## PAGE 517

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၆၃

ငယ်စဉ်ကာလ ခေါသန္တီရွာ တောင်အရပ်ရှိ ငှက်ပျောတောရွာ စာတော်ပြန် ဦးဇဝနထံ၌
ပညာသင်ကြားသည်။ ဆရာတော်ဦးဇဝနကား ဘိုးတော်လက်ထက် မောင်းထောင် သာသနာပိုင်
၏ တပည့် “တိပိဋကဓရ ပုဂ္ဂိုလ်ထူး ဖြစ်သည်။ . ။ ရဟန်းဖြစ်သည်အထိ ငှက်ပျောတော
ရွာ၌ ပညာသင်၍ ရဟန်းဖြစ်ပြီး မကြာမီ လယ်တီဆရာတော်ဘုရားကြီးထံ လာရောက်
ပညာသင်ယူသည်။

ရူပသိဒ္ဓိ သဒ္ဒါကျမ်းမှစ၍ သင်ယူရာ ပါဠိအဋ္ဌကထာ ဋီကာကို ငါးဝါ၊ ခြောက်ဝါမျှဖြင့်
သူမတူအောင် တတ်မြောက်ခဲ့သူ ဖြစ်သည်။ လယ်တီပဏ္ဍိတသည် ဦးတိလောကထံ၌လည်း
ပညာသင်ယူခဲ့ရ၏။ ဦးတိလောကကား ဉာဏ်ထက်သလောက် ဇွဲလုံ့လ ဝီရိယ ကြီးမားသူတည်း။
ပုဂံခေတ်၏ ဤမှာဘတ်တွင် ထိုဆရာ တပည့်ကဲ့သို့ ပိဋကကို နိုင်နင်းသူ ရှားပါးလှသည်ဟုပင်
အရှင်အာဒိစ္စဝံသ ချီးကျူးဖူး၏။ ဦးတိလောကသည် ထိုအချိန်၌ ရည်ရွယ်ချက် တစ်ခုရှိ၍
ကျမ်းတစ်ကျမ်းကို မအိပ်မနေ ပြုစုနေသော အချိန်လည်းဖြစ်သည်။ ထိုကျမ်းကား ကမ္မဋ္ဌာန်း
အစီအရင်ဖြစ်သော “နေက္ခမ္မဝိဓာန ဒီပနီ” တည်း။

ဦးတိလောကသည် မျက်စိရောဂါဖြစ်၍ စာမကြည့်ရ၊ စာ မနာရစေကာမူ ရောက်လာ
သူများအား ထ၍မရအောင် တရားဖိ၍ ဟောပြောနေပြန်သတတ်။ စင်စစ် ထိုအချိန်ကား
စာပေပရိယတ္တိကို လိုလေသေးမရှိ လေ့လာပြီးလျှင် တောထွက်ရန် အရှိန်ယူနေခိုက် ဖြစ်၍
နေက္ခမ္မဇ္ဈာသယ(တောထွက်လိုသော ဆန္ဒများ) တက်ကြွနေချိန် ဖြစ်သည်။ ပရိယတ္တိမှ
ပဋိပတ္တိသို့ ကူးပြောင်းမည့်ဆဲဆဲ ဖြစ်သည်။ မျက်စိရောဂါလည်း မကြာမီ လုံးဝ ပျောက်ဂ
သွား၏။

“ရွှေပင်နားရွှေကျေး” ဟူသကဲ့သို့ လယ်တီဆရာတော်ကြီးနှင့် လက်ပွန်းတတီး
နေရသူဖြစ်၍ ဆရာတော်၏ ဓာတ်များလည်း ကူးစက်နေပုံရ၏။ လေးထောင့် သံဖြူပုံး
မီးခွက်ကြီးနှင့် စာကြည့် စာရေးသည်မှာ ဆရာတော်လည်း ထို ့အတူ ဖြစ်သည်။ အာဂ
အာဇာနည်ကြီးများ ဖြစ်ပါကုန်၏။

