## PAGE 520

၄၆၆


ဓမ္မာစရိယ ဦးဌေးလှိုင်

မိမိအား ထိုးသတ်မည့်ဟန် ဖန်ဆင်းခိုင်းသောအခါ ဆင်ထိုးခံရမည် ရှိစဉ် မထေရ်ကြီး
ကြောက်လန့်သွားကြောင်း (ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌) လာရှိ၏။

ထိုကဲ့သို့ပင် “ယခုဆင်သည်လည်း တောဆင်ရိုင်း ဟုတ်ကောင်းမှဟုတ်မည်၊ လယ်တီ
ဆရာတော့်ဆင်များ ဖြစ်နေမလား မသိဘူး” ဟု တစ်ချိန်က မိတ်ဆွေများအား ပြောပြဖူးရာ
အားလုံးကပင် ကန့်ကွက်ခဲ့ကြ၏။ ထို့ကြောင့် ဤ၌ ထိုစကားကို ထပ်၍ ပြောရန် နှုတ်ရွံ့
နေပါသည်။ ဆင်ရိုင်းနှင့်တွေ့ သည်မှာတော့ အမှန်ပင်။

မည်သို့ဆိုစေ၊ ဖြစ်ရပ်အခြေအနေများကို ထောက်ဆပါလျှင် “တရားမာန်ကို တရားဖြင့်
ဆုံးမခြင်း” ဟုပင် သဘောသက်ဝင်စရာ ရှိပါသည်။

ကမ္မဋ္ဌာန်းအသိဖြင့် ကျမ်းညှိခြင်း

ဆရာတော် ဦးတိလောကသည် မိမိကိုယ်တိုင်လည်း ရွပ်ရွပ်ချွံချွံကြီး အားထုတ်၏။
ယောဂီတပည့်များကိုလည်း လက်ခံ၍ တရားပြပေး၏။ အနယ်နယ်သို့ ကြွရောက်၍လည်း
´တရားဟော၏။ ကျမ်းများစွာကိုလည်း ပြုတော်မူခဲ့သည်။ မြန်မာနိုင်ငံ ပဋိပတ္တိတရားစည်ကြီးကို
ဆရာ၏ ခြေရာလိုက်၍ တီးခတ်နိုင်သသူ ဖြစ်ပါပေသည်။
ဆရာတော် ပြုစုသော ကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
နေက္ခမ္မဝိဓာနဒီပနီ (၁၂၅၈)၊

-

၁။

၂။ အရိယမဂ္ဂဒီပနီ (၁၂၆၂)၊

(လယ်တီဆရာတော်၏ ဝိဇ္ဇာမဂ္ဂဒီပနီကို အတွင်း၌ ဌာပနာထားသည်။)
၃။ ပဏ္ဍိတ ဝေဒနီယ ဒီပနီ (၁၂၆၇)၊

၄။ တိုင်းကြီးသောဠသ ဒီပနီနှင့် ယင်း အညွှန်းကျမ်းငယ် (၁၂၈ဝ)၊
၅။ နိရုတ္တိ ပဒဗျဉ္ဇနီ၊

၆။ ဝိနိစ္ဆယ ပကာသနီ၊

၇။ စတုဗ္ဗိဓ'ဗျာကရဏ၊

၈။ အဘိဓမ္မတ္ထ သရူပဒီပနီ (၁၂၇၃)၊

၉။ မင်္ဂလာ အဆုံးအဖြတ်၊ ဝိနိစ္ဆယ အမျိုးမျိုးနှင့် ရတုကဗျာများ၊

၁ဝ။

ဓမ္မရာသီကျမ်း။ (ဆရာတော်မရှိသည့်နောက် ၁၂၉၆-ခုနှစ် တပည့်များက
ရိုက်ထားသည်။)

ထိုတွင် ကမ္မဋ္ဌာန်းအလုပ်နှင့်စပ်၍ “ပဏ္ဍိတဝေဒနီယကျမ်း' ကြီးသည် အထင်ရှားဆုံး
´ဖြစ်၏။ ကသိုဏ်း ရှုပွားနည်းများအတွက် ထိုမျှလောက် ပြည့်စုံသော ကျမ်း မရှိသေးချေ။
အဘိညာဉ်လမ်း လိုက်လိုသူတို့အတွက် စိတ်ဝင်စားဖွယ် အထူးကောင်းလှ၏။ သက်ရှိသက်မဲ့
လောကဓာတ်တစ်ခုလုံး ခြုံ၍ ဓာတ်ခြောက်ပါး ရှုပွားပုံမှာလည်း လယ်တီဆရာတော်
စာများထက်ပင် ပြည့်စုံလှပေ၏။

• • #


## PAGE 521

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၆၇

ထိုကျမ်းကို ရေးရာ၌ ဘုရားရှင်က တပည့်များကို ဟောသကဲ့သို့ သူ၏ တပည့်များအား
ဟောပုံဟောနည်း ရေးထား၏။ သေကျဘာသိတသုတ် ဂါထာများလည်း ပါဝင်ရာ နားတွင်
အဆန်းဖြစ်ကြရ၏။ “တပည့်တို့၊ တပည့်တို့' ဟု ခေါင်းတပ်ခေါ်ငင် ရေးသွားသဖြင့်
ဘုန်းကြီးတစ်ပါးက လယ်တီဆရာတော်အား-

“သူ့စာဖတ်ရတာ ကောင်းတော့ သိပ်ကောင်းပါသဖရား၊ ဒါပေမယ့် “တပည့်’
ခေါ်တာက ခက်နေတယ်” ဟု လျှောက်ရာ....

