## PAGE 553


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၉၉

ပန်းရေချမ်း ဆီမီးများ ကပ်လှူသည်။ ဇယမင်္ဂလာ ဂါထာများကို ရွတ်ဖတ်၍ နတ်များကို
တိုင်တည်ကာ “လွတ်လပ်ရေးကြီး နှစ်ပေါင်း ထောင်သောင်းမက တည်မြဲပါစေ' ဟု နှုတ်မှ
ရွတ်ကာ ဆုမွန်မေတ္တာ ပတ္ထနာ ကျူးတော်မူလေသည်။ မျက်စိတစ်ဖက် ကောင်းစွာ
အလင်းရတော်မူရာ တရားပွဲများ ယခင်ကကဲ့သို့ ဟောပြော ချီးမြှင့်တော်မူ၏။

၁၃၁၀-ခုနှစ် (၁၇၊ ၁၂၊ ၄၈) တွင် အဆုတ်ရောဂါဖြစ်၍ ဆေးရုံတွင် ငါးလကြာ
အကုသခံရပြန်သည်။ တစ်ဖန် ၁၃၁၅-ခုနှစ် (၃၊ ၆၊ ၅၃) တွင်လည်း တစ်ကြိမ်
အဆုတ်ရောဂါအကွက် ဆေးရုံတက်ရ၏။ သက်တော် ၈၁-နှစ် ရှိလေပြီ။ လုံ့ လ ဝီရိယကား
လျှော့တော် မမူသေး။

၁၃၂၆-ခုနှစ် သက်တော် ၉၃-နှစ် တော်သလင်းလောက်မှစ၍ “သဲကမ်းပြိုသို့၊
အိုတစ်ရွေ့ရွေ့ ၊ မီးနှယ်မွေ့ သော ခန္ဓာကိုယ်ကြီး၌ တစ်နေ့ထက် တစ်နေ့ ဇရာဖိစီး ဗျာဓိ
မီးခ, လေတော့သည်။ မည်သည့် အစာမျှ မဝင်။ ရေကိုသာ ငုံထွေးနေရသော အချိန်မှာပင်
ငါးပေကွာ ကုဋီသို့ ကြွလေသည်။

“ကိုယ့်အညစ်အကြေးကို ကိုယ့်ဘာသာ မသုတ်သင်နိုင်ပါမှ ဤခန္ဓာဝန်ကြီးကို
စွန့် ့ပရစေလို့ အဓိဋ္ဌာန် ထားသကွယ့်” ဟု မိန့်တော်မူ၍ ဝေဒနာကို ရှုတော်မူသည်။

ပျံလွန်တော်မူရာ အံ့ဖွယ်များ

တော်သလင်းလဆုတ် ရှစ်ရက်နေ့တွင်ကား တပည့်ကြီးများနှင့် ဆရာဝန်ကြီးများမှာ
အနား၌ စောင့်ကြည့်ရင်း ပဋ္ဌာန်းဒေသနာကိုသာ ရွတ်ဖတ်ပေးနေကြရတော့သည်။ “ခန္ဓာဝန်ကြီး
လေးလှပြီ။ မမေ့မလျော့ နေကြ” ဟု မိန့်တော်မူကာ ထိုနေ့ ညနေ ၆-နာရီ ၄-မိနစ်အချိန်
စုတိ ကမ္မဇရုပ် ချုပ်တော်မူသည်။ ချက်ချင်းပင် ငလျင်လှုပ်၏။ ကျိန်းစက်ရာ ကျောင်းတော်မှ
သက်တန့် (ဥဘာ) “ပျံ၏။ သံဝေဂ ဂီတိကို ရွတ်ဆိုသည့်နှယ် ကျေးငှက်များအားလုံး
ရုတ်ရုတ်သဲသဲ မြည်တွန်ကြ၏။ ထူးခြားလွန်းသည်မှာ ကောင်းကင်ထက်မှ ခရုသင်း၊
ကြေးစည်သံများ၊ ရေကင်းတီးသံများ ဆူညံနေခြင်းပင် ဖြစ်သည်။ (ဆရာတော်၏ ကျန်းမာရေးကို
ပြုစုရသူဒေါက်တာ သိန်းအောင်က “ဆရာတော်ကြီးသည် သူလာမည်၊ မလာမည်၊ မည်သို့
ပြုလုပ် ကုသမည်ကို ကြို၍ ကြို၍ သိနေကြောင်း' ပြောပြသည်ဟု မှတ်သားရဖူး
လေသည်။)

