## PAGE 601


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၄၇

ပဉ္စမဈာန် အထိ ဆက်၍ လျှောက်ထားရ၏။ (စာ သိပုံနှင့် အလုပ် သိပုံကို နှိုင်းယှဉ်
လေ့လာသင့်၏။)

GU:11

။ဒါဖြင့် နေပါဦး၊ အာကာသာနဉ္စာယတန ဈာန်ဟာ ပညတ်အာရုံပြု
ပရမတ် အာရုံပြုသလား။

ဖြေ။ ။ပညတ်အာရုံ ပြုပါတယ်ဘုရား။
မေး။ ။ဝိညာဏဉ္စာယတန ဈာန်ကကော။
ဖြေ။ ။ပရမတ် အာရုံပြုပါတယ် ဘုရား။
မေး။ ။အာကိဉ္စညာယတန ဈာန်ကကော။
ဖြေ။ ။ပညတ်အာရုံပြုပါတယ် ဘုရား။

မေး။ ။နေဝသညာ နာသညာယတန ဈာန်ကကော။
ဖြေ။ ။ပရမတ်အာရုံပြုပါတယ်ဘုရား။

သလား၊

။ဒါဖြင့် အာကာသာနဉ္စာယတန ဈာန်ကနေ ဝိညာဏဉ္စာယတန ဈာန်ကို တက်တော့
အောက် အာရုံပြုသလား၊ အထက်အာရုံ ပြုသလား။

ဖြေ။ ။အောက်အာရုံပြုပြီး တက်ပါတယ် ဘုရား၊

ထိုအခါ ဆရာတော်က “ဟင်....ဘယ့်နှယ် မဟုတ်တာ၊ အထက်တက်တာ ဘာ့ကြောင့်
အောက်အာရုံ ပြုရမှာတုံးဗျ' ဟု ဆို၍ ရှင်ကဝိက....

“တပည့်တော် ဥပမာနဲ ့ လျှောက်ပါ့မယ်ဘုရား၊ ဟောဟိုနားမှာ မစင်ပုံကြီး ရှိတယ်။
အဲဒီမစင်ပုံကြီးထဲ ကျသွားမှာစိုးလို ့ အထက်တွယ်တက်ရတာပါ၊ အဲသလိုပါပဲ၊ အောက်ကို
အာရုံပြုပြီး အထက်ကို တွယ်တက်ရခြင်း ဖြစ်ပါတယ်ဘုရား” ဟု ပြန်၍ လျှောက်ထားသဖြင့်
ကျေနပ်တော်မူသွား၏။

“အဲဒီတုန်းက ဆရာတော်များကရှေ့ဆက်မမေးလို့၊ မေးရင် အရူပဘုံမှာ နတ္ထိဘော
ပညတ် မရှိလို ့ စာကဆိုထားတယ်။ ပညတ်ကိုလဲ အာရုံပြုတယ်လို့ ဆိုတယ်၊ ဘယ်လိုပညတ်ကို
ဘယ်ပုံ အာရုံပြုသတုံးလို ့ မေးမယ်ဆိုပါတော့။ ဒီတော့ “မရှိပညတ်ကို အာရုံပြုတယ်' လို့
ဖြေလိုက်မှာပဲ။ မရှိတာကို ဘယ်လိုအာရုံပြုသတုံးလို ့ ထပ်မေးမယ်ဆိုရင် ပစ္စည်းတစ်ခုခုကိုပြပြီး
ဒီမှာကြည့်စမ်း၊ မြင်တယ်မဟုတ်လား၊ ဝှက်ထားလိုက်ပြီ၊ ရှိသေးရဲ့လား၊ မရှိတော့ဘူး။
မရှိပေမယ့် စောစောက မြင်ဖူးတာကို အာရုံပြုကြည့်စမ်း၊ အာရုံပြုလို ့ ရတယ်မဟုတ်လား၊
အဲသလို မရှိပညတ်ကို အာရုံပြုတယ်လို ့ ဖြေလိုက်မှာပဲ” ဟု ဦးကဝိ ကိုယ်တိုင် တစ်ချိန်က
ဟောပြခဲ့ဖူး၏။

ပဋိပတ် ကျင့်ကြံနေသော ပုဂ္ဂိုလ်တို့၌ ပရိယတ် အားနည်းသွားမည် ထင်ရသော်လည်း
ပို၍ပင် ထိုးထွင်း၍ လင်းချင်းလာသည်ကို သတိပြုရန် ရှိပေ၏။


## PAGE 602


ဓမ္မာစရိယ ဦးဌေးလှိုင်

ရှင်ကဝိ ရဟန်းဘောင်တက်၍ သာသနာပြုခြင်း

ယင်းသို့ ရှင်ကဝိအား စာပေကျမ်းဂန်နှင့် စစ်ဆေးပြီးနောက် ရေလယ် ဆရာတော်သည်
ရှင်ကဝိအား ရဟန်းပြုရန် တိုက်တွန်းတော်မူ၏။

“တပည့်တော်လဲ စာက မတတ်၊ သင်လဲမသင်လိုတော့ပါ။ တပည့်တော် ရပြီး
တရားကိုသာ နှလုံးသွင်းနေချင်ပါတယ်။ ပဉ္စင်းမတက်လိုပါဘုရား” ဟု ငြင်းဆိုနေရာ
ရေလယ်ဆရာတော်က..

