## PAGE 586

၅၃၂


ဓမ္မာစရိယ ဦးဌေးလှိုင်

တရားရှုမှတ်ရာ၌ အရေးကြီးသော အပိုင်းရောက်လေ၊ ဝင်လာလေပင်တည်း။ တရားဌာန
သွားရန် စိတ်မကူးဖြစ်အောင်၊ စိတ်ကူးလျှင် မသွားဖြစ်သေးအောင်၊ သွားဖြစ်လျှင် အလုပ်
မတွင်အောင် အကွက်ဆင်ပုံမှာ ယဉ်လှ၏။ မယုံနိုင်အောင်ပိရိလှ၏။ ထို့ကြောင့် “တစ်ဖက်
လမ်းသို့ ကူးမြောက်နိုင်သူက အလွန်နည်းပါး၍ ဤမှာဖက်ကမ်း၌ပင် ကျန်ရစ်ခဲ့ရသူက
များကြောင်း၊ မုဆိုး ပိုက်ကွန်မှ လွတ်ထွက်သွားသော ငှက်ကနည်း၍ ပိုက်ကွန်ထဲမှာပင်
သေရသောငှက်က များလှကြောင်း” ဟောတော်မူခြင်း ဖြစ်သည်။ ထိုအခါ ယောဂီသည်
“ငါ့ဘက်က ဘယ်လိုမှန်သည်၊ ငါ ဘယ်ရွေ့ ဘယ်မျှ အနွံအတာခံထားသည်" စသည်ဖြင့်
မဆုပ်ကိုင်ရာ၊ ယခုမှန်လည်း ရှေးရှေးဘဝ များစွာက မှားခဲ့၍သာဟု ဖြေဆည်ပါ။
ဘယ်သူမပြု မိမိမှု။

"

အမွှေဓာတ်ကို နိုင်ရန် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သနားခြင်း၊ မေတ္တာပွားခြင်းက
လွဲ၍ အခြားနည်းမရှိ။ ပုဂ္ဂိုလ် သတ္တဝါ ပညတ်ကို မကြည့်ရ။ မသုံးသပ်ရ။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ အရှုံးပေးပြီး
မိမိအလုပ်ကိုသာ ဆက်လုပ်ပါ။ မရလျှင် မေတ္တာ နာနာပွားပို ့ပါ။ အဆိုးလာလျှင်
မေတ္တာနှင့် ဓာတ်သဘာဝကို ဆင်ခြင်၍ ဒေါသကိုသည်းခံ။ အကောင်း (လာဘ်၊ ဝိသဘာဂ)
လာလျှင် အနိစ္စ အသုဘ ဆင်ခြင်၍ လောဘကို သည်းခံ။ ကြပ်ကြပ် ပြင်းထန်လျှင်
မြန်မြန်တက်တော့မည် အောက်မေ့။ အထူးသဖြင့် ကျေးဇူးတင်၍သာ ပျော်ပျော်ကြီး
လုပ်ပါလေ။

၅၅၀-ဇာတ်ပေါင်းခန်းကို သတိပြုရန်လို၏။ သံသရာ၌ ဆက်၍သွားရန် မရှိ။
ဤဘဝ၌ စာရင်းရှင်းကြရလိမ့်မည်။ ပေးဆပ်စရာရှိလျှင် ပေးဆပ်ရ၏။ ကြွေးအသစ်အဟောင်း
လုပ်ရမည့်သူများမှာ … အဝေး၌မရှိ၊ ယောဂီနှင့်ကပ်နေ၏။ ကျေးဇူးခံ ကျေးဇူးစား မိဘ
ဆရာသမား၊ တပည့်သားသမီး မိတ်ဆွေများသာလျှင် ဖြစ်ကုန်၏။ သူတို့သည်သာမာရ်နတ်
ကိုယ်စားလှယ်အဖြစ် သင်နှင့် ရင်ဆိုင်လာတတ်ကြသည်။ မာရ်နတ်ကား အမှောင်ရိပ်၌သာ
နေလိမ့်မည်။ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းနေ၏။

