## PAGE 607


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ကျွန်ုပ်က-

- ၅၃

“ဆရာတော်ဘုရား မိန့်တော်မူပါ” ဟု ပြန်လျှောက်သည်။ ထိုအခါ စွန်းလွန်းဆရာတော်

ဘုရားက-

“ဒကာ သိန်းအောင်၊ အဘိညာဉ် တန်ခိုးဆိုတာ အဟုတ်မရှိဘူး၊ သမာဓိ အင်အားကို
ယူလျက် ဉာဏ်ကရအောင် လုပ်ပေးရတာ၊ မဂ်တရားဆိုတာ အဟုတ်ရှိတဲ့ သဘောတရား၊
လမ်းမှန်သွားလျှင် မဂ်ကိုတွေ့မှာပေါ့။ အဟုတ်ရှိတာကိုး။ မရှိတာကို အရှိဖြစ်အောင်
လုပ်ရခြင်းနှင့် အရှိကို ရောက်အောင် သွားရခြင်း နှစ်မျိုးတွင် မရှိတာကို အောင်
လုပ်ရခြင်းက ပိုမိုခက်လှသည်” ဟု မိန့်ကြားတော်မူသည်။

စွန်းလွန်းဆရာတော်သည့် စာပေသင်ကြားဖူးသော ပုဂ္ဂိုလ်မဟုက်ကြောင်းကို အများပင်
သိရှိကြသည်။ ကျွန်ုပ်သည် ဆရာတော် မိန့်ကြားချက်ကို ကြားနာရသဖြင့် များစွာပင်
သက်ဝင်ယုံကြည်ခြင်း ဖြစ်သွားပေသည်။ ထို့နောက် ဆရာတော်သည် အာနာပါန လုပ်ငန်းကိုပင်
ကျွန်ုပ်အား တရားပေးပါသည်။ ဦးအာစိဏ္ဏနှင့် ကျွန်ုပ်သည် ကမ္မဋ္ဌာန်း ကျောင်းငယ်ထဲတွင်
အတူ တရားအားထုတ်ပါသည်။ ယခုအခါ စွန်းလွန်း တပည့်များ လေ့လာသကဲ့သို့
ကျွန်ုပ်အား မပေးပါ။

“အသက်ကို ရှူရှိုက်သောအခါ နှာသီးဖျား ထိသွားမှန်း သိအောင် ရှုရှိုက်ရမည်”
ဟူ၍သာလျှင် ပြောပြပါသည်။ (ပြင်းပြင်းရှူမှ ဆိုသော အယူအဆကို · သတိပြုရန်။)
ပြန်ရောက်သောအခါ ဦးအာစိဏ္ဏက

“ဒကာကြီး၊ မေးချင်တာရှိလျှင် မေးခဲ့ပါ၊ နောက်ကို တော်တော်နှင့် တွေ့ရမည်
မဟုတ်ဖူး” ပြောပါသည်။ ကျွန်ုပ်က...

“မေးစရာဟူ၍ များများစားစားမရှိပါ။ သို့သော် နိရောဓ သမာပတ် ဝင်စားပုံကိုတော့
လက်တွေ့ သဘောကို သိလိုပါသည်” ဟု ပြန်ပြောပါသည်။

ပြောစဉ်ကာလက ကမ္မဋ္ဌာန်းကျောင်းငယ်တွင် နှစ်ဦးတည်း တိုးတိုးသက်သာ
ပြောကြားခြင်း ဖြစ်ပါသည်။ နံနက်ရထားဖြင့် မန္တလေးသို့ပြန်ရန် စွန်းလွန်းဆရာတော်
ဘုရားအား သွားရောက် ကန်တော့လေရာ ထိုအခါ ဆရာတော်သည် သံဃာတော်များနှင့်
အရုဏ်ဆွမ်း ဘုဉ်းပေး နေပါသည်။ ကျွန်ုပ်မှာ ဆရာတော်အား ဝတ်ချကန်တော့သောအခါ
စွန်းလွန်းဆရာတော် ဘုရားက-

"

“ဒကာသိန်းအောင် နိရောဓသမာပတ်ဆိုတာ . အဟုတ်ရှိသော နာမ်တရားတွေ
အကုန်ချုပ်ကုန်တော့ ငြိမ်းအေးမှု သက်သက်ဖြင့် ခုနစ်ရက်လုံးလုံး နေတာ” ဟု
မိန့်ကြားတော်မူလေရာ ဦးအာစိဏ္ဏနှင့် ကျွန်ုပ်သည် အံ့အားသင့်စွာဖြင့် မှတ်သားခဲ့ရပါသည်။

ကျွန်ုပ်လည်း ဆရာတော်ဘုရား၏ တရားစကား အစဉ်တို ့ကို စဉ်းစားဆင်ခြင်ကာ
မန္တ လေးသို့ ပြန်ခဲ့ပါသည်။ ကျွန်ုပ်၏ စိတ်အကြံအစည်ကို သိထားသကဲ့သို ့ မမေးမြန်းဘဲ
ရုတ်တရက် ဖြေကြားလိုက်ခြင်းအတွက်လည်း အံ့သြခဲ့ရပါသည်။]

