## PAGE 604


၅၅ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ပဋိပတ္တိ သာသနာပြုရန် ဒေါ်ရွှေရည်နှင့် တိုင်ပင်ပြီး ကျွန်းဖိုသားတိုင်ဖြင့် ကျောင်းဆောက်မည့်
အကြောင်း၊ ဦးကဝိ ကြွလာလျှင် သူပါ ရဟန်းခံမည့် အကြောင်း” များကို လျှောက်လှာ၏။

မောင်ရင်ပေါ် ချောက်၌ ကျောင်းဆောက်ပြီးလျှင် ဦးစံတင်သည် ရဟန်းဝတ်ဖြင့်
ငံ့လင့်၍ ထိုနှစ် ဝါဆိုအမီ ဒေါ်ရွှေရည် ကိုယ်တိုင် ဦးကဝိအား ကျောင်းပင့် လှူ လေသည်။
ဒေါ်ရွှေရည်လည်း တရားများအားထုတ်နေ၏။ (ဒေါ်ရွှေရည်သည် ကာလကြာသောအခါ
ကပ္ပိယ ဦးပြောင်းနှင့် အိမ်ထောင်ကျသည်၊ နောက် ကွယ်လွန်သောအခါ ပြိတ္တာဘဝသို့
ရောက်နေသဖြင့် ဆရာတော် ဟောချွတ်တော်မူရသည်။)

အနာဂါမ် ဒေါ်ငွေဘုံ စုံစမ်းလာခြင်း

ဆရာတော်သည် မောင်ရင်ပေါ်ချောက်၌ ထိုအခါမှစတင်၍ တရားပြပေးတော်မူ၏။
ဆရာတော် ညွှန်ပြ တရားပေးရာ၌ မပြင်းမပျော့ ပုံမှန်သာ ရှုရှိုက်ခိုင်းသည်။ ဝိတက်
ဝင်လျှင် နှာခေါင်းမှ နှုတ်ခမ်းသို့ လက်ညှိုးကလေးဖြင့် ဆွဲချ ပွတ်သပ်ရှုရန် ပြပေးတော်မူသည်။
ပြင်းပြင်းရှုရှိုက်သော´နည်းနှင့်စပ်၍ ဆရာတော်၏ တပည့်ကြီးလည်း ဖြစ်၍ ၁၃ဝ၁-
ခုနှစ်က ဆရာတော်အား ရန်ကုန်သို့ ပထမဦးဆုံး ပင့်သူလည်း ဖြစ်သော အမြတ်ခွန်မင်းကြီး
ဦးစံသိမ်း (ပဋိပတ္တိ အဖွဲ့ ဥက္ကဋ္ဌ) က သူ၏ “ယထာဘူတလမ်းညွှန်” စာအုပ် (၁၃၁၇-
ဒုတိယရိုက်) နိဒါန်း၌-

66

"

“မူလ စွန်းလွန်း၏ တပည့်ကြီး တစ်ဦးဖြစ်သော ကိုရင်ကြီး ဦးသုန္ဒရ အရှင်မြတ်သည်
ဝင်လေထွက်လေ၏ ထိမှုကို သတိပြုစေရာ အချို့သော ပုဂ္ဂိုလ်များအား ပြင်းပြင်း ရှူရှိုက်စေသည်။
အချို့သော ပုဂ္ဂိုလ်တို့အား နဂိုနေအတိုင်းသာလျှင် နူးညံ့စွာ ရှုရှိုက်စေသည်” ဟု
ဖော်ပြထားသည်ကို တွေ့ ရ၏။

