## PAGE 493

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၃၇

ဆရာတော်သာ မပေါ်ပေါက်ခဲ့လျှင်

သထုံမြို့၌လည်း ဆရာတော်၏ “အမှတ်တရား” မှာ တော်တော်နှင့် အသားမကျဘဲရှိ၏။
ငါးစိမ်းသည်များမှအစ ငါးသတ်ရာ၌ပင် “ကိုင်တယ်၊ ထုတယ်၊ သတ်တယ်' စသည်ဖြင့်
ပြက်ရယ် ပြောင်လှောင်၍မဆုံး ရှိခဲ့၏။ “သွားတာလာတာ သိနေရင် သောတာပန် ဖြစ်
သတဲ့၊ ကွေးတာ ဆန် ့တာ တရားတဲ့၊ သောတာပန်သာ ဆိုတယ် ရုပ်အဋ္ဌဝီသကိုတောင်
မရေတွက်တတ်ဘူး” စသည်ဖြင့် အမျိုးမျိုး အပြစ်တင်ကာ ဘဝင်မကျခဲ့ကြပေ။ အချို့
ဘုန်းတော်ကြီးများကမူ တရားဟောရာတွင် ပြင်းပြင်းထန်ထန် ရှုတ်ချဟောပြောခဲ့ကြ၏။

စင်စစ် သာသနာတော်တွင် ရာစုနှစ်အတော်ကြာအောင် အဆက်ပြတ်ခဲ့သော
အလုပ်စခန်းဖြစ်၍ ပြက်ရယ်ပြောင်လှောင်ကြ၊ ရှုတ်ချကြ၊ ကဲ့ရဲ့ကြသည်မှာ အပြစ်မဆိုသာ

တော့ချေ။

“ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ=သွားလျှင်လည်း သွားသည်ဟု သိရ၏။” ဟု
တိုက်ရိုက်ရှင်းရှင်းကြီး ဟောထားသော်လည်း သဘောမပေါက်နိုင်အောင် ရှိခဲ့ကြရသည်။
သတိပဋ္ဌာန်၏ အတိုချုပ်အဓိပ္ပာယ်မှာ “ခန္ဓာကိုယ်လှုပ်ရှားသမျှနှင့် စိတ်ကူးသမျှ သိအောင်
လုပ်ရသောတရား” ဖြစ်၍ အလွန် ရိုးတာလှ၏။ ရိုးတာသောစကားကို ထပ်၍ရှင်းရ၊ ပွင့်ရ
သည်မှာလည်း အခက်ဆုံးဖြစ်သည်။

ထို့ကြောင့် တရားအရိုးကြီးကို အဆန်းပြန်လုပ်၍ ထုတ်ဖော်ရသောအခါ အစဉ်အ
အသိဖြင့် ပြက်ရယ်ပြောင်လှောင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်၊ အပြစ်ဆိုဖွယ်ရာမရှိး၊
ထိုမသိသူတို့ကြား၌ တရားရိုးကြီးကို ထုတ်ဖော်ရသူသာလျှင် . မည်မျှသည်းခံရ၍ မည်မျှ
ဇွဲကောင်းရမည်ကို ကိုယ်ချင်းစာနာသင့်ကုန်၏။ သာမည သည်းခံခြင်း၊ သာမည ဇွဲလုံ့လဖြင့်
ဤအခြေအနေသို့ ရောက်လာနိုင်မည် မဟုတ်ချေ။

ကိုယ်သိလျှင် ကိုယ့်ဘာသာ ချမ်းသာစွာ နှလုံးသွင်းနေလိုသူတို့သာ များကုန်ရာ၏။
ဆရာတော်ကဲ့သို့ သာသနာအတွက်, မိုက်မဲသောသတ္တဝါတို့အတွက် အခက်အခဲ မျိုးစုံ
ကျော်လွှားကာ ဆောင်ရွက်နိုင်မည့်သူကား အလွန်ရှားပေရာ၏။

