## PAGE 613


ဝဋ်ကြီးလှ သော ရဟန္တာ ဦးမဏိသာရ

၁၂၉၈-ခုနှစ် တန်ခူးလပြည့်ကျော် ၁၄-ရက် သန်းခေါင်ကျော် အချိန်၊ မှောင်နှင့်မည်းမည်း
စွန်းလွန်းဂူကစ်ကျောင်းလုံး ကိတ်ဆိတ် ငြိမ်သက်နေ၏ ။

ရဟန်းယောဂီ၊ လူယောဂီများ မိမိတို့ ဂူကျောင်းအသီးသီးသို့ ဝင်ကာ တရားရှုမှတ်၍
ကောင်းဘုန်းအချိန်ဖြစ်၏။ ပတ်ဝန်းကျင်မှ အသံဗလံများလည်း တိတ်ဆိတ်စဖြစ်သည်။
ထိုအခိုက် ဆရာတော့် ကျောင်းအနီးမှ စည်တီးသံ၊ အုန်းမောင်းခေါက်သံ၊ ကုလားတက်သံများ
ပွက်ပွက် ရိုက် ဆူညံသွား၏။ ယောဂီများ အထိတ်တလန့်ဖြစ်ကာ ဂူကျောင်း အသီးသီးမှ
ပြေးထွက် စုရုံးလာကြသည်။•

ယောဂီ ရဟန်းတစ်ပါး တရားဝင်နေသော ဂူတစ်ခုမှ မီးများ တောက်လောင်နေသည်ကို
တွေ့ကြရ၏။ အားလုံးဝိုင်း၍ ငြိမ်းသတ်ကြသည်။ ဂူထဲ၌ရှိသော ကိုယ်တော်အား ပွေ့ချီ၍
ထုတ်လာကြ၏။ တစ်ကိုယ်လုံး ကြိုးဖြင့်တုပ်ကာ ပါးစပ်၌ အဝတ်စုတ်များ ဆို့ပိတ်၍
မီးတိုက် ရှို့သတ်ခြင်း ဖြစ်သည်။ မီးအပူရှိန် ဟပ်ခံရသည်မှအပ ကိုယ်၌ လောင်ကျွမ်းခြင်းမရှိ။
တစ်စုံဟရာ အနာတရ မဖြစ်။ ထိုအရှင်ကား ဝဋ်ကြီးလှသော “ရဟန္တာ ဦးမဏိသာရ'
ဖြစ်၏။

ဦးမဏိသာရသည် ၁၁-နာရီခွဲလောက်က ကုဋီသို့အကြွ လူဆိုးများက ကြိုးနှင့်တုပ်၍
ဂူပိတ်မီးရှို့ သတ်ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရစဉ် နှုတ်ကအော်၍ မရသဖြင့် ဆရာတော်အား
စိတ်ဖြင့်သာ လျှောက်ထားကာ သမာပတ် ဝင်စားနေခြင်းဖြစ်၏။ ထိုအကြောင်းကို
ဆရာတော် ကြားသိတော်မူ၍ စည်း အုန်းမောင်းတို့ကို အတီးခိုင်းခြင်း ဖြစ်သည်။
'စေတသာ စေတော ပရဝိတက္က' မညာယ-စိတ်ဖြင့် စိတ်ကိုသိ၍' ကယ်မနိုင်ခြင်း ဖြစ်၏။
ဆရာတော်က -

“ဦးပဉ္စင်း၊ သူ့ကြွေးရှိရင် ဆပ်လိုက်ပေါ့၊ သည်းခံပြီးသာနေ၊ ကိုယ်ကလုပ်ခဲ့မိပြီဟာကိုး”
ဟု မိန့်တော်မူ၏။ ဦးမဏိသာရလည်း မိမိဘဝကို သိပြီးဖြစ်သည်။ သမာဓိအရာတွင်
အလွန်ထူးခြားသူ ဖြစ်၏။ အရှင်မောဂ္ဂလ္လာန်၊ အရှင်အင်္ဂုလိမာလတို့ကဲ့သို့ ကြွေးဆပ်
ရခြင်းပင်တည်း။

