## PAGE 529


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂။

၃။

၄။

၅။

-

၄၇၅

အကြောင်းအရာ စာပေ အဓိပ္ပာယ်များကို နတ်များလာ၍ ပြလှာပေးလာသည်ဟု
ထင်ရလောက်အောင် အံ့သြစွာ တွေ့မြင်ရခြင်း၊ အထူးမကြိုးစားရဘဲ အလွယ်တကူ
မျက်စိအောက် ရောက်လာရလာခြင်း၊ ကြည့်စရာစာတွေ အလွယ်တကူရ၍
အလုပ်ပျက်အောင် ကြည့်မဆုံးခြင်း၊ မျက်စိများ မူးဝေကာ ချာချာလည်ခြင်း၊
ထုံထိုင်း အုံ့မှိုင်းနေခြင်း၊ ကာမ အာရုံ များနှင့်ချည်း တွေ့ကြုံနေရခြင်း၊ မြင်ရ
သမျှ အပေါ် စိတ်တိုစိတ်ပျက်နေခြင်း။

နားက ထူးဆန်းသော အသံများကို ကြားရခြင်း၊ မိမိလုပ်နေသည်ကို မလုပ်ရဲအောင်
တစ်စုံတစ်ဦးက ပြောလာခြင်း၊ ကြားရခြင်း၊ မိမိလုပ်နေသည်ကို “ဆက်သာလုပ်၊
အမှန်ပင်ဖြစ်သည်' ဟူသော အဓိပ္ပာယ်ဖြင့် တစ်နည်းနည်းဖြင့် ကြားလာရခြင်း၊
အကျိုးလိုလား၍ ပြောသည်ကိုပင် မယုံကြည်ခြင်း၊ နားခါးခြင်း၊
နှာခေါင်းက အနံ့ထူးများမွှေးခြင်း၊ နံခြင်း။

လျှာမှနေ၍ မသင့်သော အစာများကို အကြောင်းအဆက်ဆက် ဖန်တီးကာ မလွှဲ
မရှောင်သာ စားမိနေ၍ ရောဂါရောက်လွယ်ရခြင်း၊ တောင်ပြောမည်ဟု ကြံထားလျက်
မြောက်ကို ပြောမိခြင်း၊ အတိုက်အခံ ပြောလိုခြင်း၊ တရားစကား ဟောပြောလိုလှခြင်း၊
လုံးဝမပြောဘဲ နေလိုခြင်း၊ နှုတ်ပိတ်ကျင့်လိုခြင်း၊ အာစေးခတ်ထားသကဲ့သို့
လုံးဝ ပြောမရအောင် အ-နေခြင်း၊

ကိုယ်၌ ရောဂါနှင့်စပ်၍ ကြောင့်ကြခြင်း၊ နေ့ချင်း ညချင်း သေလောက်အောင်
ရောဂါဖြစ်တော့မည်လားဟု ထင်ရခြင်း၊ တစ်ကိုယ်လုံးရှိအင်အားများ လေပူဖောင်း
ပေါက်သကဲ့သို့ တစ်ခဏချင်း ခြေတွေလက်တွေ သယ်မရအောင် ကုန်ခန်းသွားပြီဟု
ထင်ခြင်း၊ မသွားလာလိုခြင်း၊ ခြေတွေလက်တွေ (ထူးခတ်ထားသကဲ့သို့) ဆုတ်ဆိုင်း
နေခြင်း၊ ဘီးတပ်ထားသကဲ့သို့ သွားလာ ပေါ့ပါးလွန်းခြင်း၊ ပျံ မတတ်ရှိခြင်း၊
ဝီရိယ တိုးလိုက်လျှင် သေမည်ဟု ထင်ခြင်း၊ မတော်တဆ ဒဏ်ရာများရလွယ်ခြင်း၊
ခေါင်းမူး၍ .မထူလိုခြင်း၊ နှလုံးသား (ရင်ဝ၌) ကျဉ်းကျပ် ပူလောင်တတ်ခြင်း၊
နှလုံးသားကို ဆုပ်ကိုင်ခံရသကဲ့သို့ရှိခြင်း၊ ထိုသို့ဖြစ်ပြီးလျှင် ဒေါသအာရုံကို
တွေ့ရခြင်း၊ တွေ့ပြီးလျှင် ထိုအလုံးကျသွားခြင်း၊ (မီးယပ်သည် သွေးနုသကဲ့သို့
သွေးနုခြင်း၊ အကြောက်လွန်းခြင်း။)

