## PAGE 532

၄၇၈


ဓမ္မာစရိယ ဦးဌေးလှိုင်

အဖွဲ့ ခံနေရသူဖြစ်၏။ ဤအထင်သည် မာန်တက်မှုတည်း။ မာန်တက်မှုသည် ဆူးငြောင့်ရောဂါ
အနာဘေးဆိုးကြီးပင်တည်း” ဟု ဟောကြားဖွင့်ဆိုတော်မူကြကုန်၏။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဝဋ်မှထွက်ကြောင်း တရားကား လူတိုင်းပင်
နားလည်နိုင်အောင် လွယ်ကူပွင့်လင်းလှပါ၏။ ထို့ကြောင့်လည်း (မဇ္ဈိမ-ဗောဓိရာဇ
ကုမာရသုတ်၌) “မနက်လုပ် ညနေရ၊ ညနေလုပ် မနက်ရ” ဟု လည်းကောင်း၊ (မဟာသတိ
ပဋ္ဌာနသုတ်နှင့် အာနာပါနဿတိ·သုတ်တို့၌လည်း) “ခုနစ်ရက်မျှဖြင့် တရားထူးရနိုင်သည်”
ဟု လည်းကောင်း ရဲရဲကြီး အာမခံတော်မူခဲ့ပါ၏။

သို့ရာတွင် လက်တွေ့ကျင့်သုံးကြသောအခါ ၁၀-နှစ် ၁၅-နှစ်၊ အနှစ်-၄၀၊ ၅၀-
လုပ်ပါသော်လည်း တရားထူးမရဘဲ ရှိကြသည်မှာ အဘယ့်ကြောင့်ပါနည်း။

အဖြေကား ရှင်းပါ၏။ အာရုံခြောက်ပါး၏ ထိပါးရိုက်ပုတ်ခြင်း ခံနေကြရသည့်အထဲ
ကြီးပွားလိုမှု၊ ထို ့ထက်သာသော ဘဝသစ်တစ်ခု ဖြစ်လိုမှု ဟူသော ထင်စားမှု=(တဏှာ)၊
အထင်ရောက်မှု=(မာန)၊ ထင်မှားမှု (ဒိဋ္ဌိ) ‘ထင်ကြီးသုံးလုံး ခုခံ၍ နေကြသောကြောင့်
ဖြစ်ပါကုန်၏။ ၃၁-ဘုံ၏ ဆွဲအားသည် ကြီးမားကြောက်လန့်ဖွယ်ပါတကား။

ဝီရိယဉာဏ် ပြည့်စုံပြန့်လည်း ကံက မ

မက

သေကျွတောင် ဆရာတော်သည် သက်တော် ၆၆-နှစ်အရ ၁၂၉၉-ခုနှစ်၊ ဒုတိယ
ဝါဆိုလပြည့်ကျော် ၁၃-ရက်နေ့ည နှစ်ချက်တီးအချိန်၌ လေနာရောဂါဖြင့် ပျံလွန်တော်မူရ၏။

ဝိသုဒ္ဓိမဂ် ဘာသာပြန် ဆရာတော် ဦးဗုဒ္ဓဗာလာ စသော ယောဂီတပည့်ကြီးများက
ထိုနှစ် တပေါင်းလတွင် သစ်ဝါးစက္ကူဖြင့် အခမ်းအနား မလုပ်ဘဲထိုသေကျွတောင်ပေါ်၌ပင်
အထိမ်းအမှတ်အဖြစ် အုတ်တိုက်ကြီးတစ်ခု တည်ဆောက်ကာ ဈာပနပွဲ ကျင်းပပူဇော်ကြကုန်၏။
ဆရာတော်ကား လယ်တီဆရာတော်တမျှပင် ပဋိပတ္တိသာသနာပြုရာ၌ ကျေးဇူး ကြီးမား
လှပါပေ၏။ သို့ရာတွင် ဆရာတော်အား “လောကီ အဘိညာဉ် ရနိုင်သူ” ဟုသာ ခန့်မှန်းရ၍
လောကုတ္တရာ အဓိဂမကား ရု-ဗရ အတပ်မဆိုသာချေ။

တစ်ခါက မကြီးလှာ ဆရာတော်အား ဆရသေဏီကြီးက ကမ္မဋ္ဌာန်းပေးစဉ်
စပ်သဖြင့်...

