## PAGE 535


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၈၁

တွေ့ကြရ၏။ သင်္ခမ်းကျောင်းကလေး ရှိရာသို့ ခပ်သုတ်သုတ် လှမ်းကြပြီး အနီးသို့ရှောက်လျှင်
သစ်ရွက်တံခါးကလေးကို ဖွင့်ကြည့်လိုက်ရာ ယာယီ ခင်းကြမ်းများ ပေါ်၌ တင်ပျဉ်ခွေကာ
တည်ငြိမ်အေးဆေးစွာ တရားထိုင်နေသော ဆရာတော်ကို ဖူးတွေ့ ကြရသည်။

ဒကာသုံးဦးစလုံး ညင်သာစွာ ဆရာတော်၏ အနီးသို့ တိုးသွားပြီးလျှင် ရှိခိုးဦးချကြ၏။
အသက်ကိုမျှ ပြင်းပြင်းမရှုရဲကြဘဲ အချိန်ကြာမြင့်စွာ ရှိခိုးလျက် ကြည်ညိုနေကြသည်။
ဆရာတော်ကမူ ဒကာများ အနီးသို့ လာရောက်နေကြသည်ကိုပင် သိပုံမရချေ။ အချိန်
ကြာမြင့်စွာ လက်အုပ်ချီ ကြည်ညိုနေကြစဉ် ဒကာတစ်ဦးက သူ၏ အဖော်များအား
လက်တို့ပြီး တိုးတိုး ကလေး ပြောလိုက်၏။

“ငါ ကြားဖူးတယ်၊ အဓိဋ္ဌာန် သမာဓိအား သိပ်ကောင်းပြီး ဝသီဘော်နိုင်နင်းတဲ့
ပုဂ္ဂိုလ်များ ဈာန်ဝင်စားနေတုန်းမှာ ဣရိယာပုတ်ကို ဘယ်လိုမှ နှောင့်ယှက်မရအောင်
ထိန်းသိမ်းနိုင်ကြသတဲ့......ဘယ့်နှယ့်လဲ၊ ဟုတ်-မဟုတ် ဆရာတော်ကို စမ်းကြည့်ကြရအောင်”
ပြောပြောဆိုဆို မျက်ရိပ်မျက်ခြည် ခြေဟန်လက်ဟန်ပြပြီး ဆရာတော် ထိုင်နေသော
( မြေကြီးမှ တစ်တောင်ကျော်ခန့်မြင့်သည့်)ယာယီကြမ်းခင်းများကို တစ်ချောင်းပြီးတစ်ချောင်း
အသာအယာ ဆွဲ၍ဆွဲ၍ နုတ်ယူလိုက်ကြ၏။ သို့ရာတွင် ဆရာတော်ကား ထိုသို့ပြုလုပ်နေကြ
သည်ကိုပင် သိပုံမရ၊ တုတ်တုတ်မျှ မလှုပ်၊ ဣရိယာပုတ်လည်း ပြောင်းလဲခြင်း မရှိချေ။
အံ့ဖွယ်ကောင်းသည်ကား ကြမ်းခင်းများ အားလုံး နုတ်ယူပြီးသောအခါ ဆရာတော်မှာ
မူလ ဣရိယာပုတ်အတိုင်း တင်ပျဉ်ခွေလျက် တစ်တောင်ခန့်မြင့်သောလေဟာပြင်၌ တစ်စုံတစ်ရာ
အထိအစပ်မရှိ ထိုင်မြဲထိုင်နေသည်ကို ဖူးတွေ့ကြရလေ၏၊ ဒကာများမှာ မကြုံစဖူး အထူး
အံ့သြကြရသည်။ အတန်ကြာ ကြည်ညိုပြီး နောက် ကြမ်းများကို တစ်ချောင်းချင်း အသာ
အယာ ပြန်၍ ခင်းပေးကြ၏။ ဆရာတော်အား ထပ်မံဦးချပြီး နှုတ်က တတွတ်တွတ်ရွတ်ကာ
တောင်းပန်ကြလေသည်။

