## PAGE 565

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၁၁

ထို့နောက် အနီးအပါးရှိ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့်တကွ နတ်ဗြဟ္မာများ တစ်သုတ်ပြီး
တစ်သုတ် လာရောက် ဖူးမျှော်ကြသည်မှာ ကြည့်၍ မဆုံးနိုင်အောင် ရှိတော့သည်။

ကိုယ်စိတ်နှစ်ပါးလုံး ထူးထူးခြားခြား ငြိမ်းချမ်း၍ လန်းဆန်း ကြည်လင်စွာဖြင့်
စကြဝဠာ ကမ္ဘာ လောကဓာတ်ကြီးကို လှမ်းမျှော်၍ ကြည့်တော်မူရာ အထက်ဘဝဂ်
အောက်အဝီစိ ရှိရှိသမျှ ငရဲပြည် လူ ့ပြည့် နတ်ပြည် ဗြဟ္မာ့ပြည် အားလုံးကို ဒိုးယိုထုတ်ချင်း
ဟင်းလင်းအပြင် အကုန်စင်ကြီး တွေ့မြင်တော်မူရလေ၏။ သတ္တလောက သင်္ခါရ လောက
ဩကာသလောက လောကကြီး သုံးပါးလုံးကိုလည်း အနုစိတ် ဝင်စား သုံးသပ်တော်
မူနိုင်လေသည်။

ထို့နောက် မိမိဘဝကို ဆင်ခြင် စဉ်းစားနေမိ၏

11

မြင်းခြံမြို့ တောင်လက် စွန်းလွန်းရွာ ဦးသန့်-ဒေါ်တုတ်တို့မှ ၁၂၃၉-ခုနှစ် တပေါင်း
လဆန်း နှစ်ရက် တနင်္လာနေ့ နံနက် လေးချက် မတီးမီ ဖွားမြင်။

မြင်းခြံမင်းကျောင်း ဆရာတော်ထံ စာသင်သော်လည်း စာမတတ်သဖြင့် ၁၅-
နှစ်သားတွင် ကျောင်းမှထွက်။

ဖခင်နှင့်အတူ အရေးပိုင်ရုံးတွင် ယပ် လေကြိုး ဆွဲရသော မင်းစေအလုပ်။
အသက် ၃၀ တွင် အလုပ်မှထွက်၍ တောင်ယာ လုပ်ကိုင်စား...

အသိဉာဏ် လွန်စွာ ချို့ငဲ့လှသောမိမိ၏ လက်ရှိဘဝနှင့် အတုမရှိ မြင့်မြတ်လှသော
အရဟတ္တဖိုလ်ဆုကြီးကို အပြီးတိုင် ရတော်မူခြင်း၏ ရှေ့ဖြစ်နောက်ဟောင်း အကြောင်းများကို
ဆက်လက် ဝင်စားကာ ကြည့်ရှုတော်မူ၏။

ဦးကဝိ အရှင်မြတ်ကြီး ရရှိတော်မူသော အရဟတ္တဖလ အာသဝက္ခယဉာဏ်
တော်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်နှစ်ပါးနှင့် အတူ ပု-ဒိ-အာ ဟူသော
ဝိဇ္ဇာ သုံးပါးလုံး ရတော်မူသဖြင့် “တေဝိဇ္ဇ ရဟန္တာ” ဟုပင် ဆိုရပေမည်။

“အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့၍ ဤသို့ တရားထူး ရလေသနည်း”
ဟု ဆင်ခြင်တော်မူသောအခါ ကဿပဘုရားရှင် လက်ထက်တော်က မိမိပြုခဲ့ဖူးသော
ကောင်းမှုကို ဤသို့ မြင်တော်မူလေ၏။

ဦးကဝိ ထေရာပဒါန်

တသန္ဓေန္ဓေ တပေလျဉ်းလျဉ်း တညှဉ်းဆိုးဆိုး အမျိုးမျိုး အဖုံဖုံ သက်တုံတက်တုံ
ဆူကြုံနိမ့်မြင့် တဖြင့်တစ်ပါး ဆုံလည်နွားသို့ ပြေးသွားကျင်လည် ခဲ့ရသော ဘဝသံသရာ
တစ်ခွင်၌ အမျှင်မပြတ် လူနတ် တိရစ္ဆာန် နောက်ကြောင်းလှန်၍ ပြန်ကြည့်မဆုံးအောင်
ရှိနေတော့၏။

