## PAGE 58


မိုးကုတ်ဆရာတော်
(၁၂၆၁-၁၃၂၄)

## PAGE 59


နိဒါန်း

နိဒါန်းစကား

နမော ဝိဘစ္စဝါဒိာ မဟာကာရုဏိကဿ

:

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် (ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊ ရာန္တာနှင့်
အခြားအရိယာ ပုဂ္ဂိုလ်များ၊ အရိယာ မဖြစ်စေကာမူ အရိယာဖြစ်ရန် ဖြောင့်မှန်စင်ကြယ်စွာ
ကျင့်ကြံတော်မူခဲ့သော ယောဂီပုဂ္ဂိုလ်ထူးများအကြောင်း)သည် တစ်ကျမ်းတစ်ဖွဲ့အဖြစ် စုစည်း
ထားရှိသင့်သော လိုအပ်ချက်တစ်ခုဟု ယူဆပါသည်။ အဆက်ဆက်သော ယောဂီတို့အတွက်
အားဆေးတစ်ခွက်လည်း ဖြစ်ပေလိမ့်မည်။

“ဤခေတ်တွင် ရဟန္တာဖြစ်နိုင်သလော၊ ဈာန်အဘိညာဉ်ကော ရနိုင် သေးသလော"
ဟူသော ပြဿနာသည် အလုပ်ခွင်သို့ဝင်သော ပုဂ္ဂိုလ်တိုင်းနှင့် ပညာရှင်တို့အား တီးတိုးမေးမြန်း
နေသော မေးခွန်းဖြစ်၏။ အဖြေအမျိုးမျိုးကြောင့် စာပေပရိယတ်နှင့် စိတ်ဓာတ်အားနည်းသူများ
စနိုးစနောင့် ဖြစ်ကြရသည်။ အလုပ်ခွင်မှ ထွက်သူထွက်၍ လက်လျှော့သူလျှော့သွားကြ၏။

“မဟာပရိနိဗ္ဗာနသုတ်” ၌ မြတ်စွာဘုရားက “သုဘဒ္ဒ” အား ဟောတော်မူသည်မှာကား
ထင်ရှား၏။ ပွင့်လင်း၏။ ပြဿနာတင်ဖွယ်မရှိ။

တရားစစ် တရားမှန်များ တည်ရှိ၍ ကျင့်ကြံညွှန်ပြသူများ ရှိနေသမျှ၊ အက်,နှစ်
အကန့်အသတ်မရှိ၊ အချိန်အခါမရွေး၊ ဖြစ်လိုသော အရာမရွေး ဖြစ်နိုင်လေသည်။ 'သန္ဒိဋ္ဌိက
အကာလိက' ဂုဏ်တို့လည်း ဤအဓိပ္ပာယ်ကိုပင် မကွယ်မဝှက် ပြက်ပြက်ထင်ထင် ပေါ်လွင်
စေကြ၏။

သို့စင်လျက် ရိုးရိုးကလေး ရှင်းရှင်းကလေး ဟောထားသော ဗုဒ္ဓရှင်တော်မြတ်၏
စကားထက် အကြမ်းစား ခွဲခြားထားသော အဋ္ဌကထာ ဆရာတို ့၏ ခေတ် ၅-ခေတ်
နောက်သို့ ကောက်ကောက်ပါ စုပြုံလိုက်သွားတတ်ကြ၏။ “ပါဠိတော်နှင့် အဋ္ဌက
ထိပ်တိုက်တွေ့ခဲ့သော် ပါဠိတော်နောက် ကိုသာ လိုက်ရမည်” ဟူသော မဟာပဒေသ
(ညွှန်ကြားချက် စည်းကမ်းကြီး) ကိုလည်း မေ့နေ ကြ၏။ ကိုယ်ပိုင်ဉာဏ်လည်း အသုံးမချ။

ထိုမှ မြစ်ဖျားခံ၍ ပြဆိုပြီး မေးခွန်းများ၊ ကိုယ့်အခွင့်အရေးကို ကိုယ်ပိတ်သော
အတွေးအခေါ်များ၊ လက်လျှော့လိုစိတ်များ ဖြစ်မှန်းမသိ ဆင့်ပွား ဖြစ်ပေါ်လာကြ။
သို့နှင့် ယခုခေတ်တွင် အရိယာဖြစ်သည်။ ဈာန်အဘိညာဉ်ရသည်ကိုပင် မယုံချင်ကြတော။
နောက်ဆုံး ထိုခံယူချက်သည် “အရိယူပဝါဒ” ခေါ် ကံကြီးကိုပင် ကျူးလွန်မိတတ်တော့သည်။
ကြိုးစားသော်လည်း မဂ်ဖိုလ်ကို မရနိုင်ရှာကြတော့ပေ။ ထိုကံကြီး မထိုက်သည့်တိုင်အော


## PAGE 60


နိဒါန်း

မဂ်ဖိုလ် နိဗ္ဗာန်ဈာန်အဘိညာဉ်သည် ယနေ့လူသားတို့နှင့်ပင် မတန်ရာသယောင် မိမိတို့ဘဝကို
လျှော့ဈေးချလာကြ၏။ ဆင်ခြေကန် ဝေဖန်မှုများလည်း ပွားလေတော့သည်။ (ဤကား
ထွင်းဖောက်နိုင်သော နိဗ္ဗေဓိကပညာ မပါ၊ အပေါ်ယံစာပေ အမြင်မျှဖြင့် ပညာရှိ အခေါ်ခံ
သူတို့၌ ဖြစ်တတ်သော “ကေရာဋိယပက္ခ” စဉ်းလဲသော အမြင်တည်း။)

