## PAGE 502

၄၄၈


ဓမ္မာစရိယ ဦးဌေးလှိုင်

•

မများခဲ့သည်ကိုထား၍ လောလောဆယ်အားဖြင့် ရှုပွားမှုအလုပ်၌ အနုတ်လက္ခဏာ ပြခဲ့သည်မှာ
မငြင်းသာချေ။ ထို့ကြောင့် ကျမ်းပြုလိုသော အာရုံလည်း ၃၁-ဘုံ၌ ငြိတွယ်မှု တစ်ခုပင်
ဖြစ်၍ စိတ်ကူးအကြံ အာရုံအတွေးတို့သည် သာသနာရေးဟုပင် ဆိုရစေကာမူ “ကောင်းကား
ကောင်း၏ မကောင်း” ဖြစ်တတ်သည်ကို သင်ခန်းစာယူရန် ဖြစ်ပေ၏။

မည်သို့ဖြစ်စေ၊ ဆရာတော်သည် ပရိယတ်နှင့် စပ်၍ နှံ ့စပ်နက်ရှိုင်းစွာ အယူအဆ
သစ်များကို ထုတ်ဖော်လိုက်သည်မှာကား စိတ်ဝင်စားဖွယ် ရှိပါပေသည်။ စာပေသံယောဇဉ်လည်း
ကြီးမားတော် မူပါပေ၏။ ပို၍ အံ့ဖွယ်ကောင်းသည်မှာ ဆရာတော်၏ ဉာဏ်ကြီးခြင်းပေတည်.။

ဆရာတော်သည် ပေဋကောပဒေသနှင့် မိလိန္ဒပဥှာအဋ္ဌကထာကျမ်းကြီးများကို
ရေးရာ၌ မရေးမီကတည်းက ထိုပါဠိတော် နှစ်ကျမ်းကို နှုတ်ငုံရပြီး ဖြစ်နေ၏။ အဋ္ဌကထာများ
ရေးပြီးသော အခါတွင်လည်း မိမိရေးသော အဋ္ဌကထာများကိုပါ နေ ့စဉ်ရွတ်အံ၍ နှုတ်ငုံ
ဆောင်ထားနိုင်လေသည်။ လေး-ငါးနှစ် နှုတ်ငုံဆောင်ပြီးမှ ဖြုတ်လိုက်ဖြည့်လိုက် လုပ်ခဲ့၏။
မိမိရေးသည့် စာကို ရရန်မှာ အခက်ဆုံး ဖြစ်သည်။

ထို့ထက်ပို၍ အံ့ဖွယ်ရှိသည်မှာ မြို့လှမြို့ ဆရာတော် ဦးဝါသဝိန္ဒသည် ၁၂၉၁-ခုနှစ်
သထုံသို့ ကြွရောက်၍ ဆရာတော့်ထံ၌ နေစဉ် ဆရာတော်အား “တရားရှုပွားခြင်းမှ တစ်ပါး
အဘယ် ကျင့်ဝတ်ထူးများ ရှိလေဦးမည်နည်း” ဟု သိလို၍ လျှောက်ထားရာ ပိဋကသုံးပုံ
အလှည့်ကျရွတ်၍ နေ့စဉ် ဘုရားဝတ်တက်ကြောင်း အမိန့်ရှိသည်ဟု ဤစာရေးသူအား
ပြောပြဖူး၏။ လူမသိသော “တိပိဋကဓရ” ဆရာတော်ပါပေ။

“သမာဓိပရိဘာဝိတာ ပညာ၊ ပညာပရိဘာဝိတော သမာဓိ” ဟု ဟောတော်မူသည့်
` အတိုင်း သမာဓိ ထုံမွှမ်းသော ဉာဏ်စွမ်းသည် အံ့မခန်း ဖြစ်ပါပေ၏။
တစ်ချိန်က ဘုရားရှင်အား သင်္ဂါရဝလုလင်က-