ထိုဘဝများစွာတွင် ယခုအခါ တရားထူး ရခြင်း၏ အကြောင်းရင်း ဥပနိဿယ
ကုသိုလ်ကံ ထောက်မပုံကို ဆင်ခြင်တော်မူရာ ကဿပဘုရားလက်ထက်၌ ကျေးသား
(ကြက်တူရွေး) ဖြစ်ခဲ့သည်ကို မြင်တော်မူ၏။ - ထိုကျေးသားမှာ ဘုရားရှင်အား လွန်စွာ


## PAGE 566

၅၁၂


ဓမ္မာစရိယ ဦးဌေးလှိုင်

ကြည်ညိုလှသဖြင့် အတောင်ပံ နှစ်ဖက် ထိပ်မှာယှက်၍ နှစ်သက်ကြည်နူး `သစ်သီးဆွမ်း
လှူခဲ့ဖူးသည်ကို မြင်တော်မူ၏။ ထိုကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည်တို့၌ လောကီ
စည်းစိမ်များ သူမတူအောင် ခံစားရသည့် ဘဝများကိုလည်း မြင်တော်မူ၏။

ထိုမှနောက် ဘဝတစ်ခုတွင်ကား တက္ကသိုလ်ပြည်၌ လွန်စွာထင်ရှားသော သမားတော်ကြီး
တစ်ဦးဖြစ်ခဲ့ဖူးရာ ဆေးပညာဖြင့် သတ္တဝါတို့အား ကယ်မခဲ့ရဖူးသည်ကို တွေ့ ရပြန်၏။
“ထိုဘဝက တွေ့ကြုံ ဆက်ဆံခဲ့ဖူးသူတိုင်း ယခုအခါ ငါ့ထံသို့ လာရောက်၍ ကိလေသာရောဂါ
ကင်းဝေးအောင် တရားတည်းဟူသော ဆေးကို စားသုံးကြလိမ့်မည်” ဟုလည်းမြင်တော်မူ၏။
(ယခု ဆရာတော်၏ ဝေနေယျများလည်း ဆေးဆရာကြီးဘဝတုန်းက ဝေနေယျများ
ဖြစ်ဟန်တူ၏။)

၅၅၀-ဇာတ်တော် ဇာတ်ပေါင်းခန်းများကို သတိပြုဖွယ် ဖြစ်၏။ ဉာဏ်မမီသူတို့က
၅၅၀-ကို ဒဏ္ဍာရီ ပုံပြင်ပမာ ပေါ့ပေါ့ဆဆ ထင်မှတ်တတ်ကြရာ ပညာဦးစီးသော
သဒ္ဓါတရားကို မွေးမြူကြရာ၏။

အလုပ်ခွင်၌ ငြင်းဆန်ရုန်းကန်နေသော သတ္တဝါတို့ကို စည်းရုံးချေချွတ်ရာ၌
ဗုဒ္ဓရှင်တော်မြတ်၏ ၅၅၀-ဇာတ်များသည် အဘိုးကမြေးကို ပြောပြသော ပုံပြင်မျိုးမဟုတ်။
တစ်ချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ပုဗ္ဗေနိဝါသ အဘိညာဉ်ဉာဏ်ဖြင့်
ဇာတ်ကြောင်းလှန်၍ ပြတော်မူခြင်းသာ ဖြစ်ကြောင်း ဦးကဝိက ထောက်ပြလေပြီ။

ဂေါတမ မြတ်စွာဘုရား သာသနာခေတ်တွင် သုဝဏ္ဏဘူမိသထုံပြည်၌ မနုဟာမင်းကြီး၏
ဆရာ ဘားမဲ့ဆရာတော် ဘဝလည်း တစ်ဘဝ ဖြစ်ခဲ့ရဖူးကြောင်း တွေ့မြင်တော်မူ၏။
ယခုဘဝ မိခင်လောင်း ဒေါ်တုတ်၏ ဝမ်းကြာတိုက်၌ ဆိုက်ရောက်ကိန်းဝပ်မည်
ရှိစဉ် ဖခင်ကြီး ဦးသန့်၌ အိပ်မက်မြင်၏။

