## PAGE 577


ရဟန္တာပုဂ္ဂိုလ်ထူးများ

၅၂၃

အမြင်ထူးများ ဝင်လာလေတော့၏။ ဒိဗ္ဗစက္ခုဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရမည့်သူများ၌
ရှေ့ကြောင်းနောက်ကြောင်း အသိထူး အမြင်ထူး (အစစ်အမှန်) များ ပို၍ မြင်လာတတ်ပေသည်။
မြင်လာသည့် အတိုင်း · ထို ဗဟိဒ္ဓအာရုံများနောက်သို့ချည်း နောက်ယောင်ခံ လိုက်'နေ
ပြန်ပါကလည်း ဝိပဿနာ အင်အားများ ကျဆင်းသွားတတ် ပြန်လေသည်။

•

ဤနေရာကား “မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ ဌာနဖြစ်သည့်အတိုင်း လမ်းမှန်လမ်းမှား
လမ်းခွဲများသော´ အပိုင်းဖြစ်၍ မူလ တရားသတိကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရသည်။
အာရုံနောက် မလိုက်ရ။

ဦးကျော်ဒင်သည် ရံခါ သနားလှသဖြင့် ရွာထဲမှ လူအချို့ အား “မင်း ရတနာသုံးပါး
ဖက်ကွ၊ မင်း သေတော့မယ်” စသည်ဖြင့် နေ့စွဲရက်စွဲဖြင့် သတိပေး ပြောကြား၏။
သတိပေးခံရသူများ ဦးကျော်ဒင် ပြောသည့်အတိုင်း သေသေကုန်ကြသဖြင့် သူ့အနားသို့
လူအများ မကပ်ရဲအောင်ပင် ရှိနေတော့၏။ ဦးကျော်ဒင်ကား ပို၍ ဟန်ကျနေသည်။ မိမိ
သူတစ်ပါး လူအများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း၊ အဆုတ် အသည်းနှလုံးမှအစ အသေး
စိတ် မြင်နေ၏။ အောက်ကို ကြည့်ပြန်ပါလျှင်လည်း ခွေးသေကောင် ပုပ်တွင် ကျနေသော
လောက်ကောင်များပမာ လုယက် တိုးဝှေ ့နေကြသော ငရဲသားများကို မြင်ရပြန်၏၊
ထိုအကြောင်း မပြောဘဲလည်း မနေနိုင်ပြန်၍ ပြောမိရာ လူအများ ပို၍ အံ့သြကြရလေ၏။
“အရူး အရူးနဲ့ ဦးကျော်ဒင်တရားက အဟုတ်သားပါကလား” ဟု အာရုံစိုက်လာ
ဟု

ကြလေသည်။

ဦးကျော်ဒင် ပြောသမျှလည်း မှန်၍မှန်၍နေသဖြင့် ကျွဲပျောက် နွားပျောက်မှအစ
လာ၍ မေးသူများ မေးကြ၏။ ခေါင်းခဲဝမ်းနာမှအစ ဆေးဝါး ဓာတ်စာ မေးသူများ
မေးလာကြကုန်၏။ ဤနေရာ၌ မိုးရွာလျှင် အော်မြည်သော'ဖားသတ္တဝါကဲ့သို့ မိမိအသံကြောင့်
သေတတ်သည်ကို အထူးသတိပြုကြရာ၏။ မိမိစကားသည် မိမိအားပြန်၍ သတ်တတ်လေသည်။

ထိုအခါ ဦးကျော်ဒင်သည် ရုတ်တရက် စဉ်းစား၍ လူအများ နှောင့်ယှက်ခြင်းမှ
ကင်းဝေးစေရန် မောင်ရင်ပေါ်ချောက်သို့ သွား၍ တစ်ယောက်တည်း ကြိုးစား ရှုမှတ်လေတော့၏။
“လောကီဟာ အင်မတန်ကောင်းတာကွယ့်။ ငါ့မှာ ကံကောင်းထောက်မလို ့ ဟိုဘက်
ကူးသွားနိုင်တာ။ နို့မို့ရင် လောကီထဲမှာ နစ်သွားမှာ” ဟု ဟောခဲ့ဖူးလေသည်။

.

