## PAGE 598

⋅


၅၄၄

ဦးကဝိက ရှင်းပြနေရ၏။

ဓမ္မာစရိယဦးဌေးလှိုင်

ဦးကဝိ၊ မိတ္ထီလာကန်ထဲမှာ · အင်းလေးအင်း ပေါ်နေတယ်။ တဘောင်ကလဲ
“မိတ္ထီလာနယ်အတွင်းမှာလ၊လေးအင်းတိုင်အောင်ပေါ်လို့၊ရှစ်သောင်းကျော် ဝိဇ္ဇာထွက်ပါလိမ့်၊
လိုချင်သူ ဖိုခွင်သက်ကြတော့’ လို့ ဆိုထားတယ်”

ဦးကဝိက ဆရာတော်ကိုပင် ထိုတဘောင် အဓိပ္ပာယ်ကို မေးသောအခါ ဆရာတော်က
ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ မန္တ န်ဝိဇ္ဇာ လေးမျိုးနှင့် ဖားဖိုကို အဓိပ္ပာယ်ကောက်ကြောင်း
မိန့်တော်မူရာ ဦးကဝိက-

“ဆရာတော်ဘုရား၊ ဝိဇ္ဇာက အရိယာဝိဇ္ဇာပါဘုရား၊ ဖိုက အာနာပါန ဖို့ပါ” ဟု
လျှောက်ရာ ရေလယ်ဆရာတော်က-

“အေးအေး ဟုတ်ပေသဗျာ၊ ဒီနေရာမှာ ကျုပ်အယူအဆ သီသီကလေး လိုနေတယ်”
ဟု မိန့်တော်မူ၏။

သီသီကလေးကား နည်းနည်းပါးပါး သီသီကလေး ဟုတ်။ ထွက်ရပ်ပေါက်နှင့်ရဟန္တာ၊
မည်သို့မျှ ဆက်စပ်၍ မရသော
သီသီကလေး ဖြစ်သည်။

ထိုအချိန်မှ စ၍ ရေလယ်ဆရာတော်လည်း လေထဲမှဝင်လာသော အဏုမြူ အဆိပ်ပမာ
(ကျမ်းဂန် တတ်၍ ပဋိပတ်ပင် လုပ်နေစေကာမူ) လောကီဝိဇ္ဇာတို့၏ မနောတိုက်
ဆွဲဆောင်မှုအရ တရားထိုင်ရင်း ခေါင်းပြောင်းမှန်းမသိ ခေါင်းပြောင်းခဲ့ရာမှ ဓာတ်လုံးနှင့်
ဖားဖိုများကို အပြီး စွန့်ပစ်လိုက်တော့၏။

ကသိုဏ်းရှုအပြီး မာရ်နတ်ဝင်

ပြဆိုခဲ့သည့်အတိုင်း ဦးကဝိ ကသိုဏ်းရှု၍ အောင်မြင်ပြီးနောက် ရေလယ်ဆရာတော်ကြီး
က လောကီအကြောင်းများကိုချည်း မေးမေးနေ၏။ အရိယာကြီး များအတွက် လောကီအာရုံဖြင့်
နေရသည်မှာ ဒုက္ခသစ္စာ အဝင်အပါ ဖြစ်၍ လွန်စွာ ငြီးငွေ့ ကြကုန်၏။

“နောက် ကသိုဏ်းများ ပွားများလိုတော့ပါ ဘုရား၊ ပွားများပါက တော်တော်ကြာ
လူပျောက် နွားပျောက်ကအစ အကြည့်ခိုင်းနေကြရင် ဗေဒင် ဆရာကြီး ဖြစ်နေပါဦးမယ်ဘုရား”
ဟု ဦးကဝိက တောင်းပန်လျှောက်ထားရလေ၏။

"

ကသိုဏ်းစ၍ ရှုအပြီး နောက်တစ်ညတွင် ရှင်က၀ိသည် “ဉာဏဒဿနံ ဝိဝိဓံ” ဟု
လူမမြင်ရဘဲ မေးမြန်းသံ ကြားရ၏။ “ဉာဏဒဿနံ-က ဉာဏ်အမြင်၊ ဝိဝိဓံ-က
အထူးထူးအပြားပြား” ဟု ဖြေလိုက်သောအခါ “သာဓု” ခေါ်ပြီး အသံပျောက် သွား၏။
(ယခုအခါတွင်လည်း ပါဠိများကို မကြားနိုးနားလာ၍ ရွတ်ပြောတတ်သည်။ သတိပြုကြကုန်။)

တစ်ညတွင် “အာယုသင်္ခါရ လွှတ်ပါ” ဟူသော အသံကို ကြားရပြန်၏။

ရှင်ကဝိကား “မလွှတ်ဘူးဟယ်” ဟု ပြန်ပြောလိုက်သည်။

“အာယုသင်္ခါရ လွှတ်ခြင်း' ဟူသည်မှာ အသက်ရှင်နေမှုအတွက် ဘာမျှ ကြောင့်ကြ


## PAGE 599

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၄.

