## PAGE 538

၄၈၄


ဓမ္မာစရိယ ဦးဌေးလှိုင်

နေကောင်းလျက် ထန်းလျက် သကြားအဖျော် စသည် မစားသောက်။ ရွာတွင်း ဖိနပ်မစီး၊
ထီးမဆောင်း၊ နွား မြင်းယာဉ်မစီး။ ရံခါ ရထား၊ သင်္ဘောစီးရစေကာမူ ညအခါ
မကျိန်းစက်။ ထကြွလုံ့လကြီး၏။ ပျင်းရိခြင်းကို အလွန်မုန်းသည်။

မန္တ လေးတစ်ခွင် စာသင်ရင်း ပဋိပတ်လုပ်

ဦးပဉ္စင်း ဦးသုမနသည် ဝိနည်း ပါဠိတော်ကြီး ငါးကျမ်းကို အဋ္ဌကထာနှင့် တွဲစပ်ပြီး
အထပ်ထပ်အခါခါ သင်ယူပြီးနောက် ငါးဝါအရ ၁၂၅၉-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်
နောင်တော်ကြီး ဦးဘိုးဘကို ကပ္ပိယအဖြစ် ခေါ်ဆောင်၍ ဒါးပိန်ဘူတာမှ မန္တလေးသို့
စာသင်တက်ခဲ့သည်။ အထက်အောက် မီးရထားလမ်းဖောက်သည်မှာ ရှစ်နှစ်မျှသာ

ရှိသေး၏။

မန္တ လေးတောင်ပြင် ဘုရားကြီးတိုက် (ငယ်ဆရာနှင့် စာသင်ဘက်ဖြစ်သူ တိုးကြောင်
ကလေးဇာတိ) ဆရာတော် ဦးရန်ကုန် (ဘွဲ့ ဦးသုဇာတ) ထံတွင် ပညာသင်ယူ၏။ ပေစာ
ထုပ်နှင့် သပိတ်တစ်လုံး သင်္ကန်းသုံးထည်သာ ပါလာခဲ့သည်။ ငွေကို.. မည်သည့်အခါမျှ
ကိုင်။ ထိုအချိန်က မန္တလေးနေပြည်တော်တွင် နေလ ပမာ ထင်ရှားကြသော ကျည်ဝန်၊
မိုးထား၊ မင်းဒင်၊ မိုင်းခိုင်း၊ မဟာဝိသုဒ္ဓာရာမ၊ ရွှေရေးဆောင် ဆရာတော်တို့ထံ၌လည်း
နည်းခံခဲ့သည်။ စာသင်သားဘဝ နေရရာတွင် အမြဲတမ်း နိဝါတထား၍ ပြောဆိုလေ့ရှိ၏။
စာချ ဆရာများအတွက်သာမက သီတင်းသုံးဖော်များအတွက်ပင့် ချိုးရေ သုံးရေခပ်ခြင်း၊
တံမြက်လှည်းခြင်း ကုဋီသန့်ရှင်းရေးလုပ်ခြင်း စသော ဝတ်များကို အမြဲလုပ်ဆောင်၏။
ထို့ကြောင့်လည်း အများက ချစ်ခင်လေးစားကြ၏။ ဆွမ်းခံရသမျှ စာချဆရာအား
လူပြီးမှ စားလေ့ရှိသည်။

စာသင်သားဘဝတွင်လည်း မိမိလည်း စာသင်၍ သံဃာငယ် များကိုလည်း တစ်ဖက်က
အဘိဓမ္မာ ညဝါများကို အထူးသဖြင့် ပို့ချပေးခဲ့၏။ မာတိကာ, ဓာတု ကထာ, ယမိုက်နှင့်
ပဋ္ဌာန်း ၄ချမ်းကို တစ်ပြိုင်တည်း ပို့ချ၍ တစ်ဦးစီ ရွတ်ဆိုစေသည်။ လွယ်ကူရှင်းလင်းသည့်
တစ်နှစ်နှင့်အပြီး နည်းစနစ်များကို တီထွင်ပို့ချခဲ့ရာ ထိုစဉ်က စာသင်သားများ အလွန်
နှစ်သက်ခဲ့ကြ၏။ မိုးညှင်းညဝါအကျဉ်း အလင်းပြအရကောက်ကျမ်းကြီးကို စာမျက်နှာ
၃ဝဝ-ကျော်ဖြင့် ၁၃၂၄- ခုနှစ်က ငယ်မူစနစ်မပျက် ရိုက်နှိပ်ထားပြီး ရှိပြီ။)

