## PAGE 580


၅၂၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ထွက်လေ-ဝင်လေနှင့်အခြား ထိ-သိ တို့ကို မှတ်ခိုက် ဝေဒနာတစ်စုံတစ်ခု ပေါ်ခဲ့သော်
ဝေဒနာဘက် ဦးလှည့်မှတ်ရှုရရာ “ဝေဒနာကျွတ်” သွားအောင် (မှတ်ရင်း မှတ်ရင်း ပျောက်
သွား သည်အထိ) ရှုမှတ်ရခြင်းပင်တည်း။ ယောဂီတစ်ဦးနှင့်တစ်ဦး စရိုက်ချင်း မတူနိုင်သဖြင့်
လိုက်သင့်သော ဝေဒနာ၊ အမျိုးအစား၊ ထိုဝေဒနာ၏အတိုင်းအတာ စသည်ဖြင့် မဇ္ဈိမပဋိပဒါ
ကျအောင် ကျင့်သုံးဖို့ကား လိုပေမည်။

အဓိဝါသနခန္တီ အရ အတတ်နိုင်ဆုံး အောင့်အည်းသည်းခံ၍ မတတ်သာ သည့်အဆုံးမှ
ဝေဒနာကို လျစ်လျူရှုထား၍ ပြောင်းလဲ မှတ်သွားခြင်းသည် အသင့်မြတ်ဆုံး ဖြစ်၏။

ဦးကျော်ဒင်အား အဆုံးအဖြတ်ပေးမည့်နေ့

ဦးကျော်ဒင်သည် ထိုသို့ နေ့ညမလပ် သတိချင်း စပ်အောင် ရှုမှတ်လေရာ မချိမဆန့်
ထိုးအောင့် ကိုက်ခဲလာသော ဝေဒနာများ ရိပ်ကနဲရိပ်ကနဲ အားသေး ပျောက်ကွယ်သွား
ကုန်၏။ အာရုံနိမိတ်များလည်း တဖြည်းဖြည်း ကင်းကွာ၍၊ ခွာ၍၊ လျစ်လျူရှု၍ ခန္ဓာကိုယ်
ရုပ်နာမ်တရားတို့၏ ဖြစ်မှု ပျက်မှုအစဉ်ကိုသာ သိမြင်လျက်ရှိ၏။ ဖြစ်ပျက် အပေါ်၌သာ
စူးစိုက် သိမှတ်နေခဲ့ရာ ရှုမှတ်၍ အလွန်ချက်ကျလက်ကျ စီးစီးပိုင်ပိုင် ရှိနေ၏။ စိတ်ထဲတွင်
အလွန်ကျေနပ် ဝမ်းမြောက်နေမိ၏။ ကြည်နူး နှစ်သက်နေမိပြန်၏။ ကျေနပ်ဝမ်းသာလွန်း
အားကြီးနေစဉ် ဦးကျော်ဒင်၏ ရှေ့၌ အလင်းဓာတ်ကြီးမှာ ထင်းကနဲ ပေါ်လာတော့သည်။

ပီတိဖြင့် ဖုံးအုပ်ပေးထား၍ ဝေဒနာ ငြိမ်းသွားပြီဟု ထင်ရသော်လည်း အခိုးအရှိန်များ
ပြည့်ဟုန်ပြီး စွဲကျန်နေသေးရာ အလင်းဓာတ်ကြီး ပေါ်လာသော အခါတွင်မှ ဝေဒနာများ
စုပ်စမြုပ်စ ငြိမ်းချုပ်ကာ လုံးဝ အေးသွားတော့သည်။ ထို့ကြောင့် အလင်းဓာတ်ကြီးကို
တွယ်တာ နေမိပြန်၏။ ဖြစ်ပျက် သတိလည်း လွတ်နေတော့သည်။

..

ဦးကျော်ဒင်သည် အတန်ငယ်စဉ်းစားကာ “အင့်ဟင် ငါ့ဟာ ဟုတ်သေးပါဘူး” ဟု
ပညာဖြင့် ဆင်ခြင်၍ သိမှတ်မှုကို ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ပြန်၍ တင်ပို့လိုက်၏။
(သြဘာသ၌ . လဲကျ၍ ပဿဒ္ဓိ၌ နစ်သွားသည်ကို ဆွဲထူလိုက်ခြင်းပင်တည်း။) ထိုအခါ
စောစောက ဝေဒနာများ ပြန်၍ ပေါ်လာကြပြန်၏။ လှိုင်းထန်သော ဝဲဂယက်၌ သစ်တုံးတိုကို
ဖက်၍ ကူးနေရသကဲ့သို့ ရှိတော့သည်။ မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိခေါ် လမ်းမှန်
လမ်းမှား၌ သတိရှိရှိ၊ ဝီရိယ မှန်မှန်၊ ဉာဏ်ကိုကသုံးချ၍ ပကိုင်နေရပုံတည်း။