ထို့ကြောင့် နီးစပ်သူများတွင် အင်အားနည်းသူများ မရှိရအောင် မေတ္တာဖြင့်
တရားလမ်းသို့ ပို့ပါလေ။ ထိုသူတို့ အပေါ် ကြပ်ကြပ် မေတ္တာ ပွားပါလေ။ (ပဉ္စင်္ဂုတ္တရ၊
လိစ္ဆဝီ ကုမာရက. သုတ်၌) အိမ်ခေါင်းဆောင်တို့ အတွက် ကြီးပွားကြောင်း တရားငါးမျိုးကို
ဟောတော်မူ၏။

5 မိဘဘိုးဘွား၊

၂။ သားမယား ကျေးကျွန် ဆွေမျိုး၊

၃။ အိမ်နီး ယာနီး လုပ်ဖော်ကိုင်ဖက်၊
၄။ ရိုးရာနတ် စသောနတ်များ၊

၅။ သူတော်ကောင်းများအား တရားသော ပစ္စည်းဖြင့် ချီးမြှောက်ပေးလှူ၍ ထိုသူများ၏
အချစ်ခံရအောင် နေပါဟု ဆိုလိုတော်မူသည်။


## PAGE 587


·

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၃၃

နီးစပ်သူများထံမှ မေတ္တာတုံ့. ရယူမှုသည် အရေးကြီးသည့် သဘောပင်တည်း။
တစ်နည်းအားဖြင့် မေတ္တာမနောကံမျှသာမက မေတ္တာဝစီကံ (ချိုချိုသာသာပြော၊ နှုတ်၏
စောင်မ,ခြင်းပြု)၊ မေတ္တာကာယကံ (ကိုယ်ထိ လက်ရောက် ပေးကမ်းကူညီ၊ လက်၏
စောင်မ,ခြင်းပြု) ပေးနိုင်ပါမှ ပို၍ ခရီးရောက် အောင်မြင်သည့်သဘောပင် ဖြစ်သည်။
မိဘ သားမယား၊
သားမယား၊ ဆွေမျိုးများနှင့်၊ စေပါးလုပ်ဖော်၊ နတ်-သူတော်၊
သင့်ပေါ်ချစ်ပါစေ”


ဦးကျော်ဒင်သည် ဒေါ်ရွှေရည်၏ အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို မေတ္တာဖြင့်
သည်းခံကာ အချိန်ရသမျှ ရှုမှတ်ပွားများရာ ယခင်ကထက် ပို၍ အသိဉာဏ်များ
လင်းလာ၏။ သွားဖူးပြီးသော လမ်းဖြစ်၍ အခက်အခဲလည်း မရှိတော့ပေ။ “အတွင်းဝေဒနာ
`ပို၍ တက်ခြင်းမျှလောက်သာ ထူးတော့သည်” ဟု ဟောကြားဖူး၏။ ( ယောဂီတိုင်း
ဤသို့ဖြစ်ရမည်ဟုကား တစ်ထစ်ချ မမှတ်သင့်။)

တစ်ညတွင် ဦးကျော်ဒင်သည် သတိဖြင့်ပင် အိပ်ပျော်သွားခိုက်` အိပ်မက်ထဲတွင်
မီးရထားဘူတာရုံ တစ်ခုကို ရောက်သွား၍ လက်မှတ်ယူရာ မိမိက တစ်ခုသာယူသော်လည်း
လက်မှတ်ပေးသူက လေးခုပေးပုံ၊ ထို့နောက် လေးခုလုံး အိတ်ထဲထည့်ပြီး ရထားသို့
လျှောက်ခဲ့ရာ ရထားမှာ ထွက်ခါနီးနေ၍ အမြန်လိုက်ပါ တက်စီးရပုံကို မြင်မက်၏။ နောက်
မကြာမီ ရက်အတွင်း အိပ်မက်မက်ပြန်သည်မှာ ယာခင်းသို့ ရောက်သွားခိုက် နွားတစ်ကောင်
ပြေးလာသည်ကို မြင်၍ လိုက်ဆွဲရာ အမြီးကို ဆွဲမိသဖြင့် အမြီးရင်းမှ ပြုတ်ပါလာသည်ကို
မြင်မက်၏။ (ယောဂီ၌ အိပ်မက်များသည် တစ်နည်းတစ်ဖုံအားဖြင့် အကျိုးပြုပုံကို ကျွန်ုပ်တို့
ပြခဲ့ပြီ။)

.

