## PAGE 589

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၃၅

“ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ' (ပ၊ ၂၅၇-မဂ္ဂဉာဏနိဒ္ဒေသ) ၌ ထူးထူးခြားခြား ဖွင့်ပြထားသည်ကို
တွေ့ရသည်။ သကဒါဂါမ်၌ “ဟိုကိစ္စ” မရှိ တော့ပြီ။

၃။ အနာဂါမိမဂ် ကား ဒေါသကို အမြစ်ပြတ် ပယ်သတ်၍ လောဘကို
အားနည်းနှင့်အောင် နှိပ်ပေးထားရ၏။

၄။ အရဟတ္တမဂ်ရောက်မှ လောဘ၊ မောဟကို အကြွင်းမဲ့ သတ်နိုင်သည်။ (ဤကား
အကြမ်းအား ပြသခြင်းသာတည်း။) တောင်ယာ ခုတ်ထွင်သူသည် မိမိ လက်နက်အင်အား
အလိုက် အမြစ်ပါ တူးနိုင်သည်ကို တူး၍၊ မတူးနိုင်သေးသော အပင်ကြီး များကို နောင်အခါ
အမြစ်ပြတ် စူတ်ပိုင်းရန်အတွက် မီးရှို့ခြင်း၊ ခက်လက်ချိုင်ခြင်း၊ အခွံအပွေး ခွာထားနှင့်ရခြင်း
စသည်ဖြင့် လုပ်ရသကဲ့သို့တည်း။

5

ဒုက္ခပေးမည့် တွေးခေါ် ဝါဒရေးရာ ဆရာကြီး

ပရိယတ္တိ ဗဟုသုဟရှိသော ယောဂီတို့ တရားရှုမှတ်ရာ၌ ဝိသုဒ္ဓိခုနစ်ပါး အခိုဂက်အတန့်၊
ဉာဏ်စဉ်များ အခိုက်အတန့်လိုက်၍ ဖြစ်လေ့ဖြစ်ထရှိသော ကျင့်စဉ်များမှာ စိတ်ဝင်စားဖွယ်
ရှိသကဲ့သို့ မဂ် လေးဆင့်တက်ရာ၌လည်း ပယ်သတ်ရမည့် အနုသယ (အငုပ်ဓာတ်)
ကိလေသာတို့၏' အနှိုးအဆွ အထအကန် သဘောကလေး များကို မြင်တတ်လျှင် အလွန်
အရသာရှိပေလိမ့်မည်။

ဒေါ်ရွှေရည်သည် - ဦးကျော်ဒင်၏ ဒေါသကို ဒုတိယအဆင့်၌ ပြင်းပြင်းထန်ထန်
နှိုးဆွ ပေးခဲ့၏။ ထိုအနှိုးဆွကို ခံနိုင်ရည်ရှိသည်နှင့် အကြီးစား ဒေါသကို အောင်နိုင်ကာ
ဒုတိယအဆင့်သို့ တက်လာနိုင်ခဲ့သည်။ ဒေါ်ရွှေရည်ကား ကျေးဇူးတင်စရာ။

တစ်သံသရာလုံးက ငုပ်ကိန်း၍ နှိပ်စက်ကြသော ကိလေသာ ရန်သူဆယ်ယောက်တို့ကို
စစ်သူကြီး လေးဦး လေးသုတ်ခွဲ၍ အဆုံးစီရင်ကြရာ၌ သူ့အသုတ်နှင့်သူ ငုပ်နေ၍၊
ပုန်းနေ၍မရ။ တစ်နည်းနည်းဖြင့် ထွက်လာရကာ စစ်သူကြီးရှေ့မှောက် မရောက်မီ အတုပ်
အချည် ခံရစဉ် ရုန်းကန်ပုံ၊ .ရှိသမျှ အင်အား အကုန်ထုတ်၍ ရန်လုပ် ထိုးကြိတ်ပုံ၊
နှောက်ဆုံး မတတ်သာ၍ လည်စင်းခံရပုံများမှာ အလွန် စိတ်ဝင်စားဖွယ်၊ ဉာဏ်ပထျာဖြန့်
ဖွယ်
ကောင်းလှ၏။