ပေါ်လာသော ဝေဒနာများကို သိမှတ်ပြန်ရာ အာရုံနှင့် သိမှတ်မှုမှာ တော်တော်နှင့်
အံမကိုက်၊ ခွင်မကျ။ မဆုံးနိုင်အောင် တမှတ်ထဲမှတ်နေရသည်ကိုပင် ငြီးငွေ့လာ၏။အာရုံနှင့်
သိမှတ်မှုမှာ အထက်လွန်သွားလိုက်၊ အောက်ကျသွားလိုက်၊ ရှေ့ရောက်သွားလိုက်၊ နောက်ကျ
ကျန်ရစ်လိုက် ဖြစ်နေပြန်၏။

ထိုအခါ ဦးကျော်ဒင်သည် အသက်မှန်မှန် ရှူရှိုက်ကာ မဇ္ဈိမပဋိပဒါ ကျအောင်
ညှိယူလိုက်သောအခါ ဣန္ဒြေငါးပါးလုံးမျှတညီညွတ်သွားသဖြင့်နိရောဓဓါတ်ကို ဖတ်ကနဲမိကာ

## PAGE 581

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၂၇

ယမ်းတောင့် ထိုးထားသော သေနတ်ကို စိကနေ ကိုင်ဖြုတ်လိုက်သကဲ့သို့ ဒိုင်းကနဲ မှတ်သိမှု
ပြုတ်ထွက်သွားလေတော့၏။ သတိ ဝီရိယ ဉာဏ်ရှိသော ရေနစ်သူသည် အလိုက်သင့်
မှေး၍ မျှောလိုက်ရာမှ ဆိပ်ကမ်းကို ခေါင်းဖြင့် ဒိုင်းကနဲ ဆောင့်ဝင်၍ တိုက်ရာ ဆိပ်ကမ်းကို
မလွှတ်တမ်း ဆုပ်ကိုင်၍ အမောဖြေသကဲ့သို့လည်း ဖြစ်နေပေမည်။

တစ်သံသရာလုံး မခံစားခဲ့ရဖူးသေးသော ငြိမ်းအေးမှုကြီးကို မျက်ဝါးထင်ထင်
တွေ့မြင်ရကာ အမောပြေ သက်သာရာ ရလေတော့၏။

“အာလောကော ဥဒပါဒိ” တရားအလင်းဓာတ်ကြီးသည် ဦးကျော်ဒင်၌ ပထမဆုံးအကြိမ်
ကိန်းဝပ်လေတော့သည်။ မြွေကိုက်ခံရသူသည် ထိုဝေဒနာ လုံးဝချုပ်ငြိမ်း ပပျောက်သွား
သော်လည်း တစ်သက်နှင့်တစ်ကိုယ် မမေ့နိုင်အောင်စဉ်းစားလိုက်တိုင်း ခံစားရပုံကို တပ်အပ်
မှတ်ချ သိနိုင်သကဲ့သို့ ထိုအခြေအနေနှင့် ထိုနေ့ကို ဦးကျော်ဒင်အဖို့ ရာသက်ပန် မမေ့နိုင်
တော့ချေ။ ပထမရစ် အနေဖြင့် အပါယ်လေးပါး ကြွေးစာရင်း ဖျက်လိုက်သော ထိုနေ့ကား...
“၁၂၈၂-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃-ရက်၊ ကြာသပတေးနေ့၊ ညဉ့် ၁၀-
နာရီခန့်။”

(ယောဂီတို့ တရားရှုမှတ်ရင်း နိဗ္ဗာန်ဆိုက်ရောက် မျက်မှောက်ပြုပုံကို .. မဟာစည်
ဆရာတော် အခန်းကျမှ အပြည့်အစုံ ဖော်ပြမည်။)

