## PAGE 550

၄၉၆


ဓမ္မာစရိယဦးဌေးလှိုင်

မိန့်တော်မူကာ ရေဒဏ်ထမ်း၍ တရားဟောတော်မူသည်။ သူတော်ကောင်းတို့မည်သည်
ကတိတည်၍ အကျိုးရှိမည့်ကိစ္စကို ဆောင်ရွက်ကြမြဲပေတကား။

စက်တိုင် တက်ခြင်း

ဆရာတော်သည် ပါရမီရင့်သူတို့အတွက် ဝိပဿနာတရားကိုသာ ဟောသည် မဟုတ်၊
တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာစေရန် လူ့အခြေခံ မင်္ဂလာတရားတော်များကိုလည်း
ဟောကြားတော်မူခဲ့၏။. ထောင်သား ၇ဝဝ-၁ဝဝဝ ရှိသော အမြို့မြို့ ထောင်များတွင်လည်း
အခွင့်ယူ၍ ထောင်သားများအား တရားဟောလေ့ရှိသည်။ အင်းစိန်ထောင်တွင် စက်တိုင်နေရာသို့
ကြွ၍-

“အေး-မင်းတို့စက်တိုင်က တို့ကို မကိုင်ပါလားကွယ့်။ အေး-တကယ် ကြောက်စရာက
စက်တိုင်မဟုတ်ဘူး၊ စက်တိုင်ရောက်စေတတ်တဲ့ အကုသိုလ်ကွယ့်” အစရှိသည်ဖြင့် မိန့်တော်
မူ၏။ ထောင်သားများအား ငါးပါးသီလ အကျိုးအပြစ်များကို ထင်ရှားအောင် ဟောပြော၍
ငါးပါးသီလကတိကို ခံယူစေသည်။ ဗုဒ္ဓါနုဿတိနှင့် မေတ္တာပွားများနည်းကိုလည်း ဟောတော်
မူကာ ပုတီးတစ်ကုံးစီ စွန့်တော်မူ၏။

လူတို့ကား စကြာမင်းမျှော်နေခိုက် ဖြစ်၍ သတင်းစာများကလည်း မိုးညှင်းဆရာတော်
ခရီးစဉ်သတင်းများကို မိုးညှင်းစကြာဟု တင်စား ရေးသားလျက်လည်း ရှိသဖြင့် “အင်္ဂလိပ်
အစိုးရက စကြာမင်းမပေါ်အောင် မိုးညှင်းဆရာတော်ကို ထောင်ထဲပင့်၍ ယတြာချေခိုင်းတယ်”
စသည်ဖြင့် ဝေဖန်ကြကုန်သေး၏။

မေတ္တာပေါက်ရောက် ရန်စစ်ပျောက်

´မိုးညှင်းဆရာတော်ဘုရားကြီး၏ အထူးခြားဆုံးမှာ မေတ္တာဝါဒပင် ဖြစ်သည်။
ဆရာတော်သည် ရန်ကုန်မြို့ ရပ်ကွက်များသို့ဆွမ်းခံ ကြွတော်မူလေ့ ရှိသည်။ အကြောင်းမှာကား
မျက်မြင် ဒိဋ္ဌ မေတ္တာပွားလိုသောကြောင့် ဖြစ်ပေသည်။ တစ်ကမ္ဘာလုံးရှိ သတ္တဝါများအား
ဉာဏ်ကွန်ရက်ဖြင့် လွှမ်းခြုံ၍ အဟုတ်တကယ် ချမ်းသာစေလိုသော စိတ်ထားဖြင့် “ကျန်းမာ
ကြပါစေ၊ ချမ်းသာကြပါစေ” ဟု နေ ့စဉ် မေတ္တာပွားရန် ဆုံးမတော်မူလေ့ရှိ၏။

