## PAGE 583

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၂၉

နတ်ဗြဟ္မာတွေလောက် အခြံအရံ ပရိသတ် မများကြပါဘူး၊ ရှေးက ရှင်ဘုရင်တွေ
သူဌေးတွေလောက်လဲ အလုပ်ကိစ္စ မများကြသေးပါဘူး။ သူတို့တွေတောင် ဒီလောက်
များတဲ့ ပရိသတ်တွေအကြား၊ ဒီလောက် များတဲ့အလုပ်တွေ လုပ်ရင်းနဲ့ ဘုရားရှင်
ထံတော်က အဆုံးအမ, ရလို့ တောက်လျှောက် ဆောင်ကြ (ရှုမှတ်ကြ) တော့
အသီးသီးတွေဟာ ရည်ရွယ် မှန်းထားတာမျှမက ပြီးစီးခဲ့ကြပါသဗျာ” ဟု ကျေးဇူးရှင်
ဝေဘူဆရာတော်ဘုရားကြီး ၏ သြဝါဒ (၂၈၊ ၅၊ ၁၉၅၅) ကို သတိရဖွယ် ရှိပေ၏။

မိန်းမကြမ်း လုပ်ရရှာသော ဒေါ်ရွှေရည်

ဦးကျော်ဒင်သည် အိမ်မှုကိစ္စလုပ်ရင်းနှင့်ပင် ပထမတစ်ဆင့် အောင်မြင်ခဲ့၏။ အိမ်မှ
ကိစ္စများလည်း လစ်ဟင်းသည် မရှိခဲ့။ သို့ရာတွင် “အလုပ်ပျက်တယ်” ဟုဆိုကာ ဇနီး
ဒေါ်ရွှေရည်၏ ဆောင့်အောင့် ငြူစူခြင်းကို ခံနေရ၏။ နောက်မကြားတကြား စောင်းမြောင်း၏။
နောက် ခုတင်ပေါ်က တွန်းချသည်အထိ နှောင့်ယှက်လာတော့သည်။ ဦးကျော်ဒင်ကား
သည်းခံလျက် ဆက်၍လုပ်မြဲ။

“မနှောင့်ယှက်ချင်ပါနဲ့ ရှင်ရွှေရည်ရယ်” ဟု ဆိုကာ တွန်းချခံရသော မြေကြီးပေါ်၌ပင်
ထိုင်၍ ရှုမှတ်မြဲရှုမှတ်ပြန်၏။ ဒေါ်ရွှေရည်ကား ခုတင်မှ ကြမ်းများ နုတ်ပြီး ထောင်ထားရာ
ဦးကျော်ဒင်မှာ ဒေါ်ရွှေရည် ဆောင့်အောင့် မြည်တွန်ပြီး ထွက်သွားသည်နှင့် အခင်းမရှိသော
ဆင့်ပေါ်၌ပင် ထိုင်၍ ရှုမှတ်နေရသည်။

မကြာမီ ဒေါ်ရွှေရည် အိမ်ထဲသို့ ဝင်လာကာ-

“ကဲ....ကိုယ်တော်ကြီး ဖယ်ပေးပါဦး” ဟု ဆိုကာ ကြမ်းခင်းများကို ပြန်ခင်း၍

ပေးပြန်၏။

"

“ရှင်ရွှေရည်ရယ်၊ မင်း ဘောက်မဲ့ နှောင့်ယှက်ချင်ရတာကုံး” ဟု မေးရာ-

*

“တော် စိတ်ဆိုးပြီး ထရိုက်အောင်လုပ်တာ” ဟု ပြန်၍ ပြောရာ ဦးကျော်ဒင်က-
“စိတ်မဆိုးပါဘူး. မယ်မင်းကြီးမရယ်၊ ရိုက်လဲ မရိုက်ပါဘူး။ ကြိုးစားပြီး တရား
ဟောတော်မူပါ” ဟု ဆိုကာ ရှုမှတ်မြဲ ရှုမှတ်နေလေသည်။