(ဓမ္မပဒအဋ္ဌကထာ ပါပဝဂ်၌) နွားကျောင်းသား ခုနစ်ဦး ဖွတ်သတ္တဝါကို
တောင်ပို့ ့တွင်းသို့ ဝင်စဉ် ခုနစ်ရက် အပေါက် ပိတ်ဆို့ ခဲ့ကြဖူး၍ တစ်ဆယ့်လေးဘ၀လုံး
အတူတူ ဖြစ်ကြကာ ဘဝတိုင်း ခုနစ်ရက် အစာငတ်ခဲ့ကြရဖူး၏။ နောက်ဆုံးဘဝတွင်
ရဟန်းတော် ခုနစ်ပါး ဖြစ်လာကြ၍ ဂူတစ်ခုထဲ တရားအတူ ရုမှတ်ကြရာ အိမ်လောက်မက
ကြီးမားသော ကျောက်ဖျာကြီးတစ်ချပ် အလိုလို ဂူပေါက်ပိတ်ကျလာသဖြင့် ရွာပေါင်း
ခုနစ်ရွာမှ လူအများဝိုင်း၍ ဖယ်ရှား ကယ်မကြသော်လည်း မရ၊ ခုနစ်ရက်ရှိမှ ကျောက်ဖျာကြီး
အလိုလိုပွင့်သွား၍ အသက်ဘေး လွတ်ခဲ့ကြရသည်။ (ဖွတ်ကို သတ်မိခဲ့လျှင်ကား ထိုနေရာ၌ပင်

## PAGE 614

၅၆ဝ

သေကြရအံ့။)


ဓမ္မာစရိယ ဦးဌေးလှိုင်

မိမိပြုလုပ်ခဲ့သောကံ၊ ကံ၏ အကျိုးကို မြေလျှိုး မိုးပျံ၍ ပုန်းသော်လည်း မလွတ်နိုင်ကြောင်း
ဟောတော်မူခဲ့သည်။ ယခုလည်း ဦးမဏိသာရသည် ကိုယ်လုပ်တာကိုယ်ခံရခြင်းပင် ဖြစ်ကြောင်း
ထူးခြားသော သမာဓိဖြင့် ကိုယ်တိုင်လည်း သိမြင်တော်မူ၏။

ဦးမဏိသာရကား လူဝတ်ကြောင်ဘဝက အလွန်ဆိုးပေ မိုက်ကန်းသူ ဖြစ်သည်။
သပြေပင်ရွာ ရပ်ကွက်အုပ် သူကြီးသား၊ လူအမည် “ဦးမြမောင်”၊ လှည်းအငှား လိုက်စား၏။
မင်းစေလည်း လုပ်ဖူး၏။ မယားခုနစ်ယောက် ယူသည်။ အလွန်လည်း နှိပ်စက်ခဲ့၏။
မိမိဇနီးများနှင့် သံသယမကင်းသူများကိုလည်း အသက်ချမ်းသာ မပေး။ နောက် သံဝေဂရ၍
ဆရာတော်ထံ လာရောက်ကာ မောင်ရင်ပေါ်ချောက်၌ ရဟန်းပြုလျက် တရားအားထုတ်ခဲ့သည်။
ခုနစ်ရက်မျှဖြင့် ရဟန်းကိစ္စ ပြီးသွားသူဖြစ်၏။

၁၂၉၄-ခုနှစ်၊ တပေါင်းလဆန်း ၁၀-ရက်၊ ၁၂-ရက်၊ ၁၄-ရက်၊ လပြည့်ကျော်
တစ်ရက်အားဖြင့် နှစ်ရက်စီခြားကွာ၍ ရဟန္တာဖြစ်ကြောင်း ဆရာတော် ကိုယ်တိုင် (ရှမ်းပြည်မှ
တရားလာအားထုတ်ကြသော ဆီဆိုင် စော်ဘွားကြီးသား စပ်ခွန်ဆက်နှင့် စကားစော်ဘွားကြီး
အမတ်ဦးထုံးတို့အား ထိုအချင်း ဖြစ်ပွားစဉ်က) ဟောကြားခဲ့ဖူး၏။ (ဤအကြောင်းကို
အသက် ၈၇-နှစ်ရှိ စပ်ခွန်ဆက်က “အာနာပါန အားထုတ်နည်း စွန်းလွန်း ဥပနိသျည်း’
ကျမ်းပြု ဆရာတော် ဦးသာသနဝိသုဒ္ဓိ အရှင်မြတ်အား လျှောက်ထားခြင်း ဖြစ်သည်။)