၁၃ဝ၁-ခုနှစ် နတ်တော်လဆန်းသုံးရက်နေ့တွင် ပီကင်းမြို့မှ “တရုတ်ပြည်လုံး
ဆိုင်ရာ ဗုဒ္ဓဘာသာဥက္ကဋ္ဌဖြစ်သူ ဆရာတော်ဦးထိုင်ဆူး” က လက်ဆောင်ပဏ္ဏာများဖြင့်
စာရေးလျှောက်ထားသည်။ သာသနာပြုရာ၌ အစစအောင်မြင်ရန်နှင့် တရုတ်ပြည်၌ ကျရောက်
သော ဘေးဒုက္ခများကင်းဝေး၍ ချမ်းသာကြစေရန် တရားကောင်းများ ချီးမြှင့်ဖို ့ လျှောက်ထား
လာသည်။

“မိမိသွားလိုသောဌာန၊ ပြုလိုသောကိစ္စများကို မသွားလာ, မပြုလုပ်မီက

## PAGE 551


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၉၇

မေတ္တာပွားရမည်” ဟု စာပြန်တော်မူသည်။ မေတ္တာဓာတ် အပြည့်အဝပေးဖို့ လိုအပ်လျှင်
ကိုယ်လုံးပေါ်ဓာတ်ပုံ ပို့လိုက်ရန်လည်း မှာကြား၏။ (အမွိုင်ကျောင်း ဆရာတော် ဦးထိုင်ဆူး
သည် ၁၉၂၈-ခုနှစ်က အင်္ဂလန်၊ ပြင်သစ်တို့၌ သာသနာပြုကြောင်း မေဃဝတီ ဦးနာရဒ၏
ဗုဒ္ဓသမိုင်းတွင် ပါရှိ၏။)

ထိုနှစ် တန်ဆောင်မုန်းလ ၁၅-ရက်နေ့တွင်လည်း ရန်ကုန်မြို့ ဟိန္ဒူ ‘ဂရက်တိနိဆဘာ
အတွင်းရေးမှူး ပရမာနန္ဒ-က (ဗုဒ္ဓဝါဒနှင့် ဟိန္ဒူဝါဒ တူသယောင်ယောင် နောက်ကြောင်းလှန် -
ရာဇဝင်ပြ၍) ဟိန္ဒူဘာသာဝင် ဗုဒ္ဓဘာသာဝင်တို့ စည်းလုံးညီညွတ်ရန် သြဝါဒဇာရား
တောင်းခံသော အခါတွင်လည်း ကိုယ်ရော နှုတ်ရော စိတ်ပါ အစီးအပွားလိုလားလျက်
တစ်နေ့ ၁၀-ကြိမ်၊ ၁၅-ကြိမ် မေတ္တာပွားရန် စာဖြင့် ပြန်ကြားသည်။ “ရေးရိုးရေးစဉ်
ရေးသည်” ဟု ထင်ကောင်း ထင်စရာ ဖြစ်၏၊ ဤသို့မဟုတ်ချေ။ အကျိုးအာနိသင်ကို
တကယ်မြင်သောကြောင့် ဖြစ်၏။ (ပရမာနန္ဒ၏ လျှောက်ထားချက် မိုးညှင်းထေရာပဒါန်၌
အပြည့်အစုံပါ၏။)

ပို၍ ထင်ရှားသည်မှာ တစ်ချိန်က အီတလီနှင့်အဗက်ဆီးနီးယား (ယခု အီသီယိုပီးယား)
နှစ်ပြည်ထောင် စစ်ဖြစ်နေ၏။ တစ်ခုသော ညဦးယာမ်တွင် မြေပုံကြီး တစ်ချပ်ကို ရှေ့မှာ
ဖြန့်ခင်း၍ နေရင်း ဦးကောဝိဒအား-

“ဟောဒီမှာ ကြည့်စမ်း ဖိုးကောရ၊ အီတလီနဲ့ အဗက်ဆီးနီးယား စစ်ဖြစ်နေကြလို
သတ္တဝါတွေ သေကြေပျက်စီးလိုက်ကြတာ သနားစရာပဲ။ အဲဒီဘေးကလွတ်အောင် မေတ္တာ
ပို့ ရမယ်ကွယ့်၊ ထိုစစ်ဘေးကြီး တစ်နည်းနည်းနဲ့ အေးတယ်ဆိုရင်ပဲ ကိုယ့်ရဲ့မေတ္တာ
အောင်ပြီလို့ မှတ်ရမယ်” ဟု အမိန့်ရှိကာ နေ့ရောညပါ မေတ္တာပွားတော်မူ၏။ ငါးရက်
အရတွင် စစ်ပြေငြိမ်းကြောင်း ကြေးနန်းသတင်းပါလေသည်။

