## PAGE 574


ဓမ္မာစရိယဦးဌေးလှိုင်

t,,.

- 66

“ထွက်သက်-ဝင်သက်မှတ်နေရုံပါပဲ” ဟု ပြောပြောဆိုဆို ဦးဘစံသည် မဏ္ဍပ်တွင်းရှိ
၁၆ ဓမ္မမိတ်ဆွေများရှိရာ ဝင်သွား၏။ ထုံးစံအတိုင်း ဟောပြော ဆွေးနွေး နေကြပြန်သည်။
ဦးကျော်ဒင်ကား မဏ္ဍပ်ထဲသို့ပင်မဝင်တော့ဘဲ အိမ်ဘေးအဖီထဲ သွားကာ ဂုန်နီအိတ်
းထားသော ပက်လက်ကုလားထိုင်၌ ထိုင်၍ “ဟင်း-ဝင်တယ်၊ ဟင်း.....ထွက်တယ်”
အသံအောင် ကျိတ်၍ မျက်စိစုံမှိတ်ပြီး ရှုရှိုက် မှတ်ရှု နေလေတော့၏။
လေဝင်လေ အဝင်အထွက်မျှပြီး သက်တောင့်သက်သာဖြင့် အရသာတွေ့စ
5 အရတွင် အနာဂါမ် ဒေါ်ငွေဘုံကြီး ထံမှ သတိပဋ္ဌာန် အမှတ်တရား
ရွေ့လုပ်သည် အိမ်သို့ ရောက်လာကာ...
သံလိုက်ရသေးတယ်” ဟု ဆို၍...

မှပ.

"

“ဘယ်လို အသိလိုက်ရမတုံး” ဟု မေးလျှင်....

“သိ...သိ....သိပေါ့ကွာ” ဟု လွယ်လွယ်ပင် ဦးရွှေလုပ်က ပြော၏။
“အသိလိုက်တော့ ဘာဖြစ်မတုံး” ဟု ဦးကျော်ဒင်က မေးပြန်၍...
“ကုသိုလ်ရတာပေါ့ကွာ” ဟုသာ ဖြေလေသည်။ ဦးကျော်ဒင်ကလည်း....
“ငါလုပ်ရင် မုချ ရ-ရမယ်' ဟု တစ်ထစ်ချ စွဲမြဲယုံကြည်သွားပြီ ဖြစ်၍....
“ကုသိုလ်ရရင် လုပ်မယ်ဗျာ” ဟု ဆိုကာ ထိုအသိမျှလောက်ဖြင့် အာနာပါနကို
စတင်ခဲ့ရရှာ၏။ အားကျဖွယ်ကြီးပါပေ။

ဦးကျော်ဒင်သည် ဤမျှလောက်သော အသိဖြင့် အချိန်ရှိသမျှ သတိကပ်ပြီး လာခဲ့ရာ
တစ်နေ့ထက်တစ်နေ့ တိုးတက်လာ၏။ နွားစာအတွက် ပြောင်းရိုးများကို စဉ်းရာ၌လည်း
သတိကပ်ပြီးစဉ်းရာ
ဗျောက်ကနဲ ဗျောက်ကနဲ ပြောင်းရိုးဖြတ်သံနှင့် အမှတ်သတိ အံကျဖြစ်ကာ
တိကနဲတိကနဲ ချက်ကျကျသွားသည်ကို ပီတိ ဖြစ်နေ၏။ မောရမှန်းပင် မသိချေ။

“အင်း...ခုမှ ပိုပြီး နေရာကျ၊ ကုသိုလ်လဲရ၊ ပြောင်းရိုးစဉ်းလဲ များများရ၊ အမောလဲ
သက်သာသေး” ဟု တွေးကာ ဝမ်းသာအားရ နေ့ညမပြတ် ရေခပ်ရင်း၊ နွားကျောင်းရင်း၊
ပေါင်းနုတ်ရင်း၊ ယာလုပ်ရင်း တစ်ချိန်ထဲ အလုပ်နှစ်ခု ပြီးနေလေ၏။

ရှုပုံမှတ်ပုံလည်း “မုဆိုးစိုင်သင်” ဟူသကဲ့သို့ အလုပ်ကပင် တည့်၍ တည့်၍ ပေးသွား
လေသည်။ အိပ်သောအခါ ခေါင်း၊ လက်၊ ခြေ၊ ကိုယ်အင်္ဂါ အနေအထားကို တမင်ပြုပြင်မနေရဘဲ
အိပ်ရင်းက နေသားတကျ အလိုလိုပြင်ပြီးသား ဖြစ်သွားသကဲ့သို့တည်း။ တရားကိုသာ
အားထုတ်ပါလေ။ မှားလျှင် တရားကပင် ပြင်ပေးသွားလိမ့်မည် ဟူ၏။

မောင်ရင်ပေါ် ချောက်သို့ သွား၍လည်း ညအိပ်ညနေ အားထုတ်၏။ အလင်းရောင်
များကို တွေ့သောအခါ-

“ငါ တရားအားထုတ်လို့ ဘုရားရောင်ခြည်တော် ဖူးရပဟေ့” ဟု တိုး၍ ကြိုးစားပြန်၏။
မျက်နှာအနီး၌ ချာချာလည်နေသော အလင်းလုံးကလေးများကို မြင်ရပြန်သောအခါ တစ်မျိုး
အားတက်ကာ စိုက်၍ ကြည့်မိ၏။ ကြည့်လျှင် အလင်းလုံးကလေးများက အပေါ်သို့
တက်၍ တက်၍သွား၏။ တက်၍ တက်၍ သွားတိုင်း....