ဦးကျော်ဒင်သည် အဆိုပါ အိပ်မက်များကို အတိတ်ကောက်၍ –သာသနာနောက်ပိုင်းမှာ
အပြုတ်ဟ” ဟု ကြိမ်းဝါးကာ ဝင်လာသမျှ အာရုံသညာတို့ကို သတိဖြင့် ဖမ်း၍ ပညာဖြင့်
ဖြတ်လျက် ပထမအကြိမ်နှင့် တစ်လတိတိအကြာ-

“၁၂၈၂-ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃-ရက် စနေနေ့ ညဉ့် ၁၀-နာရီ
အချိန်ခန့်တွင် ဒုတိယအကြိမ် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူ၏။”

သကဒါဂါမ် အိမ်တွင်းရေး

ဦးကျော်ဒင်သည် ဒုတိယအဆင့်သို့ ရောက်ပြီးကထဲက ဉာဏ်အမြင်တို့သည် ပို၍
ရှင်းလင်း၏။ စကားပြောလည်း ပို၍ ကြီးကျယ်လာသည်။ ပရမတ္ထ သဘာဝကျကျ
ဝေဖန်နိုင်လာ၏။ ဗဟိဒ္ဓကို မြင်ရာ၌လည်း ပို၍ အမြင်သန်လာသည်။ ရပ်ထဲရွာထဲ၌


## PAGE 588


၅၃၄

ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်စုံတစ်ယောက် နေထိုင်မကောင်းဟု ကြား၍ “ဒီလူသေမှာပဲ” ဟု ဦးကျော်ဒင်က
ပြောလျှင် သေသွားသည်ပင် ဖြစ်သည်။ မသေဟုပြောလျှင် မသေ။ သူပြောတိုင်း မှန်နေ
သဖြင့် ဦးကျော်ဒင်နားသို့ မကပ်ရဲကြ။ ဦးကျော်ဒင်မှာ ပို၍ နေရာကျကာ မိမိတရားကိုသာ
ဇောက်ချ၍ ရှုမှတ်ရလေ၏။

သံသရာ တစ်လျှောက်လုံးက အမြစ်တွယ်လာခဲ့သော အကုသိုလ်ကိလေသာ အပူဓာတ်၊
အငုပ်၊ အဝပ်၊ အကိန်းဓာတ်တို့ကို အဆင့်ဆင့်သတ်ရာ၌ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ
ပေ၏။ လက်နှီးစုတ်ကို အထပ်ထပ်ဖွပ်လျှော်ရပုံ၊ အလွှာလွှာ သံချေးကပ်နေသော သံချောင်းကြီး
ကို အကြိမ်ကြိမ် မီးဖုတ်သန့်စင်ရပုံ၊ ခဲသလဲရွှံ့နွံများကို မိုက်ထုတ်၍ ရွှေကျင်ယူရပုံ၊
အလေးမ, လေ့ကျင့်သူသည် တဖြည်းဖြည်းချင်း တိုး၍တိုး၍ မ, လာနိုင်ပုံ ဥပမာများကဲ့သို့
ရှိပေ၏။ အကြမ်းစား အလတ်စား အနုစား ချေးညှော်များ အဆင့်ဆင့် ကွာ၍ ကွာ၍
သွားသကဲ့သို့ ဖြစ်ပေသည်။