လယ်တီဆရာတော်ကြီးကား နောက်ကာလတွင် မီးကိုပင် မထွန်းညှိရတော့ဘဲ
မျက်လုံးတော်အစုံမှ ထွက်ပေါ်သည့် အလင်းရောင်ဖြင့်ပင် ညအခါ စာရေးကြောင်း
(မန္တ လေးမြို့၊ ပလိုင်းရပ်၊ စက်ဆရာ ဦးဘထွန်းဆိုသူ ဆရာတော်ထံ၌ သာမဏေဘဝဖြင့်
နေရစဉ် မြင်တွေ့ခဲ့ရသည်ဟု) ဆရာစန္ဒြက တစ်ဆင့် ပြောပြဖူး၏။ အရှင် ဒဗ္ဗမထေရ်
လက်ညှိုးအလင်းဖြင့် အမှောင်တွင်းသွားသကဲ့သို့ ရှိ၏။

မည်သို့ပင် ဖြစ်စေ ဦးတိလောကသည် ဆရာတော်၏ ပရိယတ် အရည်အချင်း
များကိုသာမက ပဋိပတ် အရည်အချင်းများကိုပါ အတွင်းကျကျ ရိပ်စား သိရှိနေပြီဟု
ယူဆရ၏။ မျက်စိရောဂါ ဖြစ်ခြင်းနှင့် စာအုပ်စာတမ်းများ အသိမ်းအဆည်း ခံရခြင်းဖြင့်
“ပဋိပတ် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်တော့” ဟု သတိပေးလိုက်သကဲ့သို့ ရှိတော့သည်။
ထိုအချိန်မှစ၍ ကမ္မဋ္ဌာန်းတရား ရှုပွားနေ၏။ သက်တော်ကား ၂၅-နှစ်မျှသာ
ရှိပေသေးသည်။


## PAGE 518

၄၆၄


1

ဓမ္မာစရိယဦးဌေးလှိုင်

.

ဦးတိလောကကားတစ်ဖက်က စာချရင်း ရဟန်းတရားကို ညအချိန်၌ . အထူး
ကြိုးစားတော်မူ၏။ ထိုခေတ် လယ်တီတောရကား အခြောက်အလှန့်များလှသည်။ သရဲမကြီး
တစ်ကောင် ကျောင်းလှေကား၌´ မကြာခဏ လာရောက် အိပ်နေသည်ဆို၏။
မိုးမှောင်ကျသော ညတစ်ညဖြစ်၏။

တစ်တိုက်လုံး အိပ်မောကျနေကြပြီ။ ဆရာတော်ကြီးကား အတောင် ၆၀-ရှိ စင်္ကြံ
ကျောင်း၌ လမ်းလျှောက်တော်မူနေ၏။ ဦးတိလောက နေသော ထနောင်းပင် အနီးရှိ
ကပ်ကျောင်းကလေးဆီသို့ လှမ်း၍ ကြည့်တော်မူရာ စင်္ကြံခြေလှမ်းများပင် တန့်ရပ်သွား၏။
အကြောင်းမှာ ဦးတိလောက နေသော ကျောင်းကလေး တစ်ဆောင်လုံး အောက်လင်းဓာတ်မီး
ထွန်းထားသကဲ့သို့ လင်းထိန်နေသည်ကို တွေ့ မြင်ရသောကြောင့် ဖြစ်သည်။ သုံးလေးရက်
ရှိသောအခါ ဆရာတော်သည် ဦးတိလောကအား လူသူရှင်းခိုက် ခေါ်၍ တရားဟောတော်မူရာ-
“မောင်တိလောက၊ မင်းလဲ စာသင် စာချနဲ့ ပရိယတ်ဘက်ကတော့ ပြည့်စုံသွားပြီ။
ခုချိန်ကစပြီး ငါ့ကျောင်းမှာ နေလို့ မသင့်တော့ဘူး။ သွားလိုရာ သွားနိုင်တယ်” ဟု မိန့်
တော်မူ၏။ ဦးတိလောက ကလည်း-

“မှန်ပါ ဘုရား” ဟုသာ လျှောက်၍ ဦးချပြီး မိမိကျောင်းကလေးသို့ ပြန်လာခဲ့သည်။
နောက်တစ်ရက် သပိတ်တစ်လုံး၊ သုံးထည်သော သင်္ကန်းနှင့် မိမိ ရေးထားသော
“နေက္ခမ္မဝိဓာနဒီပနီ” စာမူကိုယူ၍ လယ်တီတိုက်မှထွက်ခွာရန် ကျောင်းကလေးမှ ဆင်းလာ
ခဲ့၏။ ဆရာတော်အား နောက်ဆုံး ဝင်ရောက်ကန်တော့လျက်-