## PAGE 575


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၂-

“တက်ဟာ တက်ဟာ” ဟု အားပေးရင်း စိတ်က အမှီလိုက်၍ ကြည့်ရာ တိမ်ပေါ်
သို့ပင် ရောက်သွား၏။

“အင်း...တယ်လဲဟုတ်ပါကလား၊ ငါ တိမ်ပေါ်ကိုတောင် ရောက်နေနိုင်မှ ကော” ဟု
မမောနိုင်အောင် ကျေနပ်လျက်ရှိသည်။ မကြာမီ အလင်းလုံးကလေး များကို တက်၍တက်၍
လိုက်ရင်း ဘုံနန်းပြာသာဒ်ကြီးများကို တွေ့ ရပြန်ရာ...

“အင်း....တရားအားထုတ်လို့ ငါသေရင်နေရမယ့် ပြာသာဒ်ကြီးတွေပဲ” ဟု ယူဆကာ
မကြောက်မရွံ့ စွန့်စွန့်စားစား တိုး၍ အားထုတ်ပြန်လေ၏။

(ယခုခေတ်ကဲ့သို့ ပွင့်ပွင့်လင်းလင်း မရှိသေး၍ စိတ်ကူးပေါက်သလို လုပ်နေရ
သည်ကို သတိပြုပါ။ ဤယခုရေးနေသည်မှာ ဆရာတော် ပြန်ဟောသည့်အတိုင်း
ရေးနေခြင်း ဖြစ်ပါသည်။)

ကျော်ဒင်တစ်ယောက် ရူးနေပြီတဲ့

ဦးကျော်ဒင်သည် ဘုမသိ ဘမသိ သူသိသလောက်၊ ရသလောက်ဖြင့် မကြောက်မရွံ့
ရှုမှတ်ပုံမှာ အားကျဖွယ် ကောင်းလှပါ၏။ အနီးအနားမှ နည်းလမ်းတကျ ညွှန်ပြပေးမည့်
ဆရာလည်း မရှိ။ ရှုမှတ်နည်းလည်း မပြည့်စုံလှသေး။ သဒ္ဓါ ပညာ ဝီရိယဖြစ်ဖွယ်
စာပေကျမ်းဂန် ဗဟုသုတဆို၍လည်း မရှိခဲ့။ သိသလောက်ကိုပင် အသက်မက တန်ဖိုးထား၍
ရှုပွားသွားပါက “မုဆိုးစိုင်သင်' ဟူသကဲ့သို့ မည်သူမဆို တကယ်လုပ်လျှင် အဟုတ်ဖြစ်သည့်
သဘောကို ညွှန်ပြနေတော့၏။

“စာတတ်ဖို့မလို၊ ဉာဏ်ကောင်းဖို့မလို၊ အကျွတ်အလွတ် တောထွက်ပြီး အားထုတ်ရန်
မလို။ တကယ်ယုံကြည်ဖို့သာ လို၏။ အဟုတ်လုပ်နိုင်ဖို့ အရေးကြီးသည်” ဟု သင်ခန်းစာ
ပေးနေသကဲ့သို့လည်း ရှိတော့သည်။

ထိုမှနောက် ဦးကျော်ဒင်သည် တစ်စတစ်စ သမာဓိအားကောင်း၍လာ၏။ ခန္ဓာကိုယ်
ပေါ်၌ ဝေဒနာပေါ်လာ၍ သတိကပ်လိုက်ရာ ဝေဒနာအပေါ်နှင့် သတိအမှတ်သည် စည်းမိ၍
'ဟိကန်တိကနဲ ဖြစ်နေ၏။ ထို့နောက် ဦးကျော်ဒင်၏ စကားများသည် ကြီးကျယ်လာ၏။
တိုတိုနှင့်လိုရင်း သဘာဝကျကျကို ပြောသည်။ ရွာထဲမှလူများနှင့် လေပေးမဖြောင့်၊
စကားပြော မတဲ့။

ရွာသားများက မိမိတို့ အယူအဆနှင့် မတိုက်ဆိုင်တိုင်း “ကျော်ဒင် တစ်ယောက်တော့
ရူးနေပြီ” ဟု ဆိုလာကြသည်။