ပညာသတိနှင့် ဘုန်းရှိသူတို့အတွက် အာနာပါန

ဦးကျော်ဒင်သည် ထွက်လေဝင်လေကို မပြင်းမပျော့ ရှုရှိုက်၍ သတိနှင့်အသိ၊
အသိနှင့်သတိသည် ရှေးကထက်ပင်ပို၍ ချပ်ကနဲချပ်ကနဲမိကာ ရုပ်နာမ် အသိများ ပို၍
ရှင်းလင်း ပြတ်သားစွာ မြင်၍ မြင်၍ လာ၏။ စ၍ အားထုတ်ကတည်းကပင် ဣန္ဒြေ
ပျက်လောက်အောင် ယိမ်းယိုင်လှုပ်ရှားခြင်း ရှိခဲ့ဟန်မတူ။ တုန်လှုပ် ယိမ်းယိုင်ခြင်းသည်
သမာဓိအားနည်းသည့် သဘောပင် ဖြစ်၏။ တုန်လှုပ် ယိမ်းယိုင်ခြင်း၌ သာယာငြိကပ်ကျေနပ်ခြင်း
(နိကန္တိ) ကြောင့်ပင် ပို၍ တုန်လှုပ် ယိမ်းယိုင်ခြင်း ဖြစ်ရ၏။

ဘုရားရှင် လက်ထက်တော်က အာနာပါန ရှုပွားရာ၌ ကိုယ်ရောစိတ်ပါ ယိမ်းယိုင်
တုန်လှုပ်ခြင်း မရှိ, ပကတိ တည်ငြိမ်စွာ ရှုပွားနေသော ရှင်မဟာကပ္ပိနမထေရ် အား
ဘုရားရှင်နှင့်တကွ သီတင်းသုံးဖော်များ အားလုံးက ချီးကျူးခဲ့ကြဖူး၏။ (မဟာကပ္ပိနသုတ်၊
အာနာပါနသံယုတ်။)

သီလ သမာဓိ ပညာ (သို့မဟုတ်) သတိ သမာဓိ ဝီရိယ ပညာ ပြည့်စုံညီမျှစွာ
(ပရိပုဏ္ဏဘာဝိတ) ရှုမှတ်သူတိုင်း၊ ဘုရားရှင် ဟောတော်မူသည့်အတိုင်း သင်ခန်းစာကို
မခုန်ကျော်ဘဲအစီအစဉ်တကျ (အနုပုဗ္ဗ ပရိစိတ) ရှုမှတ်သူတိုင်း ရှင်ကပ္ပိနမထေရ် ကဲ့သို့
(ရဟန္တာဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) တည်ငြိမ် အေးဆေးစွာ ချမ်းသာလွယ်တကူ
နိဗ္ဗာန်သုခကို ရယူနိုင်ကြပေသည်။


## PAGE 582

•


၅၂၈

ဓမ္မာစရိယ ဦးဌေးလှိုင်

“နိဗ္ဗာန်ကိုလျော့လျဲလျဲလုပ်၍မရ၊ ကိုယ်နှင့် အသက် စွန့်၍ လုပ်ရမည်” စသည်ဖြင့်
ထိုထို ပါဠိတော်တို့၌ ဟောကြားသည့်အဓိပ္ပာယ်ကို ရုပ်ဝတ္ထု ဆန်ဆန် “လှေထိုးလွှတိုက်’
သဘောမျိုး မကောက်ယူရ။ ထက်သန်ပြင်းပြ၍ အသိဉာဏ်ယှဉ်သော ပြတ်သား တိကျသည့်
စိတ်ဓာတ်သာ အရေးကြီးလေသည်။ (ယေ သုပ္ပယုတ္တာ,မနသာ ဒဠေန။) သို့မဟုတ်ပါက
တစ်စုံတစ်ခုသော အခုအခံ အငြိအတွယ်များကို မကျော်လွန်နိုင်ဘဲ ရုပ်တွက်တွက်ကာ
ရှင်ဆန္ဒ၊ ရှင်ဂေါဓိက စသူတို့ကဲ့သို့ ကိုယ့်ကိုကိုယ်လည်လှီး၍သတ်သေသောပြတ်သားမှု၊
ရဲရင့်မှုများအထိ နယ်ကျွံသွားတတ်သည်။

အစွဲမကင်းသော ဇွဲတင်းမှုများကြောင့် အလွန်တရာ တည်ငြိမ်ချမ်းသာစွာ လျှောက်ရမည့်
မဇ္ဈိမပဋိပဒါလမ်းသည် ချွေးစွန်းသောလမ်း၊ သွေးစွန်းသောလမ်း ဖြစ်ခဲ့ရချေ၏။ မြင်မကောင်း
ရှုမကောင်း နှာရည်တရွှဲရွှဲနှင့် လမ်းခုလပ်၌ ပစ်လဲနေသူများလည်း အတုံးအရုံး။

