## PAGE 541

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၈၇

ဇင်ညွန့်, ရေစကြိုထံ နည်းခံ

အဲ့ဗျမှ မြစ်ငယ်၊ ပလိပ်၊ အင်းဝ၊ စစ်ကိုင်း ရွာထောင်မှ တစ်ဆင့် မုံရွာဘက်သို့ ခရီး
ဆက်ခဲ့သည်။ မုံရွာ မရောက်မီ ခင်မွန်ရွာ မဟာဗောဓိ တောရကျောင်း၌ တစ်ထောက်
နားလိုက်၏။ ခင်မွန် သုံးဂိုဏ်းချုပ် ဆရာတော် ကား ရွှေကျင်သာသနာပိုင်ကြီးကပင်
လေးစားရ၍ သီလနှင့် ခုတင်အရာတွင် အလွန်ထင်ရှားသည်။ ရာဇဂုရုဘွဲ့ ရတည်း။

ခင်မွန်ဆရာတော်ထံ ခြောက်လမျှ နည်းခံပြီးလျှင် မုံရွာမှ လှေကြုံစီး၍ ရေစကြိုမြို့သို့
ခရီးဆက်ပြန်သည်။ ရေစကြိုအနောက် ဂူဖြူတောရဆရာတော်ကြီးကား ထိုခေတ်က ရဟန္တာ
ဟုပင် ကျော်ကြားလျက်ရှိ၏။ ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလကပင်
“ငါ့ယက်သာသည်’ ဟု ချီးကျူးရသော ဆရာတော်ကြီးပင်တည်း။ ဂူဖြူ ဆရာတော့်ထံ၌
တရားအားထုတ်နည်းကို သုံးလတိတိ နေထိုင်နည်းယူခဲ့သည်။

ရေစကြိုမှ မုံရွာမြို့သို့ ဆန်တက်ကာ လယ်တီတောရကျောင်းသို့ ကြွရောက်၏။
လယ်တီဆရာတော်လည်း မော်လမြိုင်မှ ဝါဆိုပြီး ပြန်ကြွလာခိုက် ဖြစ်၍ အလိုက်သင့်
ဖူးမြော်ရသည်။ ဆရာတော်အား အကျိုးအကြောင်းကို ဝတ်ပြုလျှောက်ထားရာ-
“တရားအားထုတ်လိုသည်မှာ ကောင်းလှပေ၏။ ခေတ္တ အပန်းဖြေနားနေဦး” ဟု
အမိန့်ရှိကာ နေရာညွှန်ပြပေးလေသည်။

လယ်တီဆရာတော် သြဝါဒ

ထို့နောက် ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း သြဝါဒပေးတော်မူသည်။
“ငါ့ရှင်သုမန၊ အားထုတ်ရမည့်တရားကား မခက်၊ ဝီရိယသာလိုသည်။ ယခုခေတ်တွင်
မဂ်ဖိုလ်ရနိုင်စွမ်းသော ဝီရိယကို မထူထောင်ကြဖူးကွယ့်၊ အဋ္ဌကထာဆရာတို့ ဆုံးမတဲ့အတိုင်း
ပန်းဝတ်ရည်ယူအံ့ဟု ပျံသွားသော ပျား၊ ရေအပြင် ကြာရွက်၌ သွေးကြောဖြတ် သင်သော
ဆေးသမား၊ အသပြာ လေးထောင်ကို လို၍ ပင့်ကူချည်မျှင် လေးလံရအောင်တုတ်တံဖြင့်
ရစ်ယူသောယောက်ျား၊ လေကြမ်းလျှင် ခါးလည်ကိုစည်း၍ လေညံ့လျှင် ရွက်ကုန်ဖြန့်၍
ရွက်တိုက်သော လှေသမား၊ အပေါက်ကျဉ်းလှသော ကျည်တောက်၌ မဖိတ်ရအောင်
ဆီသွတ်သော ယောက်ျားကဲ့သို့ မဆုတ်မနစ် မတက်ကြွားစေရအောင် စိတ်ကို စဉ်းစားဆင်ခြင်၍
သမုဒ္ဒရာ၏ဟိုမှာဘက်ကမ်းသို့ ကူးသန်းအံ့သောယောက်ျား၏ အာသာဆန္ဒကဲ့သို့ လည်းကောင်း
သက်စွန့်ကြိုးစားပြီး အားထုတ်ရမယ်ကွယ့်”