ဆရာတော်၏ ရုပ်ကလာပ်ကို တော်သလင်း လပြည့်ကျော် ၁၂-ရက်နေ့ ညနေ
လေးနာရီတွင် မဟာဗောဓိ အရိုးအိုးစေတီ၌ ထည့်သွင်း ပူဇော်ကြ၏။ စုတိကမ္မဇရုပ်
ချုပ်တော်မူသော နေ့တွင် ကျောင်းတွင်းရှိ ပန်းပင်များ အခါမဲ့ ပွင့်ဖူး၍ စံကျောင်းတော်သို့
ဦးညွတ်လျက် ရှိနေကြသည်။ သို့ရာတွင် ၄၅-နှစ်ရှိပြီ ဖြစ်သော ဗောဓိပင်ကြီးမှာမူ
ဆရာတော်ဘုရားကြီးနှင့် ဖွားဖက်သဖွယ် နေ့ချင်းပင် အရွက်များကြွေကျ၍ ခြောက်သွေ့
သွားသည်ကို အားလုံးပင် တအံ့တသြ တွေ့မြင်ကြရလေသည်။


## PAGE 554


ရာဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

မိုးညှင်းဆရာတော် ဘုရားကြီးသည် ကျမ်းကြီး ကျမ်းငယ် ၃၆-ကျမ်း အမွေထားတော်
မူခဲ့၍ သတ္တဝါတို့၏ အကျိုးကို ဆောင်တော်မူခဲ့၏။ ပဋိပတ် အလုပ်သည် တစ်ကိုယ်ကောင်း
မဟုတ်ရုံသာမက သတ္တဝါအများကို ကယ်တင်ရာ၌ အင်အား အကြီးမားဆုံးသော လက်နက်ကြီး
ဖြစ်ကြောင်း တရားတော်၏ သန္ဒိဋ္ဌိကဂုဏ်ကို ပြတော်မူခဲ့လေပြီတကား။

(အတ္ထုပ္ပတ္တိ အကျယ်ကို ့နေရင်း ဦးကောဝိဒ ဆရာတော် ရေး “မိုးညှင်းထေရာ
ပဒါန်” ၌ အကျယ်ရှုပါကုန်။)

မိုးညှင်းဆရာတော် ဘုရားကြီးကား သူ့ခေတ်တွင် ပြိုင်ဖက်မရှိ အောင်မြင်၏။
ကျော်ကြား၏။ ထိုသို့သော ပုဂ္ဂိုလ်ထူးကြီးများ၌ အောင်မြင်ကျော်ကြားမှုနှင့် အတူအတိုက်အခံ,
အနှောင့်အယှက်များလည်း တွဲ၍ ပါလာမြဲ ဖြစ်သည်။ ကံနည်းသူတို့ ငရဲကြီး ကြလေကုန်၏။

ဆရာတော်ဘုရားကြီး၏ တပည့်ကြီးများ စာရင်းကို မဟာဗောဓိ အရိုးဓာတ်စေတီ၌
စာရင်းရေးထိုး ထားသည်။ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးဣန္ဒြိယသည် ရန်ကုန်
`မိုးညှင်းတိုက်၌´ ဆရာတော်ဘုရားကြီး ကိုယ်တော်စား သက်တော် ၉၀-ကျော်ထိ ပဋိပတ္တိ
သာသနာပြုတော်မူသွား၏။

နိဗ္ဗာန်ကို ယခုဘဲရနိုင်တယ်

“ယခု အခါမှာ သတိပဋ္ဌာန် ဒေသနာတော်က ပြဆိုထားတဲ့အတိုင်း မပြတ် ရှုမှတ်
ခြင်းဖြင့် တစ်လနှစ်လခန့်မျှ အားထုတ်သူတွေ မဂ်, ဖိုလ်, နိဗ္ဗာန်ကို တွေ့မြင်သွားကြရတာ

များစွာပင် ရှိနေပါပြီ။”

-မဟာစည် ဆရာတော်။


## PAGE 555

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅ဝ၁

မော်လမြိုင်မြို့ ဝ သတိပဋ္ဌာန် ဆရာတော်

နိုင်ငံကျော် မိုးညှင်းဓမ္မကထိက ရွှေမင်းဝံ တောင်ရိုး မိုးညှင်းတိုက်ခွဲ ရွှေမင်းဝံ
ဦးကောသလ္လ ဆရာတော်ကား ၁၃၁၁-ခုနှစ်တွင် သတိပဋ္ဌာန် သာသနာပြုရန် မဟာစည်
ဆရာတော်နှင့်အတူ ရန်ကုန် ကြွလာ၏။ မကြာမီ ရန်ကုန်၌ပင် ရွှေမင်းဝံ သာသနာ့ရိပ်သာ
အမည်ဖြင့် သီးခြားတည်ထောင် သာသနာပြုသည်။

