## PAGE 544


၄၉ဝ

လည်း အတုယူဖွယ်ရာ ကောင်းလေစွာ့။

ဓမ္မာစရိယ ဦးဌေးလှိုင်

မိုးညှင်းကိုယ်တော်သည် “စကားမပြောရ” အဓိဋ္ဌာန်ကို မပျက်စေရန် ခုနစ်ရက်စီလီ၍
အဓိဋ္ဌာန်ယူသည်။ အနှောင့်အယှက် အခက်အခဲတို့ကား တစ်မျိုးမဟုတ် တစ်မျိုး ကြုံတွေ့ နေရရာ
မေတ္တာစိတ်ကို မဲတင်းပွား၍ အဓိဋ္ဌာန် ပါရမီကျောက်ကြီး ချထားရသည်။

“အင်း.......မိဘ ဆရာသမားတို့၏ တာဝန်ကား ကျေကြပေပြီ။ ကျေးဇူးကြီးမား
လှပါပေသည်။ သေခြင်းတရားသည်လည်း နာရီမဆိုင်း သေနိုင်၏။ ဝိပဿနာတရားမှ
တစ်ပါး အားထားစရာမရှိ၊ တရားထူးမရသမျှ မည်သည့် အကြောင်းကြောင့်မျှ နေရာသစ်
မပြောင်းရွှေ့တော့ပြီ။ ဤနေရာသည်ပင် ငါ၏သင်္ချိုင်းဖြစ်စေတော့” ဟု အဓိဋ္ဌာန်ကာ
ခန္ဓာကိုယ်ကို ဘုရားရှင်အား အပြီးအပိုင် စွန့်လှူ၍ ပြန်လမ်းမထားဘဲ မအိပ်မနေ ကြိုးစား
၏။ သေခြင်းကား အဆန်းမဟုတ်။ အလုပ်လက်ရှိနှင့် အလုပ်ခွင်မှာ သေရခြင်းသည်သာ
မွန်မြတ်၏။

နွားရိုင်းနှင့် မြွေဆိုးများ

ဆွမ်းခံကြွရာတွင်လည်း ကျောင်းဝင်းအထွက် ခြေစုံရပ်၍ ရွာဝင်ပေါက် အရောက်
ခြေလှမ်းတိုင်း ဝိပဿနာ သတိကပ်၍ လှမ်းသည်။ သတိလွတ်ပြီး ခြေလှမ်းမိလျှင် နောက်
ပြန်ဆုတ်၍ ပြန်မှတ်ရ၏၊ ရွာတွင်းတွင်မူ ရိုးရိုး မေတ္တာပွားသည်။ ကျောင်းပြန်ရာတွင်လည်း
အလာကလမ်းအတိုင်း သတိကပ်၍ ပြန်ရ၏။ ယင်းကို ဂတပစ္စာဂတိကဝတ် ဟု ခေါ်၏။
(သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ စာအုပ်၌ အကျယ်ရေးထားသည်။)

ဤအသွားအပြန် ကတိဝတ်ကို မချွတ်နေ့စဉ် ခြေလှမ်းတိုင်း သတိကပ်၍ ကြွရာ
တစ်နေ့တွင် နွားသိုးရိုင်းတစ်ကောင်က ရှေးရှုရင်ဆိုင် မိတ်လိုက်ပြေးလာရာ မြင်ရသော
လူအများက “မိုးညှင်းကိုယ်တော်ကလေး၊ နွား,နွား၊ တိုက်ပါလိမ့်မယ်၊ ဖယ်ပေးပါဘုရား”
ဟု ဝိုင်း၍ အော်ဟစ် ပြောဆိုသော်လည်း “ဒီဝတ်ကို အပျက်ခံပြီး ထွက်ပြေးရင် သေတာနဲ့
အတူတူပဲ' ဟု ရုတ်တရက် စဉ်းစားကာ တစ်လှမ်းချင်း သတိကပ်၍ ကြွမြဲကြွနေ၏။

“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရားသည် တရားစောင့်သူကို စောင့်ရှောက်၏”
ဆိုသည့်အတိုင်း နွားရိုင်းသည် ကိုယ်တော်နှင့် လေးတောင်ကွာ အရောက်တွင် တစ်ဦးဦးက
ရိုက်လိုက်သကဲ့သို့ ချာကနဲ လှည့်ထွက် တိမ်းရှောင်သွား၏။ မြင်သမျှ၊ ကြားသမျှ အံ့သြ
မဆုံးကြချေ။ တရားကား ယုံကြည်သူတိုင်းအား သက်သေပြပါ၏။

