## PAGE 547


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၉၃

လူ့ပြည်မှာ အဘိဓမ္မာတရား ဟောပြီးပြီ။ နတ်ပြည်မှာ တစ်လှည့်ဟောချိန်ကျပြီလို့ ငါ့နား
ထဲမှာ ဘုရားရှင် ခေါင်းရင်းက ကြွပြီး မိန့်တော်မူသံလို ကြားနေရတယ်” ဟု အမိန့်ရှိလေသည်။
ထိုနှစ် ဝါဆိုလပြည့်နေ့ နှစ်နာရီ မိနစ် ၃၀-တွင် လယ်တီဆရာတော်ဘုရားကြီး စုတိ
ကမ္မဇရုပ် ချုပ်တော်မူ၍ တပည့်ကြီးများအား ခွင့်ပန်ပြီး မိုးညှင်းတိုက်သို့ ပြန်ခဲ့သည်။

လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်နောက် ဓမ္မသံဝေဂဖြစ်တော်မူသဖြင့်
ဝိပဿနာတရားကို. အထူးကြိုးစား ဟောပြောရန် ဆုံးဖြတ်တော်မူ၏။ အသက် ၆၀-
မပြည့်မီ မိုးညှင်းတောရ အတွင်းမှာပင် တရားပွဲများ ပြုလုပ်ရ၏။ မကြာမီ အလျား ၁၅၀-
အနံ ၆၂-ပေရှိ “ပဋ္ဌာန်း အဓိပတိ” ဓမ္မာရုံကြီးကို ၁၃၀၁-ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့
ဦးမျှင်-ဒေါ်စိန်၊ လေးမျက်နှာမြို့ ဦးစစ်ကြူတို့က ဆောက်လှူကြ၏၊ အသီတိသာဝကနှင့်
ကိုးတိုင်း ကိုးဌာန သာသနာပြု ရုပ်လုံး စသည်တို့ဖြင့် အဆန်းတကြယ် ရှုဖွယ်ကောင်းလှသည်။
အထူးသဖြင့် ဓမ္မာရုံကြီး အမိုးမျက်နှာကြက်တွင် လင်းနို့သား ၅ဝဝ-တို့ အဘိဓမ္မာတရား
နာနေကြပုံကို ထုလုပ်ထားသည်။ ထုလုပ်စဉ်က မိုးညှင်းဆရာတော်ကြီးက ပန်းချီဆရာအား

“လင်းနို့ပုံတူအောင် ရေးတတ်ရဲ့လားကွယ့်၊ မရေးတတ်ရင် စာရွက်နဲ့ ခဲတံ ယူခဲ့၊
ငါတို့ ရေးပြမယ်” ဟု အမိန့်ရှိနေစဉ် လင်းနို့ တစ်ကောင်သည် ရုတ်တရက် ဆရာတော်နှင့်
ပန်းချီဆရာရှေ့တွင် ကျလာ၏။

“အေးကွယ့်၊ လင်းနို့အပေါ် စာရွက်နဲ့ အုပ်ပြီး ခဲတံနဲ့ ခြစ်ထားကွယ့်” ဟု မိန့်တော်
မူ၏။ ပြီးလျှင် လင်းနို့လည်း ဦးသုံးကြိမ်ညွတ်၍ ပျံတက်သွားလေသည်။

တရားဟောထွက်ပြီ

၁၂၉၄-ခုနှစ်တွင် အသက် ၆၀-ပြည့်ပြီ ဖြစ်၍ ထိုနှစ် တန်ခူးလတွင် ပထမဆုံး
မေမြို့သို့ ငါးရက်ကြာ တရားဟောကြွသည်။ ၁၂၉၅-ခုနှစ် တပေါင်းလဆုတ် ၁၄-ရက်နေ့
တွင် မီးရထားတွဲဖြူကြီးဖြင့် မော်လမြိုင်သို့ တရားဟောကြွသည်။ တရားဟောကြွမည်ရှိစဉ်
ရထားတက်ခါနီး လယ်တီကျောင်းတိုက်ကြီးဆီသို့ ဦးချကန်တော့ပြီးမှ တက်တော်မူသည်။