တပည့်ကြီးများ စာရင်းတွင် “ထိန်ကန်ဘုန်းတော်ကြီး ဦးပဏ္ဍဝ' ဟုလည်း ပါရှိရာ
ထိုပုဂ္ဂိုလ်ကား ပဋိပတ္တိ သာသနာ သမိုင်းတွင် ထူးခြားမှတ်သားလောက်ပေသည်။ ဦးပဏ္ဍဝ
လောင်းလျာကား မြင်းမူမြို့ မြောက်ဖက် ထိန်ကန်ရွာ ဦးဖိုးခေါင် ဒေါ်နုတို့မှ ၁၂၅၉-ခုနှစ်၊
တန်ခူးလဆန်း ၁၄-ရက်၊ ကြာသပတေးနေ့ ညနေ ၃-နာရီ အချိန်တွင် ဖွားမြင်ခဲ့၍
ငယ်မည် မောင်မိုးခေါ်သည်။ သက်တော် ၉၀-ကျော် ရာသက်ပန် ပဋိပတ္တိ သာသနာပြု
သွားသော ဆရာတော်ဖြစ်၏။

ဆရာတော်သည် ငယ်စဉ်က ထိန်ကန်ရွာ၊ မန္တ လေး မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်တို့၌
ပညာသင်ကြားပြီးနောက် မိုးညှင်းဆရာတော်ကြီးထံ တစ်နှစ်ခန့် နည်းခံအားထုတ်ခဲ့သည်။
ထိုနောက် မော်လမြိုင် တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးကာ လူဝတ်ကြောင်
ကမ္မဋ္ဌာန်း ဆရာထံ၌ တပည့်ဒကာ, ဒကာမများနှင့်အတူ သတိပဋ္ဌာန် တရားကို နည်းခံ
အားထုတ်၏။ ကမ္မဋ္ဌာန်း ဆရာကား သထုံ ဇေတဝန် ဆရာတော်ကြီး၏ တပည့်
မဲဆောက်ဆရာဦးမင်းဒင် ဖြစ်သည်။

စာတတ်ပေတတ် ကျောင်းထိုင် ဆရာတော်ကြီး တစ်ပါးက မိမိဆရာနည်းနှင့်
မတူသော ဂိုဏ်းတစ်ပါးက တရားနည်းကို လူဝတ်ကြောင်ထံ၌ နည်းခံအားထုတ်နိုင်သည်မှာ
သာမည စွန် ့စားခြင်း, သာမည သဒ္ဓါတရား မဟုတ်ပါချေ။ အမိန့်စာချွန်တော်ကို
စည်ဆော် မောင်းခတ်ကာ မင်းခယောက်ျားက ဖတ်သော်လည်း ထိုအမိန့်တော်သည် ဘုရင့်
အမိန့်တော်ပင် ဖြစ်သည်ဟု ခံယူတော်မူလေသည်။ သူတော်ကောင်း တရား၊ သို့မဟုတ်
သူတော်ကောင်း ပုဂ္ဂိုလ်တို့၌ အသွေးအရောင် မရှိချေ။ သို့သော် သူတော်ကောင်း တရား၊
သူတော်ကောင်း ဘဝကို ဘောင်ခတ်ကာ အမြင်ကျဉ်းမြောင်းသော ဂဏတူဘဝတူအချို့က
ထို အပြုအမူကို မနှစ်မြို့ နိုင်ကြချေ။

သို့ရာတွင် ဆရာတော် ဦးပဏ္ဍဝကား လူဆရာထံ၌ ကျနစွာ နည်းယူအားထုတ်ပြီး
တရားဌာန ဖွင့်ကာ သူကိုယ်တိုင်ပင် တရားပြတော် မူ၏။ နောက် ဇေတဝန် ဆရာတော်ကြီး
ထံ၌လည်း ထပ်မံ အားထုတ်တော်မူ၏။ ထိုအချိန်က မဟာစည် ဆရာတော် တွင်လတံ့သော
ဦးသောဘနလည်း ဇေတဝန် ဆရာတော်ကြီးထံ တရားအားထုတ်ပြီး တောင်ဝိုင်းကလေး၌
စာချနေ၏။ ဆရာတော်နှစ်ပါး မကြာခဏ တွေ့ဆုံနှီးနှောကာ သုဓမ္မာ ရွှေကျင်ဟု ဂိုဏ်း
ဂဏ အမြင် ရှိတော်မမူကြ။