မစိုက်ဘဲ လူမမာ စိတ်လျှော့လိုက်ခြင်း သဘောပင်တည်း။ ထိုအကြောင်းကို ဆရာတော်အား
လျှောက်ရာ-

"

“ဦးကဝိ၊ အာယုသင်္ခါရ လွှတ်လိုက်သလား” ဟု မေးရာ-

“မလွှတ်ပါဘုရား” ဟု လျှောက်လျှင်-

“မလွှတ်လိုက်နဲ့ နော် ဦးကဝိ၊ သူတို့ မံနေသေးဘူး၊ လာလိမ့်ဦးမယ်ဗျ။ သတိထားနေ.
မိန့်တော်မူ၏။ မကြာမီ ရက်အတွင်းမှာပင် ကိုယ်ထင်ရှားပြကာ-

“အရှင်ဘုရား၊ သစ္စာလေးပါး တရားကို မဟောပါနှင့်” ဟု လျှောက်လာရာရှင်ကဝိက-
“ဟောမယ်” ဟု ပြန်ပြောလိုက်၏။

..

“ကိုယ်တော်....ပြောတာမရဘူးလား” ဟု ခပ်ထန်ထန် ပြန်၍ မေးနေသဖြင့်
မေတ္တာကိုသာ` ဖိ၍ ပွားပို့တော်မူ၏။ ခဏကြာလျှင် ရှင်ကဝိက-
“သင် ငါပို ့တဲ့ မေတ္တာ မရဘူးလား” ဟု မေးရာ-

“ရပါတယ်ဘုရား” ဟု ဝမ်းနည်းကြေကွဲသံဖြင့် လျှောက်ကာ-

“သတ္တဝါတွေတော့ ကျွတ်ကုန်ကြတော့မှာဘဲ” ဟု ညည်းတွားရင်း ထွက်သွား

လေတော့၏။

ထိုအကြောင်းကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က “မည်သူလဲ”
ဆိုသည်ကို အတိအကျ သိလိုလှသဖြင့်-

“ဦးကဝိ လိုက်စမ်းပါဦး။ ဘယ်သူလဲဆိုတာ ခင်ဗျားလိုက်ရင် တွေ့ရမှာပါ” ဟု
ဆို၍ အာရုံ ယူကြည့်သောအခါ-

“မာရ်နတ်တော့ မဟုတ်ပါ၊ သူ့အနားမှာနေတဲ့ အခြွေအရံထဲကပါပဲ” ဟု
လျှောက်လိုက်သည်။

ထို့နောက် ရက်များမကြာမီအတွင်း တစ်ခေါက်. လာပြန်၏။ ညအချိန်မတော်
ပန်းအနီပန်ထားသော မိန်းကလေးနှစ်ယောက်။

..

“ဟဲ့ ဒကာမ၊ ညကြီးမင်းကြီး ဘာကိစ္စ လာရတာလဲ” ဟု ငေါက်၍ လွှက်မှ
ထွက်သွားကြ၏။

ယောဂီတို့၊ မာရ်နတ်၏ ပရိယာယ်ကား ကြွယ်လှပေ၏။ သတိပြု၍ လောကမှ
ကျွတ်လွတ်လိုစိတ်ကိုသာ မွေးမြူကြကုန်ရာ၏။

ဈာန်တက်ပုံ ညောင်လွန် ဆရာတော် မေးစမ်းခြင်း

ရေလယ်ဆရာတော်နှင့် ညောင်လွန်တောရ ဆရာတော်တို့သည် “တရားထူးရလျှင်
အသိပေးကြစတမ်း” ကတိအရ ရှင်ကဝိအကြောင်း စာရေးလျှောက်ထားသဖြင့်
ညောင်လွန် ဆရာတော် မိတ္ထီလာသို့ ကြွလာ စုံစမ်း စစ်မေးတော်မူသည်။

ရှင်ကဝိက လောကီ လောကီသတ်သတ်၊ လောကုတ္တရာ လောကုတ္တရာ သတ်သတ်


## PAGE 600

၅၄၆


ဓမ္မာစရိယဦးဌေးလှိုင်

မေးရန် ကြိုတင်လျှောက်ထား၏။ လောကုတ်-လောကီ တစ်ရက်စီခွဲ၍ မေးတော်မူသည်။
အနယ်နယ်မှ. စာတတ် ပေတတ် အကျော် ဆရာတော်ကြီး အချို့ကလည်း
စာမတတ်ဘဲ တရားထူး ရသည် ဆိုသည်ကို မယုံကြည်နိုင်ကြသဖြင့် အထပ်ထပ်
စစ်မေးကြပုံ၊ နှိမ်ချသော စကားများ ပြောဆို၍ အပြစ်ကြီးကြပုံ၊ စာမတတ်သော ဦးကဝိ၏
အလုပ်ခွင်နှင့် စပ်သော သိပ္ပံများကို နောက်ဆက်တွဲ၌ ကြည့်ပါ။ ယင်းသို့ မေးမြန်း
စိစစ်ကြသည်မှာ ပဓာနအားဖြင့် အစစ်အမှန် ဝမ်းမြောက် ကြည်ညိုလိုကြ၍ ဖြစ်သည်။
` အထင်သေးသည့် ပုဂ္ဂိုလ်များလည်း များစွာရှိ၏။ မည်သို့ဖြစ်စေ၊ ထိုအစစ် အဆေး
အမေးအမြန်း အားလုံးသည် ဦးကဝိ၏-အရဟတ္တဂုဏ်ကို တစ်နိုင်ငံလုံးက ယုံကြည်လက်ခံ
လာရအောင် မှတ်ကျောက်တင် အတည်ပြုပေး ကြရခြင်းပင်တည်း။

