## PAGE 610


၅၅၆

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဟိုနား ခဏလိုက်ခဲ့စမ်းပါ” ဟု ဘုမသိ ဘမသိ လာခေါ်၏။

“အင်း…..ငါနဲ့ သိကျွမ်းဖူးသူလဲ မဟုတ်၊ ခေါ်ရာ မလိုက်ရင် သူဆင်းရဲတော့မယ်၊
လိုက်ပြန်ရင်လဲ ငါ့မှာ ဆင်းရဲမယ်။ ကဲ-ငါပဲအဆင်းရဲ ခံမယ်လေ” ဟု ဆုံးဖြတ်ကာ ရှေ့က
ခေါ်ဆောင်ရာ မှောင်နှင့်မည်းမည်း တောထဲသို့ လိုက်ပါ သွားခဲ့ရ၏။ တောနက်ထဲသို့
ရောက်လျှင်-

“ကဲ-တော်ပါပြီ ဘုရား၊ ပြန်ကြွပါတော့၊ တပည့်တော် လိုက်ပို ့ပါမယ်” ဟု ဆိုရာ-
“နေပါစေ၊ တပည့်တော်ဘာသာ ပြန်ပါ့မယ်” ဟု ဆိုကာ မှောင်နှင့်မည်းမည်း
စမ်းတဝါးဝါး ပြန်လာခဲ့ရသည်။

အသွားကလောက် မဝေးဘဲ တည်းကျောင်းသို့ လွယ်လင့်တကူဖြင့် ပြန်ရောက်၏။
လူလော နတ်လော မသိ။ ရဟန္တာ ဟုတ်-မဟုတ်၊ တုန်လှုပ် ကြောက်ရွံ့ခြင်း ရှိ-မရှိ
စူးစမ်းဟန် တူသည်။

သထုံ၌ နေခိုက် တစ်နေ့တွင် သေက္ချတောင် ဦးတိလောကနှင့် တရားအားထုတ်ဘက်
ခရွဲဆရာတော် စုံစမ်းရန် ရောက်လာ၏။ ဦးကဝိထက် အသက်သိက္ခာ ကြီးသည်။
ညောင်လွန့်ဆရာတော်က-

“ဦးကဝိ၊ ခရွဲဆရာတော်ကို စုံစမ်းကြည့်စမ်းပါ။ လောကီတွေ အတော် ဆည်းပူးထားတာ၊
သူ့ဟာသူ ထိပ်တန်းပဲဆိုပြီး အလံထူထားတယ်” ဟု ဆို၍ စုံစမ်းကြည့်ရာ ခရွဲဆရာတော်က
ကသိုဏ်းဝန်း နိမိတ်ယူ၍ ပရိကံ တည်ပုံမှအစ ခပ်မြင့်မြင့် ဝေဖန် ပြောဆိုသွားရာ -

“နေစမ်းပါဦး အရှင်ဘုရား၊ ခုနက ကွမ်းအစ်အကြောင်း အမိန့်ရှိသွားတယ်၊ ဟောဒီ
ကွမ်းအစ်ထဲမှာ ကွမ်းရွက် ဘယ်နှစ်ရွက် ရှိတယ်ဆိုတာ သိချင်ပါတယ် ဘုရား” ဟု
ဦးကဝိက လျှောက်သည်။

“ဒီအထိတော့ အာရုံမလိုက်နိုင်တော့ဘူး” ဟု ဖြေကြားရာ ဦးကဝိက တိတိကျကျ
ပြောလိုက်သည်။ တရားအားထုတ်နည်းကို မေးမြန်း၍ အစမှ အဆုံးအထိ ရှင်းပြလိုက်ရာ-
“အရှင်ဘုရား အသက်ငယ်ပါသေးတယ်၊ ရှေ့ဆက်ပြီး ကြိုးစားပါဦး” ဟုပင်
အပေါ်စီး တိုက်တွန်းတော်မူသေး၏။ ဆက်၍-