“တပည့်တော် ဤလယ်တီတိုက် ဆရာတော်ဘုရားထံ ကောင်းကင်က လာနိုင်မှ
ရောက်ပါတော့မည် ဘုရား” ဟု လျှောက်၍ ထွက်ခွာခဲ့သည်။

(ဦးတိလောကသည် တရားသမာဓိများ အလွန်ကောင်းနေပြီ ဖြစ်၍ လယ်တီတိုက်တွင်း
ပရိသတ်များ အကြားမှာနေလျှင် ယုတ်လျော့သွားမည်စိုး၍ ဆရာတော်က အမိန့်ရှိသည်ကို
မနေစေချင်၍ နှင်သလောဟု စိတ်ခုသွားကြောင်း တစ်နေ့တွင် ဆရာတော်ကြီးက ပျော်ဘွယ်
ဆရာသက်ကြီးအား ပြောပြဖူး၏။)

တရားမာန်ကို တရားဖြင့် ဆုံးမခြင်း

ပထမဆုံး ချင်းတွင်းမြစ်ညာသို့ မြို့ရွာတောတောင် အဆင့်ဆင့် ဖြတ်ကျော်၍
ဧကစာ တရားအားထုတ်ရန် ထွက်ခွာသွားတော့သည်။ သက်တော် ၂၆-နှစ်အရ ၁၂၅၉-
ခုနှစ် ဖြစ်၏။

ချင်းတွင်းမြစ်ညာ ရာသီဥတုနှင့်သပ္ပါယမမျှ၍ ချင်းတွင်းမှ သထုံမြို့နယ် ကျိုက်ထိုအနီးရှိ
တောင်တစ်တောင်သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ကမ္မဋ္ဌာန်းတရား ရှုပွားသူ (သေက္ခပုဂ္ဂိုလ်)
တို့နေရာ ဖြစ်၍ “သေကျတောင်” ဟု သမုတ်ထား၏။ ရဟန်းတရားကို မနားမနေ ကြိုးစား
လေ၏။ တရားနည်းခံ တပည့်များလည်း အဆောက်အုံများနှင့်အတူ နေ့ချင်းညချင်း


## PAGE 519


:

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၆၅.

တိုးပွားလာသည်။ အလွန်ခေါင်လှသော ဒေသ၌ မြို့ရွာတမျှ စည်ကားသွားသည်ဟု ဆိုကြ
သည်။ ဗြဟ္မစာရူပဒ္ဒဝ (အကျင့်ဘေးရန်) ကြီး ပင်တည်း။ ဈာန်အဘိညာဉ်ရရန် အထူး
စိတ်သန်တော်မူဟန်´ရှိ၏။

လယ်တီဆရာတော်ကား ဇွတ်တရွတ်လုပ်တတ်သော တပည့်အတွက် စိတ်မချနိုင်အောင်
သံယောဇဉ် ကြီးတော်မူ၏။ ခြေရာနင်းနိုင်သည့် တပည့်ဖြစ်၍လည်း အားကိုးတော်မူသည်။
အကြောင်းအားလျော်စွာ ၁၂၆ဝ-ပြည့်နှစ် တန်ဆောင်မုန်းလတွင် ဦးတိလောကထံမှ စာတစ်စောင်
ရောက်လာ၏။

“တပည့်သည် ဆရာသမားအမှီရပါလျှင် နေ့ည ရဟန်းကိစ္စပြီးရန် ရှိပါသည်” ဟု
ရေးလိုက်သောဟူ၏။ စာကိုကြည့်၍ ပြုံးတော်မူသည်။ သို့ရာတွင် သံယောဇဉ်လည်းရှိ၊
ကျိုက်ထိုဒေသ တောတောင်များကိုလည်း သဘောကျနေ၍ ထိုနှစ် ထိုလပြည့်ကျော် ၉-
ရက်နေ့အရောက် လယ်တီပဏ္ဍိတကို နောက်ပါ ခေါ်၍ ကြွတော်မူသည်။