ဦးမြမောင်ကဲ့သို့သော လူပေများ ရှားလှ၏

ဦးမဏိသာရသည် လူဖြစ်စဉ်က နွားလှည်းမောင်းရာ ချောင်းအတက်၌ ဝန်နှင့်အား
မမျှ၍ နွားမှာ မရုန်းနိုင်ဘဲရှိရာ တအားလွှဲ၍ ရိုက်၏။ ရိုက်သော်လည်း မရုန်းနိုင်သဖြင့်
နွားမှာ ထိုနေရာ၌ပင် လဲကျသွားသည်။ အားကုန်ရိုက်၍ ထစေသော်လည်း မရ။ ထိုအခါ
ကောက်ရိုးများ နွားပေါ် စုပြုံပြီး မီးဖြင့် ရှို့တိုက်လိုက်၏။

560

ဦးမဏိသာရ ယခုကဲ့သို့ ခံရသည်ကို ဆင်ခြင်တော်မူသောအခါ ဆရာတော်ရော
ဦးမဏိသာရပါ “ကိုယ်လုပ်တာ ကိုယ်ခံ ရသည့် ဝဋ်ကြွေးကို မြင်တော်မူသဖြင့် မိန့်တော်မူခြင်း
ဖြစ်သည်။ ထို ့နောက်တွင်လည်း မနာလိုသူများက ဦးမဏိသာရအား ဝိုင်းချုပ်၍ ဓားဖြင့်
ခုတ်သတ်ကြပြန်၏။ သည်းခံ၍ သမာပတ် ဝင်စားနေရာ မြက်ရှရာမျှသာ ရှိသည်ဆို၏။

နောက်တစ်ဖန် ဆီမီးကန်ရွာ၌ တစ်ဝါဆိုစဉ်ကလည်း ဂူပိတ်၍ မီးရှို့ခံရပြန်သည်။

ယခု တိုက်အုပ်ဆရာတော် ဦးသောဘဏ,က သွား၍ ပင့်ခေါ်ထားရ၏။

ဦးမဏိသာရ မီးရှို့သတ်ခံရစဉ် ဆီဆိုင်စော်ဘွားကြီးသားနှင့် စကားအမတ်ကြီးတို့လည်း
ဂူတစ်ခုစီ၌ တရားဝင်နေကြရာ ဆရာတော်ဘုရားကြီး အမိန့် တော်ရှိသည်ကိုလည်း ကြားသိ
ကြည်ညိုကြရသဖြင့် ဦးမဏိသာရအား ထိုနှစ်ကဆုန်လပြည့်နေ့၌ ရှမ်းပြည်နယ်တောင်ကြီးသို့
ပဋိပတ္တိ သာသနာပြုရန် ပင့်သွားကြလေသည်။


## PAGE 615

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၆3

ရှမ်းပြည်တောင်ကြီး၌ သီတင်းသုံးခိုက်မှာပင် မြင်းခြံ စွန်းလွန်းဂူကျောင်းတိုက်အတွင်း
မနာလိုသူများက လောကီ အစီအရင် အတိုက်အခိုက် အင်းများမြှုပ်နှံ၍ သာသနာ
ဖျက်နေကြသည်ကို မြင်တော်မူသဖြင့် မြင်းခြံသို့ လှမ်း၍ အကြောင်းကြားရာ ဦးမဏိသာရ
အမိန့်ရှိသည့်အတိုင်း အတိအကျ တွေ့ရှိကြရ၏။ ရှင်းလင်းသုတ်သင် ပစ်ကြရလေသည်။
ဦးမဏိသာရကား ဤမျှ အမြင်သန်တော်မူ၏။

"