မိုးညှင်းဆရာတော်၏ စာသင်သား ဘဝသည် ရှင်ငယ် ရဟန်းငယ် နောက်သားတို့
အတုယူဖွယ် ကောင်းလှပါပေ၏။ ဆရာတော်၏ ပရိယတ္တိ စွမ်းရည်မှာလည်း ဆိုဖွယ်မရှိ၊
သူ၏ ကျမ်းများက သာဓကမူလေပြီ။

ဦးသုမနသည် ပရိယတ္တိ.တတ်မြောက်ရန် စာသင်စာချ နေစေကာမူ တစ်နေ့တခြား
တောထွက်ဖို့. ညကသာ စောနေတော့သည်။ ဆုံးဖြတ်၍ မရသေးမီ ဥပုသ်နေ့တိုင်း
မန္တလေးအနောက်ပြင် ရဟိုင်းသုသာန်သို့ ကြွ၍ သုသာန်း ရုက္ခမူဓုတင်များကို ဆောက်တည်လျက်


## PAGE 539


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၈၅

ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘ, မရဏဿတိ (စတုရာရက္ခ) ကမ္မဋ္ဌာန်းတို့ကို ပွားများရင်း
အကျွတ်အလွတ်ထွက်နိုင်မည့် ရက်ကိုသာ စောင့်မျှော်နေရတော့သည်။

ယင်းသို့ အရှိန်ယူနေစဉ်မှာပင် အရပ် ငယ်ဆရာထံမှ ကျောင်းလွှဲလက်ခံရန်
စာတစ်စောင်ရောက်လာ၏။ အဖန်ဖန်စဉ်းစားပြီး မပြန်ဘဲနေခဲ့သည်။ မကြာမီပင် မယ်တော်နှင့်
ခမည်းတော်ကြီးတို့ မရှေးမနှောင်းကွယ်လွန်ကြရာ ကြေးနန်းများ ရောက်လာကြပြန်၏။
ကျေးဇူးရှင်မိဘများကို ရည်စူး၍ ဆွမ်း သင်္ကန်းများ လှူကာ မပြန်ဘဲနေခဲ့လေသည်။
သို့ရာတွင် မပြန်လျှင် မဖြစ်သော အကြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့၏။

ထိုအကြောင်းကား အခြားမဟုတ်။. အကျွတ်အလွတ် တောထွက်မည် ရှိသောအခါ
မိမိဘဝကို သိတတ်သော အရွယ်မှ ယခုကျအောင် အမှားပြုမူချက်များ ရှိမရှိ အဖန်ဖန်
ဆင်ခြင်ကြည့်၏။ အပြန်ပြန်စစ်ဆေး၏။ မဆိုစလောက်သော မကောင်းမှု တစ်ခုမျှသာ
တွေ့ရသည်။ ထိုမကောင်းမှုကား ကျောင်းသားဘဝ အများသွားရာ လမ်းမှ အုတ်ခဲတစ်ချပ်ကိုယူ၍
ဟောင်သော ခွေးတစ်ကောင်အား ပစ်ခဲ့ဖူး၏။ ထိုအပြစ်ကား လူသာမန်တို့အတွက် မဆို
စလောက်သော်လည်း ဦးသုမနမှာကား ကြီးစွာထိတ်လန့်၍ နောင်တဖြစ်မိလေသည်။
သတိရသည်နှင့် တစ်ပြိုင်နက် ထိုလမ်းကို ပြင်မည်ဟု ဆုံးဖြတ်၍ ဇာတိရပ်သို့ ပြန်ခဲ့၏။
“အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝိ=အဏုမြူမျှသော အပြစ်ကိုပင် (မြင်းမိုရ်
တောင်လောက်) ဘေးရန်ထင်လေ့ရှိသော” သူမြတ်တို့၏ ဝါဒအတိုင်း ကျင့်ကြံတော်မူလေသည်။
သေးငယ်သော အရာကစ၍ ကျင့်မှသာ ကြီးရာကို ' နိုင်မြဲဖြစ်သည်ကို သတိပြုဖွယ်ပင်။
သေးငယ်သည်ဟု မထီမဲ့မြင် မပြုအပ်။

