## PAGE 571

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၁၇

ရှိစဉ် နိုးလာသော်လည်း အိပ်မက်ဇာတ်လမ်းအရ ဆက်၍ မေးနေမိခြင်း ဖြစ်ကြောင်း
သတိရသွား၏။

ဦးကျော်ဒင်ခမျာ သေခြင်း ဘေးကြောင့် မအိပ်နိုင် မစားနိုင် ဖြစ်ကာ အိပ်ပျော်သည်
ဆိုရစေကာမူ ကြက်နိုး ကြက်အိပ် ဖြစ်နေရှာ၏။ သမ္မာဒေဝနတ်တို့ အပူတပြင်း
နှိုးဆော်နေဟန်ရှိသည်။

“ငါတော့ သေဖို့ ရက် နီးနေပြီ ထင်ပါရဲ့ သူငယ်ချင်းရာ၊ ခုတစ်ခါ အိပ်မက်မက်ပြန်တယ်။
မင်းက ငါ့ကိုပြောတယ်၊ “သတ္တဝါတွေဟာ အလွန် သနားစရာ ကောင်းနေပြီ၊ ကပ်ကြီးသုံးပါး
ဆိုက်နေတယ်၊ မျက်စိလယ် လမ်းမှားပြီး ချောက်ကမ်းပါး ကျကုန်ပြီ” လို့ ပြောတော့ ငါက
“ချောက်ကမ်းပါး ကျမှန်းတော့ သိတယ်၊ ခုနေများ လမ်းမှန်တွေ့ ရင် လိုက်ချင်ပါသကွာ'
လို့ ပြန်ပြောတာကိုးကွ၊ ဒီတော့ မင်းက ‘လမ်းမှန်ရောက်ချင်ရင် မခက်ပါဘူး၊ လမ်းဆုံ
လမ်းမ လမ်းလေးခွကနေ စောင့်ပါ၊ လမ်းမှန်ပြမယ့် ပုဂ္ဂိုလ် ပေါ်လာလိမ့်မယ်’ လို့
ပြောတာကို ငါနားမရှင်းလို့ မေးတာ၊ လက်စသတ်တော့ မင်းလဲ ဘယ်သိမလဲ၊ အိပ်မက်ထဲမှာ
ပြောကြတဲ့စကားဟာကိုး”

အိပ်မက်တိတ္ထု၊ စိတ်မလုံ မယုံစားလွန်းရာ

“မွန်စံတင်၊ ငါ့မလဲ ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေပြီ၊ ဒီအတိုင်း နေလို့ တော့
မဖြစ်ဘူး၊ ငါ့စိတ်ကို ဆေးကုမှ ဖြစ်တော့မယ်၊ တစ်နေ့က အိပ်မက်မက်သလို ငါ့အိမ်ရှေ့မှာ
မဏ္ဍပ်ထိုးပြီး ဘုရားရုပ်ပွားတစ်ဆူ ပင့်ထားမယ်၊ ရွာက ဝတ်အသင်းသူ အသင်းသားတွေလဲ
ဘုရားထိ မသွားပါနဲ့၊ ဒီမှာဘဲ သုံးလေးရက် လာဝတ်တက်ဖို့ ဖိတ်မယ်၊ ဧည့်လဲခံမယ်၊
မကောင်းဘူးလား” ဟု မိမိ စိတ်ချမ်းသာမည် ထင်သည့်အတိုင်း ပြောဆိုစီမံရာ ဦးစံတင်ကလည်း
သဘောတူ၍ မဏ္ဍပ်အတူ. ထိုးကြလေ၏။ ညဉ့်ဦးယံ ထမင်းစားသောက်ပြီးသည်နှင့်
စွန်းလွန်းရွာမှ ဘုရား တရား ဝါသနာပါသူများ လာရောက် ဝတ်တက်ကြ၊ တရားစကား
ပြောကြ၊ ငြင်းကြ၊ ခုံကြ၏။ မရွှေရည်မှာ ပါရမီ ဖြည့်ကာ ဆေးကွမ်း လက်ဖက်ဖြင့်
ဧည့်ခံရှာ၏။ ဦးကျော်ဒင်လည်း အတန်ငယ် စိတ်သက်သာရာ ရဟန်ရှိသည်။