ဆရာတော်ကဲ့သို့ မဖြစ်မနေ အကျွတ်အလွတ် ဇွတ်တရွတ် တစ်ယူသန် ထန်ထန်
တင်းတင်း ပြင်းပြင်းပြပြ မဆုတ်မနစ်သော လုံ့လဝီရိယနှင့် သည်းခံခြင်းရှိသော အာဇာနည်
ပုဂ္ဂိုလ်ထူးမျိုးသာ မပေါ်ပေါက်ခဲ့လျှင် သတိပဋ္ဌာန် ဒေသနာသည် ယနေ့အထိ..ဘုရားရှိခိုး
စာ အဆင့်မှ မြင့်တက်လာဦးမည် မဟုတ်ချေ။ (သတိပဋ္ဌာန် သာသနာပြုရာ၌ နိုင်ငံကျော်
ဓမ္မကထိက ဦးပဏ္ဍိထွက် ဆရာကြီးခြင်းကျော်သည် ဆရာတော်၏ ရဲဘက်တော်ကြီး
တစ်ဦးဖြစ်သည်။ “ဝိပဿနာဋီကာ' စသော ကျမ်းပေါင်းများစွာကိုပြု၍ ယိုးဒယားပြည်အထိ
နယ်လှည့်ဟောပြောနိုင်သူ လူအာာနည်ကြီးပင်တည်း။)

## PAGE 494

၄၃၈


မ္မာစရိယ ဦးဌေးလှိုင်

ငါ့ကျောင်းမှာ ဘုရားလောင်း မရ

ဇေတဝန် ကမ္မဋ္ဌာန်းဌာနကြီး၌ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ လာရောက်
တရားအားထုတ်ကြရာ ယောဂီများအား နေရာဌာန ခွဲခြားထားရှိသကဲ့သို့ လိုက်နာရမည့်
စည်းကမ်းများလည်း သတ်မှတ်ထား၏။ -

ယခုအခါ ထင်ရှားသော ဆရာတော်တစ်ပါးသည် ဆရာတော့်ထံ၌ သတိပဌာန်ကို
နည်းခံကျင့်သုံးရာ “သင်္ခါရုပေက္ခာဉာဏ်‘အဆင့်ရောက်နေပြီဟု ယူဆရသောအခါ တော်တော်
နှင့် တရားမတက်၍ အမျိုးမျိုးလှည့်ပြီး စစ်ဆေးရာ အဆိုပါဘုန်းကြီးက “တပည့်တော်
ဘုရားဆုပန်ထားပါတယ် ဘုရား၊ ဒီဘုရား သာသနာမှာ သာဝကဆု မယူလိုပါ” ဟု
လျှောက်သတတ်။ ထိုမှ နောက်ကာလတွင် “တို့ကျောင်းမှာ ဘုရားဆုပန်တဲ့ ယောဂီဆိုရင်
လက်မခံဘူး” ဟုပင် နှုတ်မိန့်ချထားတော်မူသောဟူ၏။ (သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်ကြီးကား
စစ်မှန်သော ဆုကြီးပန်ဖြစ်ဟန်ရှိပေ၏။)

ဘုရားဆုပန် (ဆုကြီးပန်) ဝါဒမှာ အချို့နေရာတွင် အလွန် ခေတ်စားလျက်ရှိရာ
ဆင်ခြင်စဉ်းစားသင့်သော ပြဿနာတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်လျက်ရှိသည်။ “ငါ့ကျောင်းမှာ
ဘုရားလောင်းမနေရ” ဆိုသော စကားသည် အလွန်ရင့်သီးလှသယောင် ရှိသော်လည်း
ဆက်၍ စဉ်းစားပါသော် အလွန်လျော်သော၊ မှန်သော်လည်း အပြောခက်သော စကားဖြစ်၏။
ဘုရားဆုပန်သည် ဆိုရာ၌ အလွန် သိခက် နက်ရှိုင်းသော အမွှေဓာတ်သဘောများလည်း
ငုပ်ကွယ်နေတတ်သည်။