ဤအချက်ကား လူသာမန်တို့ ယုံကြည်နိုင်ခက်မည်။ မယုံကြည်မရှိထိုက်။ သီလ၊
သမာဓိအင်အားနှင့် အသိဉာဏ် သဒ္ဓါတရားသာလိုရင်း ဖြစ်၏။ ဘုရားရှင်၏ နာဠာဂီရိ
ဆင်ကြမ်းကြီးကို မေတ္တာပို ့ပုံ၊ ခေတ်ပညာတတ် မိစ္ဆာဒိဋ္ဌိ ရောဇမလ္လမင်းသားအား မေတ္တာဖြင့်
ညှို့ပုံနှင့် အင်္ဂုတ္တရ မေတ္တာနိသံသသုတ်၊ ကရဇကာယသုတ်၊ သြပမ္မသံယုတ် သတ္တိသုတ်
စသည်တို့၌ မေတ္တာစွမ်းရည်များ အတိအလင်း ဟောတော်မူထား၏။ သဒ္ဓါယုံကြည်လျှင်
မည်သူမဆို အောင်မြင်ရသည်သာဖြစ်၏။ ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို မွှမ်းထုံ၍
သီလသမာဓိ ကြီးကြီးနှင့် ပွားသော် မည်သူမဆို၊ မည်မျှ ခက်ထန်ကြမ်းကြုတ်သော စစ်ပွဲ
ကြီးများမဆို ယုံယုံကြည်ကြည် လိုလိုလားလား စူးစူးစိုက်စိုက် ပွားလျှင် မိမိအစွမ်·ကိုပင်
မယုံကြည်နိုင်လောက်အောင် အာနိသင် ထက်မြက်လှသည်ကို သန္ဒိဋ္ဌိက တွေ့ရပေလိမ့်မည်။
ကြိုးစားကြပါလေ သူတော်ကောင်းတွေတို့။

မိုးညှင်းဆရာတော်သည် ဤသို့သော မေတ္တာနှင့် စစ်မှန်သောတရားဂုဏ်တို့ကြောင့်
မြန်မာပြည်အရပ်ရပ် တရားပွဲကြီးများ ခြိမ်ခြိမ့်သဲ ကျင်းပနိုင်ခဲ့၏။ ရောက်လေရာမြို့တိုင်း
တန်ခိုးကြီးဘုရားများ၊ သံဃာတော်ကြီးများအား ဖူးမြော်ခြင်း၊ ရဟန်းသံဃာတို့အား သင်္ကန်း

## PAGE 552


၈

ဓမ္မာစရိယ ဦးဌေးလှို

စသည် လှူဒါန်းခြင်း ပြုတော်မူလေ့ရှိ၏။ ၃၇ ဧကရှိ မိုးညှင်းတောရ၌ တံတိုင်းမီးတားနှင့်
ဘကွ သမ္ဗုဒ္ဓေစေတီ စသော ကျောင်းကန်ဘုရားများ ပြည့်ညပ်လျက် ဗဟိဒ္ဓရုပ်ဝတ္ထ
သာသနာလည်း စည်ပင်စေခဲ့သည်။

ကမ္ဘာစစ်ကြီးအတွင်း ဗုံးမှန်ခြင်း

၁၃ဝ၂ ခု (၁၉၄၁-ဇန်နဝါရီ) နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် အလှူခံရသည်။
ထိုနှစ် ဒီဇင်ဘာ ၂၃-ရက် (၁၃၀၃ ခု ပြာသိုလဆန်း ခုနစ်ရက် အင်္ဂါနေ့)
ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို ရန်ကုန်မြို့၌ ပထမဆုံး ခံရသည်။ မိုးညှင်းတောရတွင်
စစ်ခိုယောဂီများ နှစ်ထောင်ခန့်ရှိရာ-