သူတစ်ပါးတို ့၏ “စိတ်အကြံသိမှု'နှင့်စပ်၍ စွန်းလွန်းဆရာတော်ကဲ့သို ့သော အရှင်


## PAGE 608

၅၅၄


ဓမ္မာစရိယ ဦးဌေးလှိုင်

မြတ်ကြီးများကို မဆိုထားဘိ၊ သာမန် ယောဂီတို့ပင် သိမြင်ကြလေသည်။ သိမြင်နိုင်သော
နည်းလည်း ပါဠိတော်တို့၌ အတိအကျ ရှိနေသည်ပင် ဖြစ်၏။

(ဒသက အင်္ဂုတ္တရ-ပရိဟာနသုတ်၌) အရှင်သာရိပုတြာ က ရဟန်းများကို
တရားဟောတော်မူရာ၌-

“ရဟန်းတို့၊ ရဟန်းသည် သူတစ်ပါး စိတ်အကြံကို မသိလျှင် မိမိ၏ စိတ်အကြံကို
သိအောင်လုပ်ရမည်၊ လေ့ကျင့်ရမည်” ဟု ဟောတော်မူသည်။

ကြေးမုံမှန်ပြင်ကို ကြည့်လျှင် မျက်နှာပြင် ကိုယ်လက် အပြစ်အနာအဆာများကို
တွေ့ နိုင်၊ မြင်နိုင်သကဲ့သို့ “မိမိသန္တာန်၌ ရမ္မက်စိတ်၊ အမျက်စိတ်၊ အပျက်စိတ်၊ အမိုက်စိတ်၊
အမုန်းစိတ်၊ အချစ်စိတ်၊ အငိုက်စိတ်၊ အလွင့်စိတ်၊ အလေစိတ်၊ တွေဝေစိတ် ဖြစ်နေသလော၊
အဘယ်စိတ် ဖြစ်နေသနည်း' စသည်ဖြင့် မိမိ၏ စိတ်ကူး အကြံအစည်များကို ကြံစည်
စိတ်ကူးတိုင်း သိအောင် မလွတ်တမ်း ကြည့်ရှုနိုင်လျှင် သူတစ်ပါးတို့၏ စိတ်ကို
သိနိုင်တော့သည်သာ ဖြစ်၏။ ဤသည်ပင် “စိတ္တာနုပဿနာ' တည်း၊

ဝိဇ္ဇာဉာဏ်၊ အဘိညာဉ်များ မရစေကာမူ စိတ္တာနုပဿနာ သမာဓိ အင်အား
“ကောင်းလျှင် ကောင်းသလောက် သူတစ်ပါး စိတ်အကြံအစည်ကို သိမြင်နိုင်ပေသည်။
ကြိုးစား၍ ကျင့်ကြံပွားများကြပါကုန်။

ဆရာတော်ကိုယ်တိုင် တရားနာခဲ့ပုံ

စွန်းလွန်းဆရာတော်ဘုရားကြီးသည် ဘေးပတ်ဝန်းကျင် မြင်မြင်သမျှသော သတ္တဝါတို့၌
များသောအားဖြင့် လောဘ၊.ဒေါသ၊ မာန တရားတို့သည် သာလျှင် များစွာ ဖြစ်တတ်လေရာ
ထိုသို့သော သတ္တဝါတို့ လောဘချင်းပြိုင်ကြ၊ ဒေါသချင်း ပြိုင်ကြ၊ မာနချင်း ပြိုင်ကြသည်တို့ကို
မြင်ရတွေ့ရသောအခါ တရားနာတတ်အောင် ဆုံးမသြဝါဒ ပေးသောအားဖြင့် ဆရာတော်ကြီး
ကိုယ်တိုင် တရားနာခဲ့ပုံကို ဟောတော်မူဖူးသည်။

ဟောတော်မူပုံကား....

“ဘုန်းကြီးဟာ လူဝတ်တုန်းက တောင်သူလုပ်ကိုင် စားသောက်ခဲ့တာ ဖြစ်တော့
နွားကျောင်းရတာပေါ့။ နွားတွေဟာ သူ ့နွား ကိုယ့်နွား များစွာ စုရုံးမိတော့၊ သည်အထဲမှာ
နွားသိုးတွေကလဲ ပါတော့ တစ်ကောင်နှင့် တစ်ကောင် တွန်ကြ စောင်ကြနှင့် တော်တော်ကြာ
ကျတော့ ခေါင်းချင်းတည်မိပြီး ဝှေ့ကြတော့တာပေါ့။ ကြလို့ တော်တော်ကြာတော့
အားသာတဲ့ နွားကနိုင်ပြီး အားနည်းတဲ့ နွားဟာ ပြေးရော။ အဲသည်တော့ နွားနှစ်ကောင်ဟာ
ချိုရင်းမှာ သွေးစက်လက်နဲ့ ခေါင်းကလေး တစ်ခါခါနှင့် နေကြတယ်။

“သည်တော့မှ အင်း.....သူတို့နှစ်ကောင်ဟာ ဒေါသချင်း ပြိုင်ကြတဲ့ အကောင်တွေပဲ”
“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုက
ဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ ့ကြသော်လဲ ဒေါသကို


## PAGE 609

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


5.