သောတာပတ္တိမဂ် စက်တိုင်တက်ခါနီး လာပြီ ဖြစ်သော သံသရာဝင် ဒိဋ္ဌိလူဆိုးကြီးသည်
လောဘက အဖော်ညှိတိုင်း သာသနာ့ ဒါယကာ လုပ်ရကောင်းနိုးနိုး၊ ဘုရားဆုပန်ကာ
ကယ်တင်ရှင် လုပ်ရကောင်းနိုးနိုး၊ ထွက်ရပ်ပေါက်ဆရာ လုပ်ရကောင်းနိုးနိုး၊ သူဌေး
သူကြွယ်,စာတတ် ပုဂ္ဂိုလ် လုပ်ရကောင်းနိုးနိုး၊ ကောင်းကင်ပျံရ ကောင်းနိုးနိုး၊ အမျိုးမျိုး
သဝေထိုးကာ ယောက်ယက် ခတ်သည်ကို ယောဂီတို့သိခဲ့ရပြီ။ ဤကား ဒိဋ္ဌိ ရုန်းကန်ပုံတည်း။

ဆိုလိုသည်ကား ယောဂီသည် ကိုယ်တိုင်ပင် သိနိုင်ပါ၏။ ဈာန်အစဉ်၊ ဝိသုဒ္ဓိ အစဉ်၊
ဉာဏ်အစဉ်၌ သူ့အချိန်နှင့်သူ ရုပ်နာမ်သဘာဝ ဖြစ်ပျက်ပုံများ၊ ထိုသို့ ဖြစ်ပျက်ရာ၌


## PAGE 590

၅၃၆


ဓမ္မာစရိယဦးဌေးလှိုင်

ပညတ်ကောင် လူနတ်သတ္တဝါတို့ပါ ရောထွေးပါဝင်တတ်ကြပုံများကို သိရသကဲ့သို့ မဂ်လေးပါး
အဆင့်ဆင့်၌ ရုပ်နာမ်ဓမ္မ သဘာဝတို့၏ အနှိုးအဆွအထအကန် ဖြစ်ပျက်မှု သဏ္ဌာန်ကို
ဉာဏ်အမြင်၌ အလွန်ပင် သိသာလှပေရာ၏။

ရှင်သာရိ ပုတ္တရာသည် ဉာဏ်စဉ်ကိုဟောကြားသကဲ့သို့ အသေးစိတ် ဟောပြနိုင်ရန်
ကြိုးစားကြကုန်ရာ၏။

ဦးကျော်ဒင်ရှေ့ မိုးကြိုးစာခြင်း

ဦးကျော်ဒင်သည် ဒုတိယဆင့်ရောက်ပြီး တစ်လတိတိ ကြာသောအခါ-

“၁၂၈၂-ခုနှစ် တော်သလင်းလပြည့်ကျော် ၁၃-ရက် တနင်္လာနေ့ ညဉ့်
၁၀နာရီ အချိန်ခန့်၌ တတိယအကြိမ် နိဗ္ဗာန်ကို မျက်မှောက်ပြုလေ၏။
ဆယ်နာရီ မထိုးမီကလေးတွင် ဦးကျော်ဒင်တစ်ကိုယ်လုံးရှိ အကြောအခြင်များ
တုတ်တုတ်ဆွဲကာ ပြတ်သွားတတ် အလွန်ပြင်းထန်လှသော ဝေဒနာကို ခံစားရသည်။
“ဒီနေရာမှာ ခံနိုင်ရင်ခံ၊ မခံနိုင်ရင် လန်ရော၊ ဒါကျော်မှ ငါ သာဓုခေါ်မည်” ဟု
လည်း ပြန်လည် ဟောကြားဖူး၏။