“ဦးကဝိ၊ ဝိနည်းသင်ဖို့ မလိုပါ၊ ကျုပ်တို့ပြောစကား နားထောင်နေလျှင် ပြီးရောပေါ့၊
ရဟန်းပြုတဲ့ အကျိုးဟာ အင်မတန် ကြီးပါတယ်။ ဦးကဝိလို ပုဂ္ဂိုလ်မျိုး ရဟန်းဘောင်
တက်ပြီး ရဟန်းတစ်ပါးလောက် ဖြစ်စေ၊ သိမ်တစ်လုံးလောက် ဖြစ်စေ ဆောင်ရွက်ပေးရလျှင်
အလွန် အကျိုးများသွားနိုင်ပါတယ်” ဟု တိုက်တွန်းတော် မူသည်။

ဦးကဝိကလည်း သဘောတူ၍ ၁၂၈၂-ခုနှစ် တပေါင်းလပြည့်ကျော် ၁၂-ရက်
တနင်္လာနေ့ညနေ လေးနာရီ ကိုးမိနစ်အချိန်၊ ယင်း ကျောင်းရှိ ခဏ္ဍသိမ်၌ ဟင်းရန့်ကန်
ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရေလယ်ဆရာတော်၊ ညောင်လွန် ့ဆရာတော်များ ဦးစီးကာ
သံဃာတော် တစ်ကျိပ်ကျော်တို့က ဥပသမ္ပဒါဘိသေကမင်္ဂလာ ရဟန်းဘိသိက်သွန်းတော်
မူကြ၏။

မိတ္ထီလာမြို့ ပွဲစား ဦးပေါ၊ ဒေါ်ကျီးညိုတို့က ပဉ္စင်းဒကာပြု၍ ရှင်ကဝိနှင့် ရှင်ဝိဇယတို့
ရဟန်းဘောင်သို့ ရောက်တော်မူကြသည်။

၁၂၈၃-ခုနှစ်တွင် စွန်းလွန်းရွာမှ ဦးကဝိအား တရားဟောရန် ပင့်၍ ဟောရ၏။
(ဦးကဝိ ဟောသော တရားများကို ထေရုပ္ပတ္တိ၌ ကြည့်ပါ။) ဦးကဝိ ဟောသော တရားများတွင်
ပရိယတ္တိ မတတ်ကျွမ်းသဖြင့် အဓိပ္ပာယ်ဖွင့်ရာ ပညတ်တင်ရာ၌ အရပ်သုံးဖြစ်ရပ်များကို
အများဆုံး ပညတ်တင်၍ ဟောတော်မူရလေ၏။ ဥပမာ အဝါစိတ် (အဝိဇ္ဇာ)၊ အပါးလယ်
(အပါယ်လား) စသည်တို့ ဖြစ်၏။ ပရမတ် သဘာဝကား တစ်စုံတစ်ရာမျှ လွဲချော်ခြင်းမရှိ။

စာပေ

ပရိယတ် မတတ်သူများအတွက် သာ၍ပင် သဘောပေါက်လွယ်စေ၏။ ပရိယတ်
သမားများအတွက်လည်း အချို့ အရပ်သုံး (အဘိဓမ္မာ သဘာဝ) မှာ ပို၍ပင် အရသာ
ပေါ်စေသည်လည်း ရှိပြန်သည်။

မည်သို့ဆိုစေ၊ ပရိယတ်တတ်ပြီး ပဋိပတ် အောင်မြင်သူနှင့် မတတ်ဘဲ အောင်မြင်သူမှာ
ဓမ္မအရသာခံမှု၊ တစ်ဆင့်ဟောပြောမှု၌ များစွာ ကွာခြားလှပေရာ၏။

စာတတ်သူနှင့် မတတ်သူ လူနှစ်ယောက် မြို့ကြီးပြကြီးသို့ ရောက်သောအခါ
တွေ့မြင်ရပုံချင်း တူသော်လည်း အရသာခံစားရပုံချင်းကား မတူနိုင်။ ထို့အတူ ကိုယ့်ရပ်ဒေသ
တောရွာသို့ ပြန်ရောက်၍ တစ်ဆင့် ဖောက်သည်ချရာ၌လည်း ပို၍ပင် ကွာခြားနိုင်သကဲ့သို့
ရှိပေ၏။ မြို့ကြီးပြကြီးသို့ ပေါက်ရောက်နိုင်သူ ရှားပါးလှ သေးသော ခေတ်တွင်
ထိုမျှလောက် စွန် ့စားသွားရဲသူကို အမှီရသဖြင့် ယခုကဲ့သို့ ဥဒဟို လမ်းပေါက်ကာ


