရှုမှတ်သူတို့ တစ်စ,တစ်စ
ပြန့်ပွားလာတော့သည်။

ဦးကေလာသ၏ နှိုးဆော်စီမံမှုကြောင့် ယောဂီများ များပြား၍ လာသဖြင့် မေဃဝန်တိုက်မှ
သာသနပဇ္ဇောတိကခေါ် ရှေးကျောင်းတိုက်ဟောင်းကြီးသို့ ရွှေ့ ပြောင်း၍ တရားဌာန ဖွင့်လှစ်
ကြ၏။ ယောဂီများ စားမှုနေမှု အဆင်ပြေအောင် ဆောင်ရွက်ပေးကြရာ ထိုနေရာနှင့်လည်း
မလုံလောက်နိုင်အောင် ရှိတော့သည်။

ထို့ကြောင့် ၁၂၇၆-ခုနှစ်တွင် ဦးကေလာသက ဦးဆောင်သော အမြို့မြို့မှ ယောဂီ
ဟောင်းများ ဦးစီးကာ စက်ရှင်မင်းကြီး ဦးဘိုးစ၏ အကူအညီဖြင့် (ယခုရှိနေသော) ငါးဧက
ရှိ တောကြီးကို အမိန့်ဂရန်ခံ၍ ခုတ်ထွင် ရှင်းလင်းကြ၏။ ထိုနေရာကား သုဝဏ္ဏဘူမိ၏
သမိုင်းဝင် နန်းမြို့တော် နေရာဖြစ်သည်။ အရှေ့မြောက်ထောင့်၊ မြို့ရိုးသုံးတန်တွင် အတွင်းမြို့ရိုးနှင့်
အလယ်မြို့ရိုးတို့၏အကြား အရှေ့အရပ်နှင့် တောင်-မြောက် အရပ်တို့၌ မြေမြို့ရိုးများ
ဝိုင်းကာထားသဖြင့် လူသွားလူလာလည်း ကင်းရှင်းလှပေသည်။ ထိုဘူမိနက်သန်နေရာ၌
ရေတွင်းဇရပ် ကျောင်းများတည်ဆောက်ကာ “ဇေတဝန်” ဟု ကမ္ပည်းတင်ကြ၏။ သာသနာ
စခဲ့သော သထုံပြည် ကျုံးသုံးလီဝိုင်းရံသော အောင်မြေ၌ “သတိပဌာန် အောင်လံ' ကြီးကို
လွှင့်တင်လိုက်ကြသည်။