*တပည့်အခေါ်မခံချင်ရင် သူ့စာမဖတ်နှင့်ပေါ့ကွယ်” ဟု မိန့်သတတ်။
ကိုယ်တွေ့တရား အတွေ့အကြုံများနှင့် စပ်၍လည်း အလွန်မှတ်သားဖွယ်များ ပါဝင်
ကုန်၏။ ဝိပဿနာ အန္တ ရာယ်ဆယ်ပါးနှင့် စပ်၍ ရေးထားသည်မှာလည်း စိတ်ဝင်စားဖွယ်
ကောင်းလှသည်။

အရောင်အလင်းနှင့် ဝိပဿနာ လမ်းခွဲများ

ဆရာတော်သည် ဝိပဿနာ ညစ်ညူးကြောင်း ဆယ်မျိုးကို ပဏ္ဍိတဝေဒနီယကျမ်း
နောက်မှ ရေးသားသော “အဘိဓမ္မတ္ထသရူပဒီပနီ” ကျမ်း၌ ပို၍ ပြည့်စုံစွာ ဖော်ပြထားသည်။
၁။ သြဘာသ = အရောင်အလင်း၊

၂။ ပီတိ

၃။ ပဿဒ္ဓိ

၅။ ပဂ္ဂဟ

Go

၆။ သုခ

၇။ ဉာဏ

၈။ ဥပဋ္ဌာန
၉။ ဥပေက္ခာ
၁၀။ နိကန္တ

=အလွန်ပီတိဖြစ်ခြင်း၊

=အလွန်ကြည်လင်၍ သဒ္ဓါဖြစ်ခြင်း၊

=အလွန်ဝီရိယ မျှတခြင်း၊
=အလွန်ရွှင်လန်း ချမ်းသာခြင်း၊
= အလွန်အသိဉာဏ် ထက်မြက်ခြင်း၊
= အလွန်သတိထင်ခြင်း၊

=

=ဥပေက္ခာအားကောင်းခြင်း၊ (ဟန်ချက်ညီခြင်း)
(ယင်းသို့ ဖြစ်ရသည်များကို) နှစ်သက်သာယာခြင်း။
ဆရာတော်သည် အထက်ပါ ဆယ်မျိုးတွင် “အရောင်အလင်း' နှင့် စပ်၍ ဤသို့
မှတ်ချက် ပေးတော်မူ၏။

[“အရောင်သြဘာသကား ပုဂ္ဂိုလ်တိုင်းမှာမဖြစ်။ ဈာနလာဘီ သမာဓိ ကြီးထွားသော
ပုဂ္ဂိုလ်တို့မှာ ဖြစ်တတ်၏။ သူတစ်ပါး မမြင်ရဘဲ မိမိသာ မြင်ရသော စိတ်ကြည် စိတ်လင်း၊
ဉာဏ်ကြည် ဉာဏ်လင်း အရောင်လည်း ဖြစ်ပေါ်လာတတ်၏။ သူတစ်ပါးတို့ပါ မြင်ကောင်း
လောက်အောင် ကိုယ်ရောင်လည်း ထွက်တတ်၏

:

ထိုဆယ်မျိုးတွင် “နိကန္တိ' တစ်ခုသာလျှင် အကုသိုလ်ဖြစ်၏။ ပဓာန ဖြစ်၏။ ကျန်
ကိုးမျိုးကား ဗောဓိဉာဏ် ရင့်သန်ကြောင်း (ဗောဓိပက္ခိယ) တရားကောင်းများသာ ဖြစ်ကုန်၏။
တရားတိုးတက်လာသည့် အမှတ်အသားများတည်း။ သို့ရာတွင် ထိုသို့ တိုးတက်လာသည်ကို

## PAGE 522

၄၆၈


မ္မာစရိယဦးဌေးလှိုင်

နှစ်သက်တွယ်တာ နေတတ်သဖြင့် … ဝိပဿနုပက္ကိလေသ- ဝိပဿနာ ညစ်ညူးကြောင်း
တရားဆယ်ပါး၊ ဝိပဿနာ ချေးညှော် ဆယ်မျိုး' ဟု ဆိုရသည်။

