## PAGE 61


နိဒါန်း-

တကယ့်ဆရာနှင့် မိတ်ဆွေကောင်း

မမြင်ရသော အနှောင့်အယှက်များကား အသံတိတ်သေနတ်ထက် ကြောက်လန့်ဖွယ်
ကောင်းလှ၏။ မမြင်ရသော အခက်အခဲများကို ကျော်လွန်ရန်မှာ တကယ့်အာဇာနည် စွယ်စုံ
ပုဂ္ဂိုလ်ကြီးများပင်သော်မှ ရံခါ အဖြေရှာမရသကဲ့သို့ ဖြစ်သွားရတတ်သည်ကို မြင်နေရ၏။
ကြည့်သောသူသာ မြင်၍၊ မြင်သောသူသာ ဆင်ခြင်နိုင်လေသည်။
‘ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော”=

• “အရှိမှန်မြင်ရန် တကယ့်ဆရာ ရှာမှဖြစ်သည်။'

“သကလမေ၀ ဟိဒံ ဗြဟ္မစရိယံ.....ယဒိဒံ ကလျာဏမိတ္တတာ'=
“မိတ်ဆွေကောင်းသည် ရာနှုန်းပြည့် အင်အားဖြစ်သည်'-

ဟု ဟောတော်မူသည်ကို မမေ့သင့်ကြပေ။ “ဆရာအစစ်နှင့် မိတ်ဆွေအမှန်ကို နားလည်သင့်၏။
တရားသဘောကား နက်ရှိုင်းစွာ။

“အနှောင့်အယှက် အခက်အခဲများရှိသည်'ဟု ဆိုစေ၊ မြင်နိုင်ခက်၏။ ယုံနိုင်ခက်၏။
ရှောင်နိုင်ခက်၏။ ရှောင်လွဲကျော်လွန်နည်းကို တွေ့ရှိရန်ကား အခက်ဆုံး။ ဘုရားရှင်သည်ပင်
ရံဖန်ရံခါ အခက်အခဲများနှင့် ရင်ဆိုင်ရတတ်သည်။ တွေ့ ရစေကာမူ(ဝိကုဗ္ဗနိဒ္ဓိ=ဖန်ဆင်းမှု)
တန်ခိုးကို သုံးခဲ၏။ သာဝကများကိုလည်း သုံးခွင့်မပြု၊ မေတ္တာဖြင့်သာ အနိုင်ယူတော်မူလေ့ရှိ၏။
မုန်ယစ်သော “နာဠာဂီရိဆင်’နှင့် မာန်ယစ်သော ‘ရောဇမလ္လမင်းသားတို့အား မေတ္တာဖြင့်ပင်
ရိုညွတ်စေတော်မူခဲ့ပြီ။ “ဘုရားမို့’ဟု မထင်အပ်။

ဓမ္မဗလ=တရား၏ စွမ်းအားသည် ပုဂ္ဂိုလ်မရွေး၊ အချိန်အခါ၊ နေရာဒေသ
မရွေး။ ယုံကြည်ခြင်း အရင်းစိုက်ရန်သာ လိုသည်။

သုံးချောင်းထောက် တရားစွမ်းအင်

ထိုသည့် မေတ္တာတရားအပြင် လောင်နေသော မီး၊ စီးနေသော ရေကိုပင်
တန့်စေနိုင်စွမ်းသော သစ္စာ (အရာရာ၌ တိကျမှု)၊ ဘာမဆို လိုတိုင်းရ၊ တ,တိုင်းပြီးစေနိုင်စွမ်း
သော အဟုတ်သီလ၊ ထိုသုံးချောင်းထောက် ရှိရန်ကား အနည်းဆုံး လိုအပ်၏။ တိရစ္ဆာန်များ
သော်မှ လိုက်နာအောင်မြင်ခဲ့ဖူးလှပြီ။

တရားစွမ်းအင်ကို အတန်ငယ်ဆက်၍ ဆိုချင်ပါသေး၏။ ကမ္မဋ္ဌာန်းထိုင်ခြင်းကို
ပျင်းစရာဟုလည်းကောင်း၊ အချိန်ဖြုန်းသည်ဟု လည်းကောင်း လူမိုက်တို့ထင်တတ်ကြ၏။
လက်(သဒ္ဓါ) မပါဘဲ ယူချင်သူ၊ ခြေထောက် (သီလ) မရှိဘဲ သွားချင်သူ၊ အလုပ်မလုပ်မီ
လုပ်ခကို အလျင်တောင်းသကဲ့သို့ သဒ္ဓါအရင်းမစိုက်ခင် ဉာဏ်ပညာအခကို ‘ဈေးဆစ်ကြ
တောင်းခံကြသူတို့လည်း ထို့နည်း၎င်းပင်။ တိတ်တိတ်နေ၍ ထောင်တန်သည်ကို မသိကြ