ဘယ်သောအခါမှ မထိဘူး။ ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံသော ခန္ဓာဒ
သည်သာလျှင် ခေါင်းကလေး တစ်ခါခါနှင့် ကျန်ရစ်ခဲ့ပါကလားဟု စဉ်းစားဆင်ခြင်ပြီး နင်
ဟိုအကောင်တွေကဲ့သို့ ဒေါသတည်း ဟူသော ဝရမ်းပြေးကို လက်မခံနှင့်၊ လက်ခံခဲ့ပါလျှင်
ဟိုအကောင်တွေကဲ့သို့ ဆင်းရဲဒုက္ခ ရောက်ရမည်မှာ အမှန်ဟု ဉာဏ်မျက်စိဖြင့် မြင်အောင်
ရှုကြည့်ကြပါလေ၊ တပည့်ယောဂီတို့” ဟူ၍ ဖြစ်ပေသည်။

တစ်နေ့သောအခါ စွန်းလွန်းဆရာတော် ဘုရားကြီးသည် စွန်းလွန်းရွာတွင် ပရိတ်ရွတ်၊
ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်သဖြင့် ကြွသွားရာမှ ပြန်လာသောအခါ ရွာထဲတွင် ကလေးမနှစ်ယောက်
ခိုက်ရန်ဖြစ်ပွား အချင်းများလျက် တစ်ယောက်နှင့် တစ်ယောက် 'နင်ဘယ့်နှယ် ငါ
ဘယ်လို' စသည်ဖြင့် ရွာကျော် ရုပ်ကျော် ပြောဆိုအော်ဟစ် နေကြသည်ကို တွေ့ကော်မူ၏။
ထိုအခါ ဆရာတော်ကြီးက ကပ္ပိယဒကာ ကိုပြောင်းအား-

"

“ဟေ့-မောင်ပြောင်း ဟောဟိုက ကလေးမနှစ်ယောက်ဟာ တရားဟောနေကြဘယ်
ကွယ့်။ မောလှရော့မယ် ထင်တယ်။ ဟောသည်ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက်
တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်၊ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ
ဖြစ်ကြသေးတာပေါ့” ဟု မှာကြား စေလွှတ်တော်မူသည်။.

ထိုကဲ့သို့ ငှက်ပျောသီး ပေးလိုက်သောအခါ ကလေးမနှစ်ယောက်မှာ ဟိုကြည့်
သည်ကြည့်နှင့် ဘာမျှ မပြောတော့ဘဲ ငှက်ပျောသီးကို ကိုင်ပြီး အကြောင်သား ငြိမ်နေကြလေ၏။
ရပ်သူရွာသားများ မြင်ကြသောအခါ “ဘယ့်နှယ်လဲဟေ့၊ ရန်ဖြစ်နေတဲ့ ကလေးမ
နှစ်ယောက်ကို ဦးကဝိက ငှက်ပျောသီး မန်းပြီး ပေးခဲ့လေရော့သလား” ဟု များစွာအံ့သြ
ပြောဆို နေကြလေသည်။

ယောဂီ၏ ပတ်ဝန်းကျင်၌ နေ့စဉ် ပြောဆို လုပ်ကိုင်ပြုမူနေကြသော ဖြစ်ပျက်မှု
အားလုံး တရားတို့ချည်းသာတည်း။ စေ့စေ့စပ်စပ် ' မှတ်သားနာယူကြကုန်။

သထုံ နေမိန္ဓရ သိမ်သမုတ်ကြွစဉ် အဖြစ်ဆန်းများ

သထုံ နေမိန္ဓရတောင် သိမ်သမုတ်ပွဲအကြောင်း ညောင်လွန် ဆရာတော် အခန်း၌
အကျယ်ပြခဲ့ပြီ။ (စွန်းလွန်းဆရာတော် သထုံကြွခါနီး ဝေဘူဆရာတော်က အစီအမံများ
လုပ်ပေးလိုက်ပုံကို ဝေဘူဆရာတော်အခန်းမှာ ရှုပါ။)

ညောင်လွန့်ဆရာတော်ကဲ့သို့ပင် ဆရာတော်လည်း မပါလျှင် မပြီးသလောက်
ချီးမြှောက်တော်မူခဲ့ရ၏။ သိမ်သမုတ်ပွဲပြီးလျှင် ဦးကျော်ဒွန်းက ဆရာတော်ကို ထမ်းချီကာ
“ဒါမှ ရဟန္တာပုဂ္ဂိုလ်ကြီးကွ” အော်ဟစ်ကြွေးကြော်ကာ ဝမ်းမြောက်ခဲ့ရလေ၏။ သထုံမှာ
သီတင်းသုံးခိုက် တရားများလည်း ဟောကြားရသည်။

တစ်ညသ၌ တည်ကျောင်းသို့ ဘုန်းကြီးတစ်ပါး လာရောက်ကာ
“ဦးကဝိ...ဦးကဝိ”ဟု ခေါ်သံကြား၍ ဆင်းသွားရာ...


....