၆။ စိတ်ထဲတွင် ပြဆိုခဲ့သည့်အတိုင်း ဇဝေဇဝါဖြစ်ခြင်း၊ တိုးတက်နေသော်လည်း
မတိုးတက်ဟု ထင်ခြင်း၊ ဆုတ်ယုတ်နေသော်လည်း တိုးတက်နေသည်ဟု ထင်ခြင်း၊
အနီးကပ် ရောက်လာသူ၏ ကောင်းဆိုးစိတ်အကြံများ မိမိ၌ အရောင်ဟပ်၍
ထပ်တူခံစားရခြင်း၊ တရားထူးရလိုစိတ် စောလျှင်ကား ဘဝင်ကိုမိနေပြီ၊ ဧကဂ္ဂတာ
ကျနေသည်၊ နိဗ္ဗာန်ကို ခံစားနေသည်ဟု အထင်ရောက်ခြင်း၊ ထို၌ သာယာလျက်
ဝပ်ပြီး ခံရကာ မတိုးတက်ဘဲနေခြင်း၊ စိတ်ဆိုးကွယ်ခြင်း၊ မာနကြီးခြင်း၊ နေရ
သည်မှာ အရသာမရှိ၊ “ဟာ” နေခြင်း၊ အသက်ရှိရုံဖြစ်နေခြင်း၊ တရားအရသာမရှိ၊


## PAGE 530


"

၄၇၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ပေါ့ဟာဟာ ဖြစ်နေခြင်း၊ စီးပွားအာဏာ တန်ခိုး စသည် မြူဆွယ်သည့်နောက်သို့
လိုက်ပါလွယ်ခြင်း၊ မြှူဆွယ်မှုလည်း များခြင်း၊ အဓိပ္ပာယ်မရှိ စနိုးစနောင့်
စလုံးစခုဖြစ်ခြင်း၊ နောင်တဖြစ်ခြင်း၊ (ဆေးမိသကဲ့သို့) တွေဝေနေခြင်း၊ မှိုင်းမိနေခြင်း၊
သတိမေ့ခြင်း၊

ဤသို့စသည်ဖြင့် ဒွါရခြောက်ပါး၌ အာရုံခြောက်မျိုးတို့သည် ရောရာသောင်းပြောင်း
အကောင်းအဆိုး အမျိုးမျိုးတိုက်ဝင်လာကြရာ ယောဂီသည် “အဘယ်အရာသည် အကောင်း၊
အဘယ်အရာသည် အဆိုး' ဟု ခွဲခြား သိမြင်တတ်ရန်၊ သိမြင်သောအခါ ပြုပြင်ပြောင်းလဲ
သွားတတ်ရန် ခဲယဉ်းနေတတ်ကြ၏။

မကြိုက်အာရုံကို တစ်နည်းနည်းဖြင့် ခွာ၍ရစေကာမူ ကြိုက်အာရုံဖြစ်ခဲ့သော် တိုးတက်
သည်ဟုပင် ထင်ကာ ထိုအာရုံကိုပင် ကျုံး၍ လုပ်ကျွေး နေရတတ်၏။ ကျေနပ်နေတတ်၏။
မြင်းစီးလျက် အထီးအမမှန်း မသိသည်မှာ အဆိုးဆုံး ဖြစ်သည်။

ဒွါရခြောက်ပါးမှ ဝင်ရောက် တိုက်ခိုက်လာသော အာရုံခြောက်ပါးနောက် လိုက်ကာ‘
“ယခု မိမိအလုပ်သည် မှန်ကန်၏လော၊ ဘုရားကြိုက်နှင့် ညီ၏လော၊ ညီသော် မဇ္ဈိမပဋိပဒါ
ကျကျ လုပ်နေခြင်း ဟုတ်ပါ၏လော၊ တိုးသလော၊ ဆုတ်သလော၊ ရုပ်တံ့နေသလော”
စသည်ဖြင့် အမြဲတမ်းအရှုံးအမြတ် ငယ်နိုင်စာရင်းဖြင့် သွားကြရ၏။ သွားတိုင်း ခရီးပေါက်သည်
မဟုတ်ချေ။