မေးသော ပုဂ္ဂိုလ်တိုင်းကပင် “စာမသင်ဘဲစာတတ်” နေသော ပဋိပတ်သဘောကို
အံ့သြမဆုံး ရှိကြရလေ၏။ ထို့ကြောင့် (ပဋိသမ္ဘိဒါမဂ်နှင့် ဝိဘင်းအဋ္ဌကထာ) တို့၌
“အရိယာ ဖြစ်သွားလျှင် ပဋိသမ္ဘိဒါပတ္တ မဖြစ်သူ မရှိနိုင်” ဟု ဖွင့်ဆိုကြကုန်၏။

“ပဋိသမ္ဘိဒါပတ္တ” ဟူသည် ရုပ်နာမ် သဘာဝကို သဒ္ဒါ အနက် စသည် ခွဲခြား ဝေဖန်၍
အမှန်တကျ ထိုးထွင်း သိမြင်သွားသည့် အသိဉာဏ်ထူး ရသူဟု ဆိုလိုပေ၏။ အရိယာတိုင်း
ပဋိဝေဓအဖြစ်' ရောက်သည်ကိုပင် “ပဋိသမ္ဘိဒါဉာဏ် ရသည် ဟု ဆိုသည်။

အရှင်ကောဋ္ဌိကကဲ့သို့ ဂုဏ်ထူးဆောင် “ပဘိန္န ပဋိသမ္ဘိဒါပတ္တ' ကား အသီးအခြားတည်း။
ထို့ကြောင့် အဋ္ဌကထာ စကားသည် ‘အတ္ထပဋိသမ္ဘိဒါ'=သဘော သဘာဝကို သိမြင်ခြင်းမျှကိုသာ
ဆိုလိုဟန်ရှိ၏။

မေး။ ။ရှင်ကဝိ၊ လောကီဈာန် အင်္ဂါ ငါးပါး ပြောစမ်းပါ။

ဖြေ။ ။ဆရာတော် အမိန့်ရှိတဲ့ ဈာန်ကို တပည့်တော် မပြောတတ်ပါ။ တပည့်တော်
ပြောတတ်သလို ပြောပရစေဘုရား။ (ပြောပါ၊ ပြောပါ ဆို၍) ဆရာတော်ဘုရား
ဟောဒါက ကသိုဏ်းဝန်းပါ ဘုရား။ ပထမ ကသိုဏ်းဝန်းပေါ်ကို အာရုံသိမ်းပြီး
တင်လိုက်တယ်။ ပြီးတော့ ဆင်ခြင်တယ်။ ကြက်သီးထပြီး တုန်လာတယ်။
ချမ်းသာနေတယ်။ တည်ငြိမ်နေတယ်။

မေး။ ။ဘာ...ဘာ..ဘာဗျ ရှင်ကဝိရဲ့၊ ပြန်ပြောစမ်းပါဦး။

ဖြေ။ ။ဟောဒါက ကသိုဏ်းဝန်းပါဘုရား၊ အဲသည်အပေါ်ကို အာရုံသိမ်းပြီး တင်လိုက်တယ်။
ပြီးတော့ ဆင်ခြင်တယ်၊ ကြက်သီးထပြီး တုန်လာတယ်၊ ချမ်းသာနေတယ်၊
တည်ငြိမ်နေတယ်။ အဲဒါပါပဲဘုရား၊ အမည်ကတော့ အရှင်ဘုရားတို့ မှည့်ချင်သလိုမှည့်၊
ခေါ်ချင်သလို ခေါ်ရုံပါပဲဘုရား။

ထိုအခါ ညောင်လွန့်ဆရာတော်က “ဟုတ်ပြီ ရှင်ကဝိရေ၊ ကသိုဏ်းဝန်းအပေါ်
(နှာသီးဖျားမှာ မှတ်လျှင် နှာသီးဖျားကို ယူပါ။) အာရုံသိမ်းပြီး တင်လိုက်တာက ဝိတက်၊
ဆင်ခြင်တာက ဝိစာရ၊ ကြက်သီးထပြီး တုန်လာတာက ပီတိ၊ ချမ်းသာတာက သုခ၊
တည်ငြိမ်နေတာက ဧကဂ္ဂတာ၊ ကဲ...သဘောကျပါပြီဗျာ၊ ရှေ့ဆက် လျှောက်ပါဦး” ဆို၍