ဆရာတော်၏ လက်ထက်တော် တပည့်ကြီးများ စုပေါင်းပြုစုသည့် “သာရဏီယ
ကထာ” ၌လည်း ရှင်းလင်းချက် တွေ့နိုင်သည်။ (ဟိုက်ဘက်သည်ဘက် ငြင်းခုံချေပ
ပြောဆိုရန် ပါဠိအကိုး၊ ကြောင်းကျိုးယုတ္တိ မဆုံးနိုင်အောင်ရှိပေရာ၏။ သို့ရာတွင် ဘုရားရှင်
၏ အလိုတော် အာဘောဂနှင့်ညီ၍ ဆရာတော်၏ ဆန္ဒတော်နှင့်လည်း အကိုက်၊ ယောဂီ၏
စရိုက်နှင့်လည်း မကွာစေရအောင်၊ ယောနိသော မနသိကာရ များများဖြင့် မယွင်းမမှားရအောင်
ကြိုးစား၍ ကိုယ့်သာသနာ ကိုယ်ပြုတော်မူနိုင်ကြရန်သာ အရေး ကြီးလှပေ၏။)

တစ်နေ့သောအခါ မင်းကွန်း ဇေတဝန် ဆရာတော်၏ တပည့်မ အနာဂါမ်ဟု
ကျော်ကြားသူ ဒေါ်ငွေဘုံသည် ဆရာတော်အား စုံစမ်းရန် မောင်ရင်ပေါ်ချောက်သို့ လာ၍
ဇရပ်တစ်ခု၌ တည်းခိုကာ အချိန်ယူစုံစမ်း ဆင်ခြင်ကြည့်နေ၏။ ဆရာတော်ကလည်း
သိမြင်ထားသည့်အတိုင်း ဒေါ်ငွေဘုံ မေးမည့် ပုစ္ဆာများကို ကြိုတင်အာရုံ ယူ၍ သိအောင်
လုပ်ထားနှင့်လေသည်။ ဒေါ်ငွေဘုံ ဆရာတော့်ထံ လာရောက် ဖူးမြော်ချိန်တွင် ယောဂီအများပင်
ကြားနာလိုဇောဖြင့် စုဝေးမိကြသည်။


## PAGE 605


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၅၁

ဆရာတော်သည် ဒေါ်ငွေဘုံ ရောက်၍ ဦးချပြီးသည်နှင့် မမေးမီကပင် ဖြေတော်မူလေ
သည်။ ပရိကံမှအစ မဂ် အဆင့်ဆင့်ကျပုံ (ဒေါ်ရွှေဘုံ မေးရန် စိတ်ကူးထားသမျှ)
တစ်ခုမကျန် ဖြေဆိုဟောပြောလိုက်ရာ-

"

“အရှင်ဘုရား၏ တရားကျင့်စဉ် လမ်းတစ်လျှောက်လုံးတွင် သတိကို ပဓာနထားခြင်း
ဖြစ်၍ အလွန်တရာ သဘောဆိုက်လှပါတယ်” ဟု လျှောက်ထား ထောက်ခံလိုက်၏။
ဒေါ်ငွေဘုံသည် တရားအမြင်ချင်း နှီးနှောမိကာ ဝမ်းသာအားရဖြစ်လျက် လက်ခမောင်းခတ်ပြီး
ထခုန်ကာ-

“ဒါမှ ငါ့သား၊ ဒါမှငါ့သား” ဟု ကျူးရင့် ကြွေးကြော်လိုက်သည်။ ဆရာတော်သည်
ဆွမ်းကျွေးမည်ကိုပါ ကြိုတင်သိမြင်ဟန်ဖြင့်-

“သားတော်ချင်ရင် ကျွေးမှ အမေတော်မှာ” ဟု မိန့်တော်မူ၏။

သူဟုတ်ရင် ဟုတ်လိမ့်မယ်

နောက်တစ်နေ့တွင် သံဃာတော်များနှင့် ယောဂီအားလုံး ဆွမ်းကျွေးပြီးနောက်
သာဓု အနုမောဒနာ ခေါ်ကာ ဒေါ်ငွေဘုံ ပြန်သွားလေတော့၏။ ဆရာတော်ကလည်း
ဒေါ်ငွေဘုံအား များစွာ ချီးကျူးနေသည်။