"

ထို့အတူ ဆွမ်းခံကြွရာတစ်နေ့တွင် ဆွမ်းခံကြွသောလမ်း၌ မြွေဆိုးကြီး တစ်ကောင်
မာန်ဖီ၍ ခေါင်းထောင်နေသည်ကို တွေ့သောလူများက ဆွမ်းခံကြွလာနေသည်ကို မြင်သဖြင့်
မောင်းနှင်ကြ၏။ မရသဖြင့် “ရှေ့မှာ မြွေဆိုးကြီးပါ ဘုရား၊ နောက်ပြန်ဆုတ်ပါ” ဟု
လျှောက်ထားကြ၏။ မိုးညှင်းကိုယ်တော်ကား ကြွမြဲကြွသည်။ နှစ်တောင်ခန့် အလိုတွင်
ထိုမြွေကပင် ထွက်ပြေးဖယ်ပေးရသည်။ မေတ္တာနှင့် သီလတန်ခိုးသည် တကယ်ကျင့်လျှင်
တကယ်အစွမ်းထက်ပေသည်။


## PAGE 545


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၉၁

တစ်ခါကလည်း ဘုရားငုတ်တိုများ၌ သန့်ရှင်းရေးလုပ်အပြီး ဘုရားဝတ်ပြုနေစဉ်
မြွေတစ်ကောင်သည် နောက်မှ တရှူးရှူး မာန်ဖီနေ၏။ အဓိဋ္ဌာန် မဖျက်ဘဲ ဆက်၍ ရှိခိုးမြဲ
ရှိခိုးနေသည်။ ထိုမြွေသည် ဆောင့်ကြောင့်ထိုင်နေရာတွင် ခြေနှစ်ချောင်းကြား နောက်မှ
ရှေ့သို့ထွက်လာပြီး ရုပ်ပွားအနီး မြှောင်၍ ပါးပျဉ်းထောင်ကာ မာန်စောင်နေပြန်တော့သည်။
မေတ္တာဖိ၍ ပွားပို ့မှသာ ပျောက်ကွယ်သွားတော့၏။

အနှောင့်အယှက် မှန်သမျှကို ခုခံကာကွယ်နိုင်သည်မှာ မေတ္တာမှတစ်ပါး အခြားမရှိ
ကြောင်း မိုးညှင်းကိုယ်တော် ပို၍ စွဲမြဲယုံကြည်သွားတော့၏။

တရားမျက်စိနှင့် အံ့ဖွယ်များ

တရားအားထုတ်၍ တစ်နှစ်ခန့်ရှိလျှင် ဆည်ကြီးရွာမှ ဦးထွန်းမြ၊ ဦးလွှားကြီးနှင့်
ဦးထင်၊ အောင်သာရွာမှ ဦးဘိုးကြူ တို့ လေးဦးသည် တစ်ဦးလျှင် သုံးလစီ ကပ္ပိယလုပ်ရန်
တိုင်ပင်ကြ၏။ ဆရာတော်မှာ စကားမပြောသဖြင့် ကုဋီကြွစဉ် စာရေး၍ လက်မှတ်ထိုး
လျှောက်ကြရာ ခေါင်းညိတ်သောအားဖြင့် လက်ခံတော်မူသည်။ ကပ္ပိယများမှာလည်း ကိစ္စ
ရှိလျှင် စာဖြင့်သာ လျှောက်ထားကြရသည်။ ယင်းသို့ မနေမနား သုံးနှစ်ဆက်တိုက် အား
ထုတ်တော်မူရာ ၁၂၇၆-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညသန်းခေါင်ယံတွင် “စက္ခုံ
ဥဒပါဒိ, ဉာဏံ ဥဒပါဒိ' ဟူသကဲ့သို့ တရားဉာဏ် အမြင်ထူးများ ရရှိတော်မူခဲ့လေသည်။