“တပည့်တော်တော့ သွကျွာပါဒ စွဲကပ်နေလို့ ဒီအထိ အာရုံမလိုက်နိုင်တော့ဘူး။
ဟိုတုန်းကများတော့ တပည့်တော်ရယ်၊ ဦးဥတ္တမရယ်၊ သေကျွေတောင် ဦးတိလောကရယ်
သတ္တဝါတွေကို ကောင်းကင်ကနေပြီး တရားဟောနိုင်မှ ပြန်ကြွမယ်ဆိုပြီး တရားရှာ
ထွက်ခဲ့ကြတာကလား။ နောက်တော့ ဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ကြုံကာ ကိစ္စမပြီးဘဲ
ပြန်ဆုတ်ခဲ့ကြရတယ်” ဟု အမိန့်ရှိလေသည်။ သူ့စကား၌ပင် အဖြေများ ထွက်နေ၏။

အထက်ဖော်ပြပါ သုံးဦးတွင် ဦးဥတ္တမကား သေကျတောင်မှ ခွဲထွက်ကာ စွန်းလွန်းသို့
လာရောက်၍ နည်းခံ အားထုတ်သွားဖူး၏။ ဦးဥတ္တမ လာရောက် အားထုတ်စဉ်က
ရဟန်းတော်တွေထက် လူများကပိုပြီး တရားပေါက်လွယ်ပုံ၊ လူဒကာတွေထက် ဒကာမများက
ပိုပြီး တရားရလွယ်ပုံကို-


## PAGE 611


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၅၇

“နွားထီးကြီးတွေက ချိုထောင်ထောင်နှင့် ကုန်းခေါင်ခေါင်မှာ လှည်းခွက်ချည်းတောင်
မရုန်းနိုင်ကြဘူး။ ချိုမပါ ခွာသေး၊ ကိုယ်ကောင်သေးတဲ့ နွားမတွေက ကုန်အပြည့်နှင့်
ရုန်းနိုင်ကြတယ်” ဟူသော အဓိပ္ပာယ်ဖြင့် စာချိုးဖူး၏။

မသိလျှင် ငြိမ်ငြိမ်နေ၊ သိအောင်လုပ်၊
ကိုယ်,နှုတ်, စိတ်မဆော့နှင့်

၁၂၈၅-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့တွင် မောင်ရင်ပေါ်ချောက်ရှိ
ယောဂီများနှင့် ကျောင်းများကို အတူနေ ဦးဝိဇယအား လွှဲအပ်ကာ ဆရာတော်သည်
စွန်းလွန်းချောင်း ကမ်းဘေး ရှားပင်အောက်၌ ဝါးကွပ်ပျစ် တစ်ခုနှင့် သီတင်းသုံးတော်မူ၏။
ဦးဝိဇယ(ဦးကဝိ လူ့ဘဝက ရေနစ်၍ ကယ်ဖူးသူဦးရွှေလုပ်)၏ နှောင့်ယှက်မှုကြောင့်
ရွှေ့ပြောင်းရခြင်းဖြစ်သည်။ နောက် ကျောင်းများ၊ ဂူများပါ ဒကာ ပေါ်လာ၍ “စွန်းလွန်းဂူကျောင်း’
ဟု အမည်တွင်ကာ ယောဂီများ စည်ကားလာပြန်သည်။ (အမွှေဓာတ် ကပ်ပါလာသည်ကို
သတိပြု။)

ယခုရှိသော ဦးစံဖေ၏ဖခင်ကြီးက ရိပ်သာမြေ ဧက ၂၀-လှူဒါန်းသည်။ ယောဂီများလည်း
တစ်နေ့တခြား စည်ကားလာ၏။

