## PAGE 595


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၄၁

ဆင်းလာကြ၏။ ဒကာနှစ်ယောက်မှာ မွန်းလွဲလုပြီ. ဖြစ်၍ ဘုန်းတော်ကြီးနှစ်ပါး၏ ဆွမ်း
ကိစ္စအတွက် စိတ်ပူနေကြသည်။

“ကဲ-ကိုရင်ဝိဇယရေ၊ ကျောင်းသွားလဲ ဆွမ်းက မသေချာဘူး၊ အချိန်လဲ နီးနေပြီ။
အချိန်ရှိတုန်း ဆွမ်းခံကြွကြရအောင်” ဟု ကိုရင်ကြီး ရှင်ကဝိက ပြောပြရာ....
“ဒါဖြင့် ကိုယ်တော် ရှေ့ကကြွ” ဟု ဆိုကာ ရထားအဆင်း နှစ်ပါးအတူ ဆွမ်းခံ
ကြွကြသည်။

ဆွမ်းခံကြွရာ ပထမဆုံး ဆွမ်းရပ်သည့် အိမ်မှပင် အိမ်ရှေ့၌ ဒကာတစ်ဦးမှာ
လူးလာခေါက်ပြန် လမ်းလျှောက်လျက် ရှိရာမှ ကိုရင်ကြီးနှစ်ပါးအား အိမ်ပေါ်သို့ ဝမ်းသာအားရ
ပင့်သွား၏။ ထိုဒကာသည် သူ၏ဇနီး သားသမီးများကိုပါ ဝမ်းသာအားရ လှမ်းခေါ်ကာ
ဆွမ်းကပ်ကြ၏။ ဆွမ်းပွဲပြင်၍ စောင့်မျှော်နေကြသည်မှာ နှစ်နာရီခန့် ရှိနေပြီဖြစ်၏။

အိမ်ရှင်ဒကာမှာ ကုလားလူမျိုး ဘူတာရုံပိုင်ကြီး ဖြစ်၍ ဇနီးမှာ မြန်မာဖြစ်၏။ ဇနီး
လုပ်သူက ဆွမ်းစားခိုက် ယောက်ျားကို အသာလက်တို့ ခေါ်ကာ ကွယ်ရာရောက်လျှင်...
“ရှင့် ဘုန်းကြီးနှစ်ပါးက ကိုရင်ကြီးတွေတဲ့။ ဘုန်းကြီးလဲ မဟုတ်ပါကလား” ဟု
တိုးတိုးပြောရာ...

“အိုကွာ ဘာပဲဖြစ်ဖြစ်၊ တို့အိပ်မက်မက်တဲ့အတိုင်း ဆွမ်းကပ်ရတာ ငါတော့ကျေနပ်
လှပြီ” ဟု ပြန်ပြောကာ ဆွမ်းပွဲအနားသို့ လာ၍ ကြည်ညိုနေကြသည်။ အိပ်မက်အရ
ဆွမ်းပွဲတပြင်ပြင်နှင့် အိမ်ရှေ့က နှစ်နာရီခန့် စောင့်ရကျိုး နပ်လေပြီ။

ဆွမ်းစားပြီးလျှင် မိတ္ထီလာမြို့ စာတတ်အကျော် ရေလယ်တိုက်ဆရာတော် ထံ
ဆက်၍ ကြွတော်မူကြသည်။ မြင်းခြံမြို့ ဦးဖြိုးသာနှင့် စာရေးကြီး ဦးဘစံတို့၏ လျှောက်ထား
သတင်းပေးချက်အရ မိတ္ထီလာ ရေလယ်ဆရာတော်က ပင့်ခေါ်ခြင်း ဖြစ်၏။ ဆရာတော်လည်း
ညကပင် “ဆင်ဖြူနှစ်စီး ကျောင်းထဲသို့ ကောင်းကင်မှ ပျံလာသည်” ဟု အိပ်မက်
မြင်သည်နှင့် ရှင်ကဝိ၊ ရှင်ဝိဇယတို့နှစ်ပါး ကြွလာသည်ကို မြင်တွေ့ရသောအခါ ဝမ်းသာအားရ
နေရာပေးတော်မူ၏။

