## PAGE 511

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၅၇

“တောင်တွင်း ဦးတိက္ခာစာရ အရှင်မြတ် ရေးသားသော အတ္ထုပ္ပတ္တိ၌ ရှုပါကုန်။)

၁။

၂။

ရဟန္တာ ဟုတ်-မဟုတ် သိလိုလျှင်

အတူတကွ နေခြင်းဖြင့် သီလကိုသိရ၏။
(သံဝါသေန သီလံ ဝေဒိတဗ္ဗ။)

ပြောဆိုခြင်းဖြင့် စင်ကြယ်မှုကို သိရ၏။
(သံဝေါဟာရေန သောစေယျံ ဝေဒိတဗ္ဗ။)

၃။ ဘေးရန် ကြုံသော်မှသာ ဉာဏ်စွမ်းအားကို သိရ၏။
(အာပဒါသု ထာမော ဝေဒိတဗ္ဗော။)

၄။

ဆွေးနွေးကြည့်ခြင်းဖြင့် ပညာကို သိရ၏။
(သာကစ္ဆာယ ပညာ ဝေဒိတဗ္ဗာ။)

ယင်းတို့ကိုလည်း အချိန်ကြာမှ၊ နှလုံးသွင်းမှ၊ ပညာရှိမှသာ သိရ၏။ အချိန်တိုလျှင်၊
နှလုံးမသွင်းလျှင်၊ ပညာမရှိလျှင်ကား မသိနိုင်။ (တိတ္ထိတို့ကို ရဟန္တာဟု ပြောမိသော
ကောသလမင်းကြီးအား ဟောတော်မူသည်။ သဂါထာဝဂ္ဂ-သတ္တဇဋိလသုတ်။)

(ရဟန္တာ ဟုတ်-မဟုတ် စိစစ်စုံစမ်းနည်းအကျယ်ကို ဥပရိပဏ္ဏာသ-ဆဗ္ဗိ
သောဓနသုတ် ပါဠိ၊ အဋ္ဌကထာနှင့် ဝိ-ဋ္ဌ၊ ၂၊ ၁၁ စတုတ္ထပါရာဇိက။ အဘိ-
ဋ္ဌ-၂၊ ၄၇ဝ။ ဝိသုဒ္ဓိ-ဋ္ဌ၊ ၂၊ ၂၇ဝ။ သာရတ္ထဋီကာ=၂၊ ၂၈၂-စသည်တို့၌
ကြည့်ရှုကြပါကုန်။ သူများဟုတ်-မဟုတ်ထက် မိမိဟုတ်-မဟုတ်သည် သာ၍
အရေးကြီးလှပါ၏။)


## PAGE 512


ရွှေတောင်ဆရာတော် ဦးတိက္ခိန္ဒိယ
( ၁၂၃၂ - ၁၃၀၃ )

J

-

ရွှေတောင်မြို့ အမ္မာရာမကျောင်းတိုက် ဦးတိက္ကိန္ဒြိယ ဆရာတော်သည်လည်း မြန်မာနိုင်ငံ
ပဋိပတ္တိ သာသနာဝင်၌ မော်ကွန်းတင် မှတ်သားရမည့် ဆရာတော်တစ်ပါး ဖြစ်သည်။
ကျမ်းစာအမျိုးမျိုး ပြုစုကာ ဝိပဿနာ ကမ္မဋ္ဌာန်းသံကို တစ်နိုင်ငံလုံး ပြန် ့အောင်
နှိုးလှန့်လှုံ့ဆော်ရာတွင် ဤအရှင်မြတ်ကြီး၏ အသံမှာ ယခုတိုင် မြည်ညံလျက်ရှိပါချေ၏။
“အရှင်ဦးတိက္ခန္ဒြိယ ဝိပဿနာအဖွဲ့” ဟုပင် တည်ထောင်ကာ ဆရာတော်၏ ပဋိပတ် အမွေ
ဆက်ခံသာသနာပြုကြပေသည်။

ထိုမျှ ထင်ရှားကျော်ကြားလှပါသော်လည်း အတွင်းကျကျ လေ့လာ စုံစမ်းခြင်း မပြု
နိုင်သေးပါ၍ (ပါဝင်တန်လျက် ကြွင်းကျန်ရစ်မည် စိုးရပါသဖြင့်) ဆရာတော် ပြုစုသော
“သမုပ္ပါဒ နိရောဓဂကျမ်း ပထမတွဲ နိဒါန်းပါ အတ္ထုပ္ပတ္တိ စာတမ်းအကျဉ်းမျှကိုသာ မူရင်း
အတိုင်း ကူးယူဖော်ပြ ကြည်ညိုစေရပါသည်ကို ခွင့်လွှတ်ကာ ကျေနပ်နှင့်ကြပါကုန်။