သုံးနှစ်ပြည့် မြောက်လျှင် နောက်ထပ်နှစ်နှစ် အသစ်ထပ်မံ၍ အဓိဋ္ဌာန် ပြုရသည်။
နှုတ်ပိတ် အဓိဋ္ဌာန်ကိုမူ ဆယ်ရက် တစ်ကြိမ်ကျ ပြုလုပ်၍ ငါးနှစ် ပြည့်သည်အထိ လုပ်ချိန်
သတ်မှတ်ထားလေသည်။ ဒုတိယ ငါးနှစ်ပိုင်းတွင် နှုတ်ပိတ်အဓိဋ္ဌာန်ကို ၁၅-ရက် သတ်မှတ်ခဲ့၏။
ဆွမ်းစားရာတွင်လည်း “အာဟာရေ ပဋိကူလသညာ” ဖြင့် ဆွမ်းတစ်လုပ် ပုတီးတစ်လုံးချ၍
ဘုဉ်းပေးတော်မူသည်။ တရားအားထုတ်စဉ်အတွင်း ကြိုးကြားစာကြည့်သည်။ မိမိ ဝိပဿနာ
ရှုပွားပုံကိုလည်း မှတ်သားထားရာ ယခုအခါ “ဝိသုဒ္ဓိကျင့်စဉ်ကျမ်း' ဟု ပုံနှိပ်ပြီး ရှိလေပြီ။

၁၀-နှစ်ကာလအတွင်း ရပ်ဝေး ရပ်နီးမှ ရဟန်း ရှင်လူများက နည်းခံတရား ကျင့်
လိုကြောင်း ကပ္ပိယဈတစ်ဆင့် စာဖြင့် လျှောက်ထားကြရာ “အဓိဋ္ဌာန် မပြည့်သေး၍
ခွင့်မပြုနိုင်' ဟု စာဖြင့် ဖြေကြားတော်မူသည်။ အဓိဋ္ဌာန်ဖြင့် မည်မျှပင် ပိတ်ထားသော်လည်း
အဓိဋ္ဌာန် ပြည့်ခါနီးတွင် ဖိုးဝန်းတောင်၊ လက်ပတောင်းတောင်၊ ကျောက်ကာတောင်၊
ကြေးမုံရွှေမြင်တင်တောင် စသော နေရာများနှင့် မုံရွာ လယ်တီဆရာတော်ဘုရားထံတို့၌
မရှေးမနှောင်း တစ်ပြိုင်တည်း နှစ်နေရာ သုံးနေရာ တွေ့ နေရသည်ဟူသော သတင်းများက
မကြာခဏ ထွက်ပေါ်လာ၏။ ကပ္ပိယများမှာလည်း မကြာခဏ ဘုန်းကြီးပျောက်နေကြသည်။
ရံခါ တစ်ကျောင်းလုံး လင်းနေသည်ကို လည်းကောင်း၊ နတ်ဗြဟ္မာများ ဘီလူးများကိုပင်
တရားဟောနေသည်ကို လည်းကောင်း တွေ့ကြရလေသည်။ ကပ္ပိယများမှာ အလွန်ဝမ်းမြောက်
ကြကာ သတင်းများလည်း တစ်နေ့တခြား ကျော်ကြားလာပေသည်။


## PAGE 546


၄၉၂

ဓမ္မာစရိယ ဦးဌေးလှိုင်

၁၂၈၃-ခု၊ ဝါဆိုလတွင် ၁၀-နှစ် အဓိဋ္ဌာန် ကမ္မဋ္ဌာန်းလည်း ပြည့်၊ လိုအပ်သော
တရားထူးလည်း ပေါက်ရောက်ပြီ ဖြစ်သဖြင့် ထိုနှစ် သီတင်းကျွတ်တွင် ကျေးဇူးရှင်
လယ်တီဆရာတော်အား ကန်တော့ကာ တွေ့မြင်သော တရားများကို လျှောက်သည်။
လယ်တီဆရာတော်က သာဓု သုံးကြိမ်ခေါ်တော်မူ၏။ လယ်တီဒီပနီကျမ်းများ လူ၍ တရား
ဟောခွင့် ပြုလိုက်သည်။