ရေလယ်ဆရာတော်သည် ခရီးရောက်မဆိုက်ပင် အာလာပ သလ္လာပ စကား မေးမြန်း
ကြည့်၏။ ဣန္ဒြေနှင့် ပြောဆိုသော စကားများအရ “ရဟန္တာ’ ဖြစ်ကြောင်း ကောင်းစွာ
ယုံကြည်၍ နှစ်ထောင်းအားရ သာဓု ခေါ်တော်မူသည်။

ဆွမ်းဒါယကာ ရုံပိုင်ကြီးလည်း ဆရာတော်များ ဆွေးနွေးသံကို ကျောင်းအောက်မှပင်
နားထောင်ကာ “ရဟန္တာ” ဟုတ်မှန်ကြောင်း ကြားရလျှင့်ပင် စကားဆုံးအောင် မစောင့်ဆိုင်းဘဲ
အိမ့်ရှင်မထံ ဒုန်းစိုင်း၍ ပြန်သွားလေတော့၏။

ရေလယ် ဆရာတော်သည် ရှင်ကဝိနှင့် ရှင်ဝိဇယတို့အား အပန်းဖြေစေပြီးနောက်
စာပေ ကျန်းဂန်နှင့် ညှိ၍ ပို၍ တိကျစွာ ကြည်ညိုနိုင်ရန် အောက်ပါအတိုင်း ထပ်မံ မေးစစ်
ပြန်လေသည်။ ဦးဖြိုးသာနှင့် ဦးဘစံတို့လည်း အနား၌ပင် နာယူကြည်ညိုနေကြ၏။
စာမတတ်သူတစ်ဦးအနေဖြင့် ဖြေဆိုရန်မည်မျှခက်ခဲသော မေးခွန်းများ ဖြစ်သည်
ကို သတိပြု၍ ဖတ်ပါ။)

(မှတ်ချက်။

"


## PAGE 596


ခမ္မာစရိယဦးဌေးလှိုင်

မေး။ ။ရှင်ကဝိ၊ ဘုံသုံးပါးမှာ ဘယ်သူက အိမ်ဆောက်လုပ်ပေးပါသလဲ။
ဖြေ။ ။တဏှာက ဆောက်လုပ်ပေးပါတယ် ဘုရား။

။တေဘုမ္မက သင်္ခါရဟာ ဘယ်ကမျိုးစေ့ ဖြစ်ပါသလဲ။

ဖြေ။ ။အဝိဇ္ဇာက မျိုးစေ့ ဖြစ်ပါတယ် ဘုရား။

မေး။ ။လူရယ်လို့ ဖြစ်တာ ကုသိုလ်ကြောင့်လား၊ ဒါမှမဟုတ် အကုသိုလ် ကြောင့်လား၊
ဖြေ။ ။လူဖြစ်တာ ကုသိုလ်,အကုသိုလ် နှစ်မျိုးလုံးကြောင့် ဖြစ်ပါတယ်ဘုရား။
မေး။ ကုသိုလ်ဟာ သုခ ဆိုမလား၊ ဒုက္ခဆိုမလား။

ဖြေ။ ။ကုသိုလ်ဟာ သုခလို ့ ဆိုပါတယ်။ စင်စစ်အားဖြင့် ဒုက္ခပါပဲ။

မေး။ ။လူချမ်းသာ နတ်ချမ်းသာဆိုတာ အမှန်ရှိသလား။

ဖြေ။ ။သင်္ခတနယ်မှာ အမှန်ပင်ရှိပါတယ်။ ပရမတ် သဘောအရ ဆိုလျှင် မရှိပါ။
ငရဲခံတဲ့ပုဂ္ဂိုလ်၊ နတ်ပြည်စံတဲ့ ပုဂ္ဂိုလ်များ ရှိသလား။