"

စင်စစ် အာနာပါနကမ္မဋ္ဌာန်းကား အခြား ကမ္မဋ္ဌာန်းများထက် အကျိုးအာနိသင်
ကြီးမားလှပေ၏။ အကျိုးကြီးမားသည်နှင့်အမျှ ဆည်းပူးရသော အကြောင်းမှာလည်း
အခြား ကမ္မဋ္ဌာန်းများထက် အရင်းအနှီးများ၏။ အရင်းအနှီးကား တခြားမဟုတ်၊ သတိနှင့်
ပညာတည်း။ ကမ္မဋ္ဌာန်းတိုင်းတွင် သတိပညာလိုအပ်သည်ချည်း ဖြစ်၏။ သို့ရာတွင်
အာနာပါနကမ္မဋ္ဌာန်းတွင် အထူးသဖြင့် ပို၍ လိုအပ်၏။ “သတိပညာမရှိသူအား ဤကမ္မဋ္ဌာန်းကို
ငါမဟော၊ မပေး” ဟူ၍ မိန့်တော်မူဖူးသည် (အာနာပါန သံယုတ်နှင့်ဥပရိ-အာနာပါ
နဿတိသုတ်)။ ဘုရား, ပစ္စေက ဗုဒ္ဓါ, သာဝက ဘုန်းကံကြီးမားသူတို့ အတွက်သာလျှင်
ဖြစ်၏။ ဘုန်းကံနည်းသူ (လူညံ့များ) ၏ အရာမဟုတ်။ ထိုပုဂ္ဂိုလ် မြတ်များသည်လည်း
ခဏတစ်ဖြုတ် (ကောက်ရိုးမီးကဲ့သို့) လုပ်ရုံမျှ လုပ်၍ရသော ကမ္မဋ္ဌာန်း မဟုတ်။ စွဲစွဲမြဲမြဲ
စူးစူးစိုက်စိုက် လေးလေးပင်ပင် သတိပညာ များများဖြင့် လုပ်မှရသော တရားဖြစ်၏။
(ဝိသုဒ္ဓိမဂ်၊ ၁၊ ၂၇၆။)

ထို့ကြောင့် အရှိန်ပြင်းသော သိန္ဓောမြင်းကို စီးသူသည် အစီးမတတ်၍ လိမ့်ကျလျှင်
ပို၍ အထိနာတတ်ပေသည်။ အာနာပါနကား လူတစ်ယောက်ကို ဆံပင်ဆွဲကိုင်လိုက်သကဲ့
သို့ စီးစီးပိုင်ပိုင် နိုင်နိုင်နင်းနင်းရှိလှ၍ ခန္ဓာဗေဒတွင် အချုပ်အခြာအညှာကျသော ကမ္မဋ္ဌာန်း
ဖြစ်၏။

ဦးကျော်ဒင်သည် ဘုန်းကံကြီးမားသူ ဖြစ်သည့်အတိုင်း တစ်နေ့မျှ မလပ်အောင်
အပတ်တကုတ် ကြိုးစားရှုမှတ်၏။ မှတ်ပုံမှတ်နည်းလည်း အပြောင်းအလဲ မရှိ။ “ထိ-သိ-
သတိ' ပင် ဖြစ်သည်။ (ရဟန္တာဖြစ်သည့် နောက်တွင်လည်း ဤသို့ပင် မှတ်နေရ၏။
မှတ်နေလို၏။) ထို့ကြောင့် ဘုရားရှင်၏ တရားတော်သည် လူတိုင်းနားလည်အောင်၊
မလုပ်တတ် မရှိအောင် လွယ်ကူလှပေသည်။ ဦးကျော်ဒင်သည် နေ့ရှိသမျှ အိမ်မှုကိစ္စများ
လုပ်ရင်းပင် လုပ်နုနု၏။ ပြောင်းရိုးစဉ်းရင်း၊ နွားစာကျွေးရင်း၊ ထွန်ရင်း၊ ထင်းခုတ်ရင်း
အလစ်အလပ်မရှိ။ အိပ်ချိန်ကိုပင် အထူးလျှော့ကာ ပို၍ ကြိုးစားလာပေသည်။

“အချိန်တစ်ခုအတွင်း အလုပ်နှစ်မျိုး လုပ်နိုင်တာ ဒီဟာပဲရှိတယ်။ ခုလူတွေဟာ


။
