## PAGE 514


၄၆ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ရွှေပြောင်ပြောင်ဘုရားအတွင်းသို့ ကြွရောက် တရားဟောကြားတော်မူပါသည်။ ထိုအခါ
ဦးဘိုးဆိုင်၊ ဦးစံညွန့်၊ ဦးသစ်၊ ဦးရွှေထိုက်၊ ဦးအောင်ကျော် တို့သည် ယခု အမ္ဗာရာမ
တိုက်တည်ရာ သရက်ခြံဥယာဉ်ကို ဝယ်ယူကြပြီးလျှင် ၁၂၈၂-ခုနှစ် အမ္မာရာမကျောင်းတိုက်ကို
တည်ထောင်ကြလျက် ဦတိက္ခိန္ဒြိယ အရှင်မြတ်ကို ကိုးကွယ်ကြလေသည်။

ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည် ရွှေတောင်မြို့ အမ္ဗာရာမ ကျောင်းတိုက်၌ မိမိလည်း
အားထုတ်၊ သူတစ်ပါးတို့အားလည်း ဟောကြားပြသလျက် သီတင်းသုံးတော်မူစဉ် ကျောင်း
ဒကာကြီး ဦးစံညွန့်ကွယ်လွန်ပြီး တစ်နေ့သောအခါ၌ စင်္ကြံကျောင်းကြီးပေါ် ခုတင်အထက်၌
တရားအားထုတ်တော်မူရာ ရှေးရှေး အားထုတ်စဉ်အခါများကထက် တရားအမြင် ပေါက်တော်
မူသည်။

ထို့နောက် စစ်တွေမြို့ အာကျွတ်တော်ကုန်း ဆရာတော် ဦးနာရဒအား မိမိတရားအမြင်
ပေါက်ပုံတို့ကို မိန့်ကြားတော်မူသည်။ ထိုအခါမှစ၍ တပည့် ရှင်လူ အားလုံးကပင် အလွန်
ရင့်သန်သည့် “အရိယာသူတော်စင်” ဟု နှလုံးပိုက် ယုံကြည်ကာ ဆထက်ထမ်းပိုး တိုး၍
ပူဇော်ကြသည်။

ဤသို့ ကမ္မဋ္ဌာန်း ဘာဝနာ တရားအရာ၌ စာတွေ့ ကိုယ်တွေ့ နှင့် ပြည့်စုံတော်မူသော
ဦးတိက္ခိန္ဒြိယ အရှင်မြတ်သည်-

၁။ သမုပ္ပါဒ နိရောဓဂကျမ်း၊
၂။ ဓမ္မစကြာ အမေးအဖြေကျမ်း၊
၃။ ပရမတ္ထာဒိနယဒဿနကျမ်း၊
၄။ ဝေဒနာနုပဿနာကျမ်း၊
၅။ နိရောဓ ဝိနိစ္ဆယကျမ်း၊
၆။ ဗုဒ္ဓါနုဿတိကျမ်း၊

၇။ ပဉှာဗျာကရဏကျမ်း၊

၈။ ဝိညာဏာနုပဿနာကျမ်း၊
၉။ နိဗ္ဗာနတ္ထဝိနိစ္ဆယကျမ်း၊
၁၀။ သင်္ဂြိုဟ်နိသျကျမ်း၊
၁၁။ စတုသစ္စာနုပဿနီကျမ်း၊
၁၂။ တိဟေတုက ဝိနိစ္ဆယကျမ်း၊
၁၃။ ဣသျာဒိပကာသနီကျမ်း၊
၁၄။ မဟာသတိပဋ္ဌာနသုတ် နိဿယ နှင့်
အဖြေကျမ်း-