“အရှင်ဘုရား၊ ရံခါ ကြာမြင့်စွာ ရွတ်အံထားသော မန္တန် (စာ) များပင် အလိုလို
မေ့ပျောက်ကုန်၏။ ရံခါ. ကြာမြင့်စွာ မရွတ်အံဘဲထားသည့် မန္တန် (စာ) များပင် အလိုလို
ရနေပါသည်။ အဘယ့်ကြောင့်ပါနည်း” ဟု လျှောက်ထားဖူးသည်။ ထိုအခါ မြတ်စွာဘုရားက
“နိဝရဏ (အသိဉာဏ် အပိတ်အဆို) ငါးပါးရှိနေလျှင် မည်သည့်အရာကိုမျှ မှန်ကန်စွာ
မသိနိုင်၊ မမြင်နိုင်” ကြောင်း ဥပမာ ငါးမျိုးဖြင့် ဟောပြတော်မူ၏။

၁။

၂။

ဉာဏ်စဉ်လဲတက် စာကျက်လဲရ လိုသမျှပြီး

ကာမစ္ဆန္ဒနီဝရဏ(တစ်စုံတစ်ခု၌ လိုချင်တပ်မက် နှစ်သက်တွယ်တာမှု
အပိတ်အဆို့) ရှိသူသည် ရေခွက်၌ နနွင်းစသော အရောင်များထည့်လျှင် မိမိ
မျက်နှာရိပ်ကို ကောင်းစွာ မမြင်ရတော့သကဲ့သို့ အမှန်တကျ မသိ မမြင်နိုင်။
ဗျာပါဒနီဝရဏ(စိတ်ဆိုး စိတ်ပျက် အပိတ်အဆို့) ရှိသူသည် ကျိုချက်
သောအခါ ပွက်ပွက်ဆူ အခိုးထသောရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့


## PAGE 503


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃။

၄။

၅။

အမှန်တကျ မသိမမြင်နိုင်။

၄၄၉

ထိနမိဒ္ဓနိဝရဏ (ထိုင်းမှိုင်းအိပ်ချင်မှု အပိတ်အဆို) ရှိသူသည် အမှုန်အမှိုက်
မှော်လွှမ်းနေသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်း၊
(ယောဂီ၌ သွေးရိုးသားရိုး အိပ်ချင် ထိုင်းမှိုင်းမှု ရှိသကဲ့သို့ ထူးထူးဆန်းဆန်း
လည်း ရှိတတ်သည်။ ယင်းကိုမသိ၍ အိပ်ချင်သည်ဆိုကာ အိပ်ပြီးလျှင်
သမာဓိ ကျဆင်းကြောင်း ကိုယ်နှုတ်စိတ် သောင်းကျန်းမှုများ၊ အတွင်းအပြင်
အနှောင့်အယှက်များ ဝင်လာတတ်သည်။ လောက၌ အိပ်မွေ့ချ၍ အခိုးခံရစေသော
အတတ်များ ရှိသကဲ့သို့တည်း။ အခြား နီဝရဏများလည်း ထို့အတူပင်။

ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ (စိတ်ပျံ့လွင့်မှု၊ နောင်တ ပူပန်မှု အပိတ်အဆို) ရှိသူ
သည် လေတိုက်၍ လှိုင်းဂယက် ထနေသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရ
သကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။

ဝိစိကိစ္ဆာ နိဝရဏ (ရတနာသုံပါး၌ ချီတုံချတုံ မ-ယုံမရဲ မဝေခွဲ မဆုံးဖြတ်နိုင်မှ
အပိတ်အဆို့) ရှိသူသည် ရွှံ့နွံထ၍ နောက်ကျုနေသော ရေခွက်၊ အမှောင်၌
ချထားသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိ
မမြင်နိုင်။ (မဟာဝဂ္ဂသံယုတ်နှင့် ပဉ္စင်္ဂုတ္တရ-သင်္ဂါရဝသုတ်။)