## PAGE 62


တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ချမ်းသာစေနိုင်သည်ကိုလည်း မမြင်။ မိမိတို့၏
တရားအားစွမ်းအင် အလျောက် ကမ္ဘာ့စစ်မီးတောက်ကြီးများကိုပင် ငြိမ်းစေ၍ သိန်းသန်းမက
သတ္တဝါအများကို အပါဆောင်လျက် ကမ္ဘာသစ် တည်ထောင်နိုင်စွမ်းသည်ကိုမူ သာ၍
မမြင်နိုင် မယုံနိုင်ကြ။

မြင့်မိုရ်တောင်ကိုပင် အမှုန့်ပြုနိုင်၊ ရွှေဖြစ်စေနိုင်သော သမာဓိစွမ်းအားကို “အင်္ဂုတ္တိုရ်
ဟိမဝန္တသုတ်နှင့် သံယုတ်ရဇ္ဇသုတ်၌' ဟောတော်မူခဲ့ပြီ။ သက်မဲ့ကိုပင် စေတိုင်းရသော
တရားအားကား ဆိုဖွယ်မရှိလေး။

ထိုသည့် မေတ္တာနှင့် သစ္စာ, သီလ သုံးချောင်းထောက် ရရှိထားပါမူ မည်သည့်
ာကဓံမုန်တိုင်းကိုမျှ မှုစရာမရှိ။ ကြံ့ကြံ့ခံပေးလိမ့်မည်ဟု မမှိတ်မသုန် ယုံကြည်ခြင်း
လက်ကိုကမ်းလှမ်းသင့်၏။ မိရိုးဖလာ ထောင်ကျမည်လောက်ကိုသာ ကြောက်၍ ကျင့်ဆောင်
သော သီလ၊ နှုတ်တိုက်ရွတ်ဆိုသော အပေါ်ယံ မေတ္တာမျှဖြင့်ကား မည်သည့် အခက်အခဲကိုမျှ
ကျော်လွှားနိုင်မည် မဟုတ်။

ကျင့်ကြံရာ၌ ခက်သည် လွယ်သည်မှာလည်း မိမိ စိတ်ပင်တည်း။

လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်

ဤကျမ်းစာသည် ထိုသည့် အနှောင့်အယှက် အခက်အခဲများ အားလုံးအတွက်
ရည်ညွှန်း ထားပါသည်။

ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရရာမှ အားဆေး, အားကိုရာကို ရှာသောအားဖြင့်
လက်တွေ့ကျ၍ အမှန်စံပြုထိုက်သော ရှေးသူမြတ်ဟောင်းကြီးတို ့၏ အဆိုအမိန့် အဋ္ဌပ္ပတ်
လုပ်ထုံးစံနည်းများကို ရှာဖွေ ဖတ်ရှုရပါသည်။

မြတ်စွာဘုရားသည် ပုရာဏံမဂ္ဂခေါ် ရှေးဘုရားရှင် အဆက်ဆက်တို့၏ သွားရာ
လမ်းဟောင်းကို “မဟာပဒါန သုတ်တော်'ဖြင့် ပြန်ပြောင်း ထုတ်ဖော်တော် မူခဲ့ဖူးလေ၏။
“ဗောဓိရာဇကုမာရသုတ္တန်”ဖြင့်လည်း ဘုရားရှင် . ကိုယ်တော်တိုင်ပင် ဘုရားမဖြစ်မီ
ဆရာမှားခဲ့ပုံ အထင်အမြင်အတွေးချော်၍ သေလုမျောပါး လမ်းမှားလိုက်ခဲ့မိပုံတို့ကို သင်ခန်းစာ
ပေးတော်မူခဲ့၏။

