## PAGE 523

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၆၉

ထိုဗောဓိပက္ခိယတရားတို့တွင် ငုပ်လျက် ဆုတ်ယုတ်ပျက်စီး၍သွားတတ်၏။ ထိုအထူးဖြစ်ပေါ်
လာသော သြဘာသ ပီတိ စသည်တို့ကို လိုက်၍ လိုက်၍ အာရုံပြုနေသဖြင့် စိတ်တုန်လှုပ်
ပျံ့လွင့်ခြင်း (ဓမ္မူဒ္ဓစ္စ) ဖြစ်၍လည်း ဆုတ်ယုတ် ပျက်စီးသွားတတ်သည်။

“ထိုမှတစ်ပါးလည်း ဤကဲ့သို့ ဝိပဿနာကိုအားထုတ်ရာတွင် တရားအရာ၌
မလိမ်မာသော ကြည်ညိုသော နတ်တို့သည် ကူပံ့၍ အာရုံကို ထင်မြင်အောင် ပြတတ်၏။
အနိစ္စထင်အောင် ပျက်ရုပ်တွေ ဖန်ဆင်း၍ ပြတတ်၏။ ဒုက္ခထင်အောင် သူနာရုပ်၊
အသေရုပ်၊ အရိုးစုတွေ ဖန်ဆင်း၍ ပြတတ်၏။ သမထကို အားထုတ်ရာမှာလည်း သမထ
အာရုံနိမိတ်ကို ဖန်ဆင်း ၍ ပြတတ်၏။ မိမိမြင်လိုရာ အမျိုးမျိုးသော အာရုံတို့ကိုလည်း
ပြတတ်၏။

“ထိုသို့ပြ၍ ထင်မြင်ရသောအခါ မိမိစိတ်ဉာဏ် ရင့်သန်၍ ထင်မြင်ခြင်း မဟုတ်။
စိတ်ဉာဏ် မရင့်သန်မကြည်လင်ဘဲ သူတစ်ပါးပယောဂကြောင့် ထင်မြင်ရခြင်းဖြစ်၍
ကြောက်ရွံ့ ထိတ်လန့်လျက် နှလုံးသွေးပျက်၍ သွားတတ်၏။ စိတ်ဉာဏ် ရင့်သန်၍
အချိန်ကျ၍ ထင်မြင်မှု မဟုတ်ခြင်းကြောင့် . မျက်လှည့်သည် ဖန်ဆင်း၍ ပြသော ရွှေ၊ ငွေ၊
ထမင်း၊ ရေတို့ကဲ့သို့ ထိုနတ်ပြသော အာရုံတို့သည် ရှည်မြင့်စွာရ၍ တည်၍မနေကုန်။
မျက်လှည့် ထမင်းရေကို စားသောက်ရသော သူအား ဝခြင်း၊ ဆာလောင်ကင်းခြင်း
မဖြစ်ဘိသကဲ့သို့ ထိုနတ်ပြသော အာရုံနိမိတ်တို့ကို မြင်၍ ထင်၍ နေငြားသော်လည်း
နီဝရဏကင်းခြင်း၊ ဈာန်၊ မဂ် တရားထူးရခြင်း မဖြစ်ကုန်။ ကိစ္စ မပြီးကုန်။

“ထိုနတ်ပြသော အာရုံကို မစွန့် မပယ်၊ အားရဝမ်းသာ နှစ်သက်လျက် ကြည့်ရှု၍
နေလျှင် ထိုနတ်တို့ကလည်း “ငါတို့အာရုံကို နှစ်သက်သည်” ဟု ကြည်ညိုချစ်ခင်၍
အာရုံကို တိုး၍ တိုး၍ ထင်မြင်အောင်ပြ၏။ မိမိတို့ တတ်စွမ်းနိုင်သမျှ တန်ခိုးကိုလည်း
နတ်အာနုဘော်ဖြင့် ပေး၏။ ထည့်၏။ နတ်တို့ တန်ခိုးပေးဖန်၊ ထည့်ဖန်များလျှင်
ထိုပုဂ္ဂိုလ်သည် “မျက်စိမြင်၊ နားကြား မှော်ပေါက်၍ သွားတတ်၏။ ဈာန်လမ်း၊
မဂ်လမ်းသို့ မရောက်ပြီ။ နီဝရဏ ကိလေသာတို့ မကင်းကွာပြီ၊ ဤကဲ့သို့ ပေါက်သော
မှော်ကို ‘သမာဓိမှော်” ဟူ၍ ခေါ်၏။