ရှမ်းပြည်၌ စပ်ခွန်ဆက်၊ ကမ္မဋ္ဌာန်းဆရာကြီး ဦးတိုးတို့ကို လွှဲအပ်၍ ၁၂၉၈-ခုနှစ်
ဝါကို မြင်းခြံ၌ပြန်၍ ဝါကပ်တော်မူ၏။ ရှမ်းပြည်၌ စွန်းလွန်း ဥပနိဿယ ပဋိပတ္တိ
သာသနာမျိုးစေ့ ချတော်မူခဲ့သော ဦးမဏိသာရသည် ထိုနှစ်ဝါတွင်း တော်သလင်းလ၌
‘ပရိနိဗ္ဗာန်” ပြုတော်မူသွားသည်။ အရိုးဓာတ်တော်ကို စွန်းလွန်းဂူကျောင်းတွင်းရှိ စေတီတစ်ဆူ၌
ဌာပနာထားရာ နောက် ရှမ်းပြည်မှ ပင့်ဆောင် ပူဇော်ကြကြောင်း တိုက်အုပ်ဆရာတော်
အမိန့်ရှိ၍ သိရှိရသည်။ သံဝေဂယူဖွယ် အားကျဖွယ်ကြီးပါတကား။

“ပတ္တမြားမှန်လျှင် ညံ့မနစ်' ဟူသကဲ့သို့ ဦးမြမောင်ခေါ် ဦးမဏိ=(မြရတနာ)
သာရ(=အနှစ်) ကား လူပေကြီးတို့အတွက် သင်ခန်းစာ ပေးခဲ့ သော ပဋိပတ္တိ ရတနာတစ်ပွင့်
ဖြစ်ခဲ့ပေ၏။

ဦးမဏိသာရကဲ့သို့ပင် ဆရာတော်ဘုရားကြီး ကိုယ်တိုင်လည်း မီးရှို့ခံရဖူးကြောင်·
ဆရာစန္ဒြ (လက္ခဏာဗေဒ ပုရောဟိတ်) က စာရေးသူအား ပြောပြဖူး၏။ တစ်ခါက
ညခုနစ်နာရီတွင် ရွာနီးကျောင်းမှ ဘုန်းကြီးတစ်ပါး လာပင့်၍ လိုက်ပါသွားရ၏။ နှစ်ဖာလုံ
ခန့်ဝေးသော လယ်တစ်ခုအတွင်းသို့ ရောက်သောအခါ အသင့် စီရင်ထားသော ရေနံဆီပုံးကို
ဒကာတစ်ဦးက "ဖွင့်လိုက်ရာ ရေနံဆီအနံ ့ရသဖြင့် မီးရှို့ကြတော့မည်ကို သိတော်မူ၏။
“ကိုယ်တော် ရဟန္တာဟုတ်-မဟုတ် သိရရောပေါ့” ဟု လည်း အဆိုပါ ဘုန်းကြီးက
ကြိမ်းလိုက်သေး၏။

..

ဆရာတော် ရောက်လာလျှင် ဝိုင်း၍ ဖမ်းချုပ်ကာ မီးရှို့ သတ်ကြသည်။ “တစ်နာရီအတွင်း
ငါ၏ ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကိုယ်ကြီး မပျက်စီးစေသတည်း” ဟု အဓိဋ္ဌာန်၍ “နိရောဓ
သမာပတ်' ဝင်စားတော်မူသည်။ မီးငြိမ်းသွားသော်လည်း ကိုယ်တော်၌ မည်သို ့မျှမရှိဟု
ဆိုလေသည်။

ရဟန္တာ အရှင်မြတ်တို့၏ စွမ်းအားတော်ကား အစိန္တေယျပင် ဖြစ်၏။ အတိတ်ကြောင်း
ကံဟောင်းလုပ်ရပ်ကိုပါ သိကြရသော် လူမိုက်တို့ သံဝေဂ ရယူနိုင်ပေရာ၏။

လောက၌ ခိုးဆိုးတိုက်ခိုက် သောက်စားမူးယစ်သော လူပေ လူညစ်များ တရားအလုပ်ခွင်
သို့ ရောက်လာကြသောအခါလည်း ကောင်းခဲ၏။ ဘုရားရှင် လက်ထက်တော်က အရက်သမား
သရဏာနိ ဥပါသကာနှင့် သန္တတိ အမတ်ကြီး တို့ တရားထူး ရခဲ့ကြဖူးပါ၏။ လူဆိုးကြီး
အင်္ဂုလိမာလလည်း ရဟန်းကိစ္စ ပြီးစီးခဲ့ပါ၏။

သို့ရာတွင် မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်၌ကား ယခု လူပေကြီး ဦးမြမောင်မှ
ဦးမဏိသာရ ဖြစ်လာတော်မူသကဲ့သို့ အစစ်အမှန် ကူးမြောက်နိုင်သူကား ရှားပေလိမ်မည်။