ကျွန်ုပ်တို့သည်လည်း ထိုသင်ခန်းစာများနှင့် ရှေးသူဟောင်းတို့၏ အဋ္ဌပ္ပတ်ကို
ဖတ်ရှုသောအားဖြင့် လမ်းဟောင်းကို ရှာခဲ့ရပါ၏။ မရသေးသည်ကို ရအောင်၊ ရပြီးသည်ကို
တိုးတက်အောင် အားဖြည့်ခဲ့ရပါ၏။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်၊ လိုလျှင်ကြံဆ
နည်းလမ်းရ။

ကျမ်းစာများ အများအပြား ကစဉ့်ကလျား ရှိနေသည်ကို ရှာဖွေဖတ်ရှုရသည်မှာကာ
လွယ်ကူသည် မဟုတ်။ အလွန်အလုပ်ပျက် (ဂန္ထ ပလိဗောဓ) ခံရပါသည်။ “ကမ္မဋ္ဌာန်း
ယိုင်တယ်သာဆို စာကိုချည်း ဖတ်နေ ရေးနေသကော”ဟုပင် အပြောခံရ၏။ ပြောထိုက်ပေစွာ။
ထို့ကြောင့် ကျွန်ုပ်တို့ကဲ့သို့ အလုပ်ခွင်ဖင့်နှေးမှု မဖြစ်ကြပါစေရန် မှတ်တိုင်အဖြစ် ခေတ်


## PAGE 63


နိဒါန်း

အလိုက် ခွဲခြား၍ စုစည်း တည်ဆောက်ထားလိုက်ပါသည်။

ရှေးသူဟောင်းတို့၏ အတ္ထုပ္ပတ်တွင် အချို့နေရာ၌ ခေတ်လူတို့ ဖတ်ချင့်စဖွယ်
စာခြယ်မှုန်းခြင်းမှအပ မူလအကြောင်းအရာများတွင် သဒ္ဓါ,ပညာအစွန်းထွက်၍ ဖြည့်စွက်
ပယ်နုတ်ခြင်း အလျဉ်း မရှိပါကြောင်း ကိုလည်း သိစေအပ်ပါကြောင်း။

“ဤမြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်'တွင် အပိုင်းအားဖြင့် သုံးပိုင်း ခွဲထားရာ-
ပထမပိုင်း၌ ပြူဟန်လင်းခေတ်၊ သရေခေတ္တရာ၊ သထုံ၊ ပုဂံ၊ ပင်းယ နှင့်
အင်းဝခေတ်များ။

၂။  ံ ဒုတိယပိုင်း၌ အလောင်းမင်းတရားမှ စ၍ ကုန်းဘောင် ခေတ်နှောင်း အထိ။
၃။ တတိယပိုင်း၌ ဗြိတိသျှခေတ်မှ စ၍ မျက်မှောက်ခေတ်အထိ ပါဝင်ပါသည်။
ဤကျမ်းကို ပြုစုရာ၌ စာအုပ်ငှားရမ်းခြင်း၊ အကြံဉာဏ်ပေးခြင်း စသည်ဖြင့်
ကူညီခဲ့ကြသော-

ဦးလေးမြိုင် (ငွေတာရီမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊)

၂။ ဓမ္မာစရိယ ဦးမောင်မောင်လေး (သိရောမဏိ၊ ဘီ-အေ၊)
ဦးမျိုးမြင့် (အယ်ဒီတာ၊ ပိဋကတ်မြန်မာပြန်၊)

၃။

၄။

ဦးဟန်ဌေး(သုတေသနအရာရှိ၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊)

၅။ ဦးဉာဏ်ဝင်း (ပါဠိပါရဂူ၊ လုပ်သားပြည်သူ နေ့စဉ်၊)

Gu

၇။

ကမ္ဘာအေး ဦးမြင့်အုန်း ဦးစိန်လှအောင်, မန်နေဂျာ ဦးလှဝင်းစိန်, ဦးချစ်ရှိ
အထူးသဖြင့် ဦးမျိုးဝင်းနှင့်အဖွဲ့ (Yo ၆ok Comput er 8o Offset)
တို့အား အထူးကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ရပါသည်။

အသိမှန်ရ၍ ချမ်းသာကြပါစေ။

သူတော်ကောင်းဓာတ်၊ တရားမြတ်၊ လွှမ်းပတ်ကမ္ဘာတည်ရမည်။

ဌေးလှိုင်

(ဓမ္မာစရိယဦးဌေးလှိုင်)

သီတင်းကျွတ် လပြည့်ကျော် ၈-ရက်၊ ၁၃၃၅-ခုနှစ်။

(၁၉-၁၀-၇၃)