“ဤကား-ဈာန်လမ်း၊ မင်္ဂလမ်းတို့၌ ဖီလာကန့်လန့် တွေ့ ရသော ချောက်ကမ်းပါး
လမ်းမှားတို့တည်း။ ဤကဲ့သို့ “ဤကား ဈာန်လမ်း၊ မဂ်လမ်းမဟုတ်၊ လမ်းကွေ့လမ်းမှား
ချောက်ကမ်းပါးတို့တည်း။ ဤကား အရိယာတို့ သွားရာဈာန်လမ်း၊ မင်္ဂလမ်း လမ်းဖြောင့်
လမ်းမှန်တည်း' ဟု ဆုံးဖြတ်၍ ထိုလမ်း မတ်တတ်၌ တွေ့သော အထူးအထွေ
အနှောင့်အယှက် တို့ကို ဉာဏ်ပညာဖြင့် လွှမ်းမိုးပယ်ဖျောက်၍၊ ဝိပဿနာတင်၍ လမ်းမှန်ကို
သိနိုင်-လိုက်နိုင်သော ဉာဏ်ကို “မဂ္ဂါမဂ္ဂဉာဏ ဒဿန ဝိသုဒ္ဓိ ခေါ်ပါသည်။” [မဂ္ဂ=လမ်းမှန်၊
အမဂ္ဂ=လမ်းမှားကို၊ ဉာဏဒဿန=သိမြင်သောဉာဏ်၏၊ ဝိသုဒ္ဓိ=စင်ကြယ်ခြင်း။"]

ဤနေရာ၌ ဆရာတော်၏ အတွေ့အကြုံမှာ ရှင်းလင်းပြတ်သားပေ၏၊ နတ်တို့ပြသော
အာရုံနှင့် အနိစ္စ၊ ဒုက္ခ ထင်မြင်မှုသည် မျက်လှည့်ထမင်း စားရသကဲ့သို့ တကယ်မဝပုံ၊ ထို


/

6

..

## PAGE 524

၄၇ဝ


ဓမ္မာစရိယ ဦးဌေးလှုံ

အာရုံကို လက်ခံမိလျှင် ဆက်၍ အကြားအမြင် တန်ခိုးများ ပေးတတ်ပုံ၊ “တရားပေါက်ပြီ'
ဟု ထင်ရသော်လည်း ကိလေသာမလျော့သည့် အပြင် အနှောင့်အယှက်ပင် ဖြစ်ပုံတို့မှာ
လွန်စွာ လေးနက်လှကုန်၏။

သို့ရာတွင် ထိုအာရုံများကို ဖန်တီးသူနှင့်စပ်၍ “တရားမသိဘဲ အကြည်ညိုလွန်သောနတ်”
ဟု ယူဆသည်မှာကား စဉ်းစားစရာဖြစ်၏။ (ဒေဝတာ သံယုတ်စသော ကျမ်းဂန်တို့၌လည်း)
နတ်တို့သည် မိမိတို့ စွမ်းနိုင်သည့်ဘက်က အမှန်တကယ် စောင့်ရှောက်ကူညီသည်ကိုသာ
> တွေ့ ရ၏၊ မှားနေသော်သာ အမှန်ရောက်အောင် ကူညီသည်ကို တွေ့ ရ၏။

ဈာန် မဂ်ဖိုလ်အရာ ဘာဝနာစခန်း၌ လမ်းချော် လမ်းမှား၍ ချောက်ကမ်းပါးကျအောင်
ကူညီသူကား သာသနာတော်အား သဒ္ဓါကြည်ညိုသော နတ်များ အလျဉ်းမဟုတ်ပါကုန်။
နတ်မိစ္ဆာ တန်ခိုးရှင် တို့သာ ဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည်အပ်ကုန်၏။ ဖိုထိုးရာ၌ပင်
ဓာတ်လုံးခိုးသူ တန်ခိုးရှင်များ ရှိတတ်ကြရာ ခိုးယူဖျက်ဆီးသူသည် မိတ်ဆွေမဟုတ်၊
ရန်သူသာလျှင် ဖြစ်ချေသည်။