"

ရည်ရည်မွန်မွန် လူတစ်ယောက်က “ဤအိမ်၌ လာ၍ နေပါရစေ” ဟု ပြောရာ
“ဆင်းရဲလွန်း၍ မနေချင်ပါနှင့်” ဟု ပြောသည်ကို မရ၍ လက်ခံရသည်ဟု ဦးသန့်က
ပြောခဲ့ဖူး၏။ ထို့ကြောင့် “မောင်ကျော်ဒင်” ဟူသော အမည်ဖြင့် အသိဉာဏ်ရော ဥစ္စာပါ•
ဆင်းရဲ ငြိုငြင်စွာ အသက်ရှည်ခဲ့ရရှာ၏။ ကျင်လည်ခဲ့ရသော ဘဝများမှာလည်း အများအားဖြင့်
အဟိတ်တိရစ္ဆာန်ဘဝသာလျှင် များပြားခဲ့သဖြင့် ပစ္ဆိမဘဝိက (နောက်ဆုံး) ရဟန္တာ
ဖြစ်တော်မူရသည့် ယခုဘဝ၌ပင် အသိဉာဏ် ပညာ အားနည်းတော် မူရ၏။ “ဘဝငါးရာတွင်
လူအဖြစ် နှစ်ဘဝသာ ရခဲ့သည်” ဟု ဟောတော်မူဖူးသည်။ လူ ့ဘဝကို အဘယ်မျှ
ရခဲကြောင်း သတိပြုကြရာ၏။

ဗုဒ္ဓစာပေ၌ “ထေရာပဒါန ပါဠိတော် လာ မထေရ်ကြီးများ “မည်သည့် မည်သည့်
ဘဝက မည်သို့ မည်သို့သော ကောင်းမှုကို ပြုခဲ့၍ လူ့ပြည် နတ်ပြည်၌ မည်သို့
ခံစားခဲ့ကြရပုံ၊ ဤဘုရားရှင် သာသနာတော်၌ မည်သို့သော တရားထူးများကို ရခဲ့ကြပုံ”
အသီးသီး ပြန်လည်၍ ဟောတော်မူထားကြသည့် ထုံးစံရှိပေရာ ဤဖြစ်ရပ်များသည်လည်း
“ဦးကဝိထေရာပဒါန်” ပင် ဖြစ်လေတော့သည်။

## PAGE 567

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၁၃

ဂိုဏ်းဆရာ၏ တဘောင်စကား

ဦးကဝိလောင်းလျာ “မောင်ကျော်ဒင်” သည် ဆင်းရဲငြိုငြင်စွာ မင်းစေဘဝ ဝမ်းကျောင်း
ခဲ့ရစဉ် အချိန်တန် အရွယ်ရောက်သောအခါ တစ်ရွာတည်းနေ “မရွှေရည်” ဆိုသူ အမျိုးသမီး
တစ်ဦးနှင့် သင့်မြတ်၍ သားသမီး ငါးယောက် ထွန်းကားခဲ့၏။ လေးဦးမှာ ငယ်စဉ်ကပင်
ကွယ်လွန်ခဲ့ကြရာ ကိုရှိန်ခေါ် ကိုကံညွန် ့ တစ်ဦးသာလျှင် ရှိသည်။ အသက် ၃၀-တွင်
လခစား အလုပ်မှ ထွက်ခဲ့ပြီးနောက် မိဘလက်ငုတ် တောင်ယာ အလုပ်ဖြင့် အသက်မွေးရ၏ ။