မသေတရားကား မတွေ့သေးချေ။

ဤနေရာ၌ ယောဂီတို့သတိပြုရမည်မှာ အိပ်မက်နှင့် အတိတ်နိမိတ်များပင် ဖြစ်သည်။
သိလျှင် အိပ်မက်နှင့် အတိတ်နိမိတ်တို့သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။
နတ်တို့ပြဆောင် တဘောင် အတိတ် နိမိတ် အိပ်မက် လက္ခဏာ ဗေဒင်တို့သည်
ကောင်းကျိုးကို ပေးနိုင်သော အစစ်များ ရှိသကဲ့သို့ လမ်းလွှဲချောက် ကျစေသော အတုများ
လည်း များကုန်၏။ ယောဂီ၌ အစစ်အတုခွဲခြားနိုင်သော အင်အားမရှိလျှင် ပို၍ ရှုပ်ထွေးစေနိုင်၏။
အလုပ်ပျက်တတ်ပေသည်။

“ယောဂီ(ရဟန်း) သည် ဆေးကု ဗေဒင်ဟော စသော လောကီ များကို မလုပ်ရ၊


## PAGE 572

၅၁၈


ဓမ္မာစရိယ ဦးဌေးလှိုင်

•

-

မယုံကြည်ရ။ ဥပါသကာသည် “ကောတုဟလ မင်္ဂလာ” ကို မယုံရ” စသည်ဖြင့် ဘုရားရှင်
တားမြစ်တော်မူ၏။ ယောဂီအား အလုပ်ပျက်စေနိုင်သောကြောင့် ဖြစ်သည်။ ခွဲခြားနိုင်ပါမူကား
အလုပ်ခွင်၌ အလွန်အကျိုး များသည်မှာတော့ အမှန်ပင်။

မည်သို့ဖြစ်စေ၊ “ပါရမီရှိသူ၊ ကံကောင်းသူအား မြင်ရမမြင်ရသူများ အားလုံး
ဝိုင်းကူ၍ လုပ်ပေးနေကြရသည်” ဟု ယောဂီ အကြွင်းမဲ့ ယုံကြည်ပါလေ။ (နေ့စဉ် မေတ္တာ
ပို့၍ အမျှပေးပါလေ။ အကူအညီကိုလည်း တောင်းခံနိုင်ပေ၏။) ထမင်းချက်တတ်သူက
ချက်ပေးရ၏။ တရားပြတတ်သူက ပြပေးရ၏။ အိပ်မက် လုပ်တတ် သူတို့က အိပ်မက်
လုပ်ပေးကြသည်။

“တရားအားထုတ်သူထက် ပါရမီရှိသူ၊ ကံကောင်းသူကား လောက၌ မရှိပြီ” ဟုသာ
- ယုံကြည်၍ ကိုယ့်အလုပ်ကိုသာ တွင်တွင်ကြီး လုပ်ကြရာ၏။ တရားသည် ဟရားကိုသာ
ပေးလိမ့်မည်။

ကံတရားတို့၏ အကျိုးပေးပုံမှာ ဆန်းကြယ်လှ၏။ အကုသိုလ် အရာ၌ နတ်ဆိုးကြီး
တစ်ဦးက ခေါင်းဆောင် စီမံနေသကဲ့သို့ လည်းကောင်း၊ ကုသိုလ်အရာ၌ နတ်သူတော်ကောင်းကြီး
တစ်ဦးက ဦးဆောင် ခန့်ခွဲနေသကဲ့သို့လည်းကောင်း .မြင်နေရတတ်၏။ အလွန်လည်း
အကွက်စေ့၍ တိကျလှပေစွာ့။