“သောတာပန်” ဆိုသည်မှာ သာမညပုဂ္ဂိုလ်မျိုး မဟုတ်ချေ။ “ဒိဋ္ဌိ၊ ဝိစိကိစ္ဆာမျှသာ
ပယ်သေးသည်” ဟု လွယ်လွယ်ပင် ပြောဆိုထင်မြင်နေကြ၏။ (အပါယ်သို့ ကျစေနိုင်သော)
ကိလေသာမှန်သမျှ အားလုံးပယ်သတ်ပြီးသူ ဖြစ်သည်။ (အဋ္ဌသာလိနီ-ဒဿနတိက။)
ရဟနာသုံးပါး၏ ကျေးဇူးသိပုံနှင့် ဘဝပြဿနာ အဖုံဖုံနှင့်စပ်၍ နှလုံးသား၏ ထောက်ခံချက်
ရသော ခွင်လုံးပိုင်ယုံကြည်မှု အလင်းဓာတ်ကြီး ကိန်းအောင်းသွားလေပြီ။ ငါးပါးသီလကိုလည်း
(ဘဝခြားစေကာမူ) အလိုလိုပင် အကြွင်းမဲ့ လုံလဲသွားတော့၏။ (ပရိပူရကာဂို။)

မိမိ၌ ရှိသောအပြစ်ကို မရှိဟန်ဆောင်မှု=(မာယာ)၊ မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန်
ဆောင်မှု=(သာဌေယျ)၊ မနာလိုဝန်ကိုမှု=(ဣဿာ, မစ္ဆရိယ) စသော မရိုးသားမှုများလည်း


## PAGE 584

၅၃ဝ


စမ္ပာဧရိယဦးဌေးလှိုင်

သောတာပန်၌ မရှိတော့ပြီ။ ဥဇုပ္ပဋိပန္န=စင်းလုံးချော- ရိုးဖြောင့်သူတည်း။ (အံ-၂၊ ၃၈၂၊
ဝိဘင်း-၃၄၉-ရှု။)

လူသာမန်တို့ ကိုယ်ချင်းစာ၍ မရနိုင်သော အငြိမ်းဓာတ်၊ အသိဉာဏ် အလင်းအား
တို့လည်း များစွာရှိကုန်၏။ သေးသေးငယ်ငယ် နှယ်နှယ်ရရ မဟုတ်ပါချေ။

စကြဝတေးမင်း စည်းစိမ်နှင့် မလဲနိုင်သော ချမ်းသာသည် အဘယ်မှာလျှင် 'သူ ့လိုငါ့လို'
ဟုတ်ပါချိမ့်မည်နည်း။ ထို့ကြောင့် ဦးကျော်ဒင်သည် ဒေါ်ရွှေရည်အပေါ် စိတ်မဆိုးဘဲ
သနား၍သာ နေတော့၏။ အလိုလို မေတ္တာဖြင့် သည်းခံနိုင်ရည် ရှိလာသည်။ ဝေဒနာကို
ရှုမှတ်ရများသော သတိကလည်း သည်းခံနိုင်ရည်ကို တိုးစေ၏။ ဖြစ်ပေါ်လာသော လောဘ
ဒေါသကို ချက်ချင်းပင် သိမ်းဆည်းနိုင်သည်။ သကဒါဂါမိမဂ်သည် အကြမ်းစားလောဘနှင့်
ဒေါသတို့ကို သတ်ပေတော့မည်၊

ဒေါ်ရွှေရည်ကား တစ်နေ့ထက်တစ်နေ့ တစ်မျိုးပြီး တစ်မျိုးသာ နှောင့်ယှက်နေ၏။

“ဘာမှ တိုးတိုးဖော်မရဘူး။ တေမိလိုပဲ။ ဒါလောက်တောင် ကရားအားထုတ်ချင်လဲ
ဘုန်းကြီးလုပ်နေပါလား” စသည်ဖြင့် မြည်တွန် တောက်တီးလျက်သာ ရှိခဲ့၏။ အသိချင်းမတူ၍
အမြင်ချင်းမတူ။ ပို၍ သိသူမြင်သူက ပိုပြီး သည်းခံရမြဲဖြစ်၏။ ထိုအခါ ယောဂီသည် ပို၍
သတိထားရသည်။ မိမိအတွက် အသိဉာဏ် နည်းသူများအား အပြစ်ပို၍ လေးမသွားအောင်
စောင့်ရှောက်ရပြန်၏။ သို့မဟုတ်ပါက မသိသူများ အရိယာ စွပ်စွဲပြစ်ကြီး ကျရောက်သွားနိုင်
သည်။ အရိယာ မဖြစ်သေးသော ယောဂီတို့ပင်လျှင် အရိယူပဝါဒကံနီးပါး အပြစ်များ
ဖြစ်စေနိုင်သဖြင့် ပို၍ သည်းခံကြရာ၏။