ခန္ဓာကိုယ်တွေ့နှင့် ဓာတ်စီး ကမ္မဋ္ဌာန်း

တစ်ဖက်တွင် ကြည့်ပြန်ပါလျှင်လည်း မသက်သာ၊ ပို၍ ပြဿနာတက်ပြန်သည်။
ရှင်းမရအောင် ကျယ်ပြန့် ရှုပ်ထွေးစေ၏။ အကြောင်းကား ပရိယတ္တိ အခြေမပါ။ ပဋိပတ်
(သမထ) သက်သက် သမာဓိ အစွမ်းထက်သဖြင့် “မဂ်ဖိုလ်ဆိုတာ ဒါပဲ” ဟု လွယ်လွယ်နှင့်
အရိယာဖြစ်ကြ၊ ရဟန္တာလုပ်ကြ၊ ရဟန္တာသမုတ်ကြခြင်းပင်တည်း။ “ခန္ဓာကိုယ်တွေ့”ဟု
ဆိုင်းဘုတ်တင်ကာ ပိဋက အာဇာနည်ကြီးများကိုပင် သူတို့က သနားနေရှာကြသေးတော့၏။
ပေါဋ္ဌိလကြီး, အရှင် နာဂမထေရ်ကြီးတို့ကိုပင် ကိုးကား၍ “စာခံသည်”ဟု ဝေဖန် လိုက်ကြ
သေးသည်။

66

•

“စာကိုမပြောနဲ့၊ ကိုယ်တွေ့ပဲပြော” ဟူသော ပဋိပတ် လက်ဖက်ရည်ကြမ်းဝိုင်းကြီး
များလည်း ရပ်ကွက်တိုင်းတွင် သောသောညံလေတော့သည်။ “အသင်္ခါရိက ဘေးကန်၊
သသင်္ခါရိက . ဗိုက်ကန်’ဟုပင် တွင်ခဲ့သော အလှူမင်္ဂလာ သင်္ဃာစင်မှ ငြင်းခုန် ရန်ဖြစ်
ကြသည့် “စကားပြောသင်္ဂြိုဟ်” ပရမတ်ဝိုင်းကြီးများကို သတိရစေတော့၏။ ထိုသူများကြောင့်ပင်
အဘိဓမ္မာ ပရမတ်တရားလည်း နာမည်ပျက်ခဲ့ရဖူးသည်။ ထို့ကြောင့် တရားအားထုတ်သူများလေ
ရင်လေးစရာ ကောင်းလေ ဖြစ်ရပြန်သည်။ (ဤကား ပညာမပါ၊ သဒ္ဓါသက်သက်ကြောင့်
အစွန်းထွက် လမ်းချော်သော ယနေ့ ပဋိပတ်အခြေအနေ ယေဘုယျ မြင်ကွင်းဖြစ်၏။)

ထို့ကြောင့် သဒ္ဓါနှင့်ပညာ ထမ်းပိုး ထမ်းညီ၍ အလေးချိန်မျှရန် လိုသည်ဟု
ဟောကြားဆုံးမတော် မူကြကုန်၏။

ပဋိပတ္တိရေးရာ၌ ပြဿနာကား ဤမျှသာ မဟုတ်တုံသေး။ ပရိယတ်လည်း တတ်၏။
ပဋိပတ်လည်း လုပ်၏။ သို့ရာတွင် မမျှော်လင့်သော အခက်အခဲများနှင့် ရင်ဆိုင်ကြရသောအခါ
အလွန်အကျွံ အားထုတ်ခြင်း၊ မချိမဆံ့ ပျင်းရိ၍ လက်လျှော့ပစ်ခြင်း၊ ကိုယ်ပိုင်ပကတိ
စိတ်ဓာတ်မဟုတ်သော အတွေးအခေါ်များ လက်ခံနေမိခြင်း စသည်တို့ကြောင့် ပန်းတိုင်
မရောက်ဘဲ လမ်းခုလတ်တွင် အလုပ်ခွင်မှ ထွက်ကာ တရားဟောသူဟော၊ စိတ္တဇဆေးရုံ
ရောက်သူရောက်၊ ပျောက်စေဆရာ, ဗေဒင်ဆရာ လုပ်သူလုပ်၊ ဖိုထိုးသူထိုး၊ အမျိုးမျိုး
ခေါင်းပြောင်းသွားရသူတို့လည်း မနည်းတော့ချေ။

မသေချာသော လက်ငင်းအကျိုးကို မြော်ကိုးယုံစားလွန်းသူ အချို့က ထိုသို့သော
ဆရာမျိုး ဖြစ်ရခြင်းကိုပင် ဧရာမဒုလ္လဘ အခွင့်ကောင်းကြီးထင်ကာ ထိုဟာရဖို့ကိုသာ
ပန်းတိုင် ထားကြလေတော့၏။ နောက်ဆုံး ပဋိပတ် လက်ဖက်ရည်ကြမ်း ဝိုင်းကြီးများနှင့်
အပြိုင် ကန်တော့ပွဲရှေ့ချကာ ဓာတ်စီးကမ္မဋ္ဌာန်း ထိုင်ကြလေတော့သည်။

$