[ကောဇာသက္ကရာဇ် ၁၂၃၂-ခု၊ ဥတုဂိမ္မန္တ ဝါဆိုလ ဆန်းပက္ခ ၁၂-ရက် စနေနေ့
နံနက် လေးနာရီကျော် အချိန်၌ စစ်တွေမြို့ ဘောက်သီးစုရပ် စာရေးကြီး ဦးရဲဘော်၏ ဇနီး
ဖြစ်သော စာရေးကြီးကတော် ဒေါ်မြပန်းဦးမှ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးကို
အထူးအားဖြင့် အဓိပညာ ဝိပဿနာ သာသနာ တော်မြတ်ကို စည်ပင် ပြန့်ပွား ထွန်းကား
အောင် ဆောင်ရွက်နိုင်မည့် သားရတနာကို ဖွားမြင်တော်မူသည်။ ငယ်မည်မှာ “မောင်သာမာဦး’
ဖြစ်သည်။

ဆရာတော် ဦးတိက္ခိန္ဒြိယ အလောင်းလျာ မောင်သာမာဦးမှာ ညီအစ်ကိုအရင်း
နှစ်ယောက်ရှိသည်။ မောင်သာမာဦးက အစ်ကိုကြီး ဖြစ်၍ ညီငယ်မှာ မောင်ပေါ်ထွန်း
(နောင်အခါ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့် ဆာပေါ်ထွန်း) ဖြစ်သည်။
အခြား မောင်သာမာဦး၏ ဝမ်းကွဲများမှာ-

၁။ ဦးဇံသာဦး၊ ရွှေစလွယ်ရ စက်ရှင်မင်းကြီး၊ ဖျာပုံမြို့၊
၂။ ဦးစောဖြူ၊ ဒိစတြိတ် အရေးပိုင်မင်း၊ တောင်ငူမြို့။
၃။ ဦးမောင်ထွန်းအောင်၊ အထူးရာဘက် တရားသူကြီး၊ ပုသိမ်မြို့။
၄။ ဦးရွှေသာ၊ ပုလိပ်အင်စပက်တော်၊ ဖျာပုံမြို့တို့ ဖြစ်သည်။
မောင်သာမာဦးကို အရွယ်သို့ ရောက်သောအခါ မိဘများသည် ခေတ်ပညာ အတန်း
ကျောင်း၌ ထားရာ ခုနစ်တန်းကို မြန်မာတစ်ပြည်လုံး၌ ပထမရခဲ့သည်။

မောင်သာမာဦးကို မိဘများက သာသနာတော်၏ အမွေကို ခံယူနိုင်ရန် ဗုဒ္ဓဘာသာများ၏
ထုံးတမ်းစဉ်လာအရ စစ်တွေမြို့ အနောက် ပေါက်တောချောင် တောရ (ယခု ဘုရားလေးဆူ
ကျောင်း) နာဇီဆရာတော်၏ အထံတော်၌ ရှင်သာမဏေ ပြုသည်။ ကိုရင် သာမာဦးကို


## PAGE 513


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၅၉

“ကိုရင်တိဿ” ဟု ဥပဇ္ဈာယ် နာဇီဆရာတော်ဘုရားက ဘွဲ့သနားတော်မူသည်။ ကိုရင်တိဿသည်
သာသနာတော်၌ မွေ့လျော်သဖြင့် ပျော်ပိုက်နေလာခဲ့ရာ အသက် ၂၀-စေ့သောအခါ
ဥပဇ္ဈာယ် နာဇီ ဆရာတော်ဘုရားက ရဟန်းပြု၍ ပေးတော်မူသည်။

ရဟန်းတော် ဦးတိဿသည် ရန်ကုန်မြို့သို့ကြွလာ၍ ကျောင်းတော်ရာ ရွှေကျင်ဆရာတော်
ဘုရားကြီး၏ အထံတော်၌ ပိဋကကျမ်းဂန် ပညာအဝဝတို့ကို သင်ကြားနာယူလျက်
ကျောင်းတော်ရာ ရွှေကျင်တိုက်၌ သီတင်းသုံးတော်မူသည်။ တစ်ဖန် အိန္ဒိယသို့ ကြွရောက်လျက်
အိန္ဒိယ၌ သုံးနှစ် သီတင်းသုံးတော်မူသည်။