ထိုတရားပွဲကြီးများအတွက် ကိစ္စအဝဝ စီစဉ်သူမှာ နေရင်း ဦးကောဝိဒ ဆရာတော်ကလေး
ပင် ဖြစ်သည်။ မော်လမြိုင်၌ ၁၈-ရက်ကြာ၍ မိုင်ဒါကွင်းတွင်ဟောရာ ပရိသတ် နှစ်သောင်း
ကျော်လေသည်။ ဤမျှ ပရိသတ် များသည်မှာ ရှေးက မရှိစဖူးပေ။ မြန်မာပြည်တွင်
အသံချဲ့စက်ကို ပထမဆုံး အသုံးပြုတော်မူရလေသည်။ သီလ၊ ဘာဝနာများကို ကြိုးစားလိုက်နာ
ကျင့်သုံးရန် လက်မှတ်ထိုးဝန်ခံသူ (ဂတိဝိသုဒ္ဓိ အသင်းဝင်) ၅၀ဝ၀၊ ရသေ့မ ၅၀၀-တို့
သာသနာပြုစာရင်း ရေးသွင်းကြ၏။ ကြွလေရာတွင် ပျားပန်းခတ်မျှ အံ့မခန်း ကြိုဆိုပူဇော်
ကြလေသည်။ (နောင်အခါ) ပုလိပ်မင်းကြီးက လှူသော တစ်ခါဖောက်လျှင် အချက်တစ်ရာထွက်
အမြောက်ကြီးကို ပစ်ဖောက်ကြိုဆိုကြရသည်။

၁၂၉၆-ခုနှစ် ကဆုန်လပြည့်ကျော် နှစ်ရက်နေ့မှစ၍ ရန်ကုန်မြို့ မြို့မကျောင်းဝင်းတွင်

## PAGE 548


၄၉၄

ဓမ္မာစရိယ ဦးဌေးလှိုင်

အသံချဲ့စက်ဖြင့် ဟောရာ ပရိသတ်များ ဝက်ဝက်ကွဲ စည်ကား၏။ မြန်မာပြည်တွင် ဤစက်
တစ်လုံးသာ ရှိသေးသည်။ ဆရာတော်သည် “ကြားကြရဲ့လား ဟရို့ ရဲ့” ဟု မေးကာမေးကာ
ပရမတ် တရားများကို ဟောတော်မူ၏။ ၁၅-ရက် ဝိပဿနာ အလုပ်ပေးတရားများဖြစ်၏။
သူရိယနှင့် မြန်မာ့အလင်း သတင်းစာကြီးများကလည်း တရားနှင့် သတင်းဓာတ်ပုံများပါ
ဖော်ပြအားပေးကြသဖြင့် တစ်နိုင်ငံလုံး သိမ့်သိမ့်တုန်ကာ သတင်းစာများလည်း စောင်ရေ
ငါးထောင်ကျော်စီ တိုး၍ ထုတ်ကြရသောဟူ၏။ ထူးဆန်းသည်မှာ တရားပွဲရက် အချိန်များ၌
မိုးတွင်းဖြစ်လျက် မိုးမရွာခဲ့ချေ။

မိုးညှင်းဆရာတော် ရန်ကုန်ရောက်ခိုက် ၃၇-နှစ် ကွဲကွာနေသော ငယ်ဆရာ (သုံးခွ၊
အေးရွာ ဆရာတော် ဦးအာစရ) ထံ လှူရန် ပစ္စည်းများနှင့် သွားရောက်ကန်တော့ရာ
ဆရာတော်ကြီးမှာ ကန်တော့ခန်း ဆုပေးကိုပင် ပြီးအောင် မပေးနိုင်ဘဲ ဝမ်းနည်းဝမ်းသာ
ငိုကြွေးရှာလေသည်။ မိုးညှင်းဆရာတော်လောင်းလျာ ကျွဲကျောင်းသားဘဝ ကျွဲခတ်၍
ကျွဲချိုနှင့် လုံချည်ငြိပြီးနေစဉ် ဦးအာစရ မြင်၍ ကယ်တင်ခဲ့ရ၏။ နောက် ကျောင်းသားဘဝ
ပုဂံတောင်ရွာ `ဆွမ်းစားသွားရာမှအပြန် ချောင်းကူးရင်း ရေနစ်သေမည်အပြု တစ်ကြိမ်
ကယ်မခဲ့ရ၏။ သေဘေးမှ နှစ်ကြိမ်ကယ်မခဲ့သော ကျေးဇူးရှင် ဖြစ်သည်။