66

“ကျေးဇူးရှင်ကြီးများ လုံ့လဝီရိယ အသိဉာဏ် ကြီးမားလှပါသော်လဲ မှန်းသလောက်
ခရီးပေါက်တော် မမူကြဘူး ဘုရား” ဟု ဆရာတော်များ သီတင်းသုံးရာဌာနသို့ လှမ်း၍
လက်အုပ်ချီလျက် လျှောက်ထားဖူး၏။

သေကျွတောင်ဆရာတော် တရားထူးရခြင်းနှင့် စပ်၍ ပျံလွန်တော်မူပြီးနောက်
ဆရာကြီးအား တပည့်အချို့က မေးစမ်းကြည့်ရာ-

“ဒါ နင်တို့အရာလားဟဲ့” ဟု . မာန်မဲကာ

....

“သာတာဂီရိတို့ တပည့်ဖြစ်နေရှာတယ်” ဟု ဆက်၍ ပြောဆိုဖူးသတတ်။


## PAGE 533


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးသ

၄၇၉

ပရိယတ္တိအရာ၌၊ လုံ့လဝီရိယ အရာ၌၊ ပဋိပတ္တိ အတွေ့ အကြုံ၌ တန်းတူရည်တူသူပင်
မရှိလောက်အောင် ပြောင်မြောက်စွာ အားထုတ်၍ မဆုတ်မဆိုင်း ကျင့်နိုင်ပါတိုင်းလည်း
ရွယ်တိုင်းမပေါက်ပါတကား

ဝီရိယဉာဏ် ပြည့်စုံပြန်ပါလည်း ကံဟောင်းမကုပါချေး ကံဟောင်းမကူသော်လည်း
ကံသစ်ရှိပြီ ဖြစ်ရကား နောက်မူ ထွန်းတောက်လေဦးတော့မည်။

ဆရာအော်း လက်တွေ့ဇမ်းသပ်ခြင်း

ဆရာတော် ဦးတိလောက၏ အလုပ်စခန်းနှင့်စပ်၍ အံ့သြဖွယ် ကောင်းသော
ဖြစ်ရပ်တစ်ခုကို ကွယ်လွန်သူ အမြတ်ခွန်မင်းကြီး ဦးစံသိမီး၏ ထုတ်ဖော်ပြောပြချက် အရ
ထပ်မံဖော်ပြခွင့် ရပေသည်။

.

ဦးစံသိမ်းကား အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပတ္တိ တရားဌာနများကို
စနစ်တကျ စာရင်းအင်း ပြုစု၍ အထောက်အပံ့ပေးခဲ့သော နိုင်ငံတော် ဗုဒ္ဓသာသနာ အဖွဲ့
ပဋိပတ္တိဌာနခွဲ၏ အတွင်းရေး ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်၍ ဆဌသံဂါယနာနှင့်
တစ်ပြိုင်နက် နိုင်ငံတော်အစိုးရ၏ ပဋိပတ္တိသာသနာပြု လုပ်ငန်းတွင် ထိပ်ဆုံးက ပါဝင်
ထမ်းဆောင်ခဲ့သူ ယောဂီကြီးတစ်ဦး ဖြစ်၏။ သထုံ ဇေတဝန်၊ စွန်းလွန်းဂူ၊ ဝေဘူ
ဆရာတော်ကြီးနှင့် အထူးသဖြင့် ဆရာသက်ကြီးထံ ဥပနိဿယခံယူ၍ “ယထာဘူတလမ်းညွှန်”
ခေါ် ခေတ်မီကမ္မဋ္ဌာန်းကျမ်းကြီးကိုပင် ၂-ကြိမ်တိုင်တိုင် ပြုစုထုတ်ဝေခဲ့သူလည်း ဖြစ်သည်။