အတွေးအခေါ် မတူလျှင် စကားပြောမတည့်။ စကားပြော မတည့်လျှင် တစ်ဦးနှင့်
တစ်ဦး ငြင်းခုံကာ ရန်ဖြစ်ရုံသာ ရှိတော့သဖြင့် ဦးကျော်ဒင်သည် ရေငုံ၍သာ နေလေတော့၏။
အရူးဟုဆိုကာ စကားပြောဖက်လည်း မရှိတော့ချေ။ ထိုအခါ ကိုယ်ကလည်း မပြောချင်၊
ပြောဖက်လည်း မရှိသဖြင့် စကားမပြောဘဲ နေရခါမှ သမာဓိအားသည်·ထူးထူးခြားခြားကြီး


•

## PAGE 576

၅၂၂


ဓမ္မာစရိယ ဦးဌေးလှိုင်'

တိုးတက်လာသည်ကို တွေ့ရပြန်၏။

စကားစကား ပြောပါများ စကားထဲက ငရဲရ

ရပ်ထဲရွာထဲ၌ ပြောဆိုသမျှစကားများကို ဘုရားရှင်က “တိရစ္ဆာနကထာ(တိရစ္ဆာန်
စကား) ဟု ဟောတော်မူ၏။ တိရစ္ဆာန်သည် ကန့်လန့် ဖီလာ သွားသကဲ့သို့ ရပ်ထဲရွာထဲမှာ
သူသူငါငါ ပြောနေကျ စကားများ အားလုံးသည် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဖီလာကန့် လန့် ချည်း
ဖြစ်ကုန်၏။ တရားရှုပွားသူတို့ မပြောရ။ ရဟန်းတော်များ မပြောရ။ ရာဂ ဒေါသ မောဟ
နည်းကြောင်း တရားနှင့်စပ်သော စကားကောင်း ဆယ်မျိုးကိုသာ ပြောခွင့်ပြု၏။ တစ်စုံတစ်ဦးနှင့်
စကားပြောလျှင် တိရစ္ဆာန်စကားက လွတ်အောင်ပြောဖို့ ခဲယဉ်းလှ၏။ ထို့ကြောင့် ဘုရားရှင်က
“ပြောလျှင် တရားနှင့်စပ်သော စကားကိုသာပြော၊ ကောင်းသော ဆိတ်ဆိတ်နေခြင်းဖြင့်
သော်လည်းနေ” ဟု အတိုချုပ် ဆုံးမတော်မူပေသည်။

စကားပြောခြင်းသည် အလွန်အပြစ်ကြီးလေးလှ၏။ ယောဂီအတွက် တရားစကား
သည်ပင် အနှောင့်အယှက် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စကားမပြောခြင်းသည် သီလအင်အား
အပြည့်အဝ တိုးတက်လာ၍ သမာဓိ သာသနာ တိုးတက်လာခြင်း ဖြစ်၏။ ကိုယ်လက်
အင်္ဂါလှုပ်ရှားမှုမရှိဘဲ ကိုယ့်သတိနှင့်ကိုယ် နေပြန်သဖြင့် ဣန္ဒိယသံဝရသီလလည်း အလိုလို
ဝင်လာကာ သမာဓိကို တိုးမြှင့်ပေးလိုက်ပြန်လေသည်။

•

ဦးကျော်ဒင်သည် လူအများက “အရူး’ ဟု ဆိုကာ ဝိုင်းအပယ် ခံရခြင်းနှင့် သူတို့
အတွေးအခေါ်များ တရားသဘော မဆိုက်သဖြင့် မိမိကိုယ်၌ကပင် စကား မပြောချင်၍
မပြောခြင်းသည် ဝစီ ဒုစရိုက် လေးပါး နှုတ်တံခါးကြီး အကုန်ပိတ်လိုက်သဖြင့် အလိုလို
တရားနှင့် အံကိုက်၊ ဘုရားကြိုက်နေခြင်း ဖြစ်သွားတော့၏။

ကမ္မဋ္ဌာန်းဗေဒင် ဆင်သေနှင့် ကျီးမိုက်

ဦးကျော်ဒင်သည် စကားမပြောဘဲ နေခါမှ တရား ပို၍ တက်လာသည်ကို တွေ့ ရ၏။
“လူတွေ ပြောနေကြတာ နေ့ရှိသမျှ ပါးစပ်မှာ ငရဲမီးလောင်နေတာပဲ” ဟု သဘောကျသွား
သည်။ ရွာထဲမှ လူတွေ ပြောသမျှကို ကြောက်၍ လာ၏။ လုပ်သမျှကို ထိတ်လန် ့လာ၏။

တရား မသိရှာသော လူတို့ ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှသည် “သဗ္ဗမ္ပိ
အာဒိတ္တံ=အကုန်လုံး မီးဟုန်းဟုန်း တောက်နေတော့သည်” ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး
သက်ဝင် သွားတော့၏။

သီလအားကောင်း၍ သမာဓိအား ကောင်း၊ သမာဓိအား ကောင်း၍ ပညာအားကောင်းကာ
ဝိပဿနာဉာဏ်များ သက်ဝင် တိုးပွားလာတော့၏။ ရုပ်နာမ် ဖြစ်ပျက် မြင်စ ဥဒယဗ္ဗယ
ဉာဏ်ကာလတွင် အသိဉာဏ် ကစားတတ်သည့် အတိုင်း ဦးကျော်ဒင်သည် အသိထူး