အကြိုက်ပေး၍ အချိန်ဆွဲခြင်း

သီဟိုဠ်ခေတ်တွင် မဟာသံဃရက္ခိတခေါ် မထေရ်ကြီးတစ်ပါးရှိ၏။ ဂိုဏ်းကြီးတစ်ခု၏
ဦးစီးနာယကဖြစ်သည်။ ပျံတော်မူခါနီး အိပ်ရာထဲ၌ လဲလျောင်းရသောအခါ “ရဟန္တာ
ပရိနိဗ္ဗာန် ပြုတော့မည်” ဟု ကောလာဟလ ဖြစ်၍ ပူဇော်ရန်လူအများ စည်းဝေးလာရောက်
ကြရာ တပည့်တစ်ပါးက-

“ရဟန်းကိစ္စပြီးပါပြီလား၊ ပရိနိဗ္ဗာန်ပြုတော့မည်ဟု ကောလာဟလ ဖြစ်ပွားကာ
စည်းဝေးတိုင်ပင်နေကြပါသည်” ဟု လျှောက်၏။

“မဖြစ်သေး” ဟု မိန့်တော်မူရာ.....

“တပည့်တော်တို့ဂိုဏ်းမှာ ဆရာအရှင်လိုကမှ ရဟန္တာမဖြစ်ဘဲ ပုထုဇဉ်ဘဝနှင့်
ပျံလွန်ရမည်မှာ မသင့်တော်ပါ၊ လူအများ နှလုံးမသာဖွယ် ရှိပါသည်ဘုရား” ဟု လျှောက်
သဖြင့်....

"

“ကဲ….. ဒါဖြင့် ငါ့ရှင်၊ ငါ့ကို ထူမ, ပေးခဲ့၊ အခန်းပြင်ဘက် ခဏထွက်ချေပါ”

....

ဟု မိန့်တော်မူ၍ တရားကို နှလုံးသွင်း ဆင်ခြင်တော်မူ၏။ တပည့်ဖြစ်သူ တံခါးပိတ်၍


## PAGE 495


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အပြင်သို့ရောက်ကာမျှ အချိန်၌ပင် လက်ဖျစ်တီး၍ ပြန်ခေါ်လိုက်သည်။
“ငါရဟန်းကိစ္စပြီးပြီ ငါ့ရှင်” ဟု မိန့်တော်မူ၏။

၄၃၉

(ဝိသုဒ္ဓိမဂ် အဌကထာ- ၁၊ ၄၅-လာ) ဤမဟာသံဃရက္ခိတ မထေရ်ကြီးကား
ရဟန္တာဖြစ်ရန် သီလ-သမာဓိ-ပညာ အားလုံး အဆင်သင့် ပြည့်စုံလုံလောက်တော်မူပြီးဖြစ်၏။
အပ္ပမာဒအရာ၌ “ရဟန်းပြုသည်မှ အသက် ၆၀-အထိ သတိမပါဘဲ ပြုလုပ်မိသောအရာမရှိ၊
(ဝါ) အမှတ်လွတ်၍ ဘာကိုမျှ မလုပ်စဖူး” ဟုပင် မှတ်တမ်းတင်ရသော မထေရ်ကြီးတည်း။
သို့စင်လျက် ရဟန္တာမဖြစ်ရသည်မှာ အခြားကြောင့်မဟုတ်။ အရိမေတ္တေယျ ဘုရားရှင်အား
ဖူးမြော်လိုသောစိတ်(အာသာ) ငြိတွယ်နေခြင်းကြောင့် ဖြစ်သည်။

ထိုစိတ်ကလေးတစ်လုံး ခုခံနေသည်မှာ အရိုးခံမဟုတ်တန်ရာချေ။ “ငါ့ဟာငါ ဖူးချင်လို့”
ဟု ဆိုရန်ရှိသော်လည်း မသိနိုင်သော အမွှေဓာတ်၊ မာရ်နတ်၏ ပရိယာယ်ကား ကျယ်ဝန်း
လှပေ၏။ အရိမေတ္တေယျနှင့် အချိန်ဆွဲ ခံနေရခြင်းပင်တည်း။

