## PAGE 616


၈၆၂

ဓမ္မာစရိယ ဦးဌေးလှိုင်

ကျွန်ုပ်တို့ ကြားသိရသမျှ လူ့ဘဝက ခိုးဆိုး တိုက်ခိုက်သူများ အလုပ်ခွင်သို့
ရောက်သောအခါ ဆရာကောင်းအမှီမရဘဲ (အမှီမယူဘဲ) သမထ လက်နက်ကြီး အားကိုးဖြင့်
ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါ သီလ စသော အတွင်းပစ္စည်းများကို လုယက်၍ “အနတ္တ
သာသနာ' ကိုပင် ဓားပြတိုက်ကြသည်ကို တွေ့မြင် နေကြရ၏။

“အရက်သမားကြီး အကျွတ်တရား ရသွားပြီ' ဟု ကြား၍ နားစွင့်ကြည့်လျှင်
‘သမထ’ အမည်ခံသော လောကီ လမ်းစဉ်သို့သာ တိုးဝှေ့ ဝင်သွားတတ်လေသည်။
ဆရာကောင်း အမှီရရန် သတိပြုကြရာ၏။

အရိယာဖြစ်ရန် ကျန်သေး၍ စောင့်ကြိုတော်မူခြင်း

ဆရာတော် ဘုရားကြီးကို အမှီရ၍ အရိယာ ဖြစ်တော်မူကြရသော ပုဂ္ဂိုလ်တို့လည်း
မရေတွက်နိုင်အောင် ရှိရာပြီ။

ဆရာတော်သည် ၁၃ဝ၁-ခုနှစ်ကတစ်ကြိမ်၊ ၁၃၁၁-ခုနှစ် ဗုဒ္ဓသာသနာ နုဂ္ဂဟ
အဖွဲ့ကပင့်၍ တစ်ကြိမ်၊ ၁၃၁၃-ခုနှစ် ဘောက်ထော် စွန်းလွန်းဂူဌာန သိမ်သမုတ်ရန်
တစ်ကြိမ်၊ ရန်ကုန်သို့ ကြွရောက်ချီးမြှင့်သည်ကို တွေ့ရ၏။

ဆရာတော်၏ တရားများ၊ နီတိပမာ ဥပဒေသ စကားများမှာ အလွန်မှတ်သားဖွယ်
ကောင်းလှ ပေသည်။ အပြည့်အစုံကို “ထေရုပ္ပတ္တိနှင့် သာရဏီယကထာ စာအုပ်တို့၌
ကြည့်ရှုကြပါကုန်။

အထူးသဖြင့် ဆရာတော်၏ သြဝါဒတရား၊ ဥပဒေသစကားများကို ဖော်ပြကြရာ၌
ကျမ်းဂန်ပါဠိများကို ကိုးကား၍ အခိုင်အမာ ပြဆိုချင်လွန်းလျှင် မူလစကားများ ဖုံးကွယ်
မသွားရအောင် စီစဉ်ကြရာ၏။ ဆရာတော်၏ တရားစကားများကို အရင်းကျနိုင်သမျှ
ကျအောင် ဖော်ပြကြပါလျှင် ပို၍ ဓမ္မရသ ရှိပါမည်။ နောက်ထပ်လည်း များစွာ ထွက်ပေါ်
လာနိုင်ပေသေးသည်။ မူရင်းကား ဆားဖြူးရန်မလို၊ အလိုလိုပင် မြိန်မြတ်လှပါပြီ။ ·

“စာသင်ရန် အခြေအနေမပေး၍ စာမတတ်စေကာမူ တရားအားထုတ်၍
ရနိုင်သည်။ အကျွတ်အလွတ် တစ်ကိုယ်တည်း. တောထဲသွား၍ အားထုတ်နိုင်မှ
ရသည်မဟုတ်။ တကယ်ယုံ၍ အဟုတ်လုပ်လျှင် မည်သူမဆို ရနိုင်သည်”
ဟူသော သင်ခန်းစာ စာတမ်းကြီးကို ပဋိပတ္တိ သာသနာဝင်၌ စိုက်ထူတော်မူခဲ့သော
“စွန်းလွန်းဂူ ဆရာတော် ဘုရားကြီး' ကား ၁၃၁၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ကိုးရက်၊
စနေနေ့ညနေ ငါးနာရီအချိန်တွင် ခန္ဓာဝန်ကို စွန့်တော်မူခဲ့သည်။

ပရိနိဗ္ဗာန် မပြုမီ ငါးနှစ်ခန့်ကပင် ပရိနိဗ္ဗာန် ပြုမည့်ရက်ကို ကြိုတင်၍ အမိန့်ရှိတော်မူခဲ့ရာ
(မှတ်သားသူတို့ အမှတ်မှား၍ လောမသိ) ရက်မျှသာ လွဲသည်ဟု ဆိုကြသည်။

“ငါသေရင် ဘာမှ မလုပ်နဲ့။ ထိုးထားလိုက်” ဟူသော အမှာစကားအရ
စွန်းလွန်းဂူကျောင်း၌ပင် ဂန္ဓကုဋိသံသရာအေး စေတီတည်ကာ ပကတိအသွင် မပြောင်းသော