ပရိသတ်များလည်း ငိုကြွေးကြ၏၊ အတင်းအကြပ် တရားဟောရမည် ဆို၍ ရန်ကုန်
အစီအစဉ်ဖျက်ကာ သုံးရက်။ (၁၂၉၇၊ တန်ဆောင်မုန်းလဆန်း ၁၃-၁၄-၁၅-သုံးရက်)
ဟောရသေးသည်။ တရားပွဲတွင် လည်းကောင်း၊ ပြန်ကြွသောအခါတွင် လည်းကောင်း၊
ဝိုင်းအုံ ငိုကြွေးကြပြန်သည်။ ဆရာတော်မှာ သင်္ခါရတရားတို့၏ လှည့်စားမှုကို သံဝေဂ
ယူတော်မူသည်- “ဪ.....ဒုက္ခ...ဒုက္ခ၊ ပညာရှိသူတော်ကောင်းများ လောကကြီးကို
ဒါကြောင့် ရွံမုန်းကြတာပဲ”။

ထိုအခါမှစ၍ ရန်ကုန်မြို့သို့ နှစ်စဉ်ကြွတော်မူ၏။ တရားပွဲတိုင်း ကြက်သီးထ
လောက်အောင် ပရိသတ်များ များပြား၏။ တရားအားထုတ်ရန် ဝန်ခံ၍ ဝိသုဒ္ဓိအသင်းဝင်သူ
တစ်သောင်းမှ ငါးသောင်းအထိ ပေါ်ထွက်လာလေသည်။ ဤသို့ပင် အမြို့မြို့ တိုင်း အလျဉ်း
သင့်သလို တရားပွဲများ ချီးမြှင့်တော်မူလေသည်။ မင်္ဂလာဂတိဝိသုဒ္ဓိ အသင်းများကိုလည်း
ဖွဲ့စည်းပေးတော်မူခဲ့၏။

မာရ်နတ်၏ ကိုယ်စားလှယ်များ

အထူးသဖြင့် ရန်ကုန်တွင် ဝတ္ထု၊ မဂ္ဂဇင်းများကို တဏှာရာဂ အားပေးသဖြင့် မဖတ်
ကြရန် ဟောပြော၍ မီးရှို့ခိုင်းမိသဖြင့် စာရေးဆရာတို့ လောကတွင် အကြီးအကျယ်
ဂယက်ရိုက်ခတ်ကာ ကလောင်ဖြင့် တုန့်ပြန်ဆန့်ကျင်ကြ၏။ ဝတ္ထုများတွင် ယောဂီရသေ့မများကို
မဖွယ်မရာ ဇာတ်ဆောင်ထည့်သွင်း ရေးသားလာကြသည်။ မော်လမြိုင်တွင် သင်္ကြန်တွင်း
တရားပွဲများ၌ ရေမပက်ရန် မေတ္တာရပ်ခံမိ၍ မြန်မာ့အလင်း သတင်းစာက ကာတွန်းဖြင့်


## PAGE 549


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

“ရေပက်တရား မဟောပါနဲ့” ဟု သရော်ရာ.....

..

၄၉

“အေး……..တို့က သူတို့မကြိုက်တာ ပြောမိတာကိုးကွယ့်၊ ခံရမှာပေါ့။ လောကဓံဆိုတာ
ဒီလိုပဲ” ဟု မိန့်တော်မူသည်။

မိုးညှင်း ဆရာတော် နာမည်ကြီးလာသည်နှင့်အမျှ အမြို့မြို့ အနယ်နယ်တွင်
ဓမ္မာဘိသမယ တရားထူးရသူများ ရှိသကဲ့သို့ ငရဲကြီးသူများလည်း မနည်းလှချေ။ အထူးသဖြင့်
ရသေ့ဝတ်ပေးမှုကို ရမယ်ရှာ၍ အပြစ်ဆိုကြသည်။ ဦးပညာဝံသ ဆရာတော်က “သာသနတံခွန်”
“သာသနမလဝိသောဓနီ” ကျမ်းများဖြင့် နှိပ်နှိပ်ဖဲ့ဖဲ့ ရေးသားရှုတ်ချသည်။ “မသိနားမလည်
သူများကို သွေးဆောင်၍ ငရဲခေါ်သည်။ သာသနာ အတုအယောင်တွေ မြေမျိုလိမ့်မည်”
စသည်တို့ ဖြစ်၏။ ရေးဦးဝါဆို ဆရာတော်ကလည်း ‘ဣသိပဟာယကဝိနိစ္ဆယ” (၂-အုပ်)
ရေး၍ ကန့်ကွက်သည်။ မိုးညှင်း ဆရာတော်အား ဝိနည်းကံပြု၍ ထုတ်ပယ်ရန် လှုံ့ဆော်
လာကြသည်။ တစ်နိုင်ငံလုံးရှိ ဆရာတော်များထံ လှုံ့ဆော်စာများ ဝေဖြန် ့ကြ၏၊ မိုးညှင်း
ဆရာတော်က သံဃာများအား လှူသည်ကိုပင် မစားသုံးလိုကြတော့ပေ။