အဆိုပါ ဦးစံသိမ်း၏ “ဆရာတော် ဦးတိလောကနှင့် စပ်သော ဟောပြောချက်” ကို
သမ္မတကြီး စောရွှေသိုက်၊ ယောဂီဦးတင်၊ မြန်အောင် ဦးတင်၊ ဦးစိန်ညိုထွန်း၊ ဦးထွန်းလှအောင်၊
အင်္ဂလိပ်လူမျိုး ဦးအုန်းခိုင် (မစ္စတာ မောရစ်၊ ကမ္ဘာဇ ဓမ္မရောင်ခြည် အင်္ဂလိပ်စာစောင်
အယ်ဒီတာ) စသူတို့ ပါဝင်သော “ဗုဒ္ဓသာသန သမာဂမအဖွဲ့” မှ အင်္ဂလိပ်လို ထုတ်ဝေသည့်
“ဿ အိုပင်းဒိုး' အမည်ရှိ စာစောင် အတွဲ-၁၊ အမှတ်-၃၊ စာမျက်နှာ ၉ ၌-အောက်ပါ
အတိုင်း ဖတ်ရှုရပါသည်။

ဒုတိယ ကမ္ဘာစစ်မဖြစ်မီ နှစ်ပေါင်းအတော်ကြာက ညောင်တုန်းမြို့၌ ကူးစက်
ကပ်ရောဂါကြီး ဖြစ်ပွား၍ မြို့သူမြို့သားများက ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးအား
ပရိတ်မေတ္တာ အကာအကွယ် ပြုပေးရန် ပင့်ဆောင်ကြ၏။ ရောက်လျှင် ထုံးစံအတိုင်းညစဉ်-
တရားဟောကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဟောကြားညွှန်ပြပေးတော်မူသည်။

ဆရာတော်ဘုရားကြီး ပြန်ကြွမည်ရှိစဉ် ညောင်တုန်းမြို့၌ ရက်ရှည် သီတင်းသုံးကာ
အဘိဓမ္မာ ဓာတ်ပညာနှင့် သမထ ဝိပဿနာတရားများ သင်ကြားပေးပါရန် လျှောက်ထားကြရာ
ဆရာတော်ဘုရားကြီးက-

“ဒကာတို့၊ ဘုန်းကြီးမှာ ကိစ္စတွေ များတယ်၊ ဒီမှာနေဖို့ အချိန်မရဘူး၊ ဒါပေမယ့်
အားမငယ်ကြနှင့်၊ ကျိုက်ထိုမှာ ဘုန်းကြီးတပည့် သေက္ချတောင် ဦးတိလောက ရှိတယ်၊


## PAGE 534

၄၈၀


ဓမ္မာစရိယ ဦးဌေးလှိုင်

;

သူဟာ ဘုန်းကြီးလိုပဲ သာသနာပြုနိုင်ပြီး ဒကာတို့ အလိုရှိတဲ့ တရားကို ပေးနိုင်တယ်၊
သွားပင့်ချေကြ၊ ဘုန်းကြီးက လွှတ်လိုက်တာလို့ သာလျှောက်၊ သာသနာအတွက် ဘုန်းကြီးက
လွှတ်လိုက်တာဆိုရင် သူလဲ မငြင်းပေဘူး၊ လိုက်လာမှာ သေချာတယ်။”

ဆရာတော်ဘုရားကြီး၏ ညွှန်ကြားချက်အရ ညောင်တုန်းမြို့ မျက်နှာဖုံး ဒကာကြီး
သုံးဦးတို့ ဆရာတော် ဦးတိလောကအား ပင့်ရန် သထုံ ကျိုက်ထိုရှိ သေကျွတောင် တောရ
ကျောင်းကြီးသို့ သွားကြလေ၏။ သို့ရာတွင် ဆရာတော်ကို မဖူးတွေ့ကြရချေ။ အကျိုးအကြောင်း
လျှောက်ထားကြသောအခါ ဆရာတော်၏ တပည့်တစ်ပါးက-

“ဆရာတော် ကျောင်းက ထွက်သွားတာ လေးငါးရက် ရှိသွားပြီ” ဟု ဆို၍ ဘယ်
အရပ်သို့ ကြွသွားကြောင်း ဆက်၍ လျှောက်ထား စုံစမ်းရာ-