ဂူအောင်းဖိုထိုး၊ မျိုးစေ့နှင့် ပတ်ဝန်းကျင်

ဆရာတော် ဦးတိလောကကား သက်တော်ငယ်ငယ်ရွယ်ရွယ်နှင့် ပဋိကကျေ၍
ပဋိပတ်တွင်လည်း အလွန်မှန်းခြေရှိသော ပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ သို့ရာတွင် ပရိယတ္တိ
စာပေမာန်၊ အရွယ်မာန်တို့ကြောင့် ပဋိပတ် အလုပ်နှင့် စပ်၍ လယ်တီ ဆရာတော်ကဲ့သို့သော
ပုဂ္ဂိုလ်ကြီးထံ၌ပင် နည်းခံမိဟန် မတူချေ။ နှုတ်လွန် နှုတ်ကျူးရှိ၍ ဆရာတော်ကပင်
လိုက်၍ ချီးမြှောက်ရဟန်ရှိ၏။ “ကောင်းကင်ပျံလိုစိတ်' ကလည်း ပြင်းပြဟန် ရှိသည်။

ငယ်ငယ်ရွယ်ရွယ် ဉာဏ်လည်းထက်ထက်၊ ဝီရိယလည်း ထက်ထက်ဖြင့် သက်စွန့်
ကြိုးပမ်းရာ လမ်းချော်မှုက များနေဟန် တူပေသည်။ အရေးကောင်း အဟောကောင်း၍
ပရိသတ်ကလည်း ဝိုင်းအုံလာကြရာ လူသူများနှင့် ဖြတ်နိုင်သမျှ ဖြတ်ကာ ပို၍ အပြတ်အသတ်
လုပ်ကော်မူရဟန် ရှိသည်။ (လုပ်ရပ်မမှန်လျှင် ဝီရိယပြင်းထန်သလောက် ဒုက္ခရောက်တတ်
ကြောင်း ရှေ့၌ ပြခဲ့ပြီ။)

ရံခါ ဆရာတော်သည် အစာ မစားဘဲကျင့်၏။ ရံခါ သေကျတောင်ရှိ ဂူကိုပင် ပိတ်၍
(ဂူအောင်း၍) ကျင့်သည်ဟု ဆိုသည်။ “မဇ္ဈိမပဋိပဒါ” မကျသော လုပ်နည်း လုပ်ဟန်များ
လုပ်မိလျက်သား ဖြစ်ရသည်။

တိဗက်လာမာ မဟာယာန ဘုန်းကြီးများ အိန္ဒိယ ဆာဒူးဖကီး ဘုန်းကြီးများ
ဂူအောင်း၊ မြေအောင်း အကျင့် ကျင့်လေ့ရှိကြသည်။ ၁၈၃၇-ခုနှစ် အိန္ဒိယလဟိုမြို့၌
ဟာရိဒတ်ဖ်ခေါ် ဖကီးဘုန်းကြီးတစ်ပါး မြေ၌ အရက် ၄၀-အောင်းပြခဲ့ဖူး၏။

မြန်မာနိုင်ငံ၌လည်း လွန်ခဲ့သော အနှစ် ၂၀-ခန့်က ဦးမာဃ ခေါ်သော ဘုန်းကြီးတစ်ပါး
ဂူအလုံပိတ်၍ ကျင့်ရာ ပျံလွန်ရဖူးပြီ။ “ထိုသို့ကျင့်မှ တရားထူးရမည်” ဟူသော အာရုံလိမ်များ

၄၇၂

ဓမ္မာစရိယ ဦးဌေးလှိုင်၊

## PAGE 525


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၇၁

ဝင်ရောက် နှောင့်ယှက်ခြင်း ခံရဟန် တူပေသည်။ ကောင်းကင်၌ ရေဒီယို အသံလှိုင်းများ
ရောယှက်နေသကဲ့သို့ သမာဓိစခန်းတွင် လောကီ အခိုက်အတန့်ပိုင်း၌ လှိုင်းများ ရှုပ်ထွေး
လှပေစွာ့း ခွဲခြားယူငင်ရန် ခက်ခဲလှပေစွာ။

“သရက်မျိုးစေ့ တမာမျိုးစေ့ များသည် ဤမြေ၌စိုက်၍၊ ဤရေကိုသောက်၍၊ ဤလေ
ကိုပင် ရှုရှိုက်၍ ဤအလင်းရောင်ကိုပင် ခံယူ၍၊ ရှင်သန်ကြီးပွားခဲ့ကြရသော်လည်း အသီး
သီးသောအခါ သရက်မျိုးစေ့သည် အချိုသာသီး၍ တမာမျိုးစေ့သည် အခါးသီး၏။ မူလအခံ
အစွဲအယူ (ဒိဋ္ဌိဗီဇ) က ခြားနားသွားစေ၏။ (ဤသဘောကို ဧကင်္ဂုတ္တရ၊ ဧကဓမ္မပါဠိ၊
ဒုတိယဝဂ်၌ ဟောတော်မူ၏။)