GW:11

ဖြေ။ ။မရှိပါဘုရား။

မေး။ ။လောကကြီးမှာ ခံစားသူ စံစားသူ နှစ်မျိုးရှိသည်တွင် ဘယ်သူ ကို အမှန်ခေါ်မတုံး။
ဖြေ။ ။နှစ်မျိုးစလုံးပင် မှန်ပါတယ် ဘုရား။

မေး။ ။၎င်း နှစ်မျိုးကို ဘာခေါ်မတုံး။

ဖြေ။ ။နာမ် ရုပ် နှစ်ပါးဟု ခေါ်ပါတယ် ဘုရား။
။လောကမှာ သတ်သူ၊ သေသူ ရှိသလား။

မေး။

ဖြေ။ ။ရှိပါတယ် ဘုရား။

.

မေး။ ။ရှိပါတယ်ဆိုတာ ဘယ်လို မှတ်ရမလဲ။

ဖြေ။ ။နာမ်ရုပ် နှစ်ပါးပါပဲဘုရား။

မေး။ ။သူ့အသက် သတ်လျှင် ငရဲကျတယ်ဆိုတာ အမှန်ပဲလား။

ဖြေ။ ။အမှန်ပါပဲ ဘုရား။

မေး။

။မှန်တယ်ဆိုလျှင် ဘယ်ဟာ အမှန်ခေါ်မတုံး။

ဖြေ။ ။ရုပ်နာမ်နှစ်ပါးဟာ ငရဲကျအောင်လဲ သူတို့ပါပဲ။ နိဗ္ဗာန်ရောက်အောင်လဲ သူတို့ပါပဲ။
။သတ်သူသေသူရှိတယ် ယူတာမျိုး၊ မရှိဘူး ယူတာမျိုး၊ ထိုနှစ်မျိုးတို့တွင် ဘယ်ဟာ
သမ္မာအယူခေါ်၍ ဘယ်ဟာ မိစ္ဆာအယူ ခေါ်သတုံး။

မေး။

ဖြေ။ ။ရုပ်နာမ် နှစ်ပါးကလွဲ၍ ရှိတယ်မရှိဘူး နှစ်မျိုးစလုံးပင် မိစ္ဆာအယူဆိုရမှာပဲ

မေး။

ဘုရား။

။သမ္မာအယူ ဖြစ်အောင် ဘယ်လို ယူရမှာတုံး။

ဖြေ။ ။ရုပ်နာမ်နှစ်ပါးသာ ရှိတယ်ယူလျှင် သမ္မာအယူ ဖြစ်ပါတယ်ဘုရား။
။ပရမတ်သဘောကို မသိသောသူ ပါရမီဆယ်ပါး ပြည့်စုံနိုင်ပါသလား။
ဖြေ။ ။မပြည့်စုံနိုင်ပါဘုရား။

GO:0

မေး။

။ပညတ်ပရမတ် နှစ်ပါးရှိရာ ပညတ်ကိုသာ သိသောသူ မဂ်ကိုရသလား။


## PAGE 597


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဖြေ။ မရနိုင်ပါဘုရား။

မေး။

။ပညတ် ပရမတ် နှစ်ပါး ဘယ်ဟာ အမှန်ခေါ်မတုံး။

ဖြေ။ ပရမတ်ကိုသာ အမှန်ခေါ်နိုင်ပါတယ်ဘုရား။

မေး။ ။မိစ္ဆာအယူ သမ္မာအယူ နှစ်မျိုးတွင် ဘယ်အခါ သမ္မာအယူခေါ်မတုံး။
ဖြေ။ ။ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းလွတ်သည်ကစ၍ သမ္မာအယူ ဖြစ်ပါပြီဘုရား။

