## PAGE 559


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅ဝ၅

ဒကာကြီး” ဆို၍ လေးတိုင်စင် ကျောင်းကလေးတစ်ဆောင် ဆောက်လှူရသည်။ ဆရာတော်ကမူ-
တစ်ဖက်ရပ် တဲကလေးဆောက်ရန်မျှသာ လိုလားတော် မူ၏။

ထို့နောက် တစ်စတစ်စနှင့် တပည့် ပရိသတ်များ များပြားလာရာ “အင်းမကြီး
တောရကျောင်း'ဟု လူသိများလာ၏။ ၁၂၆၃-ခုနှစ်တွင် ဘုရားစု ကျောက်ပြုတ်ကုန်းရွာမှ
ဦးဆက်ကလေးက အတောင်ခြောက်ဆယ်ရှိ ဂူနှင့်တွဲ၍ စင်္ကြံကျောင်းကြီး တစ်ဆောင်
ဆောက်လှူသည်။ အင်းမကြီး တောရကား တောင်သုံးလုံး ကာရံ၍ အင်းအိုင် ထူထပ်သဖြင့်
သမထဝိပဿနာ အလုပ်နှင့် ဟပ်၍ နေတော့သည်။

ဆရာတော်သည် ထို၌ သီတင်းသုံးခိုက် ၁၂၇ဝ-ပြည့်နှစ်တွင် ဦးဆက်ကလေးနှင့်
သဲတောမြို့ ဂူကြီးဒါယကာ ဦးသူတော်တို့က တောင်းပန်၍ “သံဝေဂကမ္မဋ္ဌာန်းကျမ်း' ကို
ပြုစုတော်မူခဲ့သည်။ ၁၂၇၄-ခုနှစ် ဝါခေါင်လ ကဝိမျက်မှန် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့သည်။
အာနာပါန ရှုပွားပုံကို ပဓာန ကမ္မဋ္ဌာန်းထား၍ ဗုဒ္ဓါနုဿတိ မေတ္တာ စသော စတုရာရက္ခ
ကမ္မဋ္ဌာန်းတို့ကို အားပေး တိုက်တွန်းစကားများဖြင့် ရေးသားထော်မူရာ စာမျက်နှာ ၁၈၈-
ရှိလေသည်။ .

သိမ်တောင်ဂိုဏ်း၏ သမိုင်းအစ

အင်းမကြီးဆရာတော်၏ တပည့်ကြီးဖြစ်၍ ဒုတိယ သိမ်တောင်ဆရာတော်ခေါ်
ဆည်ကြီးတောရ ဆရာတော်ဘုရားကြီး (ဦးဇဝန) ၏ တိုတိုထွာထွာ လက်ရေးမှတ်စုမှ
“တပည့်များ ဆုံးမရန်စာ" ဟု ခေါင်းစဉ် တပ်ထားသော ခဲလက်ရေးများကို ဖတ်ရှုရရာ
သိမ်တောင်ဂိုဏ်း၏ သမိုင်းအစကို သိမြင်ကြည်ညိုခွင့်ရ၍ ဝမ်းမြောက်ရပေသည်။ ထိတ်လန့်
အံ့သြဖွယ်များကိုလည်း တွေ့ရ၏။

(ဆရာတော်ဘုရားကြီး၏ လက်ရေးမူကို ဆရာတော်ကြီး၏တူမ သီလရှင် ဆရာကြီး
ထံမှ ရရှိပါသည်။ အဖွားလေးဟု ခေါ်ကြသော ဆရာကြီးမှာ ယခု မန္တလေးတောင်ပြင်
ထီးလင်းတိုက်၊ မိုးကုတ်ကျောင်းဇရပ်မှာ နေပါသည်။)

ဘုန်းကြီးတစ်ပါး ခေါင်းတစ်လုံး
“တပည့်များ ဆုံးမရန်စာ

[အင်းမကြီး ဆရာတော်ကြီး လေးတိုင်စင် ကျောင်းကလေးနှင့် နေစဉ် ပြိတ္တာမကြီး
လာ၍-

“ဒကာမကြီးလဲ ပြိတ္တာအလုပ် ဖြစ်ရာဘဝမှာလုပ်။ ငါလဲ ပြိတ္တာဘဝတုန်းက
ခြောက်ခဲ့ရတယ်။ ခု ရဟန်းဖြစ်တော့ ရဟန်းအလုပ် လုပ်ရမှာဘီ (ပထမ ည။)
အနောက်တောင်ထောင့်က မြွေကြီးလာ၊ ခေါင်းပေါ်က ပါးပျဉ်းထောင် နှာမှုတ်နေ၏။

## PAGE 560


၅ဝ၆

"

ဓမ္မာစရိယ ဦးဌေးလှိုင်

“သင်လဲ မြွေဖြစ်လို ့ မြွေအလုပ်လုပ်။ ငါလဲတောကျောင်း ဘုန်းကြီးဖြစ်တော့
ဘုန်းကြီးအလုပ်ပဲ လုပ်ရသည်။ မင်းအလိုရှိသလောက် နှာမှုတ်နေပေါ့” မိန့် ။ မြွေကြီးဆင်းသွား။
(ဒုတိယည။)