မှန်လှပါပေ၏။ လောကီသည် လူသာမန်တို့ နှစ်သက်လောက်အောင် ကောင်းလှပေ၏။
ရွှံ့ပြင်မှ ကြာစွယ်သည် ဆင်ငယ် ဆင်မိုက်တို့ ကြိုက်လောက်အောင် ကောင်းလှပါပေ၏။
ပင်လယ်ပြင်မှ ဆင်သေသည်လည်း ကျီးမိုက်အတွက် တစ်သက်စာ သုံးစား၍ မကုန်သော
ရတနာသိုက်ကြီးပင်တည်း။ သို့ရာတွင် ဆင်ငယ်သည် ကြာစွယ်ဇောကြောင့် ရွှံ့ပြင်နွံတော၌ပင်
ကျွံနစ်ကာ ပြန်လမ်းမရှိခဲ့ရှာပေ။ ကျီးမိုက်သတ္တဝါလည်း အာသာငက်ငက် မခွဲရက်၍
တမက်လျလျ ဆင်သေကြောင့်ပင် သေခဲ့ရပြီ။

ယခုအခါ လူသာမန်၊ ရဟန်းသာမန်တို့လည်း ထိုသို့သော အသိအမြင်ထူးမျှ
လောက်ကိုသာ ဧရာမ ပန်းတိုင်ကြီးအဖြစ် ထား၍ ကြိုးစားနေကြပြန်ရာ ကြာစွယ်နှင့်

## PAGE 578

၅၂၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ဆင်သေကိုသာမကြည့်မူ၍ ပြန်လမ်းမရှိသော ရွှံ့ပြင်နှင့် ပင်လယ်ရေပြင်ကိုလည်း ကြိုတင်၍
သုံးသပ်ကြကုန်ရာ၏။ ကြာစွယ် ဆင်သေအစစ်ကို ရသော် တော်ပေသေး၏။ မြူဆွယ်အငှား
ဖြားယောင်းလိမ်လည်၍ ကျွေးသော ကြာစွယ်ဆင်သေလည်း များကုန်၏။ ကြပ်ကြပ်
သတိပြုကြပါလေ သူတော်ကောင်းတွေတို့။

ပုဗ္ဗေနိဝါသနှင့် စပ်၍ သာသနာ့ လမ်းစဉ် မဟုတ်သူတို့သည် ဘဝလေးဆယ်လောက်
ကိုသာလျှင် အကန်း ခရီးသွားသကဲ့သို့ အကြမ်းစားမျှသာ မြင်သည် (ဝိ၊ ဋ္ဌ၊ ၁၊ ၁၃၀)။
ပိုးစုန်းကြူး လင်းသလောက်သာ ရှိပေ၏ (ဝိသုဒ္ဓိ၊ ၂၊ ၄၁)။ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းလဲနေသော
သူတို့ အမြင်လည်း ဖွဲပုံ၌ စိုက်သော တိုင်ကဲ့သို့ ခိုင်မာသည်မဟုတ် (ဒီ၊ ဋ္ဌ၊ ၁၊ ၉၈)။
(ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာလည်းကြည့်။) ထို့ကြောင့် ကံအကျိုးပေးနှင့် စပ်သမျှ နတ်မျက်စိရသူက
ပြောသော်လည်း မယုံစားရချေ။ (မဟာကမ္မဝိဘင်္ဂသုတ်။)

ရှေးက ဒဏ္ဍကီတိုင်းပြည်၌ ရှင်ဘုရင်မှအစ ကိသဝစ္ဆ ရသေ့ အား ပြစ်မှား၍
ရာထူးတက်သည်၊ တိုင်းပြည် အေးချမ်းသည်၊ ရတနာမိုး ရွာသည်ဟု ကံတရားကို
ပစ်ပယ်ကာ ကျင့်သုံးခဲ့ကြသဖြင့် တစ်ပြည်ထောင်လုံး သေကြေပျက်စီးခဲ့ကြရဖူးလေသည်။
(စတ္တာလီသ နိပါတ်၊ သရဘင်္ဂဇာတ်။)