## PAGE 603

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၄၉

သွားရောက်နိုင်ကြခြင်းဖြင့်ပင် ကျေးဇူးကြီးမြတ်သည်ကား ပြောဖွယ်ရာမရှိ။ သို့ရာတွင်
အရှိမှန်အတိုင်း သိရန်ကိုမူ လိုအပ်လှ၏။

စာတတ်သူချင်းလည်း သိပုံချင်း၊ ထုတ်ဖော်နိုင်ပုံချင်းကား' မတူနိုင်။ သောတာပန်
ချင်းလည်း မတူ။ ရဟန္တာချင်းလည်း မတူ။ ဘုရားချင်းလည်း မတူ။

ကျွန်ုပ်တို့ ဂေါတမ မြတ်စွာဘုရားသည် ဝိပဿီ မြတ်စွာဘုရားကဲ့သို့ အမြင်မပေါက်။
မင်္ဂလဘုရားလောက် အရောင်မလင်း။ ဆည်းပူးခဲ့ပုံ (ပါရမီ) ချင်း မတူခဲ့သည့် သဘောပင်တည်း၊
ထို့ကြောင့် “ငါတို့ဘုရားမှ ဘုရား' ဟု မစွဲယူမှားရာ။ သူ့ အင်အားနှင့် သူသာလျှင်
ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် ယောဂီတို့သည် ဤဘဝ၌ ရဟန်းကိစ္စ ပြီးစီးရုံမျှလောက်ကိုသာ
မတွက်ဆဘဲ ရသောအခါတွင် ပို၍ အင်အားကြီးမားသော မဂ်ဖိုလ် ဖြစ်လာစေရန်
လိုအပ်လှသဖြင့် အားချိန်နားချိန်မျှ မထားဘဲ ဒါန၊ သီလ၊ မေတ္တာ စသော အခြေခံ ပါရမီ
ထုထည်တို့ကိုလည်း ခိုင်ခန့်ကြစေ ကုန်ရာ၏။

သာသနာတွင်း ပါရမီ အလုပ်သည် အလောင်းတော်ကြီးများ၏ (သာသနာပ) ပါရမီ
အလုပ်များထက်ပင် သာလွန်ကြီးမြတ်ပေ၏။ တစ်ဘက်က ဂုဏ်ထူးဆောင် ပါရမီ
အလုပ်တို့ကိုလည်း အချိန်ရှိသမျှ မဆုတ်မနစ် ကြိုးစားကြကုန်ရာသည်။ (ဒါန၊ သီလ၊
ဘာဝနာ၊ ဗုဒ္ဓါနုဿတိ စသော အခြေခံ အင်အားများကို ကိုယ်တွေ့ဝတ္ထုများနှင့် တကွ
“ရတနာသုံးပါး ကျေးဇူး' စာအုပ်၌ ရှုကြပါကုန်း)

ဒေါ်ရွှေရည် မျက်ရည်နှင့်ပင့်

ဦးကဝိ ရဟန်းပြု၍ စွန်းလွန်းသို့ တရားဟောကြွပြီး . မကြာမီ မိတ္ထီလာသို့
ဒေါ်ရွှေရည် လိုက်သွား၏။ ဦးကဝိအား လူဝတ်လဲရန် ငိုကြီးချက်မ အမျိုးမျိုး လျှောက်ထားရာ
ရေလယ်ဆရာတော်က-

“ဦးကဝိ ဒကာမ ပြောလိုက် ဆိုလိုက် ငိုလိုက်တာ၊ တပည့်တော်တောင် ဝမ်းနည်းပြီး
ငိုချင်လာတယ်” ဟု ကွယ်ရာ၌ ပြောပြလေ၏။ (အမွှေဓာတ်ကို သတိပြုကြကုန်း)
ဒေါ်ရွှေရည်လည်း မည်သို့မျှ လျှောက်၍ မရသည့်အဆုံး အောက်ပါ ကတိလေးချက်ဖြင့်
အရ ကိုင်လေတော့သည်း

၁။ ပစ္စည်းလေးပါး ဒါယိကာမ ပြုလုပ်ခွင့်ပေးရန်၊

၂။. တရားဟော ပင့်လျှောက်သောအခါ ဟောပြောဆုံးမရန်၊

၃။ ကိုယ်တိုင် ကျောင်းဆောက်လှူနိုင်သောအခါ ရွာသို့ ပြန်ကြွရန်၊
၄။ မိမိအားလည်း မိမိသဘောအတိုင်း နေခွင့်ပြုရန်။

ထို့နောက် ၁၂၈၄-ခုနှစ်တွင် ဦးစံတင် မိတ္ထီလာသို့ လိုက်လာကာ ယခင်က
ပြောဖူးသည့်အတိုင်း “စွန်းလွန်းရွာ တောင်ဘက်၌ ချည်စက်ကြီး ပေါ်နေကြောင်း၊ ကြွရောက်၍

"