အစရှိသော ကျမ်းပေါင်းများစွာတို့ကို ပြုစုတော်မူသည်။

ယင်းသို့ ကျမ်းပေါင်းများစွာကို ပြုစုတော်မူကာ မိမိသိမြင်ထားသည့် တရားသဘောတို့ကို
ဖော်ပြ၍ သာသနာပြုခြင်းဖြင့် အားရတင်းတိမ်ခြင်း ရှိတော်မမူသော ဆရာတော် ဦးတိက္ခိန္ဒြိယ
သည် တရားသိမြင်လိုသူ အပေါင်းတို့အား ကိုယ်တိုင် တွေ့ ဆုံ ဟောပြောလိုသောကြောင့်......
“မည်သည့်မြို့ကမဆို တရားဓမ္မကို သိလို၊ နာခံမှတ်သား လေ့ကျက်လို၍
ပင့်ခေါ်လျှင် အကြောင်း ညီညွတ်ပါက ခွင့်ပေးပါကြောင်း၊ မြတ်စွာဘုရား
သာသနာတော် ပွင့်လင်းဖို့ရာ အကျိုးဆောင်လျက် အစဉ်ရှိပါကြောင်း၊ သမထ
ဝိပဿနာ တရားအလုပ်ကို ကျနစွာ လုပ်လိုသူ အပေါင်းတို့သည် ရွှေတောင်မြို့
ရှမ်းတန်းထိပ်၊ အမ္ဗာရာမတိုက်သို့ လာရောက်၍ တရားအလုပ် ကြိုးစားကြရန်
တိုက်တွန်း နှိုးဆော်လိုက်ပါသည်”-

## PAGE 515


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၆

ဟူသော (အရှင်မြတ်၏ ကျမ်းအချို့၌) ဖိတ်ခေါ်စာ ထည့်သွင်းထားပေသည်။
ဤသို့လျှင် လောကအကျိုး၊ သာသနာအကျိုး မိမိ၏အကျိုး၊ သူတစ်ပါး တို့၏ အကျိုးတို့ကို
သယ်ပိုးတော်မူလျက် ၁၃၀၃-ခု၊ ဝါဆို လပြည့်ကျော် ၁၁-ရက် သောကြာနေ့ ညဉ့်ရှစ်နာရီ
အချိန်၌ ဘဝနတ်ထံ ပျံလွန်တော်မူသည် ဖြစ်ပါကြောင်း။]

ဆရာတော်သည် နုစဉ်ဘဝ ကြားကာလတွင် အိမ်ရာထောင်၍ သမီး နှစ်ယောက်ပင်
ရရှိခဲ့ဖူးရာ ဇနီးနှင့်သမီး နှစ်ယောက်လုံး စစ်ကိုင်း မဂ္ဂင်ချောင်၊ မိုးကုတ်ဇရပ်၌ (သမီးကြီးမှာ
ဝတ်ကြောင်နှင့်) သီလရှင်ဝတ်ဖြင့် ဧကာသနိက်, ပတ္တပိုဏ်ဓုတင် အမြဲဆောင်၍ တရားဘာဝနာ
နှင့် နေကြကြောင်း၊ “သောတာပန်သားအမိ” ဟူ၍ပင် ပြောဆိုကြ၍ ၁၃၀၈-ခု၊ ၉၉-နှစ်တွင်
မိုးကုတ်သူဇနီးဟောင်း ဒေါ်ပညာ ကွယ်လွန်ကြောင်း၊ အဘိ ရွှေဟင်္သာဆရာတော် ဘုရားကြီး
ကျောင်းသားဘဝက ဆရာတော်ထံ စာတက်ရ၍ တောရဆောက်တည်ရာတွင် ဝတ်ကြီးဝတ်ငယ်
ပြုရဖူးကြောင်း “ရွှေဟင်္သာဆရာတော်ဘဝနှင့် စာပေအထွေထွေ' ၃၉၊ ၁၃၇-၌ ဖတ်ရှုရရာ
“ဧကတော ဝိနိုဝတ္တယုံ=တစ်စုတဝေးကြီး နိဗ္ဗာန်ခိုလှုံကြပြီ” ဟုသာ အောက်မေ့ရန်
ရှိပါတော့သည်။


"

## PAGE 516


သေကျတောင် ဆရာတော် ဦးတိလောက
( ၁၂၃၃ - ၁၂၉၉)

“မောင်တိလောက လုပ်လိုက်မှဖြင့် ဇွတ်တရွတ်ချည့်ပဲ ငယ်ငယ်ရွယ်ရွယ်နှင့် ကန်းနေ

ပါဦးမယ်”

လယ်တီဆရာတော်က ဦးတိလောကအကြောင်း ကြား၍ မြည်တွန် တောက်တီး
… နေခြင်းဖြစ်၏။ ချက်ချင်းပင် ဦးပဉ္စင်းနှစ်ပါးကိုခေါ်၍....