ကမ္မဿကတာ=ကံအကြောင်းရင်းကို မမြင်၊ ဤနေရာ၌သာ အသိလမ်းဆုံးကြရာမှ
နတ်ကိုးကွယ်သော ဝါဒ၊ ဖန်ဆင်းရှင် ဘာသာတို့ ဖြစ်ပေါ်လာကြကုန်၏။

လယ်တီဆရာတော်၏ ကျေးဇူး

ပထမ တစ်ရက် နှစ်ရက်တွင် ရွာထဲက 'အဘိဓမ္မာဆရာ စာသမားများသာ
လာကြ၏။ သုံးရက်မြောက်သော နေ့တွင်ကား စတီးဘရားသား စက်ထဲမှ စာရေးကြီး
ဦးဘစံသည် အထူးမပင့်ဖိတ်ရဘဲ တရားဆွေးနွေးရန် ပေါက်လာ၏။ စက်ထဲသို့ ထင်းရောင်း
လာကြသော အညာဘက်မှ လှည်းသမားနှစ်ယောက်လည်း စာရေးကြီးနှင့် လိုက်ပါ လာကြ
သည်။ လှည်းသမားတစ်ဦးမှာ ဘုန်းကြီးလူထွက်၊ လယ်တီဆရာတော်၏ တပည့်ဖြစ်၍
အာနာပါန ကမ္မဋ္ဌာန်းအကြောင်းကို ပါဠိများ ရွတ်ကာရွတ်ကာ များစွာ ဟောပြောဆွေးနွေးသည်။

စာရေးကြီး ဦးဘစံ ကား အာနာပါန အကြောင်းကို အနည်းငယ်မျှသာ ပြော၍
လှည်းသမားနှင့် စွန်းလွန်းမှ တရားဆရာများကို မိတ်ဆက်ပေး၏။ ဦးဘစံကား လယ်တံ
ဆရာတော် ကပင် တရားထူး· ရထားသူ ဖြစ်ကြောင်း (တရားစစ်မေးပြီး) သာဓု ခေါ်ခံရသူ
ဖြစ်သည်။ အရိယာပုဂ္ဂိုလ်ထူးပင်တည်း။

မည်သည့်ကိစ္စမဆို အကျိုးတစ်ခု ဖြစ်ပေါ်ရာ၌ အမှုမဲ့ အမှတ်မဲ့ ဖြစ်ချင်လို
ဖြစ်တာ” ဟု သာမန် မအောက်မေ့ရာ၊ မသိမမြင်နိုင်သော အကြောင်းပေါင်းများစွာတို့
စုပေါင်းဆုံဆည်းမှသာ ဖြစ်ပေါ်လာရသည်။ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါပေ၏။


## PAGE 573

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၁၉

ဦးကျော်ဒင်သည် တရားသမား အဘိဓမ္မာသမားများ အားရပါးရ ဆွေးနွေးနေကြသည်
အနားမှထိုင်၍ သက်ပြင်းချကာ မလှုပ်မရှက် တွေတွေကြီး နားစိုက်နေ၏။ သူတို့ ပြောသေ
စကားများတွင် နားမလည်သည်က များသည်။ သို့သော် “အာနာပါန” ဟူသော စကားကို
ထပ်ချည့်တလဲလဲ ပြောဆိုနေကြရာ “အာနာပါန” ဟူသော အသံကို ကြားရခါမျှဖြင့်
ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ထနေ၏။

အနာထပိဏ်သူဌေးကြီး ကုန်ရောင်းကုန်ဝယ်သွားစဉ် “ဘုရား” ဟူသော စကားကို
ကြားရခါစ ရိုးတွင်းခြင်ဆီထိအောင် ပီတိ ဖြစ်ရသကဲ့သို့ ရှိ၏။

