## PAGE 568


ဓမ္မာစရိယ ဦးဌေးလှိုင်

ကိုကျော်ဒင် ခင်ဗျားရဲ့ တရားလက်ခတ်သံကို တစ်နိုင်ငံလုံး ၃၁-ဘုံလုံးက ကြားလာရမှာ”
ဟု ဆက်တိုက် မမောနိုင် မပန်းနိုင် ပြောလျက်ရှိရာ....

“မွန်းစံတင်…...တော်စမ်းပါကွာ၊ တောက်တီးတောက်တဲ့တွေ ပြောမနေစမ်းပါနဲ့”

ဟု ္ဦးကျော်ဒင်က မကြားလိုဟန် ပြောလိုက်သောအခါ ….
“ခင်ဗျား စောင့်ကြည့်သေးတာပေါ့” ဟု ပြောလိုက်၏။

အမှောင်ခွင်းမည့် ဆီမီးတစ်ထောင်

ဦးကျော်ဒင်နှင့် မရွှေရည်တို့သည် ထိုနှစ်တွင် အထိုက်အလျောက် သောင်သာသဖြင့်
ယာတစ်ကွက်ကိုပင် ဝယ်ယူကာ ဇနီးမောင်နှံ ယာရှင်း ခုတ်ထွင်နေကြရာ-

“ရှင် ရွှေရည်ရေ၊ တို့ဒီနှစ် ဒီယာထဲမှာ နှမ်းကြဲကြရင် ကောင်းမယ်။ နှမ်း အတင်း
ငါးဆယ်သာ ထွက်ပစေ၊ ဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ရအောင်ဟေ့” ဟု ဦးကျော်ဒင်က
ပေါက်ပြား ကိုင်၍ နားရင်း ပြောလိုက်၏။

“ငါးဆယ် မရပါနဲ့ဦးတော်၊ လေးဆယ်ပဲရရ၊ ဆီမီး ပူဇော်ရတာပ” ဟု မရွှေရည်က
သစ်မြစ်သစ်မှိုက် ကောက်ရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။

“အေး-ကောင်းသဟေ့၊ ကတိ မဖျက်တမ်းနော်” ဟု ဦးကျော်ဒင်က ပြောဆိုကာ
အတန်ငယ် စကားရပ်၍ စိတ်ကူးဖြင့် အလှူပေးကြည့်လျက်-

“ရှေးကလို အတီးအမှုတ်တွေနဲ့ ငါ မသွားချင်ဘူးကွာ၊ ကလေးမတွေ လက်ဝတ်လက်စား
ပျောက်နေရင် တို့တာဝန် ဖြစ်နေဦးမယ်၊ ရိုးရိုးပဲ သွားကြမယ်” ဟု မမောနိုင် မပန်းနိုင်
တောင်ယာခုတ်ရင်း စိတ်ကူးအလှူ ပေးနေမိကြ၏။

မိုးကျ၍ နှမ်းများကြဲကြရာ မိုးခေါင်နေသဖြင့် နှမ်းပင်များ သေလုသေခင် ဖြစ်သွား၏။
ကျန် ယာနီးချင်း အခင်းများ အားလုံး သေကုန်ကြ၏။ ဦးကျော်ဒင်၏ နှမ်းခင်းမှာမူ မသေမီ
မိုးရ၍ ထူးထူးခြားခြား နှမ်းများ ရခဲ့သည်။ မရွှေရည် တောင့်တသည့်အတိုင်း အတင်းလေးဆယ်
တိတိ တစ်လက်ဆွမ်းမျှ မပိုမလို ရှိလေ၏။

-

ထိုနှစ် ၁၂၈၁-ခု သီတင်းကျွတ် လပြည့်နေ့တွင် ဘုရား တရား သံဃာအား ဆီသုံး
ပိဿာစီ လှူ၍ ပရိတ်တရား နာကြားကြ၏။ ထိုနှစ်တွင် စီးပွားလည်းတက်၊ ဒေါ်ရွှေရည်
မှန်းချက်နှင့် နှမ်းထွက်ကလည်း ကိုက်ညီ၍ ဒေါ်ရွှေရည်လည်း ပရိတ်နာ လာသူများအား
ဆေး၊ ကွမ်း၊ လက်ဖက်ဖြင့် ဧည့်ခံရသည်ကို မမောနိုင်အောင် ရှိတော့သည်။