အရိယာ စွပ်စွဲပြစ် ဆယ်မျိုးကား အလွန်ကြောက်ဖွယ် ကောင်းလေစွာ့။ အရိယာ
မဟုတ်သူအား အရိယာအဖြစ် ချီးကျူးဂုဏ်ပြုခြင်းသည်လည်း အရိယူပဝါဒကံနှင့် အတူတူပင်
ဖြစ်ကြောင်း (ဒသင်္ဂုတ္တရ ကောကာလိကသုတ် အဖွင့်၌) လာရှိ၏။ အရိယာပုဂ္ဂိုလ်၊ အရိယာ
ဖြစ်ရန် ကျင့်ကြံနေသောယောဂီတို့နှင့် ဆက်ဆံရသည်မှာ လူမိုက်တို့အတွက် အလွန်ကြောက်ဖွယ်
ကောင်းလေစွား

လူမိုက်များ၌ အပြစ်မကြီးကြစေရန် ယောဂီလုပ်သူများကလည်း အနေအထိုင်
အပြောအဆိုကို ဆင်ခြင် ကြရာ၏။ သည်းခံခြင်းဖြင့် မိမိ၌ တရားတက်စေရုံမျှမက မသိ
နားမလည် သူတို့ကိုပါ စောင့်ရှောက်ရာ ရောက်ပေ၏။

မသော

“တရားဌာနမှာ နေပြီး တရားသမားလို မနေနိုင်လျှင် မနေတာက ကောင်းတယ်။
မနေကြနှင့်။ တခြားသူတွေလဲ ဒီလိုပဲနေမှာပါဆိုပြီး မိမိတစ်ယောက်တည်း
မတည့်တာကို မြင်လို ့ တစ်ပါးသူက ကဲ့ရဲ့ မိသွားရင် ထိုသူမှာ အလွန်အပြစ်ကြီး
တယ်။ မိမိမှာလဲ အစီးအပွား မများတဲ့အပြင် မြင်တဲ့သူတွေကိုပါ အပြစ်ပေးနေတာနဲ
အတူတူပဲ”

ဟု ကျေးဇူးရှင် ဝေဘူ ဆရာတော်ဘုရားကြီးက လိင်္ဂအရိယာ၊ အာစာရ အရိယာ
အရိဃာ အမျိုးအစားများကို ခွဲခြားညွှန်ပြ၍ မိမိ အနီးအပါးရှိ ကြီးမှ ရဟန်းပြုသော


## PAGE 585

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


ရဟန်းယောဂီများအား ဆုံးမသည်ကို မှတ်သားရဖူး၏။ သတိပြုအပ်လှပါပေသည်။

၅၃၁

ယောဂီကား ဦးကျော်ဒင်ကဲ့သို့ တစ်မဂ်တစ်ဖိုလ်မျှ မရသေးလျှင်လည်း ကျိတ်မှိတ်
အောင့်အည်း၍သာ သည်းခံနိုင်အောင် ကြိုးစားကြရာ၏။ ဦးကျော်ဒင်မှာမူ လွယ်လွယ်
ကူကူဖြင့်ပင် သည်းခံနိုင်ပေသည်။ ဒေါ်ရွှေရည်ကား အလျှော့မပေး။

66

တစ်ညတွင် ဦးကျော်ဒင် တရားရှုမှတ်၍ ကောင်းနေခိုက် ချည်တိုင်မှ နွားမကို
ကြိုးဖြေလွှတ်လိုက်ပြီး “ကိုကျော်ဒင်၊ နွားမ လွတ်သွားလို ့ လိုက်ချေပါ့ဦး” ဟု ဆိုကာ
ညကြီးမင်းကြီး နွားလိုက်ခိုင်းသည်။ ထိုနွားမမှာ မြင်သမျှ တတ်၍ အလွန်ဆိုးသော
နွားမဖြစ်သော်လည်း ဦးကျော်ဒင် ထလိုက်သွားသောအခါ အလွယ်တကူပင် ဖမ်း၍
ချည်နိုင်ခဲ့၏။