မြန်မာနိုင်ငံ၌ ရာသက်ပန် နေသွားသူ အီတာလျံ ဘုန်းတော်ကြီး ဦးလောက
နာတလည်း မြန်မာနိုင်ငံ၌ ရဟန္တာများ ပေါ်ပေါက်သည့် သတင်းကို ကမ္ဘာလှည့်၍
ဟောကြား,ရေးသား၏။ မြင်းခြံသို့ သွားရောက်၍ ဆရာတော်အား သင်္ကန်း စသည်ဖြင့်
ကန်တော့လျက် ကွယ်လွန်သူ မိဘနှစ်ဦးအား အထူးရည်စူး၍ အမျှပေးဝေခဲ့သည်။

ပရိယတ္တိ တစ်ဖက်သတ် အစွဲသန်သူများက “စာမတတ်တဲ့ တောထွက်ကြီး' ဟု
အထင်အမြင် သေးကြ၊ ငရဲကြီးကြသော်လည်း ယောနိသော မနသိကာရဖြင့်
ရိုးသားဖြောင့်မတ်တော် မူကြသော ပရိယတ္တိအကျော် ဆရာတော်ကြီးများပင်လျှင် စာမတတ်သော
တောထွက်ကြီးထံ၌ အလေးအမြတ် နည်းခံ ကျင့်သုံးကြသည်။

၁၂၉၂-ခုနှစ် ဝါဆိုလပြည့် အဖိတ်နေ့တွင် ရဟန်းခံ ကိစ္စရှိ၍ ဆရာတော်
တောင်သာမြို့သို့ ကြွစဉ် တောရဆောက်တည်လျက် ရှိသော တောင်သာ ဆရာတော်
ဦးအဂ္ဂဝံသသည် ဦးကဝိ ဆရာတော်နှင့် တွေ့ဆုံ၍ အာလာပ သလ္လာပစကား ပြောကြား ။
တောင်သာ ဆရာတော်သည် လူပြိန်းများအား ဟောပြော ဆုံးမသည့်အတိုင်း တရားအားထုတ်ပုံ
အစမှအဆုံး ဟောပြောစေကာ တစ်ပါးတည်း ရိုသေစွာ နာယူလေသည်။ တောင်သာ
ဆရာတော်ကား စာတတ်သည့်အရာ၌ တစ်နိုင်ငံလုံး ကျော်ကြားသည့် ဆရာတော်
ဖြစ်သည့်အတိုင်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ (ထိုခေတ်က ထိုဘွဲ့ ရသော ဆရာတော်
အလွန်ရှားပါးလှ၏။) ဆရာတော်ကြီး တစ်ပါးတည်း။

“ဦးကဝိတို့ အားထုတ်တဲ့ လမ်းစဉ်က အကျဉ်းဆုံး အတိုဆုံးလမ်းပဲ။
တပည့်တော်တို့လမ်းက ကျယ်လွန်းပြီး ပေါက်ရောက်နိုင်ခဲတယ်” ဟု တောင်သာ ဆရာတော်က


11

## PAGE 612

}၅၈


ဓမ္မာစရိယ ဦးဌေးလှိုင်

ဝန်ခံချီးကျူးကာ မိမိ၏ ဒကာ ဒကာမများကိုလည်း စာတတ်သော ဆရာက အကျင့်တတ်သော
တပည့်ထံမှ တရားယူရပုံ “တိပိဋက မဟာနာဂထေရ်' ကြီး အကြောင်း ဟောပြောပြ၏။
ရဟန်းခံပွဲတွင် ဦးကဝိဆရာတော်အား တရားဟောစေကာ ထပ်မံ နာယူသည်။
ပရိကံမှအစ အာနာပါန ရှုပွားပုံကို စာဖြင့် ရေးပေးရန်လည်း တောင်းပန်၍ ၁၂၉၂-ခုနှစ်
ဝါဆိုလပြည့်ကျော် လေးရက်နေ့တွင် ရေးပေးရသည်။