မျိုးစေ့ပင် မှန်သော်လည်း “ခါးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊
သီးချိုကင်းသို့” ဟူသော ဒဓိဝါဟနဇာတ်လာ သရက်ပင်သည် ပတ်ဝန်းကျင် မကောင်း၍
အခါးသီး·သီးရပြန်လေသည်။ မိမိသန္တာန်၌ ရှိသော တဏှာမာန ဒိဋ္ဌိ အစွဲနှင့် မကောင်းသော
မိတ်ဆွေများသည် (ဤအလုပ်ကိုပင် လုပ်နေစေကာမူ) အချိုကို ခါးစေနိုင်ကြကုန်၏။

ရှေးယခင် အစ,မထင်သောကာလမှစ၍ ဤယနေ့ကျအောင် အာနာပါန စသော
စိတ်အလုပ်များ ဒေသအနှံ့ လူမျိုးအနှံ့၊ ဘာသာဝါဒအနှံ ဆင်တူယိုးမှား ရှိနေကြသည်ပင်.
ဤအာနာပါနကိုပင် ထပ်တူထပ်မျှလုပ်သည် ဆိုစေဦး၊ ‘နိဋ္ဌ’ ဟူသော ပန်းဘို
ရည်မှန်းချက် မတူကြ၍ အကြောင်းတရား တူစေကာမူ အကျိုးရရှိပုံ မတူညီနိုင်ကြပ

“ဗြာဟ္မဏတို့၏ ပန်းတိုင်ကား ဗြဟ္မာ့ပြည်၊ ရသေ့တို့၏ ပန်းတိုင်ကား အာဘဿရာ၊
ပရိဗိုဇ်တို့၏ ပန်းတိုင်ကား သုဘကိဏှာ၊ အာဇီဝကတို့၏ ပန်းတိုင်ကား အသညီဘဝ၊ ဤ
သာသနာဝင်တို့၏ ပန်းတိုင်ကား အရဟတ္တဖိုလ်” ဖြစ်ကြောင်း (မူလပဏ္ဏာသ၊ စူဠသီဟ
နာဒသုတ် အဖွင့်၌) လိုင်းခွဲ၍ ပြထားသည်။

လောကီပိုင်း၌ အတန်ငယ် တူညီကြသည်ကို ကြည့်၍ အသိဉာဏ် မတွေဝေကြရာ။
အသိဉာဏ်တွေဝေစေ၍ အချိုကိုပင် အခါးသီးစေနိုင်သော (ရေဒီယိုလှိုင်းကဲ့သို့ မမြင်ရသည့်)
ဆရာသမား မိတ်ဆွေများလည်း များကုန်၏။

ဆရာတော် ဦးတိလောကသည် ၁၂၇၆-ခုနှစ်တစ်ခု၌ သဲသဲမဲမဲ ဖိုထိုးကာ သိဒ္ဓိလမ်းကိုပင်
ချော်၍ နင်းနေပြန်လေသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးများ အတွင်း၌ မဟာယာနသိဒ္ဓိမြောက်
ဆရာကြီးတို့၏ အာရုံလိုင်းခွဲ ဖိုဆွဲသောအလေ့ကြီးကား ဗြဟ္မစရိယ၌ အရေးမကြီးလှသကဲ့သို့
နားယောင် ရောပါ နေကြပြန်သည်။ ဘုရားရှင်ကို အားနာစရာ ကောင်းလှပါ၏။

လက်ညှိုးဖြင့် နို့တိုက်ရသော ရသေ့ကြီး

ဆရာတော်သည် အကြောင်းတစ်စုံတစ်ခုကြောင့် ရဟန်းအဖြစ်မှ ရသေ့ပရိဗိုဇ်
အဖြစ်သို့ ကူးပြောင်းတော် မူပြန်၏။ ထိုအကြောင်းကိုလည်း ဝိသဘာဂ (မိန်းမ) ကြောင့်
ပြောင်းလဲရခြင်း မဟုတ်ဟူ၍ အနီးကပ် နေဖူးသော ပျော်ဘွယ်ဆရာသက်ကြီးက ပြောဆိုခဲ့ဖူး၏။