“ရှေးအခါက ယောက်ျားနှစ်ဦးတို့ တောကြမ်းခရီး၌ ရှားနှစ်ကိုတွေ့၍ “ရှားနှစ်ကို
မီးပွတ်သော် မီးရမည်လော” ဟု တစ်ယောက်က ဆိုလျှင် တစ်ယောက်က “မစင်ပါအောင်
ပွတ်သော်လည်း မီးမရနိုင်” ဟု ဆိုသည်ကို မခံချင်လှ၍ “ငါ မစင်ပါအောင် ပွတ်မည်' ဟု
ကြိုးစားအားထုတ် ပွတ်ရာတွင် အခိုးထလေလေ နှိပ်ပြီးပွတ်လေလေဖြင့် မစင်လဲဗျစ်ကနဲပါ၊


## PAGE 542


၄၈၈

ဓမ္မာစရိယ ဦးဌေးလှိုင်

မီးလဲရလှာသည်ဟူသော ဥဒါန်းစကားအတိုင်း မီးပွတ်ယောက်ျား၏ အာသာဆန္ဒ လုံ့လပယောဂ
လောက်မျှ မရှိကြ။

“တရားထူးရမည်ကို သင်္ကန်းတစ်စုံ သပိတ်တစ်လုံး ရမည်လောက်မျှ ဝမ်းမမြောက်၊
ဆွမ်းတစ်အုပ်ရသလောက်မျှ မခင်မင်၊ ပုထုဇဉ်ပေတုံး ပိတ်ဖျင်ကိုသာ ဖြုန်းကြသော ကတုံး
တွေမှာ မြေကြီးနှင့်ကောင်းကင်အလား ဤတရားမြတ်နှင့် ဝေးလိမ့်မယ်ကွယ့်။ “အရေး
အကြော၊ အသား၊ အသွေး အကုန်ခြောက်ပါစေ၊ ရထိုက်သော တရားမျိုးသာ မှန်ပါလျှင်
မရသမျှ ငါမနေ။ မပေါက်မရောက်သမျှ ငါမနေ' ဟု ဝီရိယမလျှော့ဘဲ အားထုတ်ရမယ်ကွယ့်”

“ဤသို့ သက်စွန့်ကြိုးစား အားထုတ်ပါလျှင် ခပေါင်းရေကြည်စေ့ခပ်သော ရေသည်
တစ်ခဏချင်း စိမ်းမြဖြူစင် ကြည်လင်သန့်ရှင်းသကဲ့သို့ တစ်ခုတည်းသော တရားအာရုံကိုသာ
* စူးစိုက်စွဲမြဲသော သမာဓိနှင့် ယှဉ်ရသဖြင့် တရားအားထုတ်သူ၏ စိတ်အစဉ်သည် လွန်စွာ
ကြည်လင်တောက်ပပြီး အဆင့်ဆင့်မြတ်သော တရားထူး တရားမြတ်ကို ရနိုင်တယ်ကွယ့်”
ဟု မိန့်တော်မူ၏။ ထိုအခါ ဦးသုမနသည်-

“ဆရာ့သြဝါဒများကို သံမှိုနှက်သကဲ့သို့ ဦးထိပ်ရွက်ပန်ဆင်ပါသည်။ သပ္ပာယ
ဖြစ်သော ဌာနကို ညွှန်ကြားက ဘုရားတပည့် သွားရောက်· အားထုတ်လိုပါသည်ဘုရား”
ဟု လျှောက်ထားရာ သာဓုခေါ်တော်မူ၏။ တပည့်တစ်ဗါးကို ခေါ်၍ ဆရာတော်ကိုယ်တိုင်
၁၂၆၅-ခုနှစ်က သီတင်းသုံးဖူးဟောင်းဖြစ်သော လက်ပတောင်းတောင် တောရသို့ ဦးသုမန
အား ပို ့စေသည်။