66

“စက္ခုစသော တံခါးများမှ စောင့်၍ ဖြတ်ပါက ရနိုင်သော်လည်း ထိမှု သိမှု
သတိပြုခြင်း အားဖြင့် ကာယတံခါးမှ စောင့်ဖြတ်ရသည်မှာ နာမရူပဉာဏ် အမြင်သန်လွယ်သည်။
ကာယတံခါး၌ ထိမှု ဖဿဖြစ်ရာ ဖဿကြောင့် ဝေဒနာဖြစ်၏။ ဝေဒနာမှ တဏှာဥပါဒါန်ဘဝ
စသည် မဖြစ်ရန် သတိနှင့် ဖြတ်ရသည်။ ဖြတ်လျှင် ‘ဝေဒနာသညာ' မဖြစ်မူ၍
‘ဝေဒနာပညာ’ ဖြစ်လာမည်” စသည်ဖြင့် ပရိကံမှ မဂ်ဇော ဖိုလ်ဇော ကျသည်အထိ
ရေးသား ပေးပို့လိုက်သည်။

ယင်းသို့လျှင် စာတတ်သည်၊ မတတ်သည်ကို ပမာဏမပြုဘဲ အမှန်တကယ်
ထိုးထွင်းသိမြင်သော ပညာကို လေးစားကာ တကယ့် ပရိယတ္တိ အကျော် ဆရာတော်ကြီးများပင်
နည်းခံ ကျင့်သုံးကြလေ၏။ ပရိယတ္တိလည်း အဟုတ်မတတ်၊ မာနတံခွန် တလျှပ်လျှပ်
လွှင့်သူများ အခွင့်ကောင်းကြီးနှင့် လက်လွတ်ရရုံမျှသာမက ငရဲကြီး ကြရရှာကုန်၏၊

.

တစ်ဖန် ဆရာတော်ကြီးအား “ပရိယတ္တိပါရဂူ” များကပင် ယင်းသို့ လေးစားကြသည်မှာ
အရဟတ္တဖိုလ်ပညာနှင့် ပြည့်စုံခြင်း၊ ထိုးထွင်းမြင်နိုင်၊ ကြားနိုင်၊ သိနိုင်စော အသိဉာဏ်
ဂုဏ်ထူး ပါရှိခြင်းတို့ကြောင့်သာ ဖြစ်ရာ ထိုသို့ ပြည့်စုံအောင်ကား မကြိုးစားကြမူ၍
မတောက်တစ်ခေါက် ရှုမှတ်နေသော အချို့ “တောထွက် ရဟန်း ယောဂီနှင့် အချို့
လူယောဂီ' တို့က ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များအား အထင်သေး ရှုတ်ချခြင်းဖြင့်
ငရဲကြီးကြ ပြန်လေသည်။

စင်စစ် ပြည့်စုံသော အကြားအမြင် အသိဉာဏ်အထူးနှင့် ပရိယတ္တိ အသိဉာဏ်
အပိုဂုဏ်ထူး တစ်ခုခုမျှ မရှိပါဘဲ ရဟန္တာဖြစ်ကာမျှဖြင့်ပင် တစ်ပါးသူအား တရားပြပေးရန်
မသင့်ချေ။ တိမ်းပါး လွဲချော်စရာတွေ များစွာ ရှိကုန်၏ ။

ထို့ကြောင့် အရာရာတွင် ယောနိသော မနသိကာရ၊ သတိသမ္ပဇညဖြင့် မဇ္ဈိမ
ပဋိပဒါကျအောင် ကျင့်ကြံ ကြကုန်ရာ၏။ စွန်းလွန်း ဆရာတော်ကြီးက-

“မသိလျှင် သိအောင်လုပ်၊ မသိဘဲနှင့် လက်ဆော့လျှင် ဆင်းရဲ တတ်သည်။
မသိဘဲနှင့် ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်။ မသိဘဲနှင့် စိတ်ဆော့လျှင်
ဆင်းရဲ တတ်သည်။ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေ၍ သိအောင် ကြိုးစားလေ”
ဟု ဆုံးမတော် မူဖူးပါသည်။

(ယထာဘူတလမ်းညွှန်-၂၁၆။)

နှင့်..အက်
