## PAGE 619

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


မေး။

။အဲဒီ ပရမတ်ပြောပါဗျား။

၅၆၅

ဖြေ။ ။ဆရာတော်ဘုရား၊ ဦးကဝိက ပရမတ်ဆိုလျှင် ဘာမျှပြောစရာမရှိ၊ လက်ပိုက်
ထိုင်နေရုံဘဲ။

မေး။

နေစမ်းပါအုံးဗျာ၊ ဟောဒီ ရွှေတုံးကြီးကို ခဲလို့ ပြောဆိုကာမျှဖြင့် ၎င်းရွေတုံးကြီး
ခဲဖြစ်သွားမှာလားဗျ ပြောစမ်းပါအုံး။

ဖြေ။ ။ခဲမဖြစ်ပါဘုရား။ သို့သော်လဲ ပညတ်တရားကြီးလို ဒြဗ်ဝတ္ထုနှင့် ထင်ရှားမပြနိုင်ပါ။
နာမ် ရုပ်တို့၌ ဥပါဒ်၊ ဌိ ဘင်မရှိ၊ ချုပ်ငြိမ်းသွားတာကို နိဗ္ဗာန်လို့ ခေါ်တာဘဲ။
။ဉာဏ် ၁၀-ပါး ပွားများတာ ပြောစမ်းပါဗျာ။

မေး။

ဖြေ။ ။(ဥပမာ) ယောဂီပုဂ္ဂိုလ်တယောက်သည် အာနာပါန နှင့် သမာဓိ ရင့်သောအခါ
မိမိကိုယ်ပေါ်မှာ ဝေဒနာကို သတိနှင့် လိုက်ပါရောဘုရား။ အဲဒါနှင့် ပထမကတော့
သညာအားဖြင့် ဝေဒနာပေါ်ပြီးနောက် ဖြစ်ပျက်ခြင်း ဓမ္မကို ဟုတ်တိုင်းမှန်စွာ
မြင်ပါရော။ ဒါနဲ့ ကြောက်ခြင်း ရွံ့ရှားခြင်း ဖြစ်ပါရောဘုရား၊

။ဉာဏ် ၁၀-ပါးဟာ တခုစီးပွားရမည် မဟုတ်လားဗျ။

ဖြေ။ ။တခုစီပွားတာက ကိုယ့်အလိုပါ ဘုရား။

။တခုစီ မပွားလျှင် ဘယ့်နှယ်လုပ်မှာတုံးဗျ။

ဖြေ။ သမ္မသနဉာဏ် သုံးသပ်ရုံမျှနှင့် ဖြစ်ပျက်ခြင်း၊ ကြောက်ခြင်း ရွံ့ခြင်းစသည်
ဖြစ်ပွားပါရော ဘုရား။

မေး။

နေစမ်းပါအုံးဗျာ၊

အင်းဒီဟာက “သမ္မသနဉာဏ်

သုံးသပ်လိုက်တော့ ဖြစ်ပျက်တာက ‘ဥဒယဗ္ဗယဉာဏ်'

ပျက်တာက “ဘင်္ဂဉာဏ်

ကြောက်တာက “ဘယဉာဏ်'

ရွံ့တာက “အာဒီနဝဉာဏ်

အေး ဟုတ်ပေတယ်ဗျ၊ ဟုတ်ပေတယ်။

။ဦးကဝိရဲ့- လောကမှာ ပညတ်အားဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာလို့ ရှိကြမဟုတ်လား။

ဖြေ။ ။ရှိပါရဲ့ဘုရား။

မေး။

ဖြေ။

68:11.

။အဲဒီ ပုဂ္ဂိုလ်များဟာ အစဉ်အတိုင်း တောက်လျှောက် သောတာပန် သကဒါဂါမ်
အနာဂါမ် ရဟန္တာလို့ တက်သွားသလား။

မတက်ပါဘုရား။

။ဒါဖြင့် ဘယ်လိုတက်ရတုံးဗျ။ တက်ပုံ ပြောစမ်းပါဗျာ။

ဖြေ။ ။(ဥပမာ) ယောဂီ ပုဂ္ဂိုလ် တယောက်ဟာ သမ္မသနဉာဏ် ကို သုံးသပ်၍ ဉာဏ်
၁၀-ပါး ကုန်သွားပြီးနောက် ပညတ်အားဖြင့် ၎င်း ပုဂ္ဂိုလ်ကို “သောတာပန်’ ဟု


## PAGE 620

gjist


ဓမ္မာစရိယ ဦးဌေးလှိုင်

ခေါ်ကြပါတယ်ဘုရား။ ၎င်းနောက် သမ္မသနဉာဏ် သုံးသပ်အုံး၊ ဉာဏ်ဆယ်ပါး
ကုန်ပြန်က “သကဒါဂါမ်”လို့ ခေါ်ကြပါတယ်ဘုရား။ ဤကဲ့သို ့ လေးကြိမ်
တက်က “ရဟန္တာ”လို ့ ခေါ်ကြပါတယ်ဘုရား။