ထိုနေ့ နေဝင်သည်နှင့်တစ်ပြိုင်နက် ရွာ၏ အရှေ့တောင်ဘက်ရှိ စေတီတော်သို့
သွားကာ ဆီမီးပူဇော်ကြသည်။ ဦးကျော်ဒင်ကား စေတီအပါးမှ မခွာ။ ဆီမီးတောက်များကို
တစိမ့်စိမ့်ကြည့်ရင်း ပီတိဖြစ်နေ၏။ ဆီမီးခွက်ထဲမှ မီးစာအဖျားမှာ မည်း၍မည်း၍ လာ၏။
ဆီမီးအညွန့် ကလေးများက အဆက်မပြတ် တဖျပ်ဖျပ် တလျှပ်လျှပ် တက်၍ တက်၍
လာ၏။ ဆီများ ဆူဝေ၍ ပွက်လာ၏။ အချို့ မီးခွက်များ မီးစာကုန် ဆီခန်း၍ ငြိမ်းသွား၏။


## PAGE 569


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၁၅

ဦးကျော်ဒင်သည် တစိမ့်စိမ့်ကြည့်ရင်းက မီးပူကြောင့် ဆူဝေကာ တဖျစ်ဖျစ်မြည်သော
အသံနှင့် ဆီမီးခွက်များ၏ တောက်လောင်ချုပ်ငြိမ်းမှုများက သူ့အား တဖြိုးဖြိုး တဖြန်းဖြန်းနှင့်
ကြက်သီးမွေးညင်း ထစေ၏။

နေကမင်းကြီးနှင့် ကံရဏ္ဍကမင်းကြီးတို့အား အပွင့်အသီးကြောင့် ခက်ရွက် ကျိုးရသော
သစ်ပင်များက တောထွက်ရန် တရားဟောပြနေသကဲ့သို့ ဆီမီးခွက် များကလည်း ဦးကျော်ဒင်
အား အဘယ်သို့သော တရားကို ဟောပြလိုက်သည်မသိ။ ဦးကျော်ဒင်ကား ချက်ချင်း
ထိုင်ကာ ဘုရားကို လက်အုပ်ချီ၍ ဆုတောင်းလိုက်တော့သည်။

“ယခုနေသာ ငါဆုတောင်းရရင် ဧကန္တ တောင်းတိုင်းရမှာဘဲ” ဟုလည်း ပီတိ
အဟုန်ဖြင့် ယုံကြည်စိတ်ဝင်ကာ-

“ဤသို့ အလင်းရောင် ဆီမီးအလှူကြောင့် အကျွန်ုပ်သည် ရဟန်းဖြစ်ရပါလို၏။
ရဟန်းဖြစ်သောအခါ အကျွန်ုပ် တရားဟောပြော ဆုံးမသည့်အတိုင်း သတ္တဝါတွေ ကျင့်ကြံနိုင်
ကြပါစေ” ဟု စိတ်အကြံ ပေါ်လာသည့် အတိုင် ဆုတောင်းလိုက်သည်။

ဆုတောင်းပြီးသွားသော်လည်း စိတ်ထဲတွင် “ငါ ဘယ်လိုလုပ် တရားဟောနိုင် မတုံး၊
စာမှမတတ်ဘဲ” ဟူသော မိမိ တောင့်တချက်ကို အနုတ်လက္ခဏာ ပြသည့် နောင်တပူပန်မှုက
ဝင်လာပြန်၏။