တရားရှုမှတ်နေသူတို့၌ကား ထိုနီဝရဏ ငါးပါး ကင်းကွာနေသဖြင့် သမာဓိ ကောင်း
၏။ သမာဓိကောင်း၍ (ပညာသည် သမာဓိ အကြောင်းခံသဖြင့်) အသိဉာဏ်ပညာများ
တိုးပွားလာကုန်၏။ အသိဉာဏ်ပညာဟူသည် စာကျက်၍ ရလွယ်ခြင်းမှအစ အရဟတ္တဖိုလ်ဉာဏ်
အထိ ပါဝင်လေသည်။ ထို့ကြောင့် ယောဂီသည် ထိုအပိတ်အဆို့ အဆီးအတား ငါးမျိုးကို
အဝင်မခံရပေ။

“ဆရာတော်သည် ပိဋကသုံးပုံ နေ့စဉ် လှည့်ပတ်ရွတ်အံ၍ ဘုရားပူဇော်နေသည်'
ဆိုခြင်းမှာ တရားသဘောအရ မဖြစ်နိုင်သော အရာ မဟုတ်ချေ။ ကြယ်တာရာ လ, နေ,
တို့၏ အရောင်ကား အချင်းခပ်သိမ်း ထွန်းလင်းလျက်သာ ရှိသည်။ ဆီးနှင်းမြူတိမ်
အပိတ်အဆို့ အနည်းအများကို လိုက်၍သာ အလင်းရောင် အနည်းအများ ဖြစ်ရ၏။ ထင်း၊
ရေ၊ ဓာတ်ဆီ၊ ရေနံ၊ ဓာတ်ခဲ၊ ဘက်ထရီ၊ လျှပ်စစ် ဘတ်သီး စသည်တို့သည် တစ်ခုနှင့်
တစ်ခု ပကတိ အင်အားချင်း ခြားနားသကဲ့သို့ အရောင်လည်း ကွဲပြားရပြန်၏။ ယောဂီတို့၌
နီဝရဏ ကင်းသလောက်၊ အသင်္ခတ (ဓမ္မဓာတု) အင်အား သက်ဝင်သလောက် လင်းနိုင်
ကြသည်။

60

ခက်ခက်ခဲခဲ ကြံစည်ရွေးထုတ်လာသော အမေးပုစ္ဆာများကို တမုဟုတ်ချင်း ဖြေနိုင်အောင်
လင်းသော သဗ္ဗညုတဉာဏ်အားကို ခန့်မျှော် ကြည်ညိုနိုင်ရာ၏ ။ (မဇ္ဈိမ-အဘယရာဇကုမာရ
သုတ်။) ယောဂီ၏ သမာဓိသည် သဗ္ဗညုတဉာဏ်အလင်းကို ပေးသော သမာဓိနှင့် ဘာဖြ
ထဲပင် ဖြစ်သည်။

ဝမအကြိ

## PAGE 504


၄၅ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

(အဋ္ဌကထာတို ့၌ “ဓမ္မဓာတု' အရ သဗ္ဗညုတဉာဏ်စသည်ကို ကောက်ပြ၏။ဥပစာ
အရ ဆိုသင့်သည်။ စက္ကူ၊ ဝါဂွမ်း စသည်ကို မှန်ဘီလူးဖြင့် နေရောင်ခံ၍ လောင်ကျွမ်းစေရာ
မှန်ဘီလူးကား နေရောင်၏ တစ်ဆင့်ခံ အကြောင်းမျှသာ။ ဤဥပမာအရ အသင်္ခတဓမ္မဓာတ်
(နိဗ္ဗာန်)၏ လောကီကုသိုလ်၊ မဂ်ကုသိုလ်စိတ်တို့ အပေါ်၌ (ခံနိုင်ရည် အင်အားအလိုက်)
အရှိန်အဝါအင်အားများ သက်ရောက်ပုံကို နားလည်သင့်၏။)