ကိုကျော်ဒင်မှ ဦးကျော်ဒင် ဖြစ်ကာ ဘဝဖြစ်စဉ်မှာလည်း တက်သုတ်နှင်၍ လာတော့၏။
ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်ထူးကြီးများ : အနီးအပါးတွင် ဒေဝီလ,ကောဏ္ဍည စသော
လောကီဆရာကြီးများ ကပ်မြှောင်၍ ရှိနေတတ်ကြသကဲ့သို့ ဦးကျော်ဒင်၏ အနီးအပါးတွင်လည်း
သူငယ်ချင်း တစ်ဦး ဖြစ်သူ ဦးစံတင်မှာ ကောဏ္ဍညပင် ဖြစ်၏။ ဦးစံတင်အား ‘သမာဓိမှော်
အောင်သူ” ဟု ပြောသူက ပြော၍ “ရံခါ ကမ္ဘာစောင့်နတ်ကြီးများ ပူးကပ်ခံရသူ” ဟု ဆိုသူက´
ဆိုကြလေသည်။

လောကီနှင့် လောကုတ္တရာသည် ခွဲ၍မရသကဲ့သို့ ထိုမမြင်ရသော ဖြစ်ရပ်ဆန်းများ
ကလည်း ပုဂ္ဂိုလ်ထူးများ အနီးအပါးတွင် ကပ်ဝင်လာတတ်ပေသည်။

တစ်နေ့တွင် ဦးကျော်ဒင်အိမ်သို့ ဦးစံတင် ရောက်လာ၏။ ခရီး ရောက်မဆိုက်
ဦးစံတင်က အောက်ပါတဘောင်ကို ရွတ်ပြသည်။

66

“တစ်လိမ် နှစ်လိမ် လိမ်လို ရှုပ်၊ အမယ်ဗုဓ်ကဲ့ သူ့ချည်ခင်၊
ဘယ်သူငင်မှ သည်ရှုပ်ထွေး၊ ရှင်းနိုင်ပါ့မလေး”

“ချည်ခင်ကြို ချည်ခင်ကြား၊ လွန်းကလေးနဲ့ သွား။ ဘုရား
ငုတ်တို ရောင်တော်လွှတ်ပါလို ့၊ ပုံတော်ဝတ်တဲ့ မခွေးရယ်၊
အနား စိမ်းရောင်ခြယ်၊ အလယ်ပြာ ဘောင်ကွက်နဲ့ ၊ လက်ခတ်သံ
ကျွန်းဖိုသား၊ သောင်းတိုက်က ကြား။”

ဦးစံတင်သည် တဘောင်ကိုရွတ်ပြပြီး အဓိပ္ပာယ်ကိုပါ ဆက်၍ ရှင်းပြနေသဖြင့်
ဦးကျော်ဒင်မှာ ဘုမသိ ဘမသိ နားထောင်ရင်း အင်း.....လိုက်နေရပြန်၏။

“အမယ်ဗုဓ် ချည်ခင်ဟာ ဘယ်လောက်ပဲရှုပ်ရှုပ်၊ ရက်ကန်းစင်ကျရင် ရှင်းသွားတာပဲ
ကိုကျော်ဒင်ရဲ့။ အမယ်ဗုဓ်ခေါ်တဲ့ ဒီဘုရားရှင် လက်ထက်မှာ အဝိဇ္ဇာချည်ခင် ရှုပ်ကြီးကို
သတိပဋ္ဌာန် ရက်ကန်းစင်မှာ သတိလွန်း တစ်လုံးတည်းနဲ့ပဲ ကိုကျော်ဒင် ခင်ဗျား
ရှင်းရလိမ့်မယ်ဗျာ။

“အဲဒီအခါမှာ စွန်းလွန်းရွာ တောင်ဘက်မှာ တကယ့်ရက်ကန်းစင်လဲပေါ်လိမ့်မယ်
ရက်ကန်းစင်ပေါ်တဲ့ ကျွန်းဖိုကုန်းမှာ ခင်ဗျား သာသနာပြုရလိမ့်မယ်။ သာသနာ ပြုတဲ့အခါ
ကျွန်းတိုင်နှစ်လုံးလဲ ပါလိမ့်မယ်။ “ဘုရားငုတ်တို ရောင်တော်လွှတ်” ဆိုတာက ပဋိပတ္တိ
သာသနာတော်ကြီး ငုတ်တိုနေခဲ့တာ ပြန်ပေါ်လာတော့မယ်လို ့ ဆိုလိုတာပဲဗျ။ အဲဒီတော့