ဦးကျော်ဒင်မှာ ကြက်သီးတဖျဉ်းဖျဉ်း ဖြစ်ကာ အနားမှ နားထောင်ရင်း “သူတို
မဖိတ်ဘဲနဲ့ ရောက်လာကြတယ်။ ငါ့ကို တရားဟောဖို့. လာတာ ဖြစ်မယ်လားမသိ၊
အိပ်မက်ထဲက အတိုင်း လမ်းလေးခွက မဏ္ဍပ်ထိုးပြီး စောင့်နေမိပြီပဲ။ (ဦးကျော်ဒင်
အိမ်မှာလည်း ရွာတွင် လမ်းလေးခွဆုံဖြစ်သည်။) သူတို့ပြောနေတဲ့ တရား ငါအားထုတ်လိုက်ရရင်
မုချ ရတော့မှာပဲ” ဟု စဉ်းစားနေမိ၏။

“အင်း-သူတို့ပြောတာ ပါဠိပါဌ်သားတွေနဲ့ ၊ အကုန်လဲ နားမလည်ဘူး၊ ခက်တာပဲ၊
ငါ့မှာ စာကလဲမတတ်၊ ဖြစ်သေးပါဘူးလေ' ဟု အားလျော့အရှုံးပေးသော စိတ်ကလည်
နောက်က ဆက်၍ ဆွဲနေပြန်၏။

‘တရားအားထုတ်လိုစိတ်” ကို “စာမတတ်” ဟူသော စိတ်က လိုက်၍ နှောင့်ယှက်
နေသကဲ့သို့ ယောဂီတိုင်းတွင် အလားတူ စိတ်တစ်မျိုးမျိုးက ကုပ်ပိုးကို ဆွဲ၍ ဆွဲ၍ ရှေ့တိုး
နောက်ငင် လုပ်တတ်ပေသည်။ (ယင်းလည်း တရားသဘော ပင်တည်း။) စာသန်သူများ၌
ထိုနောက်ဆွဲအားသည် ပို၍များတတ်၏။ စာတွေ့ လက်တွေ့ ကျင့်ကြံပြီးသူများက တဲ့တဲ့ကြီး
ပြောသော်လည်း မယုံနိုင်သေး။

ဤကဲ့သို့သော ခေတ်ကြီးမျိုး၌ ရိုးတွင်းခြင်ဆီ ဆိုက်မျှ တစ်စုံတစ်ခုသော ထိခိုက်မှု.
မရှိသေးလျှင် `ငါ နေရာမကျသေး' ဟု ကိုယ့်ကိုကိုယ် အဖြေပေးကာ အပတ်တကုတ်
ကြိုးစားအားထုတ်သင့်ကြပြီ၊

အာနာပါနနှင့် ပြောင်းရိုးစဉ်း၍ ကောင်း

နောက်တစ်ရက်ည စာရေးကြီး ဦးဘစံ ကြွလာသောအခါ ဦးကျော်ဒင်သည် မဏ္ဍပ်
အဝင်မှပင် ဆီးကြိုနှုတ်ဆက်ကာ-

“စာရေးကြီး၊ င်ဗျားတို့ တရားအလုပ်က ကျုပ်တို့လို စာမတတ်တဲ့လူ လုပ်လို
ရပါ့မလား” ဟု စိုးရိမ်တကြီး မေးရာ-

“အို..စာတတ်တာ မဟုတ်တာ လိုရင်း မဟုတ်ပါဘူးဗျာ။ တကယ် ယုံပြီး
အဟုတ်လုပ်နိုင်ဖို့သာ အရေးကြီးတာပါ။ သဒ္ဓါ ဝီရိယရှိဖို့ လိုတာပါပဲ” ဟု ပြောလိုက်၏။
“ဒါဖြင့် ဘယ်လို လုပ်ရမတုံး” ဟု ဆက်၍ မေးပြန်သဖြင့်....

"