ကာကွယ်ရန် အကြီးဆုံးသော အင်အား

ထိုအခါမျိုး၌ အချို့ယောဂီများ တံမြက်လှည်းခြင်း စသော အလုပ်ကြမ်းများဖြင့်
သမာဓိကို ဖျက်ပစ်တတ်၏၊ အသစ်ထူထောင်လိုက် ဖျက်ပစ်လိုက် ဖြစ်နေ၍ မတိုးတက်ပိုင်း၊
အကောင်းဆုံးသော နည်းလမ်းမှာ မေတ္တာ ဘာဝနာပင် ဖြစ်ပေ၏။ ထိုဟာကိုလည်း
“ခရီးမရောက်၊ မစူးရှ၊ အရသာမရှိ၊ အပို ဟု ထင်နေတတ်၍ မှတ်နေကျ ကမ္မဋ္ဌာန်းကို
မှတ်ရမှသာ အားရကျေနပ်နေတတ်၏။ မဟုတ်ချေ။ အာရုံ အတိုက်ကြမ်းလာလျှင် မူလ
ကမ္မဋ္ဌာန်း (မှတ်နေကျ) ကိုပင် ရက်ပိုင်းမှ လပိုင်း အထိ ရပ်တန့်ရပ်ထား၍ မေတ္တာကိုသာ
ပေါ့ပေါ့ပါးပါး သွားရင်းလာရင်း ဖိ၍`ပွားပို့ကြရာ၏။

နေ့ရောင်တောက်လျှင် နှင်းမှောင်ပျောက်ခဲကာ လျှောက်ရမည့် လမ်းကို သဲသဲကွဲကွဲ
မြင်လာရမည့် ဖြစ်၏။

ရံခါ အကနိဋ္ဌ ဗြဟ္မာ့ဘုံမှ အရိယာ ဗြဟ္မာကြီးများအထိ အမျှဝေ တိုင်တည်၍၊ ဘုရား
ရဟန္တာတို့၏ ဘုန်းတန်ခိုးတို့ကို ခံယူ၍၊ ပရိတ်မန္တန် ရွတ်ဖတ်၍၊ အဓိဋ္ဌာန်၍၊ သစ္စာဆို၍
အမှားအမှန် ဆုံးဖြတ်ယူရသည်။

ဝိပလ္လာသမကင်းသော ပုထုဇဉ်တို့ အတွက် လိုင်းခွဲယူရန် ခက်လှပါပေသည်း၊
လောက၌ ထုံဆေး၊ မေ့ဆေး၊ တို့ဆေး၊ ခတ်ဆေး၊ ပီယဆေး၊ စိတ်ညှို့ ၊ အိပ်မွေ့လျံ၊
အာစေးဓတ် စသော အတတ်ပညာများ ရှိသကဲ့သို့ မာရ်နတ်တွင်လည်း တပည့်မျိုးစုံ၊


## PAGE 531


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အတတ်မျိုးစုံ ရှိပေ၏။

၄၇၇

မာရ်နတ်ထက် မိမိ၏ အကုသိုလ်စိတ်သည် အဆိုးဆုံးရန်သူဖြစ်သည်။ ဆိုးအာရုံ
ဝင်သောအခါ ပုဂ္ဂိုလ်သတ္တဝါမသုံးသပ်မူ၍ ယောဂီသည် “ငါယခုခံစားနေရသော ဒုက္ခသည်
အမြဲခံစားရရှိနေသည် မဟုတ်။ မကြာခဏ ဖြစ်ပျက် ပြောင်းလဲနေသော တရားသဘော
သက်သက်မျှသာ ဖြစ်သည်။ သေသော်လည်း မြတ်၏။ တစ်လောကလုံး ဖြစ်၍ဖြစ်၍
ပျက်၍ ပျက်၍ မဆုံးနိုင်သော (မှတ်၍ပင် မကုန်၊ ရှုမှတ်၍ ပင် မဆုံးနိုင်အောင်) ပျင်းမုန်း
ငြီးငွေ့စရာကြီးပါတကား” ဟု “အနိစ္စသညာ၊ လောကေအနဘိရတိသညာ” ပွား၍လည်းကောင်း၊
ကောင်းအာရုံ ဝင်လာသောအခါ “အသုဘသညာ’ ပွား၍လည်းကောင်း၊ အသက်ကိုပင်
စွန့်၍၊ တစ်စုံတစ်ရာ၌ တွယ်တာ ကပ်ငြိခြင်းကို လွှတ်၍ ရှုပွားကြရာ၏။