အချိန် အတန်ကြာသောအခါ ဒကာတစ်ဦးက အသံကိုမြှင့်၍-

“ဆရာတော်ဘုရား-ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အမိန့်တော်အရ
ညောင်တုန်းမြို့က တပည့်တော်များ အရှင်ဘုရားကို ပင့်ဖို ့ လာကြပါတယ် ဘုရား” ဟု
လျှောက်လိုက်သောအခါ ဆရာတော်သည် မှိတ်ထားသော မျက်လုံးအစုံကို အသာအယာ
ဖြည်းညှင်းစွာ ဖွင့်ကြည့်တော်မူ၏။ အကျိုးအကြောင်းလျှောက်ထား မေးမြန်းပြီးလျှင် ဒကာ
များနှင့်အတူ ယာယီသင်္ခမ်းကျောင်းကလေးမှ ဖဲခွာ၍ သေက္ချတောင်တောရ ကျောင်းတိုက်ကြီးသို့
လိုက်ပါကြွလာတော်မူ၏။

နောက်တစ်ရက် ညောင်တုန်းမြို့သို့ ကြွတော်မူသည်။

အထက်ပါ ဖြစ်ရပ်လေးကို ဖတ်ရသောအခါ ဆရာတော် ဦးတိလောက၏ သီလ၊
သမာဓိ၊ ပညာကို ကြည်ညိုရသကဲ့သို့ ထိုအခြေအနေ အရပ်ရပ်ကို သိမြင်တော်မူဟန် ရှိသော
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဉာဏ်တော်ကိုလည်း ကြည်ညို၍မဆုံး
ရှိရပါတော့သည်။


## PAGE 536


မိုးညှင်းတောရ ကိုယ်တော်ကြီး
( ၁၂၃၄ - ၁၃၂၆ )

•

မိုးညှင်းကိုယ်တော်ကြီးကား မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာခေတ်ကြီးကို ကျယ်လောင်စွာ
လှုံ့ဆော်၍ လူထုကိုပါ အပါခေါ်လျက် သော့ချက်ဖွင့်ပေးသော ဆရာတော်ဟု ဆိုသော်
မလွန်နိုင်ရာချေ၊ လူသာမန်တို့ကား တရားပွဲကြီးများ ဖိန်ဖိန့် တုန်ကျင်းပ၍ အရေကလာပ်
အဖတ်ကလာပ်များကို ဟောကြားသဖြင့် “အဟောဘုန်းကြီး” ဟုသာ မြင်ခဲ့ကြ၏။ ဆရာတော်၏
ပဋိပတ္တိကျင့်စဉ်နှင့် ဓမ္မာဘိသမယ (တရားထူးရခြင်း) ကို မသိချက်ဆိုးလှသည်။

ထိုအထဲ ဤစာရေးသူလည်း အနည်းငယ် ပါခဲ့လေသည်။ ဆရာတော်သေလုစနီး
သည်းစွာမမာကျန်းခိုက် မိုးညှင်းသို့ ရောက်ခဲ့၏။ “နေကောင်းပါရဲ့လား” ဟုပင် မေးလျှောက်ရ
ကောင်းမှန်းမသိ။ စာခံနေ၍လားမသိ။ ခပ်လှမ်းလှမ်းမှပင် ပုဆိန်ပေါက် ဦးချပြီး လှည့်ပြန်
လာခဲ့၏။ ကိုယ်ရေးကြုံ၍ အတ္ထုပ္ပတ္တိကိုဖတ်ရခါမှ ကြီးစွာ နောင်တ ဖြစ်မိသည်။ ငါမိုက်လေခြင်း။
စာရေးသူ၏ နောင်တော်ကြီး (မောင်းထောင် ယွန်းဆက်တိုက်ဆရာတော် ဦးသောဘိတ)
ကား မရှေးမနှောင်း ရောက်သွားရာ မိဘသဖွယ် ချဉ်းကပ်မေးမြန်း၍ ဘဝအမွေ နောက်ဆုံး
လက်ဆောင် ရခဲ့လေသည်။