ဆည်ကြီးဆရာတော် ဦးဇဝနသည် ကလောတွင် ပျံလွန်သူ ဦးကေသရ ရသေ့ဝတ်
နှင့်အတူ သေက္ချတောင် ဦးတိလောကထံ တရားနည်းခံအပြီး အင်းမကြီးပြန်။ အတောင်
ခြောက်ဆယ် စင်္ကြံကြီး အပေါ်မှာ အခန်းပိတ် ကြိုးစား။

ဆရာတော်ကား “အထက် ဇောတိက၊ အောက် တိလောက' ဟု ကြုံးဝါးပြီး
လုပ်သည်။ ဘုရားအနောက်ဘက်က စင်္ကြံကလေးတွင် ဦးကေသရက ကိုရင်ဝတ်နှင့် ဆရာ
တပည့် အသက်စွန့် လုပ်ကြသည်။ ထို့နောက် စင်္ကြံကထွက်၍ လယ်တီဆရာတော် မြင်းခြံ
ဝါဆိုသော နှစ်တွင် တရားစစ်ခံ သွားကြရာ-

“ဆရာ၊ သာသနာတော်ကြီးကို ပစ်ထားလို ့ မတော်ဘူး။ တရားဟော၍ ကမ္မဋ္ဌာန်း
များ ပေးပါ” မိန့်၍ တစ်စတစ်စ ကမ္မဋ္ဌာန်းပေး။ ဆယ်ပါးထက် ပို၍ မထား။ တင်းတင်း
ကျပ်ကျပ် ခိုင်းသည်။

ညနေ ငါးနာရီ ရေခပ်။ ဘုရားပန်း ရေ မီးလှူ၊ ၆-နာရီ ဝတ်တက်။ ပြီးလျှင် စာအံ။
၉-နာရီ ထိုးပြီး ဘုရားရှေ့မှာ တညီတညွတ်တည်း သုသာန် ဓုတင်ဆောက်တည်၍
သုသာန်သွား။ နံနက်လေးနာရီမထိုးမီ သုသာန်က ခေါင်းများကို ထမ်းခဲ့ကြ၍ ငါးနာရီ
ဆန်ပြုတ်သောက်။ စာတက်-ဆွမ်းခံ။ နေ့တစ်နာရီ ကျိန်း၊ စာတက် စာအံ ပန်းရေချမ်းကပ်၊
တံမြက်လှည်း အမြဲအားထုတ်ကြရသည်။

“ခေါင်းတစ်လုံး ကျောင်းတစ်ကျောင်း' သတ်မှတ်၍ နေကြရသည်။ ဆရာဆုံးမ
သည့် အတိုင်း ခေါင်းကျောင်းနှင့်နေ၍ ကိလေသာကို တိုက်ကြရသည်။

ထို့နောက် ဆရာကြီး ဦးမှင်ခဲ၊ အမိန့်တော်ရ ဦးဖိုးလှဲ၊ ကျောင်းဒကာ ဦးဖိုးကာ၊
ဒေါ်စီပုတို့ပင့်၍ လိမ်ပင် ရေလယ်ကျောင်း ကြွကြရ၏။ တရားဟော၊ နှစ်ည၊ နံနက်စောစော
ညောင်ပင်ရွာက စာသင် (ဆာဂျင်) ဦးပဉ္စင်းကြီးနှင့်အတူ သုံးပါး သိမ်တောင်သိမ်ကို
လာကြည့်။ ချုံများ ပိတ်နေ။ ဆူးလေပေါ၏။

နောက် ဦးဇဝနသည် ရန်ကုန် လယ်တီဆရာတော့်ထံ တရားနာပြီး ဦးတိလောကထံ
တရားသွားအားထုတ်။ ဝါကျွတ်လျှင် သထုံသို့ကြွ၍ တောင်ဝိုင်းကြီး တောရ၌ နေစဉ်
ဆရာတော်က “တန်ဆောင်မုန်းလပြည့်နေ့က သိမ်တောင်နေရာသို့ ရောက်လာပြီ ဖြစ်၍
ပြန်ခဲ့ရန်’ မှာသဖြင့် ပြန်လာရ၏။ မေတ္တာလုပ်နည်းကို အထူးဟောပြော ပြသသည်။]
(မေတ္တာလုပ်နည်း “ဆည်ကြီး တောရ ဆရာတော်' အခန်းကျမှ ပြမည်။)
ထိုမှတ်တမ်းစာမှာ ဤမျှသာ ရှိ၏။ ရှေ့ဆက်ပြီး ရေးရန် ကြံရွယ်သော်လည်း
မရေးဖြစ်။ အခြားအကြောင်းများကိုသာ မှတ်စု၌ ဖတ်ရသည်။

☑..

