## PAGE 496


၄၄၀

ဓမ္မာစရိယဦးဌေးလှိုင်

အလောင်းတော်ကြီးများ၏ ကျင့်နည်းကျင့်ဟန် တိရစ္ဆာန်ပင်ဖြစ်သော်လည်း အသက်
နှင့် သီလကို လဲနိုင်သော အသိအမြင်မျိုးရှိသည့် စစ်မှန်သောဆုကြီးပန်များလည်း ရှိနိုင်သည်ပင်
ဖြစ်ပါ၏။ သို့ရာတွင် အစစ်အမှန်ကား အလွန်ရှားပါးပေလိမ့်မည်။

ကိုယ့်ဟာနှင့်ကိုယ် ပတ်မိနေသော အမွှေဓာတ်တို့၏ သဘောကား သိဒ္ဓမြင်ခဲလေစွာ။
ဆုကြီးပန်လိုစိတ်လည်း မြဲမြံသောအရာမဟုတ်။ မြတ်စွာဘုရား တာဝတိံသာမှ
ဆင်းကြွလာစဉ် ဘုရားဆုမပန်သူဟူ၍မရှိ ဆိုသည်။ ထိုမိမိတို့ပန်သော ဆုသည်လည်း
ဘဝသံသရာနှင့်ချီ၍ မဆိုထားဘိ၊ တစ်ဘဝအတွင်း၌ပင် မမြဲတတ်ချေ။ လက်ရှိအခွင့်ကောင်း
ကြီးကို လက်မလွတ်ကြစေရာ။ (မဟာဂန္ဓာရုံဆရာတော် အခန်းကိုလည်း ကြည့်ပါဦး။)

သတိပဌာန်အမွေခံ ကိုယ်တော်ကလေး

၁၂၉၃-ခုနှစ်၊ တပေါင်းလဆန်း ငါးရက်။ ထိုနေ့ကား မြန်မာနိုင်ငံ ပဋိပတ္တိ
သာသနာဝင်၌ သတိပဋ္ဌာန် ကဏ္ဍသစ် ဖွင့်လှစ်လိုက်သောနေ့ကြီး ဖြစ်၏။ သတိပဋ္ဌာန်
အမွေခံမည့် ကိုယ်တော်ကလေးတစ်ပါး ဇေတဝန်ကျောင်းဘက်ဆီသို့ ထီး ဖိနပ်မပါ၊
သပိတ်ကိုလွယ် သားရေနယ်အခင်း ပခုံးတင်လျက် ဣရစွာဝင်လာ၏။ ပြာသိုလပြည့်ကျော်
၁၃-ရက်နေ့ကပင် မော်လမြိုင် တောင်ဝိုင်းကလေး ကျောင်းတိုက်မှ ဦးတေဇဝန္တ ခေါ်
ရဟန်းခြောက်ဝါရ အဖော်တစ်ပါးနှင့်အတူ ထွက်လာခဲ့၏။

သူကား (ထိုခေတ်က အလွန်ရှားပါးလှသော) ဓမ္မာစရိယဘွဲ့ရ ရှစ်ဝါရစာချ
တုန်းကြီးကလေး ဦးသောဘန တည်း။ သထုံပတ်ဝန်းကျင်ရှိ ကမ္မဋ္ဌာန်းဌာနများကို ခြေလျင်
လှည့်လည် စုံစမ်း၊ လက်တွေ့စမ်းရင်း နှစ်လခန့် ကြာသွား၍ ယခုမှပင် မူလမှန်းထားရင်း
ဇေတဝန်ဆရာတော်ထံ ရောက်ရခြင်းဖြစ်သည်။ အဖော် ဦးတေဇဝန္တ ကား လမ်းခွဲ၍ အလျင်
ရောက်နေနှင့်၏။ ဥပတိဿနှင့်ကောလိတတို့ တရားရှာခဲ့ရသည်ကို သတိရစေတော့သည်။