“ဗုံးခိုကျင်း မတူးရ၊ တရားကိုသာ ကြပ်ကြပ်နှလုံးသွင်းရမည်။ ဒါမှ ဘုရားတပည့်
အရိယာသာဝက ဖြစ်မည်” ဟု သြဝါဒပေးကာ တရားဟောမြဲဟောလျက် ရှိခဲ့သည်။
သမ္ဗုဒ္ဓေစေတီကိုလည်း ဆက်လက်တည်နေ၏။ ဗုံးသုံးလုံးကျရာ လူတိုင်း မသိကြ။
သဲပုံအတွင်းသို့ ကျကာ ပေါက်ကွဲခြင်း မရှိခဲ့။ (ဆရာတော်၏ မေတ္တာနှင့်ဂျပန်စစ်ဘက် အရာရှိကြီး
တစ်ဦးအကြောင်း မေတ္တာဝါဒ စာအုပ်၌ ကြည့်ပါဦး။)

၁၃ဝ၇-ခု၊ ဝါခေါင်လဆုတ် ၁၀-ရက်၊ တနင်္ဂနွေနေ ့ (၂-၉-၄၅) တွင် ဒုတိယ
ကမ္ဘာစစ်ကြီး ပြီးငြိမ်းသည်။ စစ်ကြီးအတွင်း တစ်စတစ်စနှင့် မျက်စိနှစ်လုံး တိမ်သလာ
ဖုံးကွယ်ခဲ့၏။ “ငါ့မှာ တရားမျက်စိရှိပြီ။ ငါ့အတွက် မကြောင့်ကြကြနှင့်။ ကိုယ့်တရား
ကိုယ်အားထုတ်ကြ” ဟု နှစ်သိမ့်တော် မူလေသည်။

အင်္ဂလိပ် စစ်တပ်များ ပြန်ဝင်လာချိန် စစ်တပ်က မုံရွာမြို့အား အဝေးမှနေ၍
အမြောက်ပစ်ဖောက်ရာ ဆရာတော်ကြီး စင်္ကြံလျှောက်နေခိုက် တစ်ဟုန်တိုး စွပ်၍ မှန်၏။
မတ်တတ်က ထိုင်လျက်သား ပုံကျသွားသည်။ အနီးအနားရှိ အရာဝတ္ထုများ အားလုံး
စိစိညက်ညက် ကြေမွကုန်၏။ “ဆရာတော်တော့ ပျံတော်မူပါပြီ” ဟူသော သောကဖြင့် .
ဝိုင်းအုံလာကြရာ ဆရာတော်မှာ မည်သို ့မျှ မဖြစ်ချေ။ “ဆရာတော် ဗုံးပြီးသည်” ဟု ပြောဆို
ဝမ်းမြောက် ခဲ့ကြရ၏။ တရားသည် တရားစောင့်သူကို စောင့်မြဲပေတကား။

ဇရာ ဗျာဓိ

၁၃၀၉-ခုနှစ် ပြာသိုလ (၁၉၊ ၁၂၊ ၄၇) တွင် မျက်စိရောဂါကို ရန်ကုန်ဆေးရုံကြီး၌
ဒေါက်တာ ချန်တိတ်နှင့် ကုသခံတော်မူ၏။ အားငယ်နေသော တပည့်များကိုလည်
“ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း' ဟူသော လက်သုံးစကားဖြင့် နှစ်သိမ့်တော် မူလေသည်။
ဆေးရုံတက်ခိုက် လွတ်လပ်ရေး ကြေညာသော နေ့ထူးကြီး (၄၊ ၁၊ ၁၉၄၈) နှင့်
တိုက် ဆိုင်သဖြင့် စာပွဲတစ်ခုတွင် ရုပ်ပွားတစ်ဆူပင့်ဆောင်စေ၍ နံနက်သုံးနာရီမှ ထကာ