“စာတတ်မှသာ တရားဟောနိုင်မည်' ဟု ထင်နေသောကြောင့် ဖြစ်သည်။ တိုးတက်အောင်
လုပ်နိုင်သည်မှာလည်း ထိုစိတ်ပင် ဖြစ်၍ နိမ့်ကျစေနိုင်သည်မှာလည်း ထိုစိတ်ပင်တည်း။
မည်သို့ ဖြစ်စေ ဆီမီးတစ်ထောင် အလင်းက အမှောင်ခွင်းလေပြီ။

မသေသော တရား ရှာသင့်ပြီ

“ပစ္စည်းဥစ္စာတက်ရင် လူသေတတ်တယ်” ဟူသော အစွဲက ဦးကျော်ဒင်အား
ဥပါဒါန် ဖြစ်စေ၏။ ထိုနှစ် ဦးကျော်ဒင်တို့ လင်မယား ထူးထူးခြားခြား စီးပွားတက်သည်။
မြင်းခြံမြို့၌ ပလိပ်ရောဂါ ဖြစ်၍ နေ့စဉ် သုသာန်၌ လူစည်ကားနေ၏။ သူအို၊ သူနာ၊ သူသေ
ရဟန်း နိမိတ်ကြီး လေးပါး ထင်သကဲ့သို့ ဦးကျော်ဒင်၌လည်း သေခြင်းတရားက အရိပ်
နိမိတ်များ ပြလျက်ရှိ၏။

“ပလိပ်ကပ်ရောဂါထဲများ ခုနေပါသွားရင် ငါ့မှာ ဘာကုသိုလ်မှ မယ်မယ်ရရ
အားကိုးစရာ မရှိသေးပါလား” ဟု နီးကပ်သော သေဘေးကြီးကို တွေး၍ မိမိကိုယ်ကို
စစ်ဆေးကြည့်မိကာမှ ပို၍ ကြက်သီးထနေမိ၏။

တပေါင်းလ၏ ညတစ်ညတွင် ဦးကျော်ဒင်သည် အလန့်တကြား အိပ်ရာမှထကာ
ဗလုံးဗထွေး မပီမသ အသံကြီးဖြင့် မရွှေရည်အား အိပ်ရာမှ လှုပ်နှိုးလိုက်သည်။ မရွှေရည်မှာ-
“ဘာလဲ ကိုကျော်ဒင်ရဲ့” ဟု အလန့်တကြား ထူးထူးထထ ထထိုင်လိုက်၏။
ဦးကျော်ဒင်မှာ ကတုန်ကရင်ဖြစ်လျက်-

"


## PAGE 570


၅၁၆

ဓမ္မာစရိယ ဦးဌေးလှိုင်

“ရွှေရည်ရ၊ ငါ့ရင်ဘတ်ကို စမ်းကြည့်ပါဦး၊ ငါတော့ သေရတော့မှာပါကွာ....” ဟု
ဆိုကာ အိပ်မက် မက်ပုံကို ပြောပြသည်။

“ရွှေရည်ရယ်၊ တို့အိမ်ရှေ့က မဏ္ဍပ်ထဲမှာ ဘုရားဆင်းတုတော် ကြွလာပြီး လှုပ်လှုပ်
လှုပ်လှုပ်နဲ ့ ပြုံးတော်မူတာ ဖူးရတယ်၊ ဒါနဲ ့ ငါက ညည်းလက်ထဲက ဆွမ်းအုပ်ကိုယူပြီး
ငါကိုယ်တိုင် ဆွမ်းကပ်ရတယ်၊ ဆွမ်းကပ်တော့ ဘုရားဆင်းတုက ပြောတယ်၊ “သတ္တဝါတွေဟာ
တယ်ရှုပ်တယ်၊ ငါ ယခုသာ စကားပြောမယ်၊ နောက် မပြောတော့ဘူးတဲ့။” ကဲပါဟယ်....ဘုရား
မီး ပူဇော်ရအောင် ငါ့ကို ဖယောင်းတိုင် ပေးစမ်းပါ။ ငါတော့ သေရတော့မှာပါ၊ နောက်ဆုံး
ကုသိုလ်လုပ်ရအောင် ဘုရားကြွလာပြီး သတိပေးတာ နေမှာဘဲ” ဟု ပြောပြ၏။