ဆရာတော်ထံ သေချာတိကျ ဦးတည်လာခဲ့ရပြီးမှ ဘုန်းကြီး ဦးအုန်းခိုင် ကမ္မဋ္ဌာန်းဌာန
စသည်၌ ဝင်ရောက်ကာ သုသာန်ဓုတင် ဆောင်ခြင်း စသည်ဖြင့် ဘုရားဖူးလိုလို ဟိုဝင်သည်ထွက်၊
အဖော်နှင့်ခွဲလျက် ရက်၊ လ၊ ဖင့်နွှဲအောင် အချိန်ဆွဲ လမ်းဖဲ့ရန် ဆော်ဖန်သည့် အကြောင်း
တရားလည်း အားပျော့၍ သွားလေတော့သည်။ မိမိဆရာသည် ရှိနှင့်ပြီး။ မိမိလုပ်ရမည့်
တာဝန်လည်း ရှိနှင့်ပြီး။ မိမိကိုယ်တိုင် ဆည်းပူးခဲ့ရပြီး

စာချ ဘုန်းကြီးကလေး ဦးသောဘန၏ ဇာတိဌာနကလည်း ဘူမိနက်သန် မှန်လှ၏။
ရွာဝင်ပေါက်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ပဋိပတ္တိ သာသနာဝင်အကျော် သီးလုံးဆရာတော်၏
အရိုးဓာတ်စေတီ ကြီးကို ထီးထီးကြီး မြင်နေရ၏။ ထိုဆရာတော်မှ ဆင်းသက်လာသည့်
မဟာဗိုလ်စသော တောရဆရာတော်ကြီးများ ကလည်း အဆက်မပြတ် ရွာနှင့် မလှမ်းမကမ်း၌
ရှိတော်မူနေခဲ့ကြသည်။

ယခု ဇေတဝန် ဆရာတော်ကြီးလည်း ထိုအပ္ပမာဒသိုက်ကို လွှဲပြောင်း လက်ခံကာ


## PAGE 497

ရဟနှင့်ပုဂ္ဂိုလ်ထူးများ


၄၄၁

သတိပဋ္ဌာန်လမ်းဖွင့်၍ တောရှင်းနှင့်ရသော . အာဇာနည်ကြီးပင်တည်း။ ဦးသောဘန၏
ဇာတိဌာန ဘဝပတ်ဝန်းကျင်နှင့် တရားရှာထွက်လာသော ခရီးစဉ်မှာ စိတ်ဝင်စားဖွယ်
ကောင်းလှပါပေ၏။ သုဝဏ္ဏဘုံ သထုံ နဂရ သာသနာ့အောင်မြေ၌ အခြေစိုက်ဆုံစည်းရန်
ဆော်ဖန်သော ကံကြမ္မာ၏ တာဝန်သည် တပေါင်းလဆန်း ငါးရက်နေ့အရောက် ပြီးမြောက်
ကျေပွန်ခဲ့လေပြီ။ (တရား ဝါသနာပါလှ၍ မတော်တဆ ဆုံစည်းရခြင်း မဟုတ်ပါချေ။
ယောဂီတို့စဉ်းစားရန် ကမ္မဿကတာဉာဏ်၊ ပုဗ္ဗေစ အရင်းခံကို သိသာရန် ထောက်ပြခြင်းမျှသာ။)

ဆရာတော်ကလည်း ဦးသောဘနအား အပန်းဖြေ နားနေစေပြီး ညနေခုနစ်နာရီခန့် တွင်

စတင်၍ တရားပြပေးတော်မူ၏။ “သဘော ဘိက္ခု ပရိဗ္ဗဇေ” အစချီသော နေတ္တိပါဠိတော်ကို
တစ်လုံးချင်း ရွတ်ပြတော်မူကာ အပိုများစွာမပါဘဲ ဦးစွာ မြန်မာပြန်၍ ဟောပြတော်မူ၏။
ဦးသောဘနကား မိမိ လေ့လာထားပြီးသော သတိပဋ္ဌာန် ပါဠိတော်ကြီးကိုပင် ခြုံ၍
အရှင်မဟာကစ္စည်း ကိုးကား ဖွင့်ဖော်သော နေတ္တိပါဠိတော်ကြီးကို နာကြားရရာ အလွန်အရသာ
တွေ့သွား၏။

“ယခု ဆရာတော်ကြီး ဟောပြနေတာ စာတွေ့ သဘော၊ စာပြော ပြောနေခြင်း
မဟုတ်၊ လက်တွေ့ လုပ်ပြီးမှ၊ ကျင့်သုံးပြီးမှ ပြောနေတာပဲ” ဟူသော,အံသိသည် မိမိ၏
ပါရမီဗီဇနှင့် ဆရာတော်၏ အသင်္ခတဓာတ်အား (ဓမ္မဓာတု) ကို အလိုလို ခွဲခြား နားလည်
သွားစေ၏။

