## PAGE 499


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၄၅

လက်ဖျစ်တစ်တွက်တစ်တွက် အချိန်တိုင်း ကုဋေတစ်သိန်းတစ်သိန်း ကြွေးထပ်တင် ခံရ
တတ်တယ်” ဟု မိန့်တော်မူသည်။

လျှပ်တစ်ပြက်မျှသာ ဖြစ်၍ ဖြစ်၍ ပျောက်ဆုံးငုပ်ကွယ်သွားပြီဟု ထင်ရသော်လည်း
ကောင်းမကောင်း စိတ်ကူးအကြံအစည်များကို စိတ္တာနုပဿနာဖြင့် မရှုမှတ်နိုင်ပါက အစွဲနာလျှင်
နာသလောက် တစ်ချိန်ချိန်တွင် အကျိုးသက်ရောက်တတ်ပေ၏။ထို့ကြောင့်လည်း မေတ္တာအကျိုး
စသည်ကိုပြရာ၌ “နွားနို့ တစ်ညှစ်ခန့်၊ တစ်ရှ တစ်ရှိုက်ခန့် ၊ လက်ဖျစ်တစ်တွက်၊ လျှပ်တစ်
ပြက်၊ မျက်စိတစ်မှိတ်ခန့်” တို့ဖြင့် တိုင်းတာဟောပြောတော်မူသည်ကို သတိပြု၍ ကောင်းဆိုး
နှစ်တန် စိတ်ကူးအကြံမျှကိုပင်လျှင် သေးငယ်သည်ဟု မအောက်မေ့ရာ။ ဝစီကံ၊ ကာယကံ
တို့ကား ဆိုဖွယ်မရှိပြီ။

အာရုံနှင့် အာရမ္မဏိက ပေါင်းဆုံထိခိုက်မှု (ဖဿ) ကြောင့် ကောင်း-မကောင်း
ခံစားမှု (ဝေဒနာ) ဖြစ်ပေါ်လာရာ ထိုခံစားမှုကို ရှုမှတ်ပစ်ရသည်။ . မရှုမှတ်မိပါက
တဏှာသို့ကူး၍ ဥပါဒါန်ဘဝ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် လည်တော့၏။

ပဋ္ဌာန်းအမြင် ဝီထိစိတ်အစဉ်အရ ဝုဋ္ဌော၏ အခြားမဲ့ဇောသို့ အကူးမခံရ။ ရူပါရုံစသည်တို့
ဝင်လာလျှင် ကောင်းမကောင်း စဉ်းစား၍ အရသာခံမှု (ဇော) မဖြစ်မီ သတိဖြင့်
ရှုမှတ်ပစ်ရ၏။ ဇောအဖြစ်သို့ရောက်လျှင် ဇော၏ရိုက်ခတ်မှုအရှိန် အနည်းအများအလိုက်
ဒိဋ္ဌဓမ္မစသည် အကျိုးပေးပေတော့မည်။ ပထမ ဇောအခိုက်၌ ရာဂစိတ်ဖြစ်သည်ဟု သိလျှင်
သိသည်နှင့်တစ်ပြိုင်နက် ဒုတိယဇောက နေ၍ သတိဖြင့် ရှုမှတ် ဖြတ်ချရမည်။ “နိုင်နင်း
လာပါလျှင် သတိဖြစ်ရသည်ကမှ ကြာသေးသည်။ ပယ်စွန် နိုင်မှုက မြန်၏ဟူ၍ (သဠာယတန=
ဒုက္ခဓမ္မသုတ်ပါဠိ အဋ္ဌကထာတို့၌) ဟောကြားဖွင့်ဆိုကုန်၏။

ထိုထို သုတ္တန် ပါဠိတော်တို့၌ “ရူပါရုံစသည်ကိုမြင်လျှင် အသေးစိတ်မလိုက်ရ၊
မြင်ကာမတ္တသာ ရပ်ရမည် (နာနုဗျဉ္စနဂ္ဂါဟီ)” ဟု ဟောတော်မူသည်မှာလည်း ဤသဘော
သာလျှင်တည်း။ ဤကား စာလိုပြောနေခြင်း ဖြစ်၏။ ယောဂီကား ဆိုစာ အဓိပ္ပာယ်များကို
မသိသော်လည်း အရေးမကြီး။ ရုပ်နာမ်ဘရားတို့ ဖြစ်ပေါ်သမျှကို သတိဖြင့် အမြဲတမ်းကပ်၍
ရှုမှတ်သိမြင်နေလျှင် ကိစ္စပြီးတော့သည်။