ဇာတိရပ်သို့ ရောက်သောအခါ “မိဘသေလိုမှမလာ, ဆရာခေါ်လဲမရောက်၊ သံယောဇဉ်
ပြတ်နိုင်လွန်းသည်” ဟု ဆိုကာ ဆွေမျိုးတစ်စုက ဝိုင်းဝန်းအပြစ်တင်ကာ ငိုကြွေးကြရာ
တရားဖြင့် နှစ်သိမ့်ရ၏။ လမ်းကို နှစ်ရက်နှင့် အပြီး ပြုပြင်ကာ ငါးရက်နေ၍ ပြန်လာခဲ့သည်။
အရပ်ဆရာတော်မှာ ထိုအချိန် ခရီးလွန်နေသဖြင့် အတင်းအကျပ် တားမည့်သူမရှိ၍ .
ကံကောင်းထောက်မကာ ပြန်လာခွင့်ရခဲ့၏။

လေးတိုင်စင် တောရကျောင်းကလေး

ဦးသုမနသည် ၁၇-ဝါတိုင်အောင်ပင် စာကြည့် စာချ နိစ္စဗဒ်ဝတ်များ ပြုလုပ်ကာ
ပရိယတ္တိ တာဝန်ကို ပဓာန ဆောင်ရွက်ခဲ့၏။ ယင်းသို့နေစဉ်-

“ငါသည် ဤကျောင်း ဤရွာ ဤဆရာ ဤတပည့် ဤသည့် သီတင်းသုံးဖော်တို့နှင့်
နေ့ရက်ကုန်၍ မသင့်ပြီ။ အပေါင်းအသင်းမှ ဖဲခွာသော ဆင်ပြောင်ကြီးအလား, ပစ်လိုက်
သောမြားပမာ မတွယ်တာမငြိကပ်ဘဲ တစ်သန်တည်း၊ တစ်ရှိန်တည်း ကျွတ်ကျွတ်လွတ်လွတ်
ကြီး တောဝင်မှ တော်တော့မည်” ဟူသော အလင်းရောင်ကြီးက ရိုက်ခတ်လာ၏။ သို့နှင့်
စာချဆရာတော်များနှင့် သီတင်းသုံးဖော်တို့ထံ သွားရောက်၍-


## PAGE 540


၄၈/၆

ဇာခရိယ ဦးဌေးလှိုင်

“တပည့်တော် ပဋိပတ္တိ လုပ်ငန်းကို လုပ်ပါတော့မည်း တောထဲမှာ ဘေးအန္တ ရာယ်လည်း
များလှပါ၏။ သေရမည့်အခါလည်း မသိနိုင်ပါ။ ပြန်လည်၍ တွေ့ကောင်းမှ တွေ့ ရပါမည်။
ထို့ကြောင့် သံသရာကစ၍ ယခုဘဝတိုင်အောင် ပြစ်မှားမိသော အပြစ်များရှိလျှင် ဘုရား
တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူကြရန် တောင်းပန်ပါသည်” ဟု လျှောက်ထားသည်။
အပိုအလျှံပစ္စည်းများကိုလည်း- မဲချ၍ လှူလိုက်၏၊

သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းနှင့် ပိသုဒ္ဓိမဂ်၊ ဥပရိပဏ္ဏာသ အဋ္ဌကထာ၊
ခဂ္ဂဝိသာဏ သုတ်ပါသော သုတ္တနိပါတ် အဋ္ဌကထာစာအုပ် သုံးအုပ်သာ ယူဆောင်၍
ပလိဗောဓအားလုံး ဖြတ်ကာ အဲ့ဗျမက္ခရာရွာသို့ ထွက်ခဲ့လေသည်။ ထိုရွာကား မန္တလေး
ကျောက်ဆည်လမ်း မြစ်ငယ်အနီး၌ ရှိ၏။ အရှေ့ဘက်၌ ဒုဋ္ဌဝတီမြစ်၊ အနောက်ဘက်၌
ရွှေစည်းခုံ ဘုရားကြီး ရှိသည်။ ထိုဘုရားကြီးနောက် ထူထပ်သော တောချုံပုပေါင်းတို့အကြား
အားလပ်သော လေးတိုင်စင်တောရကျောင်းကလေး၌ သီတင်းသုံးရသည်။