လက်ပတောင်း တောင်ကား မုံရွာချင်းတွင်းမြစ် အနောက်ဘက်ကမ်း လေးမိုင်ခန့်တွင်
ရှိလေသည်။ ဦးသုမနသည် ထိုတောရကျောင်း၌ ကြွရောက်၍ တရားအားထုတ်သည်။
ဆွမ်းခံရာတွင် ဆန်ဆွမ်းမရ၊ ဆတ်ဆွမ်း၊ လူးဆွမ်းများကိုသာ ရသဖြင့် “အသက်မသေလျှင်
တော်ပြီ” ဟု နှလုံးပိုက်၍ တရားကိုသာ ဖိ၍အားထုတ်၏။ မကြာမီ ဆတ်ဆွမ်းနှင့်ချဉ်ပေါင်
ဟင်းတို့ကြောင့် ဝမ်းပျက်လာသဖြင့် ဆွမ်းခံလည်း မကြွနိုင်၊ တရားလဲ မထိုင်နိုင်၊ လဲယိုင်
ချည့်နဲ့ သွားတော့သည်။

“ဤအရပ်ကား ငါနှင့် သပ္ပာယမဖြစ်။ ဆက်နေလျှင် သေဖွယ်ရာသာရှိသည်။
အကျိုးကား ပြီးမည်မဟုတ်” ဟု ဆုံးဖြတ်ကာ လယ်တီတောရသို့ ပြန်ကြွ၍ ဆရာတော်ကြီး၏
မေတ္တာရိပ်ကို ခိုလှုံရင်း ဆေးဝါး အကုသခံရ၏။ တစ်လအတွင်း ပကတိနီးပါး ကျန်းမာလာ၍
အခြား သင့်လျော်ရာဌာနတစ်ခု ညွှန်ကြားပါရန် လျှောက်ထားရပြန်လေသည်။

၁၀ နှစ် အဓိဋ္ဌာန် (မဟောမပြော)

ထိုအခါ လယ်တီဆရာတော်ဘုရားကြီးက-

“ကဲ-ငါရှင်သုမန၊ ဝိပဿနာဓုရကို မရမနေ အားထုတ်မည်ဆိုလျှင် ဥပဒေ
ခြောက်ချက်ကို လိုက်နာရမည်” ဟု အမိန့် ရှိရာ “လိုက်နာပါမည်” ဟု လေးလေးမြတ်မြတ်ပင်


:

## PAGE 543

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၈၉

ကတိပြုလေသည်။ ဥပဒေခြောက်ချက်ကား-

၁။ ဒကာ ဒကာမတို့ ပင့်ဆွမ်းကို လိုက်မစားရ၊

၂။ ရဟန်းခံ၊ ရှင်ပြု ပြုလုပ်ပေးခြင်း၊ အလှူအတန်းလိုက်ခြင်း မလုပ်ရ၊
၃။ ဘုန်းကြီးပျံပွဲ၊ အစည်းအဝေးပွဲများ မလိုက်ရ၊

၄။ စကားမပြော၊ တရားမဟောဘဲ ဆယ်နှစ်အားထုတ်ရမည်၊
၅။ ဆယ်နှစ်ပြည့်မှ မိမိဌာန၌သာ တရားဟောရမည်။

၆။ အသက် ၆၀-ပြည့်မှသာ နယ်လှည့်ပြီး တရားဟောရမည်။
လယ်တီဆရာတော်သည် ဦးဉာဏောဘာသ (နောင် ဒုတိယလယ်တီဆရာတော်)
အား အဖော်အဖြစ်ထည့်၍ မြေနဲတောရသို့ ပို့လိုက်၏။ မုံရွာမြို့မှ ၆-မိုင်အကွာ အောင်သာရွာနှင့်
မြေနဲရွာကြားရှိ ကျောင်းဟောင်းကြီး ဖြစ်သည်။ ဘုရားငုတ်တိုများနှင့် ကျောင်းပျက်ကြီးတစ်ခုသာ
ရှိသည်။ ချုံများ ထူထပ်နေ၏။ တစ္ဆေသရဲခြောက်သည်ဆိုကာ နေ ့အခါပင် မဝင်ဝံ့ကြ။
ကျောင်းထိုင်လာသော ဘုန်းကြီးများ ထွက်ပြေးရ၏။ မပြေးသော် လ,ပိုင်းနှင့် ပျံတော်
မူသည်ကား များလှပြီ။ မြွေဆိုးများကလည်း သောင်းကျန်းလှ၏။