ထိ-သိ သတိ လွယ်လွန်း၏

ဦးကျော်ဒင်သည် လူတွေ ပြောပုံ ဆိုပုံ၊ လုပ်ပုံ ကိုင်ပုံတို့ကို မြင်လေ ကြောက်လေ၊
ငရဲခံနေရသည့် သတ္တဝါများကို မြင်လေ ထိတ်လန်
 ့လေ ဖြစ်နေ၏။ ကြောက်ရွံ့ထိတ်လန့် လေ
ဝီရိယကို တိုးမြှင့်လေဖြစ်သည်။ သွားလဲဒီစိတ် အိပ်လဲဒီစိတ်ဖြင့် ကျိတ်မှိတ်ပြီး လုပ်နေသည်ကို
မြင်ရသောအခါ “ငါတို့တော့ နိဗ္ဗာန်မရချင် နေပေစေ၊ ဒီလောက်တော့ မလုပ်နိုင်ဘူး” ဟု
ထင်ရ၏။ ကိုယ့်ကိုကိုယ် လျှော့တွက်ကြသည်။ “သူ ဒီလို ဒုက္ခခံနိုင်တာ ပါရမီ ရှိလို ့”
ဟု မြှင့်၍ တွက်တတ်ကြပြန်၏။ မဟုတ်ချေ။

..

လက်တွေ့ လုပ်ကြည့်လျှင် တဖြည်းဖြည်း ရက်ပိုင်းမျှဖြင့် ဓမ္မ အရသာ တွေ့ကာ
ယုံကြည်မှု (သဒ္ဓါ) တိုးလာ၏၊ ယုံကြည်မှု တိုးလျှင် ဝီရိယ တိုး၏။ ဝီရိယ တိုးလျှင်
သတိတိုး၏။ သတိတိုးလျှင် သမာဓိတိုး၏။ သမာဓိ တိုးလျှင် ပညာတိုး၏။ တမင်
ကြိုးစားဖျစ်ညှစ်၍ လုပ်နေရသည် မဟုတ်ချေ။

..

တစ်ရက်ထက် တစ်ရက် ကိုယ်နှုတ်စိတ် အပူဓာတ်များ ကင်းကာ အေးငြိမ်း၍
အေးငြိမ်း၍ လာသည်ကို ကိုယ်တိုင်ပင် သိလာ၏။ သူများဟောစရာ၊ တိုက်တွန်းစရာမလို။
ယင်းကိုပင် “အကာလိကော=ချက်ချင်း အကျိုးရနိုင်သည်။ သန္ဒိဋ္ဌိကော=ကိုယ်တိုင် လက်ငင်း
ခံစား တွေ့ ရှိနိုင်သည်” ဟု တရားတော်က ဆိုလေသည်။ လက်တွေ့ စမ်းဖို ့၊ လုပ်ကြည့်ဖို့သာ
အရေးကြီး၏။ “ဒီလိုမှန်းသိ ငါ အစောကြီးက (ငယ်ငယ်က) မလုပ်ရလေလား” ဟု
ယောဂီတိုင်း နောင်တ ဖြစ်ကြရသည်။ ပြောရသည်ထက် အလုပ်က ပို၍ လွယ်၏။


## PAGE 579

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၂၅

ထို့ကြောင့် “ဧဟိပဿိကော=မယုံရင်လာလှည့် စမ်း၍ကြည့်” ဟု အာမခံရဲခြင်း ဖြစ်သည်။
လူတိုင်း မလုပ်တတ်မရှိရအောင်လည်း ရှင်းလင်း၏။ လွယ်ကူ၏။ သို့ရာတွင် လက်တွေ့
ယုံယုံကြည်ကြည် လုပ်လိုသူများ ရှားပါးလှသဖြင့် တဖွဖွ ဟောရလွန်း၍-

“နွားစာမှ ရရဟု ကျတ်တီးကုန်းမှာ တောင်ယာလုပ်ရသလို တစ်ပုဒ်တစ်ပါဒမျှ
သိရင်.မနည်းအကျိုးများမည်ဟု ယူဆ၍ ဒီလောက် ငါပြောပြလို ့မှ မသိမမြင်တဲ့ ပုထုဇဉ်
အမိုက်အကန်းတွေကို ငါ ဘာတတ်နိုင်ဦးမှာလဲ” ဟု တစ်ခါက ဘုရားရှင်ပင်လျှင်
ညည်းညူတော်မူဖူး၏။(ခန္ဓဝဂ္ဂ-ခေတ္တုပမသုတ်။)