ဤအဆင့်တွင် ယောဂီများ သန္တာန်၌ မည်သို့မည်ပုံ ဖြစ်သည်ဟု ရုပ်ဝတ္ထု ဆန်ဆန်
ပြောဆို သုံးနှုန်းတတ်သော · စကားများ ရှိရာ ထိုစကားများကို နားမယောင်ကြရာ။
ရုပ်ဝတ္ထုသည် ပဓာနမဟုတ်၊ ထိုလိုရင်းမဟုတ်သော ရုပ်ဂတ္ထု ဖြစ်ပုံကိုသာ တစ်ထစ်ချယူသော်
“ဤသို့ဖြစ်မှသာ အနာဂါမ်ဖြစ်သည်” ဟု မလိုလားအပ်သော နိယာမတစ်ခု ထွက်လာစရာ
ရှိပေသည်။

နောက်တစ်နေ့တွင် ` ဦးကျော်ဒင်၏ ရှေ့၌ပင် ပြင်းထန်သော မိုးကြိုးကျ၏။
ဦးကျော်ဒင်ကား မည်သို့မျှ မတုန်လှုပ်၊ မထိတ်လန့်၊ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့တုန်လှုပ်
ထိတ်လန့်ခြင်းသည် ဒေါသပင် ဖြစ်၏။ ဦးကျော်ဒင်ကား ဒေါသကို အမြစ်ပြတ် သတ်နိုင်
လေပြီ။ ထိုအဆင့်သို့ ရောက်ပြီး ဖြစ်ကြောင်း ထောက်ခံချက် ပေးလှာသော မိုးကြိုးပင်တည်း။
ဤမိုးကြိုးမှ တကယ့် သိကြားမိုးကြိုး ဖြစ်ပေရာ၏။

“သာသနာ အညာဆန်သည်' ဆိုသည့်အတိုင်း သာသနာတစ်ခုခု မိမိသန္တာန်၌
ကိန်းအောင်းမိပါလျှင် တစ်ဆင့်ထက် တစ်ဆင့် မြင့်ထက်မြင့်၍သာ ဆန်တက်ရမြဲ ပင်တည်း။
လောကီရတနာကဲ့သို့ ဆုတ်ယုတ် လျှောကျရိုးမရှိ။

သေလောက်အောင် ပူသော လူ၏ဘဝနှင့် ပတ်ဝန်းကျင်

ဦးကျော်ဒင်သည် တတိယအဆင့်သို့ ရောက်ပြီး ဆက်၍ အားထုတ်ပြန်ရာ လူအများ၏
အပြောအဆို၊ အလုပ်အကိုင်၊ အနေအထိုင် စရိုက်များကို နေ့စဉ်နှင့်အမျှ မြင်နေရရာ ပို၍

## PAGE 591


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၃၇

ထိတ်လန့် ကြောက်ရွံ့လာ၏ (ဤကြောက်ရွံ့ ထိတ်လန့်ခြင်းကား ဒေါသမဟုတ်။
ဘယတုပဋ္ဌာန=ကြောက်စရာ တွေပါကလား” ဟု စိတ်၌ ထင်လှာသော အသိဉာဏ်
အကြောက်ဖြစ်သည်။) အလွန်ရှည်လျားလှသော ဥမင်လိုဏ် ခေါင်းမကြီးထဲသို့ ဝင်သွားသူသည်
ဝေးလေ အအေးဓာတ် ရလေဖြစ်ကာ အပူရှိန်များကို မခံချင်လေ ဖြစ်လာသည်။ ဦးကျော်ဒင်သည်
လူဝတ်ကြောင် ဘဝကို ရွံ့မုန်းကာ ရဟန်းပြုချင်နေ၏။ ရဟန်းပြုရန်လည်း မလွယ်ကူ။

“လူဝတ်ကြောင်များ ရဟန္တာဖြစ်လျှင် ရဟန်းပြုလျှင်ပြု၊ မပြုရသော် ထိုနေ့မှာပင်
ပရိနိဗ္ဗာန်ပြုရသည်” ဟု မိလိန္ဒပဉှာ၌လာ၏။ အရိယာတို့သည် မည်မျှအေးမြ၍ လူတို့၏
ဘဝနှင့် ပတ်ဝန်းကျင်သည် မည်မျှ ပူလောင်ကြောင်း သတိပြုနိုင်ပေသည်။ ပူသည်မှာ
သေလောက်အောင် ပူပေ၏။