“ဒကာကြီးတို့...ဒါကတော့ ဆရာတော်ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ကိစ္စပဲ၊
ဆရာတော် ဘယ်ကြွသွားတယ်ဆိုတာ ဦးပဉ္စင်းတို ့မှာ ပြောခွင့်မရှိဘူး၊ ဒီလိုပဲ ကြွနေကျပဲ၊
ဒီအတွက် သိလဲ မသိချင်ကြပါနဲ့ လေ” ဟု တပည့် ဦးပဉ္စင်းက လမ်းစပိတ်၍ ပြောလိုက်၏။
ညောင်တုန်း ဒကာကြီး သုံးဦးမှာ အားကိုးတကြီးလာရာ မမျှော်လင့်သော စကားကို
ကြားကြရသဖြင့် စိတ်အပျက်ကြီး ပျက်သွားကြ၏။ အကြိမ်ကြိမ် တောင်းပန် မေးလျှောက်
သော်လည်း ဘူးကွယ်၍ချည်း နေသဖြင့် ဒကာများမှာ ပို၍ အားမလို အားမရ ဖြစ်နေကြ၏။
ထိုတွင် ဒကာတစ်ဦးက ရုတ်တရက် အကြံရ၍-

“ဦးပဉ္ဇင်းဘုရား....၊ တပည့်တော်တို့လဲ ဟို......ညောင်တုန်းမြို့ အဝေးကြီးက
လာကြရတာပါ၊ တပည့်တော်တို့ သဘောတစ်ခုထဲနဲ့ ဖူးတွေ့ ရရုံသက်သက် လာကြရတာ
မဟုတ်ပါဘုရား၊ ဦးတိလောက ဆရာတော်ရဲ့ ဆရာ ကျေးဇူးရှင် လယ်တီဆရာတော်
ဘုရားကြီးရဲ့ အထူးညွှန်ကြားချက် အမိန့်တော်အရ သာသနာရေးကိစ္စအတွက်
သွားပင့်ချေကြဆိုလို ့ လာပင့်ရတာပါ” ဟု လျှောက်လိုက်ရာ- အဆိုပါ ပြန်ကြားသူ
ဦးပဉ္စင်းလည်း သက်ပြင်းချကာ မည်သို့မျှ စကားမဆိုသာ၊ အတန်ကြာအောင်
တွေ့၍သွားလေ၏။

ထို့နောက် ဦးပဉ္စင်းလည်း “ကဲ....ကဲ...ဒကာကြီးများ လာ...လာ....” ဟု ဆိုကာ
ကျောင်းဝင်း အထွက်သို့ ရောက်အောင် ဒကာကြီးများကို ခေါ်လာပြီးလျှင် တောင်ဆင်ခြေလျှော
တောအုပ်တစ်ခုသို့သွားသော မထင်မရှား လူသွားလမ်းကလေးကို လက်ညှိုးထိုးလျက်.....
“အင်း…..ဆရာတော် ကြွသွားတာကတော့ အဲဒီလမ်းကလေးကနေ တောထဲ
ကြွသွားတာပဲ၊ အဲဒီလမ်းအတိုင်း လိုက်သွားပြီး ဒကာကြီးတို့ဟာ ဒကာကြီးတို့ ဆရာတော်ကို
လိုက်ရှာချင်လဲ ရှာကြပေတော့” ဟု ဆိုကာ ဦးပဉ္စင်းမှာ ကျောင်းထဲသို့ ဝင်ကြွသွား၏။
ဒကာများလည်း ခေတ္တမျှရပ်ပြီး စဉ်းစားကာ “ဒီရောက်လာပြီးမှတော့ တွေ့အောင် ရှာကြမယ်”
ဟု ဆိုကာ သုံးဦးသား သဘောတူ တောထဲသို့ လိုက်လံရှာဖွေကြ၏။

ထိုလူသွားလမ်းကလေးအတိုင်း လိုက်သွားကြသောအခါ တော်တော်ကလေး သွားမိ
ကြလျှင် လမ်းနှင့် မနီးမဝေး တောအုပ်တစ်နေရာ၌ သစ်ရွက်မိုး ယာယီသင်္ခမ်း ကျောင်းကလေးကို