ပြောရသည့် ပါးစပ်နှင့် ကြားရသည့် နားသည် တရား၏ အတိမ်အနက်
(အသင်္ခတဓာတ်အား မည်မျှပါသည်, မပါသည်) ကို သိသာစေလှပါ၏။

ဆရာတပည့် မေးကာ ဖြေကာ မှတ်စရာ

စာချ ဘုန်းကြီးကလေး ဦးသောဘနသည် တရားယူပြီးသည့် အချိန်မှစ၍ “လျောင်း,
ထိုင်, ရုပ်; သွား, စားခြင်း၊ သောက်ခြင်း၊ ယိုခြင်း၊ ပေါက်ခြင်း၊ မြင်ခြင်း၊ ကြားခြင်း၊
စဉ်းစားခြင်း စသော ရုပ်အမူအရာ စိတ်အမူအရာများ အားလုံးကို ကြိုးစား၍ ရှုမှတ်ရာ
တစ်နေ့တခြား စိတ်ဝင်စား၍ လာတော့သည်။

ရက်အနည်းငယ်ရသောအခါ “ဒါဟာ ဝိပဿနာ၏ အစပိုင်း အခြေခံလောက်ပဲ
ရှိဦးမယ်။ နောက်ထပ် အဆင့်ဆင့်တက်၍ ရှုပွားနည်းများကိုလဲ ပေးလိမ့်ဦးမယ်” ဟု
ထင်စားမျှော်လင့်နေမိသည်။ မိမိ သင်ယူခဲ့ရသော အံ့ဘိဓမ္မာ စာသဘောများနှင့် စာသမားအထင်
ထင်နေခြင်းဖြစ်၏။ ထိုမျှလောက်ဖြင့် တရားထူးရမည်ကို မယုံကြည်နိုင်သေးခြင်း ပင်တည်း။
မကြာမီပင် “တစ်ဆင့်တက်၍ ရှုမှတ်ရန်မရှိ။ ဤသည်ပင် အစအလယ်အဆုံး ရှုမှတ်နည်း
အကုန်လုံးပါဝင်ပြီး ဖြစ်သည် ဟု ကောင်းစွာ သဘောပေါက်သွားသည်။ ထိုမိမိအသိအမြင်ကို
အတည်ပြုရန် ဆရာတော်အား လျှောက်ထားတင်ပြရာ ဆရာတော်ကြီးက-

“ဟုတ်ပေတယ် ဦးသောဘန၊ လူသာမန်တွေကို မဆိုထားနဲ့ ၊ နတ်ဗြဟ္မာတွေတောင်


## PAGE 498


၄၄၄

ဓမ္မာစရိယ ဦးဌေးလှိုင်

'ပေဋကောပဒေသ အဋ္ဌကထာ” ကို စီရင်တော်မူသည်။ ၁၂၈၆-ခုနှစ်၌ ပြီး၏။

သတ္တဝါတို့၌ တစ်ချိန်သောကာလက လက်ခံမိခဲ့သော ကြံစည်၊ ပြောဆို၊ ပြုမူမှု
(ကံတရား) များ တစ်ချိန်ချိန်၌ အကျိုးတရားအဖြစ် ပေါ်လာမြဲဖြစ်သည်။ မည်မျှ
သေးငယ်၍ အမှတ်မထင်သော အကြံအစည်ကလေးပင် ဖြစ်စေကာမူ ငုပ်၍ ငုပ်၍
သွားသော်လည်း တစ်နေ့နေ့တွင် ဘွားကနဲ အကောင်အထည်ပေါ် (အကျိုးပေး) လာတတ်သည်။