“မောင်းထောင်ဘုန်းကြီး၊ တောထွက်ဖြစ်အောင် ထွက်ရစ်နော်၊ တို့များ ၁၇-ဝါကျမ
ထွက်နိုင်တယ်၊ တောထွက်မယ် အားခဲပြီး သပိတ်အိတ်ကို တိုင်ချိတ်ဆွဲထားတာ သံချေးစား
ပြုတ်ကျလို့ သုံးလုံးကုန်မှ ထွက်ဖြစ်တယ်၊ ကြိုးစား” ဟု တိုက်တွန်းခြင်း အရင်း ခံဖြင့်
အလွန်ကြောက်တတ်သော နောင်တော်ကြီးကား မောင်းထောင်ရွာ မြေဇင်းတောရ၌ တရားဖြင့်
ပျော်လေပြီ။ ရှေးခါမိုက်ကန်း၊ ဤစာတန်းဖြင့်၊ စိတ်ကျန်းညံ့လျော့၊ ကျွန်ကန်တော့၏။
မိုးညှင်းရှိ ပုံတူရုပ်တုတော်အား သွားရောက်ကန်တော့ပြီးခါမှ ဤစာကို ရေးပါသတည်း။]

သူငယ်ဘဝ ဇာတိပြ

ဆရာတော်သည် ဟံသာဝတီခရိုင် သံလျင်မြို့နယ် ဘားကူးရွာ (ဝင်ခနီးရွာ) အနီး
ဂုံညင်းစုရွာကလေး၌ ဦးမိုး၊ ဒေါ်ဘော်တို့မှ ၁၂၃၄-ခု၊ တပေါင်းလဆန်း နှစ်ရက် သောကြာ
နေ့ နံနက် ရှစ်နာရီ ဖွားတော်မူခဲ့သည်။ ထိုအခါ မယ်တော်မှာ ၅၆-နှစ် ရှိလေပြီ။ ထို့ကြောင့်
လည်း ဥပဓိရုပ်နှင့်တကွ အသိဉာဏ်ပညာပါ ထူးခြားကျော်ကြားခြင်း ဖြစ်ရ၏၊ သားချင်းများ
ကား ဦးဘိုးလှ၊ ဦးဘိုးမြ၊ ဦးဘိုးဘ၊ မရွှေမေ၊ မရွှေသက်၊ မရွှေရွက်၊

“မင်းဖြစ်မည့်သူ သျှောင်ကလေးနဲ့´ ဆိုသကဲ့သို့ ဆရာတော်သည် ငယ်စဉ်ကပင်
ထူးခြားသော ပါရမီဗီဇ ဇာတိပြခဲ့လေသည်။ ဆရာတော်လောင်းလျာ ငါးနှစ်သားအရွယ်
တစ်နေ့သောအခါ အိမ်အမိုးမှ ပိုကောင်ကလေးများ ကျလာရာ ကလေးတို့ဘာဝ စူးစမ်းလိုသဖြင့်


## PAGE 537


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

လက်နှင့်တွန်းတို၍ ကိုင်ကြည့်နေစဉ် မိခင်က-

"

“မလုပ်ပါနဲ့ သားရယ်၊ ပိုးကောင်ကလေး သေသွားပါဦးမယ်” ဟု ပြောရာ-
“ဪ….သေတတ်သလား” ဟု ပြန်မေး၏။
“အေး..သေတတ်သည်” ဟု ပြောလျှင်-

၄၈၃

“အမေတို့ကော၊ သေတတ်သလား၊ သေမှာလား” ဟု ပြန်မေး၍ သေရမည့်
အကြောင်း ပြောပြသောအခါ ....

“အားလုံးသေကြရမည်’ ဟူသော အသိကို အရွယ်နှင့်မလိုက်အောင် ရရှိခဲ့၏။
တစ်ခုသော ဥပုသ်နေ ့တွင် မိဘများနှင့်အတူ ဦးအာစရ၏ ရွာဦးကျောင်းသို့
ဥပုသ်စောင့်လိုက်သွားရာ ညနေရောက်လျှင် ထမင်းဆာ၍ ငိုတော့၏r မယ်တော်က ထမင်း
ယူ၍ ကျွေးရာ အေးအေးမစားသေးဘဲ…..