၁၂၉၈-ခုနှစ် ဝါဆိုလတွင် ရသေ့ဝတ် ပြဿနာကို ပခုက္ကူမြို့ စာတတ်အကျော်
ဆရာတော် ဦးပခန်းနှင့် တွေ့ဆုံ လျှောက်ထား ဆွေးနွေး၍ ဖြေရှင်းလိုက်ရာ မိုးညှင်းဆရာတော်၏
အမှန်တရားကို သတင်းစာကြီးများက အပြည့်အစုံ ရေးသားထုတ်ဖော်ကြ၏။ “ရေစကြို
ရှင်းတမ်း” စာအုပ် ရှစသောင်းကိုလည်း ထုတ်ဝေလိုက်သည်။ ထိုအခါမှ မီးကို ရေနှင့်ပက်သကဲ့သို့
ငြိမ်းသွားကြလေဟော့သည်။

မာရ်နတ်သည် တရားရှင် သူတော်ကောင်းတို့အား အသိဉာဏ်မရှိသူတို့၌ ပူးဝင်၍
ဒုက္ခပေးစေ၏။ သေလျှင် ထိုသူတို့ ငရဲကျကုန်၏။ ယင်းသို့ ဖျက်ဆီး၍မရလျှင် အလှူအတန်း
ဘုန်း လာဘ်သပ်ပကာ များပြားအောင် ပူးဝင်စေခိုင်း၏။ ထိုသူတို့ သေလျှင် နတ်ရွာလားကုန်၏။
မာရ်နတ်သည် မသိမလိမ်မာသူတို့ကို ခုတုံးလုပ်၍ နှောင့်ယှက်သည်မှာ “မူလပဏ္ဏာသ၊
မာရတဇ္ဇနိယသုတ်’ ဖြင့် ထင်ရှားလေသည်။

"

“လာဘ်လာဘ ဘုန်းနှင့်ပစ်သည်ကို၊ လာဘ်တိုက်သည်ကို အနိစ္စတရားဖြင့် ခုခံရမည်။
အမျိုးမျိုးသော ဖျားနာငတ်မွတ် ဘေးဒုက္ခပေးသည်ကို၊ ကပ်တိုက်သည်ကို မေတ္တာဖြင့်
ကာကွယ်ရမည်” ဟု ဗုဒ္ဓ၏တပည့်တို့ သိရှိပြီးဖြစ်၏။

၁၂၉၆-ခုနှစ်၊ ပဲခူးမြို့ တရားပွဲ ကျင်းပစဉ်က ပြဿနာတစ်ခု ကြုံရပြန်၏။
ပြဿနာကား တရားဟောမည့်ညတွင် အခြားဆရာတော်ကြီးတစ်ပါးနှင့် တရားပွဲရက်
တိုက်နေခြင်းပင် ဖြစ်သည်။ မိုးညှင်းဥပဒေတွင် “တစ်မြို့ထဲ တရားနှစ်ပွဲဆုံ၍ မဟောရ၊
ဟောလျှင် ဒဏ်ထမ်းရမည်’ ဟူသော ဥပဒေတစ်ခုရှိ၏။ ထိုဥပဒေကို ထောက်ပြကာ
ဆရာတော် ဘုရားကြီးက တရားမဟောဟု အမိန့်ရှိရာ ဦးစိန်ဝင်းစသော ရွှေမော်ဓော
ဂေါပကလူကြီးများ စီစဉ်ပြီး ဖြစ်၍ အခက်အခဲတွေ့ကုန်ကြသည်။ မြို့ပေါ်ရှိ ဆရာတော်များကိုပါ
ပင့်၍ တောင်းပန်ကြသည်။ ထိုအခါ ပြိုပျက်နေသော ရွှေမော်ဓောစေတီကို ပြုပြင်ကြရန်
ကတိခံစေ၍ ဤသို့ အကျိုးတစ်ခုရှိလျှင်ပင် ဆရာတော် ဒဏ်ထမ်း၍ ဟောမည်ဟု