ပြုစုခဲ့သော ကျမ်းများ

ဆရာတော်သည် ခြောက်ဝါအရက ဖြစ်ခဲ့သော စိတ်ကူးအကြံကို လက်ခံမိခဲ့ရာမှ
အလွန် အားကိုးနေကြသော ပဋိပတ်တပည့်များကို ပစ်ခွာ၍ ဂန္ထ ပလိဗောဓ (ကျမ်းစာ
နှောင့်ယှက်မှု) ကြီး ဖြစ်ရလေ၏။ သက်ရွယ်တော်လည်း ၅၂-နှစ်ခန့် ရလေပြီ။ ၁၂၈၀-
ပြည့်နှစ်တွင် ထိုကျမ်းပုံနှိပ်ရ၏။ ရသေ့ကြီး ဦးခန္တီက ကြည်ညို၍ မန္တလေးတောင်ခြေ
စန္ဒာမုနိဘုရားအတွင်း ပဉ္စမသံဂါယနာ ကျောက်စာများနှင့်အတူ ကျောက်စာထိုးထားသည်။
ကျောက်ချပ်ရေ ၂၈-ချပ် ရှိ၏။ ယင်းအဋ္ဌကထာနိဿယကိုလည်း ကိုယ်တိုင် ရေးတော်


## PAGE 500

၄၄၆


ဓမ္မာစရိယ ဦးဌေးလှိုင်

မူရပြန်သည်။ သုံးတွဲရှိ၏။ (၁၂၉ဝ၊ ၁၂၉၇၊ ၁၂၉၈-ပ-ဒု-တ သုံးတွဲပြီးနှစ်။)
ထို့နောက် အမေးအားလျော်စွာ၊ အတွေးအမြင်အားလျော်စွာ အောက်ပါ ကျမ်းများ
ကိုလည်း ရေးသားတော်မူခဲ့၏။

·

၁။ တောလေးဆယ် အဖွင့်ကျမ်း၊

၂။ အာရမ္ဘာဝိဓိ ဝိဿဇ္ဇနာကျမ်း၊
၃။ သန္ဓေတာဝိဓိ ဝိဿဇ္ဇနာကျမ်း၊
၄။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နိဿယသစ်၊
၅။ နိဗ္ဗာနကထာ (စကားပြေ)၊
၆။ နိဗ္ဗာန်လမ်းညွှန် ဒေသနာ၊
၇။ နိဗ္ဗာန စာတမ်း၊

၈။ သတိပဋ္ဌာန စာတမ်း၊

၉။ သတိပစ္စယေ ခေါ် ဝိနိစ္ဆယ သမူဟ၊
၁၀။ ကထိန ဝိနိစ္ဆယ (စကားပြေ)၊
၁၁။ ကထိန် နိဿယ (မိလိန္ဒ ကထိန်ခန်း)၊

၁၂။ ဖလ သမာပတ်,

၁၃။ မဟာသဠာယတနိကသုတ် နိဿယ၊
၁၄။ မူလ ပရိယာယသုတ် နိဿယ၊

၁၅။ ပါဒပါဒါရဟ ဝိနိစ္ဆယ၊

၁၆။ ပဋိညာတ ကရဏ ဝိနိစ္ဆယ၊

၁၇။ သိမ်ခန်း၊

၁၈။ ဝိပဿနာ ဉာဏ်စဉ်ကျမ်းကြီး၊
၁၉။ အနုသယဆိုင်ရာ၊

၂၀။ အတိရိက်ပြုပုံ အဆုံးအဖြတ်၊

၂၁။

ပေဋကောပဒေသ အဋ္ဌကထာ၊

၂၂။ မိလိန္ဒပဉှာ အဋ္ဌကထာ၊

မိလိန္ဒပဉှာ အဋ္ဌကထာကြောင့် ပြဿနာဖြစ်

ဆရာတော်သည် ကျမ်းပေါင်းများစွာ ပြုစုထားသော်လည်း “တို့ ရေးတာ နှစ်ကျမ်းပဲ”
. ဟု အဋ္ဌကထာ နှစ်ကျမ်းကိုသာ အသိအမှတ်ပြု ပြောဆိုလေ့ရှိသည်။

မိလိန္ဒပဉှာ အဋ္ဌကထာကို သက်တော် ၇၀-ပြည့်ချိန် ၁၃၀၀-ပြည့်နှစ်၌ စ,ရေး၍
၁၃၀၃-ခုနှစ်၌ ပြီးသည်။ စာမျက်နှာ ၅၀၅-မျက်နှာ ရှိ၏၊ ၁၃၁၀-ခုနှစ်တွင် ပုံနှိပ်ရာ
“ကထိန်ပြဿနာ၊ ဘိက္ခုနီပြဿနာ” များ အငြင်းပွားကာ စာအုပ်ကိုသိမ်းဆည်းထားရသော


## PAGE 501


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

"

၄၄၇

အဖြစ်သို့ ရောက်ခဲ့ရသည်။ မဟာစည်ဆရာတော်ကမူ အကျိုးထက် အပြစ်သာ ဖြစ်လာဖွယ်
ရှိသဖြင့် (သာသနာတော်၌လည်း အလွန်ကျေးဇူးများမည်ဟု ယုံကြည်တော် မမူသောကြောင့်လော
မသိ။) ထိုစဉ်က “ရိုက်နှိပ်ရန် သဘောမတူခဲ့' ဟု ကြားသိရပေသည်။ “တို့သေမှ ရိုက်ရစ်
ကြ” ဟု ဆိုသည်ကို မနာယူဘဲ သဒ္ဓါလွန်ကာ ရိုက်နှိပ်ကြသဖြင့် မလိုလားအပ်သော
ပြဿနာများကြောင့် ဆရာတော်လည်း အလုပ်ပိုခဲ့ရ၏။ ဆရာတော်ကား မိမိအမြင်ကို
မလျှော့ချေ။ ကထိန်ခန်းသတ်သတ် နိဿယကိုပင် ရေးသား ပုံနှိပ်စေခဲ့၏။