ထိုချမ်းသာကား အဖော်မလို၊ သန္တော=အေးငြိမ်း၏။ ပဏီတော=မြိန်၏။ တင်းတိမ်
ရောင့်ရဲမှု မရှိ။ အသေစနကော=ပို၍ကောင်းအောင် တစ်စုံတစ်ရာ ဖြည့်စွက် (နှမ်းဖြူး)
စရာမလို၊ အလိုလို့ကို အရသာ ရှိနေ၏။ ပြဆိုပြီး (ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါးဟုလည်း
ခေါ်ဆိုရသော) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးမျိုး တိုးတက်လာလေ ပို၍
အရသာရှိလေ၊ အသိဉာဏ် တိုးလေ ဖြစ်တော့သည်။ ထိုအခါ အာရုံငါးပါး၏ ခိုင်းစေရာ
လိုက်ပါနေကြရသော လူများစုနှင့် ခွဲခွာကာ တစ်ကိုယ်တည်း နေနိုင်သည်မှာ သတ္တိ ကောင်းလွန်း
၍၊ ပါရမီရှိလွန်း၍မဟုတ်။ အလိုလို ခံနိုင်ရည် ရှိသွား၏။ ချမ်းသာနေ၏။ လူသာမန်တို့
ကိုယ်ချင်းစာ၍ မရနိုင်ပြီ။

ဦးကျော်ဒင်သည် နှာသီးဖျား၌ ထွက်လေ-ဝင်လေတို့ ထွက်တိုင်းထိ၊ ထိတိုင်းသိ၊
ဝင်တိုင်းထိ၊ ထိတိုင်းသိ၊ အသိချင်း စပ်အောင် မှတ်နိုင်လာသည့်အပြင် လျောင်း၊ ထိုင်၊ ရပ်၊
သွား ဣရိယာပုတ် လေးပါးလုံး၌လည်း ရှုမှတ်ပုံ တိုးချဲ့ မှတ်သိနိုင်လာ၏။ သွားလျှင်မြေ၌
ခြေဖြင့်ထိသည်ကို သတိကပ်၍ မှတ်ခြင်း၊ ယင်းသို့ မှတ်နေသည်ကိုသိမြင်နေခြင်း (သတိ၊
ပညာ) ထိုင်လျှင် တင်ပါးနှင့် ကြမ်းပြင် ထိနေသည်ကို မှတ်သိခြင်း၊ စားလျှင် ထမင်းလုပ်နှင့်လက်
ထိနေသည်ကို မှတ်သိခြင်း၊ ပါးစပ်၌ ထိနေသည်ကို မှတ်သိခြင်း စသည်ဖြင့် “ထိ+သိ+သတိ”
ဟုပင် သတိပဋ္ဌာန် တစ်ခုလုံးကို ခြုံမိအောင် ဆောင်ပုဒ် ပြုသွားနိုင်လေတော့၏။ (ပထဝီ
ဓာတ်ကို ပဓာနပြု ရှုမှတ်သော သတိပဋ္ဌာန်ဖြစ်၏။ မဟာစည် ဆရာတော်ဘုရားကား
ဝါယောဓာတ်ကို ပဓာနမူသည်။)

ထို့နောက် ခန္ဓာကိုယ်၌ နာကျင်ကိုက်ခဲမှု ပူမှု အေးမှု စသော ဝေဒနာများကိုပါ စူးစိုက်၍
မှတ်သိခြင်းများပင် တိုး၍ လာ၏။ “ဝေဒနာလိုက်” သည်ဟု ပြောစမှတ် ပြုကုန်၏။ ဝေဒနာ
နုပဿနာခေါ်သည်။ ထင်ရှားခံခက်သော ဒုက္ခဝေဒနာကိုသာ ဦးစားပေး၍ မှတ်ဟန်တူ၏။
(သုခ-ဥပေက္ခာ ဝေဒနာတို့ကိုလည်း မှတ်သိရသည်ပင်။ သို့သော် အကျုံးဝင်လေပြီ ဖြစ်၍
အထူးမဆို။) ထို့ကြောင့်လည်း ဦးကျော်ဒင်က-အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

“မခံသာ၊ မှန်ပါဘိ သည်တရား။
ခံသာလျှင် သံသာကြောမှာ၊ မျောလိမ့်အများ”