"

“ကဲ...မောင်ပဉ္စင်းနှစ်ပါး၊ မောင်တိလောက ကျောင်းကို သွားချေကြ။ သူ့အနားမှာရှိတဲ့
ပေစာ ကမ္ပလွေစာအုပ်များ၊ ခဲတံ စာရွက်စာတမ်းများ' ရှိသမျှ အကုန်သိမ်းယူခဲ့ပြီး. ငါ့
ကျောင်းပေါ်မှာ ထား” ဟု လွှတ်လိုက်သည်။

ဦးပဉ္စင်းနှစ်ပါးလည်း ဦးတိလောကအား ဆရာတော်ကြီးအမိန့် ရှိသည်ကိုလျှောက်ထား၍
စာအုပ်စာတမ်းများ အားလုံး သယ်ယူသွားကြသည်။

ဦးတိလောကသည် လွန်စွာ ဇွဲလုံ့လကြီးသူဖြစ်သည်။ မုံရွာမြို့ လယ်တီတိုက်အတွင်း
ဝါးမိုးဝါးကာ ကျောင်းကလေး၌ နေ၍ စာချ၊ စာကြည့်၊ စာရေးခြင်း၌ ဝီရိယပြင်းထန်လှ၏။
ညအခါ ပုဏ္ဏားမီးအိမ်ကလေးဖြင့် စာကြည့်ရသည်ကို အားမရနိုင်၍ လေးထောင့်သံဖြူပုံးကြီး
ကိုပင် မီးစာတပ်၊ မီးခွက်လုပ်၍ စာကြည့်လေသည်။

ထိုခေတ်ကား ပေစာကို အများဆုံး အမှီသဟဲ ပြုနေရသေးသောခေတ်ဖြစ်၏။
ပေရွက်ပေါ်ရှိ စာလုံးများမှာ အလွန်မှန်လှသည်။ နနွင်း ရေနံချေးတို ့ဖြင့် ပေရွက်ပေါ်ကို
သုတ်၍သုတ်၍ ကြည့်ရ၏။ ပေစာမှ ရေနံအခိုးအငွေ့ များ၊ ရေနံဆီမီးခွက်ကြီးမှ မီးအပူရှိန်နှင့်
အခိုးအညှော်များကြောင့် နေ ့စဉ်ရက်ဆက် မိုးအလင်း ကြည့်လေ့ရှိသော ဦးတိလောက၌
မျက်စိရောဂါ စွဲကပ်လာ၏။ မျက်လုံးနှစ်ဖက်လုံး ကျီးအာသီးမှည့်ကဲ့သို့ နီရဲ၍ ရွှဲ၍လာ
တော့သည်။ လက်သီးဆုပ်ခန့် ရောင်အမ်း၍လည်းနေ၏။ မျက်လုံးနှစ်ဖက်နှင့် နှာခေါင်း
နှစ်ဖက်မှ သွေးများ အဆက်မပြတ် ယိုစီးကျလာကုန်၏။

ထိုအကြောင်းကို ဘုန်းကြီးတစ်ပါးက လျှောက်၍ သိတော်မူသဖြင့် ဆရာတော်ကြီးက
စာအုပ်စာတမ်းများကို အသိမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ ဦးတိလောကကား ကိုယ်တိုင်
မကြည့်နိုင်သောအခါ ဦးပဉ္ဇင်းငယ်များကို အဖတ်ခိုင်းပြီး နားထောင်နေပြန်၏။

ဆရာက တိပိဋက၊ မိဘက သူဌေးမျိုးမင်းနွယ်

ဦးတိလောကကား မုံရွာမြို့ အနောက် ဗန့်ကျီတိုက်နယ် ခေါသန္တီရွာ၌ ၁၂၃၃-ခုနှစ်
တန်ဆောင်မုန်းလဆန်း ၉-ရက် စနေနေ့ည သုံးချက်တီး အချိန်ဦးတက်ဖြိုး ဒေါ်သီတို့မှ
ဖွားမြင်၏။ အဖ သူဌေးမျိုး၊ အမိ မင်းဆွေစိုးမျိုးဟု ဆိုသည်။