ကပ္ပိယများနှင့်တကွ ပရိသတ် လေးငါးဆယ်ရှိလာရာ သစ်ပင်အောက်တွင် ထန်းရွက်မိုး
မဏ္ဍပ်၌ နေစဉ် တရားပေးတော်မူ၏။ တစ်စတစ်စဖြင့် ဇရပ်တန်ဆောင်းများ ပေါ်ပေါက်၍
လာတော့သည်။ ထိုအချိန်တွင် “ဝိပဿနာပီတိ အစားစား ကျင့်စဉ်တရားကြီး” “ပဋိစ္စသမုပ္ပါဒ်
ကျင့်စဉ်ကြီး' နိဿယ မုစ္စကကျင့်စဉ်ကျမ်း' များ ရေးသား ပုံနှိပ်လေသည်။ ၁၂၈၅-မှ
၁၂၉၁-ခုနှစ်အတွင်း ဘုရားဟောင်း ကိုးဆူကိုလည်း နိစ္စဗဒ်တစ်ဆုပ်ဆန်ဖြင့် ထပ်မံတည်ထား
ခဲ့လေသည်။

၁၂၈၅-ခုနှစ်တွင် တပည့် ယောဂီများ များပြားလာသဖြင့် တိုက်အုပ် ဦးသုမင်္ဂလ၊
တိုက်ကြပ် ဦးအာသဘ၊ အမျိုးသမီးကြီးမှူး ဒေါ်စန္ဒာကြီးတို့ကို ခန့်အပ်၍ “ဝိသုဒ္ဓိ
ကျင့်စဉ်ကျမ်းကြီး” ကိုလည်း ရိုက်နှိပ်ကာ နေ့ရော ညပါ အလုပ်တရားများ ပြသသည်။
အရာရာတွင် ဝိနည်းတော်နှင့်အညီ ဆုံးမလေ၏။ ညစဉ် ဝတ်တက်ကာ စတုရာရက္ခ
ကမ္မဋ္ဌာန်းကို ပွားကြရသည်။ ထို့နောက် ရုပ်အနိစ္စကို စင်္ကြံနှင့်တွဲ၍ တစ်ချက်ပျက်မှ
ခြောက်ချက်ပျက်ထိ သုံးညဟောသည်။ တရားပြသူက စင်္ကြံရှေ့က ကြွလျှင် နောက်က
လိုက်ကြရသည်။ နာမ်အနိစ္စ (ဝိညာဏဓာတ်ခြောက်ပါး) ခြောက်ရက်ပြသည်။ (စာရေးသူ
၈-နှစ်သားအရွယ်က ဆရာတော်ကြီး စင်္ကြံကြွရင်း တရားပြသည်ကို ဖူးတွေ့ ရဖူး၏။)

လယ်တီဆရာတော် ပျံလွန်တော်မူ၍

ထိုနှစ်ဝါဆိုလဆန်း ရှစ်ရက်နေ့တွင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး
မကျန်း ရှိတော်မူ၍ မိုးညှင်းဆရာတော် ကြွလာရန် ကြေးနန်းစာ ရသဖြင့် ပျဉ်းမနားသူဌေး
ဦးလန်းတိုက် (လယ်တီစံကျောင်း) သို့ ကြွရသည်။ ကျေးဇူးရှင်ကြီး၏ ခြေတော်အစုံကို
ဦးခေါင်းဖြင့် ပွတ်တိုက်ကာ ဝတ်ပြုစဉ်...

“အင်း... မိုးညှင်းကိုယ်တော်လား၊ အေးကွယ့်-ဝိပဿနာ သာသနာကြီး ကြိုးစား
ပြုကွယ့်၊ ငါမရှိပေမယ့် ငါ့စာတွေရှိနေတယ်၊ ငါ့ကိုယ်စား အားထားရစ်” ဟု မိန့်မှာတော်မူသည်။
တပည့်များက ပဋ္ဌာန်းကျမ်းကို ဆရာတော်အား ရွတ်ပေးကြ၏။ မိုးညှင်းဆရာတော်ကမူ
အနတ္တဒီပနီကို ရွတ်ဖတ်၍ နာစေသည်၊ ကျေးဇူးဆပ်လေသည်။

"

လယ်တီဆရာတော်ဘုရားကြီးက....

“အေး-ကောင်းလိုက်တာကွယ်၊ အနတ္တဒေသနာ နာရတော့ အဘဘုရား အနတ္တ
လက္ခဏာသုတ် ဟောပုံကို မြင်ပြီး ကြည်ညိုလိုက်တာ။ ဘုရားကြွလာသလိုပဲကွယ့်၊ ချစ်သား