ဘိက္ခုနီပြဿနာနှင့်စပ်၍ မေးလျှောက်သူများအား-

•

“တို့က အလွတ်ရေးတာမဟုတ်ဘူး။ “အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူဟိ ဘိက္ခုနိယော
ဥပသမ္ပါဒေတုံ” စူဠဝါပါဠိတော်နှင့် အဋ္ဌကထာကို အားကိုးပြုပြီး ရေးတာ။ အဲဒီအဖွင့်မှာလာတဲ့
အနုပညတ်သည် ဘုရားရှင် ပညတ်တော်မူသောအခါမှစ၍ သာသနာ ငါးထောင်အတွင်း
မပျက်စီးနိုင်သဖြင့် “ဧကတော သံဃာ” ခေါ်တဲ့ ရဟန်းယောက်ျားများ ဘိက္ခုနီမဖြစ်အောင်
ပဉ္စင်းခံပေးနိုင်တယ်လို့ တို့က ရေးတာ။ အရေးကြီးတာက ဘုရားရှင်ခွင့်ပြုတော်မူသော
အနုပညတ် ပျက်-မပျက်ဘဲ။ အနုပညတ်ပျက်လျှင် ဘိက္ခုနီမ, လုပ်မပေးနိုင်ဘူး။ အနုပညတ်
မပျက်လို့ လုပ်ပေးနိုင်တယ် မှတ်ရမယ်” စသည်ဖြင့် ပါဠိ အဋ္ဌကထာများကို ရွတ်ကာ
ရွတ်ကာ ရှင်းပြခဲ့ဖူး၏။

ကထိန်ပြဿနာနှင့်စပ်၍မူ “ဣမံ ကထိနစီဝရံ သံဃဿ ဒေမ” ဟူသော အစဉ်
အလာ၌ “သံဃဿ” ဟူသော ရည်ညွှန်းချက်ထည့်၍ လှူလျှင် ကထိန်မမြောက်ကြောင်းကို
အကျယ်ဝေဖန် စိစစ်ထားခြင်းဖြစ်သည်။ (အကျယ်ကို “ကထိန်နိဿယ” ၌ ကြည့်ပါရန်။)

..

"

ချီးကျူးမကုန်သော ဉာဏ်အစွမ်း

“ပေဋကောပဒေသ အဋ္ဌကထာ” ကျမ်းကို ရေးသားရန် ဆန္ဒပြင်းပြခဲ့သည်မှအစ
ကျမ်းပြုခြင်းအလုပ်၌ ဆရာတော်၏ ပဋိပတ်ကိစ္စလည်း ငုပ်ကွယ်ခဲ့ရ၏။ ပြဿနာများကြောင့်
အလုပ်လည်း ပိုခဲ့ရသည်။ တပည့်များလည်း နေမှု ထိုင်မှု မငြိမ်မဆိမ် ရှိခဲ့ကြရသည်။
“မင်းကွန်း၌ အမြဲနေထိုင်မည်” ဆို၍ ၁၂၈၈-ခုနှစ်တွင် ယောဂီများက တိုက်ကျောင်းတစ်ဆောင်
ဆောက်လှူကြရ၏၊ လူဆိုးများက အထင်တကြီး ဝင်ရောက် လုယက်တိုက်ခိုက် ကြသဖြင့်
သထုံသို့ ပြန်ကြွရသည်း သထုံသို့ ရောက်၍ အတန်ကြာသောအခါ အနယ်နယ်ရှိ
တပည့်များထံ “ကျောင်းပြီးပြီ” ဟု အကြောင်းကြားကာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မင်းကွန်း၌
ချပို့တော် မူပြန်သည်။ နိဿယလည်း ရေး၏၊ ၁၂၈၉-ခုနှစ်တွင် သထုံသို့ ပြန်ကြွခဲ့သည်။

သွားချီပြန်လှည့် စာကြည့်စာချ တရားပြ ကျမ်းပြုခြင်းဖြင့် ဆရာတော်သည်
စိတ်ဆန္ဒပြင်းပြ၍ ဝီရိယကြီးတော်မူတိုင်း အဆုတ်အဆိုင်းမရှိ ကသိကအောက် ဖြစ်သော်လည်း
မဆုတ်၊ ပြတ်ပြတ်ကြီးသာ လုပ်တော်မူလေ့ရှိ၏။

ကျမ်းများစွာ ပြုခြင်းအားဖြင့် သာသနာတော်၌ မည်မျှလောက် ကျေးဇူးများခဲ့သည်၊