## PAGE 617

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၆၃

အလောင်းတော်ကိုလည်း ယခုတိုင် ဖူးမြော်နိုင်ကြ၏။

ပရိနိဗ္ဗာန် ပြုခါနီး နောက်ဆုံး စကားအနေဖြင့် “အရိယာတွေဖြစ်ဖို့ အများကြီး
ကျန်နေသေးတယ်” ဟု မိန့်တော်မူရာ ဆရာတော်၏ ရုပ်ကလာပ်သည် ကြွင်းကျန်နေသေးသော
ဆရာတော်၏ ဝေနေယျများကို ဆိုင်းငံ့တော်မူနေဟန် ရှိစွာတကား။


## PAGE 618

၅၆၄


စွန်းလွန်းဆရာတော်အား

ဓမ္မာစရိယ ဦးဌေးလှိုင်

ကျမ်းဂန်နှင့် စစ်မေးကြပုံ

ဖက်ပင်အိုင် ဆရာတော်နှင့် ဦးကဝိ

၁၂၈၇-ခုနှစ် ကဆုန်လဆုတ် ၄-ရက်နေ့ ပဲခူးမြို့. အဗျားရွာတွင် ဖက်ပင်အိုင်
ဆရာတော်ကြီးက မြင်းခြံ ဆရာတော် ဦးကဝိအား မေးမြန်းပြောဆို စိစစ်ပုံကို အကျဉ်းချုပ်အားဖြင့်
အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။

မေး။

ဖြေ။

မေး။

ဖြေ။

မေး။

ဖြေ။

ဖက်ပင်အိုင် ဆရာတော်ကြီးကား နာမည်ကျော် စာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။
။စက္ခုနဲ့ ရူပါရုံပြိုင်သောအခါ စက္ခုက ရူပါ ရုံထံ သွားသလား၊ ရူပါရုံက စက္ခုထံ

လာလေသလား။

။စက္ခုကလဲ မသွား၊ ရူပါရုံကလဲ မလာပါဘုရား။

ဒါဖြင့် ဘယ့်နှယ်မြင်နိုင်သတုံးဗျ။

။သူ သတ္တိက ရှေးရှုသောအခါ မြင်ခြင်းငှာ စွမ်းနိုင်ပါ၏ဘုရား။
။ဒါဖြင့် ရူပါရုံက လာတာပေါ့ဗျား။

။မလာပါဘုရား။ (ဥပမာ) နေကို ကြည့်သောသူသည် နေ၏ သတ္တိအရောင်အလင်း
မျက်စိကျိန်းခြင်းသာ ရှိပါ၏ဘုရား။ နေဝန်းကြီးက မျက်စိထဲဝင်လာသည် မဟုတ်ပါ။
မျက်စိကလဲ နေဝန်းထဲ ဝင်သွားသည် မဟုတ်ပါဘုရား။

မေး။ ။ဒါဖြင့် နေပါအုံးတော့ဗျာ၊ နိဗ္ဗာန်အကြောင်း ပြောစမ်းပါ။

ဖြေ။ ။နိဗ္ဗာန်ဆိုတာဘုရား၊ (ဥပမာ) ယောဂီပုဂ္ဂိုလ်တယောက်သည် ဝိပဿနာ အားထုတ်၍
စိတ်၊ စေတသိက်၊ ရုပ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အလွန်ကြီးမားသော
ဆင်းရဲကြီးဟု ငြီးငွေ့လျက် ဆင်းရဲခြင်း၏ အကြောင်းကိုရှာက တဏှာကို
သိရသည်နှင့် တပြိုင်နက် “မဂ်က” ၎င်းတဏှာကို ပယ်လိုက်တော့ “အကြောင်း
အကျိုး ပြတ်သွားပါရော။ အဲဒီရှေးဦးစွာ မဂ်ကပမယ်မီ ဖြစ်ပျက်နေတာ ‘သင်္ခတ”၊
နောက်တော့ အကြောင်းအကျိုးပြတ်၍ ဘာမှ မရှိတာကတော့ “အသင်္ခတ-နိဗ္ဗာန်”
ပါဘဲဘုရား။

မေး။

။၎င်း နိဗ္ဗာန်မှာ နေဝန်းလဝန်းများလို အရောင်တွေများ ရှိသလား။
ဖြေ။ ။အရောင်တွေ မရှိပါဘုရား။

မေး။

။ဒါဖြင့် ဘယ့်နှယ်နေသတုံး ပြောစမ်းပါဗျာ။

ဖြေ။ ။ပြောစရာ မရှိပါဘုရား။

မေး။

။ဒါဖြင့် နိဗ္ဗာန်မရှိဘူးလား။

ဖြေ။ ။ရှိပါရဲ့ဘုရား။

66:0

+စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ရယ်လို ့ “ပရမတ်” တရားလေးပါးရှိ မဟုတ်လားဗျ။

ဖြေ။ ရှိပါတယ်ဘုရား၊