၅၄၃

“အင်း…သာဓု သာဓု၊ မှန်ကန် ကောင်းမြတ်လှပါပေတယ် ဦးကဝိ၊ သည် သဘော
သဘာဝမျိုးဟာ အလွန် အသိခက်ပေတယ် ဦးကဝိ၊ သည်နေ့က စပြီး ဘုန်းကြီးများလဲ
ဦးကဝိရဲ့ နည်းနာ နိဿယအတိုင်း အားထုတ် လိုပါတယ်။ ဒကာ ဒကာမတွေလဲ အပါယ်
တံခါးပိတ်အောင် ဦးကဝိတို့လဲ တစ်ဝါတစ်ချီ ဒီမှာပဲ သီတင်းသုံးပါဦးနော်” ဟု ရေလယ်
ဆရာတော်က အမိန့်ရှိရာ....

“မှန်လှပါဘုရား၊ တပည့်တော်များလဲ ယခုအခါ မှီခိုရာ နိဿယည်း ဆရာ ရှာတုန်း
ယခုလို အမိန့်ရှိတာ ဝမ်းမြောက်လှပါတယ် ဘုရား” ဟု လျှောက်ကာ ရေလယ်တိုက်၌ပင်
ဦးကဝိနှင့် ဦးဝိဇယတို့ သီတင်းသုံး နေထိုင်ကြလေ၏။

ရေလယ် ဆရာတော် ဖိုဝင်မှားခြင်း

ရေလယ်ဆရာတော်ကား ညောင်လွန့်ဆရာတော်နှင့် ကျောင်းနေဘက် ဖြစ်ဟန်ရှိ၏။
အလွန် ရင်းနှီးကြသည်။ စာလည်းတတ်၏။ ဝိပဿနာလည်း လုပ်သည်။ အတိတ်တဘောင်များ
ရွတ်ကာရွတ်ကာ ဖိုလည်းထိုး၏။ လောကီဘက် လိုက်သွားသည်။ တရားအားထုတ်
သည်မှာလည်း ဈာန်အဘိညာဉ် ရုရန် စိတ်စောနေဟန် ရှိပေ၏။

တစ်နေ့တွင် ဦးကဝိအား ကသိုဏ်းဆယ်ပါး ပွားများပုံကို ကျမ်းဂန်လာသည့်
အတိုင်း ဟောပြော ညွှန်ပြကာ ကသိုဏ်းဆယ်ပါးကို အရှုခိုင်း၏။ ကသိုဏ်းဆယ်ပါးပွားပုံမှာ
အနုလုံပဋိလုံ လွန်းထိုး၍ အမျိုးမျိုး ရှုရသောနည်း ဖြစ်သဖြင့် စာအလို အလွန်ခက်မည်ဟု
ထင်ရသည်။

ဦးကဝိကား ကသိုဏ်းဆယ်ပါးကို တစ်ရက်တည်းဖြင့် ရှု၍ တွေ့ရှိချက်များကို
ပြန်၍ လျှောက်၏။ ထိုအခါ ဆရာတော်က ဦးကဝိအား ဗဟိဒ္ဓ အခြေအနေ အမျိုးမျိုးကို
အကြည့်ခိုင်း၏။

“မိတ္ထီလာ ကန်ဘောင်ရိုးရှိ မီးပြမျှော်စင် လုပ်ထားသော ရွှေမြင်တင် ဘုရားကြီး
ပြင်မည့် ဒကာ ရှိ-မရှိ”

“အင်းခန်းတော့ ငှက်ကျ၊ ငှက်ကျတော့ လယ်တည်၊ လယ်တည်တော့ ထွန်ဆင်း"
ဆိုသော တဘောင်အဓိပ္ပာယ်။

“နှစ်ထောင်ကျော်ဟိုး၊ ဈေးပေါင်ကျိုး၊ တိုး၍ ဝယ်လိုက်ကြ။ ငါးထောင်ကျော်မှ၊
ပိတ်သောစ၊ မရလေ၏မင်း” တဘောင် အဓိပ္ပာယ်များ ကိုလည်း မေးမြန်းလေသည်။