နေ့ဖို့ညစာမချန်၊ တွယ်တာရန်လည်း မရှိ။ မိမိ၏ အတောင်ပံသာလျှင် ဝန်ရှိသော
ငှက်ပမာ ငြိတွယ်စရာမရှိသော လေကဲ့သို့ မိမိကို စောင့်ရှောက်ကြမည့်သူမရှိ။ မိမိကလည်း
စောင့်ရှောက်ရမည့်သူမရှိ၊ ပကတိ အေးချမ်းလှသော ဧကစာရီဘဝ၏ သုခကို ပထမဆုံး
ရရှိပေသည်။

နေ့စဉ် ဘုရားဝတ်ပြု၊ မေတ္တာပို့ ၊ အမျှဝေ၊ မေတ္တာရပ်ခံချက်များ ရွတ်ဆို၍ နတ်များ
ကို ဖိတ်ကာ မဟာသမယသုတ်၊ ရာဟုလောဝါဒသုတ်၊ သမစိတ္တသုတ် တို့ကို ဟောကြားသည်။
နံနက် အိပ်ရာထ အုန်းမှုတ်ခွက်ကြီးနှင့် ရေတစ်ခွက် အဝသောက်သည်။ ထိုရေသည်ပင်
ဝမ်းနုတ်ဆေး၊ အစာကြေဆေးဖြစ်၏။

ပြဆိုပြီး ကမ္မဋ္ဌာန်း လေးမျိုးတွင် မေတ္တာကမ္မဌာန်းသည် မကြာမီ ရှေ့တန်းသို့
ရောက်လာဟန်ရှိ၏။ ညနေစောင်းလျှင် ကျောင်းမှထွက်ကာ ရွှေစည်းခုံစေတီပျက်ကြီးသို့
သွား၍ စေတိယင်္ဂဏဝတ် ပြုသည်။ ပြီးလျှင် ဘုရားအာရုံပြု၏။ ထိုအခိုက် ကျေးငှက်
တိရစ္ဆာန်များက ဦးသုမနကို ဝိုင်းရံနေကြ၏။ ဝတ်ပြုပြီးလျှင် ငှက်အချို့ကို လက်နှင့်ကိုင်၍
“ကဲ-ငါ့ဆွေတော် မျိုးတော်များ ချမ်းသာစွာ ပြန်ကြပေတော့” ဟု ပြောလိုက်သောအခါ
လူ့စကား နားလည်သကဲ့သို့ အားလုံး ပျံတက်သွားကြလေသည်း

နေ့စဉ် ဆွမ်းခံကြွ၏။ စကား လုံးဝမပြော၊ ဥပုသ်နေ့တွင် ဥပုသ်သည် အနည်းငယ်
လာကြရာ သီလပေးပြီးလျှင် “နေရာမရှိ၊ ပြန်ကြတော့” ဟု မိန် ့ဆိုပြန်လွှတ်သည်။ များ
မကြာမီ ဆွမ်းစာဇရပ်၊ ဥပုသ်စရပ်များ ဆောက်၍ လူလေးငါးဆယ် ဥပုသ်စောင့် လာကြရာ
မိုးချုပ်မှ ပြဋိကြသဖြင့် အနှောင့်အယှက် ဖြစ်ရ၏။ သို့ရာတွင် မည်သည့် အပိုပစ္စည်းမျှ
အလှူမခံ။ တစ်နေ့တခြား ကျော်ကြားလာသဖြင့် တစ်ခုသောနေ့ အရုဏ်တက်တွင် အဲ့ဗျ
မက္ခရာ တောရကျောင်းကလေးမှ တိတ်တဆိတ် ထွက်ခွာခဲ့ရတော့၏။