လယ်တီဆရာတော် စေလွှတ်သော ဘုန်းကြီးတစ်ပါးရ၍ ပတ်ဝန်းကျင်ရွာသားတို့
ဝမ်းသာကြ၏။ ကျောင်းဝင်း ဘုရား, သိမ်, ရေတွင်းဟောင်းများကိုလည်း ရှင်းလင်း
တူးဖော် ပေးကြသည်။ ထိုနေရာကား သက္ကရာဇ် ၇၈၈-ခုနှစ်တွင် အင်းဝနေပြည်တော်
မိုးညှင်းမင်းတရားကြီး၏ ကုသိုလ်တော် သံဃာ ၂၀၀ သီတင်းသုံးခဲ့ဖူးသည့် အဓိကရ
သာသနာပြုဌာနကြီး ဖြစ်ခဲ့သည်။ ယင်းမင်းတရားကြီးအား ချီးမြှောက် ဂုဏ်ပြုသောအားဖြင့်
မြေနဲတောရမှ “မိုးညှင်းတောရ’ ဟု ပြောင်းလဲခေါ်တွင်စေခဲ့သည်။ ထိုအခါမှစ၍ “မိုးညှင်း
ကိုယ်တော်ကလေး” ဟု တွင်ခဲ့သည်။
ဟု

၁၂၇၃-ခုနှစ် ဝါဆိုလမှစ၍ သီတင်းသုံး၏၊ ရွာနီးချုပ်စပ် ဒကာများကို ခေါ်၍
“စကားပြောဆိုမေးမြန်းခြင်း၊ ပစ္စည်းအပို လှူဒါန်းပင့်ဖိတ်ခြင်း” မပြုကြရန် မေတ္တာရပ်ခံထားရ၏။
ရောက်သောနေ့မှစ၍ နိဗ္ဗာန်သို့ စိတ်ကို တစ်ရှိန်တည်း လွှတ်ထားကာ ရွပ်ရွပ်ချွံချွံ အားထုတ်ရန်
ဆန္ဒမူထား၏။ နေဝင်သည်နှင့် ဘုရားဝတ်တက်၊ ပန်းရေချမ်းကပ်၊ မေတ္တာပို ့သည်။
နတ်များကို အော်၍ အော်၍ မေတ္တာရပ်၊ အမျှဝေပေး၏။ ဘုရားနှုတ်ထွက် ရသမျှ
ရဲတင်းဂါထာများကို ရွတ်သည်။ ပြီးမှ တရားထိုင်၏။

ဤမျှ နေ ့ခင်းမှာပင် ကြောက်မက်ကျောချမ်းဖွယ် ကောင်းသည့် ကျောင်းအို,
စေတီပျက်ကြားတွင် တစ်ပါးတည်း နေရခြင်း၊ လေဟောခြင်း၊ နှင်းကျခြင်းတို့ကိုမမှု၊
လွင်တီးခေါင်၌ အမိုးအကာမရှိ နေထိုင်ရခြင်း (အမ္ဘောကာသိက ဓုတင်)၊ နေ့ရောညပါ
အိပ်စက်ခြင်းကို မဆိုထားဘိ ကျောစင်း၍ပင် ကိုယ်မဆန့်ရခြင်း (နိသဇ်ဓုတင်) စသော
ကိစ္စတို့မှာ.အပြောလွယ်သလောက် အလုပ်ခက်လှပေသည်။ ထိုအလုပ်ကား တစ်ရက်မဟုတ်၊
တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ တရားထူးမရမချင်း ဖြစ်သည်။ အနည်းဆုံး အာမခံ
ထားသည်ကား ဆယ်နှစ်။ ခိုင်းသည့် အတိုင်· လိုက်နာလွယ်ခြင်း (သောဝစဿတာ) ဂုဏ်မှား