၁။ သောတာပတ္တိမဂ်က ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ (အယူအဆ အတွေးအခေါ်၊
ရတနာသုံးပါး၊ အကျင့်တရားနှင့် ဆရာသမားအပေါ် ချီတုံချတုံ ရှိမှု၊ မိစ္ဆာဒိဋ္ဌိ အမူအကျင့်)
များကို ပယ်သည်- ဟု ဆိုရစေကာမူ သီလစောင့်ခြင်း စသော ရှေ့ပြေး ကိစ္စများကပင်
အဆင့်ဆင့် ပယ်ခဲ့ရပြီး ဖြစ်၏။ ထိုနေရာ မရောက်မီကပင် နေမှ စားမှု ဝတ်မှု၊ လောကရေး၊
ဓမ္မရေး၊ ဆရာအမျိုးမျိုးဘေး၊ အတွေးမှား၊ အယူမှား၊ ချီတုံချတုံများ ဘတစ်ပြန် ကျားတစ်ပြန်
ဖြစ်ခဲ့ရ၏။ လမ်းမှန် လမ်းမှား စမ်းတဝါးဝါး ဖြစ်ခဲ့ရ၏။ သီလစောင့်ခြင်းမှအစ ဝိသုဒ္ဓိ
ခုနစ်ပါးဖြင့် သန့်ရှင်းရေး လုပ်ပြီးမှသာ သောတာပတ္တိမဂ်က အမြစ်ပြတ် သတ်ချလိုက်နိုင်သည်။
သောတာပတ္တိမဂ် ဓားသည် မည်မျှပင် ထက်စေကာမူ စဉ်းတီးတုံးပမာ သီလ စသော
အခြေခံမပါဘဲ ဖြတ်၍ရသည် မဟုတ်ချေ။

ထို့ပြင် လောဘ ဒေါသ မောဟ မာနစသော ကိလေသာတို့ကိုလည်း အထက်မဂ်များက
အဆင်သင့် အမြစ်ဖြတ်နိုင်ရန် အခက် အရွက် အလက်များ ချိုးနိုင်သမျှ ကြိုတင်၍
ချိုးပေးထားနှင့်ရသည်။ မည်သို့ဖြစ်စေ သောတာပန် အဖြစ်သို့ ရောက်လျှင်ပင် အယူဝါဒ
ရေးရာ၌ ကွင်းလုံးကျွတ် ခွင်လုံးပိုင် တိတိကျကျကြီး အမြင်ရှင်းသွားလေပြီ။ “ဒဿနဋ္ဌ”
ခေါ်၏။ (ယထိန္ဒခီလော-ရှု။)

ဟု

လောဘ

၂။ သကဒါဂါမိမဂ် ကား သီးသန့် အမြစ်ဖြတ်ခြင်း တာဝန်မရှိသော်လည်း
ဒေါသ စသည်တို့ကို အင်အားနည်းနိုင်သမျှ နည်းသွားအောင် ကြိုတင်၍ ဆုံးမထားနှင့်ရ၏။
ဤနေရာ၌ လူများစုကား “သကဒါဂါမ်သည် (အထူးပယ်သတ်သော ကိလေသာ
မရှိလှသဖြင့်) သောတာပန်နှင့် မထူး' ဟု ထင်တတ်ကြ၏၊ မဟုတ်ချေ။ သစ်ပင်များ
အသားအပွေး တစ်ရစ်တက်လျှင် အနှစ်အသားတစ်ဆင့် ရင့်ကျက်လာသကဲ့သို့ မျက်မြင်၌
မထူးလှဟု ထင်ရစေကာမူ တရားအနှစ်အသားတက်မှုမှာ မည်သို့မျှ မတူနိုင်ပေ။

သကဒါဂါမ် ပုဂ္ဂိုလ်၏ လောဘ ဒေါသတို့သည် (အမြစ်ပြတ် မပယ်သတ်ရသေး
စေကာမူ) အလွန်ဖြစ်ခဲမျှသာ ရှိတော့၍ လွန်ကျူးနိုင်လောက်သော စွမ်းအားမရှိတော့ကြောင်း