အ

ဆရာတော်အား ရဟန္တာ ဟုတ်-မဟုတ် အကြမ်းနည်းအားဖြင့် စမ်းသပ်သူများလည်း
ရှိခဲ့ဖူး၏။ ဆရာတော် ကြွစဉ် နောက်မှနေ၍ ပေထုပ် (ဗျောက်အိုး) ဖောက်ခွဲခြင်း
အလှူတစ်ခု၌ ဘိလပ်ရည်တွင် အရက်နှင့် ရော၍ တိုက်ခြင်း စသည်ဖြင့် စမ်းသပ်ကြသည်။
(ဘိလပ်ရည်နှင့် အရက်ရော၍ တိုက်ရာ၌ ပါးစပ်ထဲသို့ ဝင်သွားသော်လည်း
အရက်သတ္တိ ပျက်ပြယ်သွားသည်ဟု ဦးကဝိ မိန့်၏။)

တစ်ခါကမူ ခရီးသွားစဉ် ဆရာတော်နှင့် ရင်ဆိုင် မြင်းလှည်းတစ်စီး အရှိန်ပြင်းစွာ
မောင်း၍လာ၏။ ဆရာတော်ကား မတုန်လှုပ်။ မြင်းလှည်းသာလျှင် အနီးသို့ အရောက်
ဒလိမ့်ခေါက်ကွေး တိမ်းမှောက်သွား၏။ အကြမ်းစမ်းသပ်သူများ ဒုက္ခ ရောက်သွားကြသတတ်။

တရားထူး ရမှုနှင့်စပ်၍ “မည်သူ ့ကိုမှ မည်သည့်အဆင့်ဟု မိန့်တော်မမူ၊
“သူဟုတ်ရင် ဟုတ်လိမ့်မည်” ဟုသာ မိန့်လေ့ရှိသည်။ ယောဂီကိုယ်တိုင်ပင် သိနိုင်သော
ကြောင့်လည်း ဖြစ်ပါ၏။

အစစ်အမှန် သိမြင်သောအရာသည် ပရိယတ္တိဖြင့်လည်း အစစ်အဆေးခံနိုင်၏။
ကိုယ်တွေ့ ပဋိပတ္တိဖြင့်လည်း မှတ်ကျောက်အတင်ခံနိုင်သည်ပင် ဖြစ်၏။

တစ်နှစ်၊ ဝါဆိုသည့်နေ့တွင် ဘုရားရှေ့ ဝတ်ပြုဝတ်တက်အပြီး သံဃာများ၊ ယောဂီများ
စုံညီစွာ စုဝေးနေကြ၏။ ဝါဆိုရန် အချိန်ကျသော်လည်း “ခဏ နေကြဦး” ဟု တရား
ဟောပြီး တိတ်ဆိတ်စွာ တရားအာရုံပြုရင်း ထိုင်နေကြရသည်။

..

သံဃာများမှာ “ဘယ်လိုကြောင့်ပါလိမ့်” ဟု စဉ်းစားနေကြခိုက် ခရီးဝေးမှ


## PAGE 606


၅၅၂

ဓမ္မာစရိယ ဦးဌေးလှိုင်

လာသော ရဟန်းတစ်ပါး ဘုရားဝတ်ပြုရာသို့ တက်လာပြီး ဆရာတော်အား ကန်တော့ရာ
ဝါဆို သံဃာတစ်ပါး ကျန်နေသောကြောင့် အချိန်ဆွဲထားကြောင်း နောက်မှ သိကြရ၏။
ထို အာဂန္တုကိုယ့်တော်ကား ယခုအခါ “မြင်းခြံ စွန်းလွန်းဂူတိုက်အုပ် ဆရာတော် ဘုရားကြီး
ဦးသောဘဏ် ပင်တည်း။

ဤနေရာ၌ မန္တလေး ဆရာကြီး ဦးသိန်းအောင်၏ ကိုယ်တွေ့မှတ်တမ်း တစ်ခုကို
ဖော်ပြလိုပါ၏။

အဘိညာဉ်နှင့် နိရောဓ သမာပတ်

မန္တ လေးမြို့ နာမည်ကျော် အဘိဓမ္မာဆရာကြီး ဦးသိန်းအောင်သည် ၁၂၉၁
ခုနှစ်လောက်က ၎င်း၏ တပည့်ဖြစ်ဖူး၍ စွန်းလွန်းဆရာတော်ထံ၌လည်း နှစ်နှစ်ခန့်နည်းခံ
နေထိုင်ခဲ့ဖူးသူဝက်လက်မြို့၊ ကူးခေါင်းရွာဇာတိ ဦးအာစိဏ္ဏ၏ ပြောပြချက်အရ ဆရာတော်ထံ
သွားရောက်၍ . တစ်ပတ်ခန့် နည်းခံကျင့်သုံး နေခဲ့ဖူး၏။