ဆိုလိုသည်မှာ “ကမ္မဋ္ဌာန်းသမာဓိ' သည် ပဋိပတ်အရာ၌ နိဗ္ဗာန်ရစေရုံမျှသာမက၊
ပရိယတ်အရာ၌ စာကျက်၍ ရလွယ်ခြင်း၊ မမေ့လွယ်ခြင်း အနက်အဓိပ္ပာယ် လေးလေးပင်ပင်
သိရှိနိုင်ခြင်း အကျိုးများကိုလည်း ရရှိစေသည်ဟု ဆိုလိုပါ၏။ ဤမျှသာလား၊ မကပါ။
“သီလရှိသူ လူတို့သည် (အပ္ပမာဒလျှင် အကြောင်းရင်းရှိသော) ဥစ္စာစည်းစိမ်ကို အစုလိုက်
အပုံလိုက် ရနိုင်သည်” ဟု ဟောတော်မူရာ စီးပွားရှာရာ စသည်တို့၌လည်း သတိ၊ သမာဓိ .
ရှိမှ ကြီးပွား တိုးတက်ကြောင်း တိုက်ရိုက် ဟောကြား ဝန်ခံထား၏။

ကမ္မဋ္ဌာန်းတရားသည် လောကီ လောကုတ္တရာ ကြီးပွားမြင့်တက် လိုသူတိုင်း၏
အားကိုးရာ လက်နက်ကြီးပင်တည်း။

ကျန်းမာအသက်ရှည်ရေးအတွက်ကား ဗောဇ္ဈင်္ဂဘာဝနာ ဣဒ္ဓိပါဒ ဖြစ်၍ အထူး
ပြောဖွယ်ရာမရှိ။ လက်တွေ့လည်း များကြပြီ။

မြတ်စွာဘုရား တရားတော်၌ လောကီ လောကုတ္တရာ “ဘယ်ဟာကလေးဖြင့်
လိုနေပါသေးသည်' ဟု ဆိုစရာမရှိအောင် အကြွင်းမဲ့ ပြည့်ဝစေနိုင်သည်။ ယင်းသို့သော
အာမခံချက် လက်တွေ့ သဘောများကို မသိကြသဖြင့် အချို့ က အိန္ဒိယ ယောဂီကျင့်စဉ်များ၊
ဂျပန်တို့၏ ဈင်သမထများ၊ အနောက်တိုင်း စိတ်လေ့ကျင့်ခန်းများကို အဆန်းတကြယ် မှတ်ထင်
လေ့ကျင့်မှားနေကြရှာ၏။

အဘိညာဉ် ခြောက်ပါးမှအစ တစ်လောကလုံး ဒိုးယိုပေါက် မြင်နိုင် သိနိုင်သော
သဗ္ဗညုတ ဉာဏ်တော်အထိ ပြီးမြောက်စေနိုင်သော တရားသမာဓိကား လူသားတို့ အလိုရှိသမျှ
ဘာမဆို ပြည့်ဝစေနိုင်သည်ချည်းသာ။ အကောင်းဆုံးကို ရယူနိုင်ကြပါစေ။

အနီးကပ် အလေ့ အထနှင့် အံ့ဖွယ်များ

ဆရာတော့်အပါး၌ အနီးကပ် နေထိုင်ပြုစုကြသော ရဟန်းရှင်လူတို့၏ ပြောကြားချက်အရ
ဆရာတော်၏ အလေ့အထများကို ဖော်ပြလိုပါသေး၏။

အစားအသောက်နှင့်စပ်၍ ဆရာတော်သည် ခပ်ရွယ်ရွယ်က ကြက်သားဘုဉ်းပေးလျှင်
ကြက်သားဟင်းချည်း သုံးနှစ်တိတိ ဘုဉ်းပေး၏။ ဝက်သား စသည် ဘုဉ်းပေးလျှင်လည်း
ထိုနည်း။ ဆွမ်း၊ ကွမ်း ကပ်သော ဒကာ ဒကာမများက “ဘုဉ်းပေးလို့ ကောင်းပါရဲ့လား”
စသည်ဖြင့် စကားရှာ၍ လျှောက်လျှင် “စား နေကျမို့ စားရတာပဲ” ဟုသာ ဖြေတော်မူ၏။
အခြား ထွေထွေ လာလာ မေးလျှင်လည်း မဖြေ၊ ဆိတ်ဆိတ်နေတော်မူ၏။ ဆွမ်းစားအပြီး