ယင်းဆယ်မျိုးနှင့်စပ်၍ ဆရာတော် မှတ်ချက်ပေးသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။
ပဏ္ဍိတဝေဒနီယကျမ်း (၁၂၆၇) တွင်ကား သြဘာသနှင့် စပ်၍ အောက်ပါအတိုင်း မှတ်ချက်
ပေးတော်မူခဲ့သည်။

[“ဖြစ်မှုပျက်မှု ဥဒယဗ္ဗယ သဘောကို ကောင်းစွာ ထင်မြင်နိုင်သော အနိစ္စဝိဇ္ဇာဉာဏ်
ဖြစ်ပေါ်၍ လာခါနီးသောအခါ ဉာဏ်၏. ရှေ့သွား ဉာဏ်ရောင် စိတ်ရောင် အရောင်အလင်း
အာလောကလည်း ဖြစ်ပေါ်လာတတ်သည်။ ဤအလင်း အာလောကကို သြဘာသ” ဟု
ခေါ်သည်။ ဝင်းဝင်းပြောင်ပြောင် ကိုယ်မှထွက်တဲ့ ကိုယ်ရောင်ခြည်မျိုး မဟုတ်ဘူး တပည့်တို့
ကိလေသာ ပါးသဖြင့် ` စိတ်ဉာဏ် ကြည်ခြင်းကြောင့် စိတ်ဉာဏ်လင်းတဲ့ အလင်း
အာလောကတည်း။

“ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုမာ ပုဂ္ဂိုလ်ကဲ့သို့ အဝေး၌၊ ကွယ်ရာ၌၊ ညဉ့်
´အခါ၌သော်လည်း ရူပါရုံတို့ကို မနောဒွါရဖြင့် ထင်ရသည်တပည့်တို့။ ထိုအခါ ထိုယောဂီ
ပုဂ္ဂိုလ်အား သမထအရာ၌ ပဋိဘာဂသို ့ ရောက်ခါနီးအခါ ဈာန်အင်္ဂါတွေပေါ်ဘိသကဲ့သို့
မဂ္ဂင်တရားတွေ၊ ဗောဇ္ဈင်တရားတွေ၊ ဗောဓိပက္ခိယ တရားတွေလည်း အားကောင်း၍
ထင်ရှားပေါ်၍ လာကြသည်။

“ဤသို့ မိမိသန္တာန်၌ ရှေးကမတွေ့စဖူး မမြင်စဖူး အနည်းငယ် အထူးအထွေကို
တွေ့မြင်ရသောအခါ “ဤတရားစုဟာ မဂ်ဖိုလ်တရားပဲထင်ရဲ့၊ ငါမဂ်ဖိုလ်ကို ရတော့တာပဲထင်ရဲ့
လို့လဲမှတ်ထင်ခြင်း ဖြစ်တတ်သည်။ မမှတ်မထင်ရဘူး တပည့်တို့။ မဂ်ဖိုလ် မဟုတ်သေးဘူး”]

အဘိဓမ္မတ္ထသရူပဒီပနီကျမ်း (၁၂၇၃) ရေးသောအခါ ဝိပဿနာ အထင်မှားအမြင်မှား
အသိမှားများကို ပို၍ ပွင့်လင်းစွာ အောက်ပါအတိုင်း ထုတ်ဖော် သတိပေးတော်မူခဲ့၏။
ကိုယ်တိုင် ထိတွေ့သော ပုဂ္ဂိုလ်ထူးကြီးများ၏ အမိန် ့အမှာများကို လေးစားစွာ
သတိမူအပ်၊ လိုက်နာအပ်ပေ၏။

ကမ္မဋ္ဌာန်းရူး၊ သမာဓိမှော်

[“တရားလမ်းစဉ်၌ မလိမ်မာသော ပုဂ္ဂိုလ်တို့မှာ ဤနေရာသို့ကျလျှင် (ဥဒယဗ္ဗယဉာဏ်၊
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟု ဆိုလိုသည်။) “ဤပီတိ၊ ပဿဒ္ဓိ စသော တရားတို့သည်ပင်လျှင်
မဂ်ပဲ၊ ဖိုလ်ပဲ၊ မဂ်ဖိုလ်ကို ရ၍သာ အရောင် (သြဘာသ) တို့သည် ထွက်ကုန်၏။ ငါသည်
မဂ်ဖိုလ် တရားထူးကိုရပြီ၊ ကိစ္စပြီးပြီ” ဟု မှတ်ထင်၍ လမ်းမတ်တတ်တွင် တန့်ရပ်လျက်
ဆုတ်ယုတ် ပျက်စီး၍ သွားတတ်၏။

“ဤကဲ့သို့ မဂ်ဖိုလ်ဟု မထင်မှတ်သော်လည်း ဤသြဘာသ ပီတိ စသည်တို့ကို
အားရနှစ်သက် သာယာသော တဏှာနိကန္တိ အားကြီးစွာ ဖြစ်ပေါ်လာ၍ စိတ်ညစ်နွမ်းသဖြင့်