ထို့အတူ မြန်မာနိုင်ငံမှ ရဟန္တာ အရှင်မြတ်ကြီးတစ်ပါးလည်း အနာဂါမ်ဖြစ်ပြီးနောက်
အရဟတ္တမဂ် ဝင်ခါနီးတွင် မဝင်နိုင်ဘဲ ရှိနေရာ မိတ်ဆွေတစ်ပါးနှင့် ထိုအချိန်၌ မည်သို့
စိတ်ဖြစ်ပေါ်နေကြောင်း အသေးစိတ် ဆွေးနွေးစိစစ်ကြည့်ကြ၏။ ထိုအနာဂါမ် ပုဂ္ဂိုလ်ကြီးက ....

“တုသိတာ နတ်ပြည်က အရိမေတ္တေယျ အလောင်းတော် နတ်သားအနီးမှာ
သွားသွားပြီး စိတ်ရောက်နေကြောင်း” အထပ်ထပ် စဉ်းစားခါမှပင် ဖြစ်မှန်းမသိအောင်
သိမ်မွေ့စွာ ဖြစ်နေခဲ့သော ကိုယ့်စိတ်ကို သတိရလေရာ ထိုအတိုင်းပင် ပြောပြသောအခါ …

“အဲဒီစိတ်ဟာ မမှန်ဘူး၊ မငြိတွယ်စေနဲ ့ ဖျက်ပစ်လိုက်” ဟု သတိပေးကာမှ
အရဟတ္တမဂ်သို့ ကူးမြောက်နိုင်ကြောင်း ဖတ်ရှုရဖူး၏။ ထိုစကားသည် သိမ်မွေ့လှသော
အကျင့်စခန်း၌ များစွာ တန်ဖိုးကြီးမြတ်လှပါပေ၏။ (ထိုပုဂ္ဂိုလ်ကြီး နှစ်ပါးကိုလည်း ထိုသို့
ပြောဆို၍ မည်သူက ငယ်သည်၊ ကြီးသည်၊ ဆရာတပည့်ဟူသော အမြင်ဖြင့် မရှုရာ။
အတွေ့ အကြုံဉာဏ်ရှိလျှင် ငယ်သော်လည်း အသိကြီးတတ်သည်သာ။)

ယခုအခါ ဘုရားအလောင်းတို့သည် များကုန်၏။

ပွင့်ရမည့်ကမ္ဘာနှင့် ဘုရားလောင်းများ စာရင်းချ၍ပင် မလွယ်အောင်ရှိတော့သည်။
တဲ့တဲ့ကြီးဆိုရသော် ဂိုဏ်းသမားတို့သည် “သတ္တဝါများကို ကယ်တင်ရန်” ဟူသော
အသိ၊ အငြိဖြင့် ဘုရားဆုပန်ကြသည်။ ဝိဇ္ဇာဆိုသော (မမြင်ရသော) ပုဂ္ဂိုလ်ကြီးများလည်း
ဘုရားဆုပန်ကြီးများဟု ဆိုကြကုန်၏။

မဟာယာန ဗုဒ္ဓဘာသာဝင်အားလုံးလည်း ဘုရားလောင်းတွေချည်းသာ ဖြစ်ကြသည်။
(လူမျိုး၊ အသွင်အပြင်နှင့် အမည်ခံထားမှု ကွဲပြားရုံမျှသာ ဖြစ်၍ အခြေခံမှ ပန်းတိုင်အထိ
တစ်ထပ်တည်း တူညီနေသည်ကို သတိပြုပါ။)

မိမိတို့ ဆုပန်သော ဘုရားသည် အဘယ်ဘုရားနည်းဆိုသည်ကိုမူ ခွဲခြားမြင်ဟန်
မတူကြ။ ဟိန္ဒူဗြာဟ္မဏ အတ္တဝါဒ တန်ခိုးရှင် မဟတ္တမဗြဟ္မာကြီး၏ အခြံအရံ ဘုရားများ
ဖြစ်နေတတ်ပေသည်။