လယ်တီဆရာတော် ဘုရားကြီး ကြွရောက် ချီးမြှင့်သဖြင့် ဦးတိလောကနှင့်တပည့်များ
အားလုံး ဝမ်းမြောက်ဝမ်းသာ ဝတ်ပြုကြရ၏။ တစ်နေ့တွင် ဆရာတော်ဘုရားကြီး တစ်ပါးတည်း
ကိန်းအောင်းရာ သစ်ခက်တဲသို့ ကပ္ပိယမောင်စမုံ ပြောစကားအရ တိတ်တဆိတ် သွားရောက်
ဖူးကြရာ ဆရာတော်ကြီး မျက်လွှာချတင်ပျဉ်ခွေလျက် နှစ်တောင်ခန့်အမြင့်၌ တည်ငြိမ်စွာ
တက်ကြွနေသည် ကို ဖူးတွေ့ကြရသည်။ စာမာန် တရားမာန်ကြီးလှသော ဦးတိလောကအား
အလုပ်ဖြင့် ဆုံးမတော်မူလေသလောဟု ယူဆရပေ၏။

. ကျိုက်ထို၌ပင်နေခိုက် တစ်နေ့တွင် ဦးတိလောက၊ လယ်တီပဏ္ဍိတတို့ကို နောက်ပါခေါ်၍
သပိတ်ကိုယ်စီ လွယ်ကာ တောင်ဝှေးတစ်ချောင်းစီကိုင်လျက် ကျိုက်ထီးရိုးသို ့ ဘုရားဖူး
ထွက်တော်မူ၏။ တောနက်၍ နက်၍ လာသောအခါ တောဆင်ရိုင်းကြီး တစ်ကောင်သည်
ဆရာတော့်ဆီသို့ ရှေးရှုရင်ဆိုင် ပြေးလာလေ၏။ နောက်မှလိုက်ပါလာကြသော ဦးတိလောကနှင့်
ဦးပဏ္ဍိတတို့ နှစ်ပါးမှာ နီးရာ သစ်ပင်ပေါ်သို့ တက်၍ ပြေးကြသတတ်။ ဆရာတော်ကမူ
မတုန်မလှုပ် ရှေ့မှကြံ့ကြံ့ ရပ်တော်မူလျက် ပြေးလာနေသော ဆင်ကြီးအား နာဠာဂီရိချွတ်ခန်းပမာ
မေတ္တာပွားပို့၍ နေတော်မူ၏။ မကြာမီ ဆင်ကြီးမှာ ဦးညွတ်အရိုအသေပေးလျက် လမ်းဖယ်
ထွက်ပြေးသွားလေ၏။ ဆင်ကြီးမမြင်ရသောအခါကျမှ တပည့်နှစ်ပါး ချွေးသီး ချွေးပေါက်
ကြီးငယ်ဖြင့် သစ်ပင်ပေါ်မှ ဆင်းလာကြသတတ်။

ထိုအခါ ဆရာတော်က ပြုံးရွှင်သော မျက်နှာ၊ ကြည်သာလွင်အေးသော ရယ်သွမ်းသွေး
သံဖြင့် “မောင်တိလောက တို့ထံ စာရေးလိုက်တော့ တစ်မျိုးပါလားကွယ့်” ဟု မိန် ့တော်
မူလေ၏။ ထိုအခါမှ ဦးတိလောကလည်း မိမိကိုယ်ကို အနာဂါမ် အဓိမာန (အထင်ရောက်ခြင်း)
ဟု သဘောကျသွားလေသတတ်။

သီဟိုဠ်ခေတ်တွင် လောကီအဘိညာဉ်မျှသာရ၍ မိမိကိုယ်ကို ရဟန္တာဟု အထင်
ရောက်နေသော တိပိဋကဓရ မဟာနာဂ မထေရ်ကြီးအား အဘိညာဉ်ရ၊ ရဟန္တာဖြစ်သူ
တပည့်တစ်ပါးက ဆရာထံလာ၍ ဆင်ကြီးတစ်ကောင် ဖန်ဆင်းခိုင်းကာ၊ တစ်ဖန် ထိုဆင်ကပင်