“အိပ်မက်အကြောင်း ဘယ်သူ့မှ မပြောရင် ဖယောင်းတိုင် ပေးမယ်” ဟု ကတိ
ခံစေကာ ဖယောင်းတိုင် ပေးလိုက်၏။

ဦးကျော်ဒင်လည်း ဖယောင်းတိုင် ယူပြီး ချက်ချင်းပင် ဘုရားဘက်သို ထွက်သွား၏။
ဘုရားသို့ ရောက်လျှင် သူငယ်ချင်း ဦးချီတိုင်နှင့်တွေ့၍ အကျိုးအကြောင်းမေးရာ သေရမည်
ကြောက်၍ ဘုရားမီး ပူဇော်ရန် လာကြောင်း ပြောပြသောအခါ ဦးချီတိုင်က ခုနှစ်သက္ကရာဇ်
မေးစမ်းပြီး တွက်ချက်ကြည့်၏

။

“ဟ..မွန်းကျော်ဒင်၊ မင်း စနေဂြိုဟ်ထဲမှာ ပါလားကွ၊ အေး....ကြောက်တော့လဲ
သိပ်ကြောက်မနေနဲ ့ပေါ့၊ မင်းအိမ်မှာ ခြေနှစ်ချောင်း ထွက်ကိန်းလဲ တွေ့နေရတယ်” ဟု
ပြောလိုက်ရာ-

“ဟ....မပြောစမ်းပါနဲ ့ကွာ၊ နဂိုကမှ ကြောက်ရတဲ့အထဲ” ဟု ပြောလျှင်-

“ငါက ပြောတာမဟုတ်ဘူး၊ ဗေဒင်ကပြောတာ” ဟု ထပ်၍ လောပြန်သဖြင့်
ဦးကျော်ဒင်မှာ ဆောက်တည်ရာမရ ပို၍ပင် ကြောက်လန် နေတော့သည်။

သေရမည်ကို ကြောက်လန့်လှ၍ မသေတရား ရှာခြင်းအားဖြင့် ကြိုးစား၍ ဘုရား
ဝတ်တက်မည်ဟု အားခဲလိုက်သည်။ သူငယ်ချင်း ဦးချီတိုင်နှင့် ဦးစံတင်တို့ကိုလည်း နေ့စဉ်
ဝတ်တက်ဝတ်ကပ် ခေါ်ရန် သတိပေး တောင်းပန်ထား၏။

အကြောင်းတရားတို့သည် ဆန်းကြယ်လှကုန်၏။တစ်ထစ်ချ သတ်မှတ်ပြီး လွှတ်လိုက်
သော ကံတရားက အချိန်နီးကပ်လှပြီဖြစ်၍ ဘဝကို အကျဉ်းရုန်းကာ တက်သုတ်နှင်လေ
တော့သည်။

များမကြာမီ ကာလ လသာသာ ညတစ်ည၌ ဦးကျော်ဒင်သည် ဦးစံတင်နှင့်အတူ
အိမ်ရှေ့ကွပ်ပျစ်၌ စကားပြောရင်း နှစ်ယောက်သား အိပ်ပျော်သွားကြ၏။ တစ်နာရီခန့်
ရှိလျှင် ဦးကျော်ဒင်က ဦးစံတင်အား အလန် ့တကြားလှုပ်၍ နှိုးပြီးလျှင်-

“ကဲ...မင်းပြောတာ ငါနားမလည်ဘူးကွ၊ ဆက်ပြီး ပြောစမ်းပါဦး” ဟု လောတိုက်
မေးရာ ဦးစံတင်မှာ အိပ်မှုန်စုံမွှားဖြင့် ...

“ကျုပ် ဘာပြောလို ့လဲ” ဟု ကြောင်အမ်းအမ်း ပြောလိုက်ကာမှ ဦးကျော်ဒင်သည်
မိမိဘာသာ အိပ်မက်ထဲတွင် နှစ်ယောက်သား စကားပြောကြရာ နားမရှင်း၍ ထပ်မေးမည်