ထိုစဉ်က တွေ့ကြုံခဲ့ရသော အခြေအနေကို ဆရာကြီးက “ဗုဒ္ဓဝါဒ သုံးလောကနှင့်
သတ္တဝါအစဖြစ်ပုံကျမ်း' (၂၂-၄) ၌ ရေးသားထားရာ ထိုမှတ်တမ်းမှာ အဘိညာဉ်နှင့်
နိရောဓ သမာပတ် အကြောင်း ဆရာတော်၏ အမိန့်ရှိချက်များ ဖြစ်ပါသည်။
ဆရာကြီး၏ ရေးသားချက်ကို မူရင်းအတိုင်း ဖော်ပြပါအံ့။

ဆရာတော် ဦးအာစိဏ္ဏနှင့်အတူ မြင်းခြံ စွန်းလွန်းတောရကျောင်း ဆရာတော်ထံသို့
ရောက်၍ ဖူးမြော်ရသည်။ ဦးအာစိဏ္ဏက-“ဤဒါယကာသည် ` တပည့်တော်အား
စာပေပို့ချပေးဖူးသော ဒါယကာ ဖြစ်ကြောင်း” လျှောက်ထားသော အခါ စွန်းလွန်းဆရာတော်
ဘုရားက- “တရားလုပ်ငန်းနှင့် စပ်ဆိုင်တာ မေးလိုသမျှကို မေးပါ” ဟု ခွင့်ပေးလေသည်။

-

ကျွန်ုပ်က “တပည့်တော်သည် အရှင်ဘုရားထံသို့ ပုစ္ဆာမေးရန် လာခြင်းမဟုတ်ပါ။
ဆရာတော် အားထုတ်ထားသော တရားလုပ်ငန်းကို နာယူရသဖြင့် တပည့်တော်၏
ကိုယ်ပိုင်ဉာဏ်ကိုသာလျှင် အသုံးပြုရန် ဖြစ်ပါသည်” ဟု လျှောက်ထားလေသည်။

ထိုအခါ စွန်းလွန်းဆရာတော်ဘုရားသည် မြင်းခြံမြို့ မြို့ပိုင်ရုံးတွင် မင်းစေလုလင်
အဖြစ်ဖြင့် လယ်တီဆရာတော်ဘုရား ဟောကြားသော အာနာပါန တရားကို နာယူခဲ့ရသည်မှ
အစပြုကာ ထွက်လေ-ဝင်လေ လုပ်ငန်းကို စတင်လေ့လာပုံများနှင့် တကွ အသိထူးများ
ပေါ်ပေါက်လာပုံတို့ကို ကျွန်ုပ်နှင့်တကွ ဦးအာစိဏ္ဏအား ပြောပြနေသည်မှာ ညဉ့်ရှစ်နာရီ
အချိန်မှ စ၍ နံနက် သုံးနာရီခန့်အထိ ကြာမြင့်သည်။

ကျွန်ုပ်သည် ဆရာတော်၏ ပြောပြချက်များကို နှစ်သက် ယုံကြည်စွာ နာယူလေသည်။
နာယူစဉ်အတွင်း ကျွန်ုပ်သည် မေးခွန်းဟူ၍ တစ်လုံးတစ်ပါဒမျှ မမေးမြန်းပေ။ သို့သော်
ဆရာတော်ဘုရားသည် တရားလမ်းစဉ်အလျောက် ပြောပြနေရာတွင် ကျွန်ုပ်အား-
“အဘိညာဉ် တန်ခိုးနှင့် မဂ်တရား ဘယ်သင်းက ပိုမို၍ ခက်သနည်း” မေးပါသည်။

..