ထိုအကြောင်းနှင့်စပ်၍ အနည်းငယ် ဆိုရသော် မိလိန္ဒပဉှာ၌ လူဝတ်ကြောင်
အသွင်အပြင် အားနည်းမှုကြောင့် (လိင်္ဂဒုဗ္ဗလ) ဟု ဆို၏။ ဂုဏ်နှင့်ဘဝ ခံနိုင်ရည် အင်အား
မမျှကြောင်း ဥပမာများဖြင့် ပြသည်။ မိလိန္ဒပဉှာ စကားသည် အကြောင်းရင်းသို့ မထိ
ဆိုက်လှ၊ ကျွန်ုပ်တို့ သဘောကျသည်မှာ တရား၏ အင်အား အပူဓာတ် အအေးဓာတ်တို့၏
ကွာခြားမှုပင်တည်း။ (သမ္မော၊ ဋ္ဌ-၅ဝ၅-စသည်၎င်း။)

ရဟန္တာ၏ဘဝ (ခန္ဓာကိုယ်) သည် ကိလေသာအပူ အားလုံး ကင်းစင်ကာ အသင်္ခတ
အငြိမ်းဓာတ်ကြီး အပြည့်ရှိနေသူဖြစ်၏။ အသင်္ခတ အင်အား လေးပုံ တစ်ပုံ ရှိနေသူ
(သောတာပန်) သည် လူ့အဝတ်၊ လူ့ဘဝ၊ လူ့ ပတ်ဝန်းကျင်၌ လေးပုံတစ်ပုံ စိတ်ကုန်နေပေပြီ။
ဓာတ်ချင်းမတူတော့ပေ။

လူညံ့လူပေများ ဘုန်းကြီးကျောင်း မသွားလို။ ရောက်လျှင်လည်း ကြာကြာ မနေ
လိုကြ။ နတ်ဗြဟ္မာများ လူ့ ပြည်လာရာ ဘုရားရှင် ရှေ့တော်၌ပင် မတ်တတ်ရပ်နေသည်က
များ၏။ တစ်ယူဇနာက လူစော်နံသတတ်။

သောတာပန်သည် ဘဝခြားသွား၍ ငါ သောတာပန်” ဟု မသိစေကာမူ ပိုးရွ ခြပုန်း
မျှကိုပင် သတ်လိုစိတ် အလျဉ်းမရှိ။ သံတွေခဲရဲရဲ၌ ယင်ကောင်မကပ်ရဲသကဲ့သို့ ကံငါးပါးနှင့်
အလိုလို ကင်းကွာနေ၏။ ဓမ္မသဘာဝပင်း

အနာဂါမ် စုတေလျှင် လူ့ပြည်နတ်ပြည်၌ မနေ၊ ဗြဟ္မာပြည်သို့သာ သွား၏။
ဘုရားရှင်ပင် ရဟန်းများနှင့် ထာဝစဉ် မနေလို။

အသင်္ခတနိဗ္ဗာန ဓာတ်သည်လည်း အကုသိုလ် အခိုးအငွေ့ အရှိန်အစော်များကိုပင်
ငြိမ်းသတ် ပယ်ခွာနိုင်သော သတ္တိ (နိဿရဏပဟာန်) ထူး ရှိ၏။ ပြဒါးသည် မီးနှင့်နီး၍မရ။
ဒေဝဒတ်, စိဉ္စမာန နှင့်.ကောကာလိက တို့ ဘုရားရှင်ရှေ့၌ မြေမျိုမခံရ၊ ရုပ်ပျက်ဆင်းပျက်
အဖုအပိမ့်မထွက်။ မျက်ကွယ်ရောက်မှသာ ဖြစ်ကြရသည်။ အသင်္ခတဓာတ်၏ နိဿရဏ
ပဟာန် သဘောဟု ဆိုသင့်၏။ အချုပ်အားဖြင့် အသင်္ခတ အငြိမ်းဓာတ်၏ နယ်သတ်ခွဲခြားသည့်
သဘောပင်တည်း။