ဒေါ်ရွှေရည်ခမျာ နေ့ချင်းညချင်း စိတ်ပြောင်းမှန်းမသိ ပြောင်းလာကာ မိန်းမကြမ်းလုပ်၍
ကပြရရှာ၏။ ဇာတ်ဆရာကား ဘယ်သူဖြစ်ပါလေမည်နည်း။

ကြွေးရှင်းနေပြီ၊ ကြားဝင်အေနှင့်

ယောဂီတို့ သတိပြုရမည်မှာ တရားအလုပ်ခွင်၌ (ရိုးရိုးယဉ်ယဉ်ကလေးဖြင့်) အနှောင့်
အယှက် အမွှေဓာတ်ဝင်ပုံမှာ သိမ်မွေ့လှပေသည်။ ယောဂီတိုင်း နားမလည်ဒိုင်ပေ။ ယခု
ဒေါ်ရွှေရည် ပြုလုပ်နေပုံများမှာ “ဒါ ဘာဆန်းလဲ၊ လူတိုင်း ဒီလိုပဲ လုပ်မှာပဲ၊ ကိုယ့်လင်သားပဲဟာ”
စသည်ဖြင့် လောက၌ ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ဖွယ်ရှိ၏။

လူ့ သဘောစရိုက် ရှုထောင့်အရလည်း တစ်ပိုင်းက မှန်ကန်လျက် ရှိသည်ဖြစ်၍ –ဒါ
အမွှေဓာတ်သဘော"ဟုပြောလျှင်လွယ်လွယ်ဖြင့် လက်မခံ နိုင်ကြပေ။ ထို့ကြောင့် “သိမ်မွေ့
ပိရိသည်” ဟု ကျွန်ုပ်တို့ ဆိုရခြင်း ဖြစ်၏။

အမွှေဓာတ်တို့၏ သဘောသည် ရုတ်တရက် ပယ်ချ၍ မရအောင် တစ်စွန်းတစ်စ
မှန်ကန်လျက်ရှိသည်ဟု ထင်ရကာ အနည်းငယ် အားနည်းချက် ယိုပေါက်ရှိသော ဟာကွက်
များကို ဆုပ်ကိုင်ပြီး တက်နင်းလာတတ်သည်။ ဗြောင်အထင် မခံချေ၊ သွေးရိုးသားရိုး ဟု
ထင်စေသည်။ မတတ်သာမှ ဒဲ့ဒိုး ဗြောင်ဝင်လုပ်တတ်၏။ မှောင်ရိပ်ခိုနိုင်သမျှ ခို၍
လုပ်သည်။ ရနိုင်သမျှ တရားခံ အငှားရှာ၏။ လက်ကိုင်တုတ်များကို ရှာ၍ သုံးလေ့ရှိ၏။

ယောဂီအား “ငါ့စိတ်နှင့် ငါဖြစ်နေသည်၊.အစားမှား၍ နေမကောင်းခြင်း ဖြစ်သည်၊
ငါလုပ်ချင်၍ လုပ်သည်၊ သူဖြစ်ချင်၍ ဖြစ်သည်” ဟု လှည့်စား၍ မရလျှင် ယောဂီနှင့်
အနီးစပ်ဆုံးသူများကို အငှားတရားခံ လုပ်၏။ ထိုသူများကို တုတ်လုပ်၍ ယောဂီအား
ရိုက်တတ်သည်။ ယောဂီ၏ ဆရာသမား၊ မိဘ၊ တပည့်၊ သားမယား၊ ဆွေမျိုးမိတ်ဆွေစသည်။
ယောဂီ သံယောဇဉ် ကြီးသလောက်၊ လေးစားသလောက်၊ ထိုသူများက အင်အားနည်းသလောက်
(ဝါ လောဘ ဒေါသ မောဟကြီးသလောက်) တစ်မျိုးပြီး တစ်မျိုး အကွက်ဆင်၍
မွှေတတ်သည်။