“ဝိရာဂေါ တေသံ အဂ္ဂမကွာယတိ-အရာရာ၌ တွယ်တာ ကပ်ငြိမှုမရှိခြင်းသည်
´အကောင်းဆုံးသော အင်အားကြီးပင်တည်း။ (ဣတိဝုတ်-အဂ္ဂပသာဒသုတ်၊အသင်္ခတဓာတ်
ကို အစစ်ကောက်။)

“ထင်ကြီးသုံးလုံး” သုံးဆယ့် တစ်ဘုံ၏ ဆွဲအား

မျက်စိ၊ နား၊ နှာ စသည် အဇ္ဈတ္တိကာယတန ခြောက်ပါးတည်းဟူသော လမ်းလေးခွ၌
ချထားသော သတ္တဝါတည်းဟူသော (မုယော) ကောက်လှိုင်း စည်းသည် ကောင်းဆိုးနှစ်တန်
ရူပါရုံစသည် ဗဟိဒ္ဓါယတန ခြောက်ပါးတည်းဟူသော လူခြောက်ယောက်တို့၏ ထမ်းပိုး
ခြောက်ချောင်းဖြင့် ထောင်းထောင်းကြေမွအောင် ရိုက်ပုတ်ခြင်းခံနေရ၏။

သတ္တဝါသည် ထိုမျှဖြင့် မရပ်မူ၍ ကြီးပွားမှု၊ ဘဝသစ်ဖြစ်မှုကို ထင်စားနေသေးသော်၊
ထင်မှားတပ်မက် မာန်တက်နေသေးသော် နိကန္တိခေါ် ခုနစ်ဦးမြောက် လူတစ်ယောက်၏
ထမ်းပိုးတစ်ချောင်းဖြင့် ဖွပ်ဖွပ်ကြေအောင် ထပ်၍တစ်ဖန် ရိုက်ပုတ်ခံရပြန်သကဲ့သို့ရှိ၏။
ထိုထင်စားမှု (မာန်တက်မှု) သည် အလွန်သိခက် သိမ်မွေ့စွာ အသူရာနတ်ကြီး ကိုယ့်စိတ်နှင့်ကိုယ်
အချုပ်ခံနေရသည်ထက် သိခက် သိမ်မွေ့လှ၏ဟု (သဠာယတန-ယဝကလာပိ သုတ်၌)
ဟောတော်မူသည်။

အသူရာနတ်ကြီးသည် စစ်ရှုံး၍ အဖမ်းခံရပြီး သုဓမ္မာသဘင်၌ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊
လည်ပင်း ငါးဌာနလုံး ချုပ်နှောင်ထားရာ “နတ်တို့တရားသည်’ ဟု စိတ်ဖြစ်လျှင် ထို
အနှောင်မှ လွတ်သွား၏။ “မတရား” ဟု ထင်လျှင် စိတ်ဖြစ်ကာမျှဖြင့်. ချုပ်မိလျက်သား
ဖြစ်နေပြန်သည်။ စိတ်ဖြင့်မိ၍ စိတ်ဖြင့်ပင် ဖြေနိုင်သဖြင့် သိမ်မွေ့လှ၏။ (စိတ်သည်
ဤမျှစွမ်းသည်ကိုလည်း သတိပြုပါ။) ကြီးပွားမှု၊ ဘဝသစ်ဖြစ်လိုမှု၊ ထိုထင်စားစိတ်ဟူသော
မာရ်နတ်၏ အနှောင်အဖွဲ့ကား ထိုထက်ပင် သိခက်သိမ်မွေ့ လှ၏။ မြေလျှိုးမိုးပျံသော်လည်း
ရှောင်၍မရ။ ဉာဏ်ဖြင့် ဖြတ်တောက်မှသာ လွတ်နိုင်ကြောင်း-

“ရဟန်းတို့ အထင်ရောက်သူ၊ (ထင်စားသူ၊ အထင်မှားသူ) သည် မာရ်၏ အနှောင်