အိန္ဒိယမှ တစ်ဖန် သီဟိုဠ်သို့ ကြွရောက်လျက် သီဟိုဠ်၌ ငါးနှစ် သီတင်းသုံးတော်မူသည်။
သီဟိုဠ်၌ သီတင်းသုံးတော်မူစဉ် သီဟိုဠ် ဒက္ခိဏသာခါ ဗောဓိပင်၌ ဘုရားဂုဏ်တော်ကို
အာရုံပြုလျက် လွန်စွာကြည်ညိုလာသဖြင့် လက်ဝဲဘက် လက်ညှိုးကို ဖြတ်လျက် ဆီဆွတ်သော
အဝတ်ဖြင့် ရစ်ပတ်၍ ဒက္ခိဏသာခါ ဗောဓိပင်အား ဆီမီး ပူဇော်တော်မူသည်။

သီဟိုဠ်မှ ပြန်ကြွလာပြီးနောက် စစ်တွေခရိုင် တောကျောင်း တစ်ကျောင်းတွင်
သီတင်းသုံးတော်မူရာ ကြီးကျယ်စွာ မကျန်းမမာ ဖြစ်တော်မူသဖြင့် လူထွက် (ပရိသုဒ္ဓပြု)
တော်မူသည်။ နောက်မကြာမီပင် သံဝေဂရလျက် ရသေ့ပြုလုပ်၍ မဟာမြိုင် တောရ၌
တရားအားထုတ်နေပြီး နောက်တစ်ဖန် စစ်ကိုင်းသို့ ကြွရောက်ပြီးလျှင် သမ္ဗုဏ္ဏာရာမ၌
သီတင်းသုံးတော်မူသည်။

ထိုမြို့မှ ကြံခင်းမြို့ ကန်ကလေးတောရသို့ ကြွရောက်ပြီးနေစဉ် ကျောင်းအမကြီး
ဒေါ်ဖော့၏ လျှောက်ထားချက်ဖြင့် ညောင်တုန်းမြို့. ရွှေဟင်္သာတောရသို့ ကြွရောက်ပြီး
ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ (ထိုအခါ၌ ရန်ကုန်မြို့
ကျောင်းတော်ရာ ရွှေကျင် ဆရာတော်ဘုရားကြီးသည် ညောင်တုန်းမြို့ ့ ရွှေဟင်္သာတောရ၌
သီတင်းသုံးတော်မူသည်။) ဆရာတော်ဘုရားက “ဦးတိက္ခိန္ဒြိယ’ ဟူသော ဘွဲ့ဖြင့် ရဟန်း
ပြုပေးတော်မူသည်။

ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ကြိမ်ချောင်း၌လည်းကောင်း၊ လေးမျက်နှာ၌ လည်းကောင်း
သီတင်းသုံးတော်မူဖူးသည်။ မြင်းခြံ၌ သီတင်းသုံးတော်မူစဉ် ထူးဆန်းလှစွာသော အိပ်မက်ကို
မြင်မက်ပြီးနောက် ဤဝိပဿနာလမ်းစဉ်ကို ထိုးထွင်း သိမြင်တော်မူပြီးလျှင် ကျင့်ကြံကြိုးကုတ်
အားထုတ်တော်မူရာ တပည့်ဒါယကာ ရှင်လူအားလုံးကပင် “အရိယာ သူတော်စင် မထေရ်မြတ်
´ဟူ၍ ယုံကြည်သဒ္ဓါ ရွှင်လန်းစွာဖြင့် ဆည်းကပ် ကိုးကွယ်ကြလေသည်။

ထိုဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ထိုထိုမြို့ ရွာသို့ လှည့်လည်လျက် တရားဓမ္မတို့ကို
ဟောကြားပြသ ဆုံးမတော်မူစဉ် ကြံခင်းမြို့ ကန်ကလေး တောရ၌ သီတင်းသုံးတော်မူခိုက်
သူရဲတန်းသူကြီး ဦးသုခ၏ ပင့်လျှောက်ချက်ဖြင့် သူရဲတန်း ပန်းတောင်းမြို့ တို့သို့ ကြွရောက်
တရားဟောတော်မူရာ ပန်းတောင်းမြို့ ဒါယကာဒါယိကာမများ၏ ပင့်လျှောက်ချက်ဖြင့်
ပန်းတောင်း ကြေးဘုရားကြီးအနီး ကျောင်း၌ သီတင်းသုံးတော်မူသည်။

ထို့နောက် ကျောင်း ဒါယကာကြီး ဦးရွှေထိုက်၏ ပင့်လျှောက်ချက်ဖြင့် ရွှေတောင်မြို့