ကံတရားတို့၏ အကျိုးပေးသည် ဆန်းကြယ်၏။ အနုသယ အခံဓာတ်သို့
ဆိုက်ထိစွာ စူးဝင်ခဲ့သော အကုသိုလ်အကြံဖြစ်လျှင်၊ မနောဒွါရ အာသယဓာတ်ခံသို့
ထိခိုက်အောင် စူးဝင်ခဲ့သော ကုသိုလ်အကြံဖြစ်လျှင် ထိခိုက် စူးဝင်ထင်ကျန်သော
အရှိန် အင်အားအလိုက် တစ်ချိန်ချိန်တွင် အကျိုးပေးကြမြဲပင်တည်း။ ထို့ကြောင့်
စိတ္တာနုပဿနာဖြင့် ကောင်းဆိုးနှစ်တန် အကြံဟူသမျှ ရှုမှတ်၍ ရှုမှတ်၍ချည်း
ပစ်နေကြရသည်။ သတ္တဝါတို့က အကြံကောင်းဟု ထင်ရစေကာမူ အဆိုးဖြစ်တတ်
လေ၏။ ၃၁-ဘုံ၌ အကောင်းဟူ၍ ရှားလှပေသည်။

အရေးကြီးသောစိတ်တစ်လုံး

ဆက်၍ဆိုပါဦးအံ့။ မြတ်စွာဘုရားရှင်သည် စုန္ဒအား “စုန္ဒ၊ ကုသိုလ်တရားတို့၌
စိတ်ဖြစ်ကာမျှကိုပင် အလွန်အကျိုးများလှပြီဟု ငါဟောသည်” ဟု မိန့်တော်မူဖူး၏။
ဓမ္မပဒ၌လည်း “ကုသိုလ်ကိုဖြစ်စေ အကုသိုလ်ကိုဖြစ်စေ “နည်းနည်းကလေး” ဟု မမှတ်ထင်သင့်”
ကြောင်း (အကျိုးကို မြင်တော်မူသည့်အတိုင်း) ဟောတော်မူခဲ့ပြီ။

မှန်လှပါပေ၏။ အရှင်စူဠပန်ထေရ် သည် ရှင်ဘုရင်ဖြစ်စဉ် ဘဝတစ်ခုက မြို့ပြ
လှည့်လည်စဉ် နဖူးမှ ချွေးထွက်၍ အဝတ်ဖြင့်သုတ်ရာ ခန္ဓာကိုယ် အညစ်အကြေးကြောင့်
အဝတ်၌ညစ်ထေး ပေကျံသွားသည်ကို ကြည့်၍ စိတ်၌ ညစ်ညူးကာ အမှတ်မထင် အနိစ္စ
သညာ ဖြစ်ခဲ့ဖူး၏။ မပြောပလောက်ချေ။ စူဠပန်ဘဝတွင် ထိုအမှတ်မထင် မပြောပလောက်သော
အကြောင်းစိတ်က “ရဇောဟရဏံ' ကမ္မဋ္ဌာန်းတစ်ပုဒ်ဖြစ်လာ၍ အဘိဉာဉ်နှင့်တကွ ရဟန္တာ
ဖြစ်တော်မူလာရ၏။

မိစ္ဆာဒိဋ္ဌိ မဋ္ဌကုဏ္ဍလီ သတို့သား ဘုရားဆွမ်းခံကြွလာသည်ကို သေခါနီး လျှပ်တစ်ပြက်မျှ
မြင်လိုက်ရရုံဖြင့် နတ်သားဖြစ်ရသည်။

ခြေလှမ်းတိုင်း ကြာပန်းခံ၍ တောင်ညာစံ ဖြစ်ခဲ့ရသော ပဒုမဒေဝီ လည်း ပစ္စေက
ဗုဒ္ဓါအား ကြာပန်းလှူသော ကောင်းမှုအကျိုးဖြစ်သည်။ မိဖုရားအများ မနာလို၍ မိဖုရား
ရာထူးကျကာ တောတွင်း၌ ဆင်းရဲစွာ နေခဲ့ရသည်မှာလည်း ကြာပန်းလှူစဉ်က “အရှင်မြတ်အား
ကြာပန်းအသုံးဝင်မည် မဟုတ်” ဟု ထင်ကာ ပြန်၍ယူလိုက်ပြီးမှ ပြန်လည်လှူသော်လည်း
“အပရစေတနာ”တွန့်ဆုတ်သွားခဲ့မိသော “လျှပ်တစ်ပြက် စိတ်ကလေး၏ စွမ်းအင်” ပင်တည်း။
ထို့ကြောင့် ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက “စိတ်ဖြစ်တိုင်း မရှုမှတ်နိုင်လျှင်