“အမေတို့ကော မစားသေးဘူးလား” ဟု မေးရာ....
“အမေတို့ ဥပုသ်ယူထားလို ့ မစားရဘူး" ဟု ပြောလျှင်.....

“အမေတို့မှ မစားရင် ကျွန်တော်လဲမစားတော့ဘူး၊ ဥပုသ်ထွက်ပြေးလိမ့်မယ်” ဟု
-ပြောရင်း စာရန်လည်းခက်၊ ဆာကလည်း ဆာလှ၍ ငိုလေတော့သည်။
ထိုအခါ အစ်ကိုဖြစ်သူမောင်ဘိုးဘက ရုတ်တရက်စိတ်ကူးရ၍–

“ညီလေး၊ အလွတ်စားရင်သာ ဥပုသ်က ထွက်ပြေးတာပါ၊ ပုတီးကို လည်ပင်းစွပ်ပြီး
စားရင် ဥပုသ်ထွက်မပြေးဘူး” ဟု ပရိယာယ်ဖြင့် ချော့မော့ ပြောဆိုကာ ပုတီးကို
လည်ပင်းမှာ စွပ်ပေးလိုက်၏။ ထိုအခါမှပင် ဆရာတော်လောင်း သူငယ်ကလေးမှာ
မျက်ရည်ကိုသုတ်ပြီး စားတော့၏။ ပါရမီ မျိုးစေ့ကား ဇာတိပြခဲ့လေပြီ။

- ငါးနှစ်သားအရွယ်တွင် မောင်းမရွာကျောင်း ဘုန်းကြီး ဦးအာစရထံတွင် ကျောင်းအပ်နှံ၍
ပညာသင်ကြားစေခဲ့ရာ စာအတော်အတန် ဖတ်တတ်သာအခါ “ငရဲခန်းပျို့” ကို ဖတ်၍ ငရဲ
ကျမည်ကို ကြောက်သဖြင့် ဘုန်းကြီးဝတ်မည်ဟု စိတ်ကို တစ်ထစ်ချ ဆုံးဖြတ်လိုက်၏။
၁၄-နှစ်တွင် ရှင်သာမဏေဝတ်သည်၊ ဘွဲ့ ရှင်သုမနတည်း။ အလွန်ပြောဆိုရလွယ်ကူ၍
ဆရာ့စကားကို မြေဝယ်မကျ နာယူတတ်သူဖြစ်သည်။ ဆရာ၏ ချီးကျူးခြင်းကို ထူးထူးခြားခြား
ခံယူရ၏။ ယဉ်ကျေးခြင်း၊ စကားအရှေ့အတင် ပြောခြင်း၌လည်း အရွယ်နှင့် မလိုက်အောင်
ထူးခြားခဲ့၏။ ဥပဓိရုပ်ကား ဆိုဖွယ်မရှိ။

သုမေဓာရသေ့၊ တေမိမင်း၊ ဇနကမင်း၊ ဟတ္ထိပါလတောထွက်ခန်းတို့ကို ပန်းချီရေး၍
လည်းကောင်း၊ ပုဂံမှ တန်ခိုးကြီးဘုရားများကို ပုံတူရေး၍ လည်းကောင်း ခေါင်းရင်းတွင်
ချိတ်ဆွဲကာ မိမိစိတ်ဓာတ်ကို တောတောင်အတွင်း၌ မွေ့လျော်စေလေ့ရှိသည်မှာ အနာဂတ်
ဘဝအတွက် ရှေ့ပြေးနိမိတ်များ ဖြစ်ပေတော့သည်။ စာတော်သလောက် အကျင့်သီလ
တပည့်ဝတ်များနှင့်လည်း ပြည့်စုံ၏။

၁၂၅၄-ခုနှစ်၊ ဝါဆိုလဆန်း ရှစ်ရက်နေ့တွင် ရဟန်းဘောင်သို့ တက်သည်။ နံနက်
သုံးနာရီ အမြဲထ ရှိ၏။ ဓုတင်များကို ဆောက်တည်ခဲ့၏။ ကွမ်းစားဆေးသောက်မရှိ။