4


## PAGE 561

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၇

အရေးအပြော အင်အား အကဲဖြတ်နည်း

အင်း၊မကြီး ဆရာတော်ကား ပရိယတ်၊ ပဋိပတ် ဘက်စုံသကဲ့သို့ အရေးနှင့် အဟော
အပြောလည်း နာမည်ကြီးလှသည်။ ၁၂၆၉-ခုနှစ်တွင် အင်းမကြီး တောရမှ ယခုရှိသော
သိမ်တောင် တောရဌာနသို့ ရွှေ့ပြောင်း၏။ ဤနေရာကား ရှေးက ရဟန္တာသိမ်တော် နေရာ
ဖြစ်သည်ဆို၏။ “သိမ်တောင်မှာ စိန်ရောင် တောက်သည်” ဟု တစ်ဘောင်ကိန်း စကား
ဆိုကြသည်။

“ထိုထွက်သက်ဝင်သက်ဟု ဆိုအပ်သော ရုပ်ကို အထွက်တစ်ချက် အဝင်တစ်ချက်
ဝိပဿနာ ဖမ်းရမည်။ ဖမ်းပုံကား ထွက်သောအခါ အပျက်တစ်ချက်၊ ဝင်သောအခါ
အပျက်တစ်ချက် ထင်အောင် ရှုရမည်။ ဤကား အနိစ္စတည်း။ (ဒုက္ခ အနတ္တ
တို့မှာ လွယ်လတ္တံ့။)

“ထို ထွက်သက်လေ ဝင်သက်လေ နှစ်ပါးကိုမှတ်သော၊ အာရုံပြုသော စိတ်
သည် နာမ်မည်၏။ ထိုနာမ်ကိုလည်း အထွက်တစ်ချက် အဝင်တစ်ချက်
“အပျက်အနိစ္စ” ထင်အောင် ရှုလေ။

“ကမ္မဋ္ဌာန်း လေးဆယ်ရှိသည်တွင် ဤအာနာပါနဿတိကမ္မဋ္ဌာန်းသည်
အစဉ်စွဲမြဲပွားများခြင်းငှာ အလွယ်ဆုံးဖြစ်၏။ အလွယ်ဆုံး ဆိုသော်လည်း
အားထုတ်ဖန် များ၍ လေ့လာသော သူမှာသာ လွယ်သည်၊ အားမထုတ်သော
သူတို့မှာ မလွယ်နိုင်လေ။ ထို့ကြောင့်-

“ပညာရှိတို့က အာနာပါနကမ္မဋ္ဌာန်းသည် အလုပ်ရလွယ်၏ ဟု ဆိုသောအခါ
ခက်၏ဟု စိတ်ရောကိုယ်ပါ မငြင်းဆန်ဘဲ ယုံယုံကြည်ကြည် စိတ်ရောကိုယ်ပါ
လိုက်ပါနိုင်အောင် ကြပ်ကြပ် အားထုတ်ကြလေ။

“မြတ်စွာ ဘုရားကလည်း တခြားသော ကမ္မဋ္ဌာန်းတို့ထက် ထွတ်မြတ်
သာလွန်သော ဂုဏ်ပုဒ်တို့ဖြင့် များစွာ ချီးမွမ်းတော်မူ၏။ အဋ္ဌကထာ ဆရာမြတ်ကြီး
တို့သည်လည်း “မဟာပုရိသဘူမိ” ဟု မိန့်တော်မူကြကုန်၏။ လူသာမန်
ရှင်သာမန် တို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းမဟုတ်။ လူပညာရှိကြီး၊ ရှင်ပညာရှိကြီး၊
ရဟန်းပညာရှိကြီး တို ့နှင့်သာ ထိုက်တန်သော ကမ္မဋ္ဌာန်း ဟူလို။ ထို့ကြောင့်-

“လူပညာရှိပီပီ၊ ရှင်ပညာရှိပီပီ၊ ရဟန်းပညာရှိပီပီ ဖြစ်ကြရလေအောင်
များစွာ အားထုတ်ကြရမည်။ အားမထုတ်ခဲ့က လူသာမန်၊ ရှင်သာမန်၊ ရဟန်း
သာမန်ထဲသို့ ကျ၍နေလိမ့်မည်။ အလွန်ရှက်ဖွယ် ကောင်း၏။ သတိကြပ်ကြပ်
ထားကြ ပညာရှိ အပေါင်း သူတော်ကောင်းတို့။”

ဤကား “သံဝေဂကမ္မဋ္ဌာန်းကျမ်းမှ’ ရေးသားချက် နမူနာဖြစ်၏။ အာနာပါန
ကမ္မဋ္ဌာန်းအပေါ် မည်မျှ သဘောပေါက် ထားကြောင်း ရေးသားရာ၌ မည်သို့သော အရှိန်အဝါ
အင်အားများ ပါဝင်ကြောင်း အကဲဖြတ်ရန် ဖြစ်၏။ စာဖတ်သူယောဂီအတွက်လည်း


1