ဦးကဝိ သဘောပေါက်သော ဝိသုဒ္ဓိ ၇ ပါး

ဂျပ်ပင်ဆရာတော်က ဦးကဝိအား-

“ဝိသုဒ္ဓိ ခုနစ်ပါး ပြောစမ်းပါ” ဟု မေးရာ-

“အရှင်ဘုရားတို ့ ဝိသုဒ္ဓိကို တပည့်တော် မပြောတတ်ပါ။ တပည့်တော် ပြောတတ်သလို
ပြောပါရစေ”

၁။

၂။

၃။

၄။

၅။

“ပြောပါ ပြောပါ” ဟု ခွင့်ပြုသည်နှင့် ဦးကဝိက အောက်ပါအတိုင်း လျှောက်ထားသည်။
တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို၊
အမျှဝေပြီးလျှင် မိမိခန္ဓာကိုယ် ရုပ်နာမ်နှစ်ပါးကို အားထုတ်ဆဲအခါ ဘုရားကိုလှူ၊
အချိန်မပိုင်းနှင့်၊ မိမိစွမ်းနိုင်သမျှ အားထုတ်၊ သမာဓိ ရလာတော့ ခန္ဓာကိုယ်ပေါ်မှာ
ပူမှု၊အေးမှု စသော ဝေဒနာ ပေါ်လာလိမ့်မယ်။ အဲသည် ပေါ်လာတဲ့ ဝေဒနာကို
ရှုဆဲအခါ၌ မျက်စိကလဲ တောင်ကြည့်မြောက်ကြည့် မကြည့်ဘူး။ ပါးစပ်ကလဲ
စကားမပြောဘူး။ လက်ကလဲကိုးယိုးကားယား မလုပ်ဘူး။ အဲသည်တော့ စက္ခုန္ဒြေ၊
- သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇီဝှိန္ဒြေ၊ ကာယိန္ဒြေ ဟူသော ဣန္ဒြေငါးပါး လုံနေတယ်၊
အဲဒါ သီလစင်ကြယ်တယ်။ “သီလဝိသုဒ္ဓိ” လို ့ ခေါ်တယ်။

ဝေဒနာ ပေါ်မှာ စိတ်တည်နေတော့ စိတ်စင်ကြယ်တယ်။ အဲဒါ စိတ္တဝိသုဒ္ဓိ' လို

ခေါ်တယ်။

သီလကလဲစင်ကြယ်၊ စိတ်ကလဲစင်ကြယ်တော့ မှန်တာမြင်တာပေါ့။ မှန်တာမြင်တယ်
ဆိုတာ ဘယ်လိုလဲဆိုတော့ မီးခတ်နဲ့ မီးခတ်ကျောက် ခတ်လိုက်တော့ မီးပွင့်ကလေးတွေ
ဖွားဖွား ဖွားဖွားနှင့် မြင်ရသလို မိမိခန္ဓာကိုယ်ပေါ်မှာ မွေးတွင်းပေါက်က မြင်ရတယ်။
အဲသည်လို မြင်ရတော့ ငါ့မှာ ခြေလည်းမရှိ၊ လက်လည်း မရှိ၊ ကိုယ်လည်း မရှိ၊
ဦးခေါင်းလည်း မရှိ၊ ခန္ဓာကိုယ်ကြီး သုဉ်းသွားတယ်။ အဲသည်တော့ အမြင်
စင်ကြယ်တယ်။ အဲဒါကို “ဒိဋ္ဌိဝိသုဒ္ဓိ” လို ့ခေါ်တယ်။

အဲသည်လို မြင်ရတော့ “ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်” ဟု ဘုရားကို
ယုံကြည်ခြင်း ဖြစ်လာတယ်။အဲသည်တော့ ယုံမှားကင်းသွားတယ်၊ “ကင်္ခါဝိတရဏ
ဝိသုဒ္ဓိ” လို ့ခေါ်တယ်။

အဲသည်လို မြင်ရတွေ့ ရတော့ ဝမ်းသာတာပေါ့။ ဝမ်းသာတော့ အလင်းဓာတ်ကြီးဟာ
မိမိရှေ့မှာ ပေါ်လာတယ်။ ၎င်းအလင်းဓာတ်ကြီးထဲမှာ သွားပြီး တွယ်နေတယ်၊
အဲသည်လို အလင်းဓာတ်ကြီးထဲမှာ သွားတွယ်နေတော့ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာတွေ


## PAGE 621


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ချုပ်ပြီး အေးနေတယ်။ အဲဒါအန္တရာယ် ၁၀-ပါးထဲမှာ နစ်နေတယ်လို့ ခေါ်တယ်။
အဲသည်လို အလင်းဓာတ်ကြီးထဲမှာ တွယ်နေရာမှ “ငါ့ဟာ မဟုတ်ပါဘူး” ဟု ဆိုပြီး
ခန္ဓာကိုယ်ပေါ်သို့ အာရုံပြန်ပြီး ထိန်းလိုက်တယ်။ အဲဒါ “မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ”
လို့ ခေါ်တယ်။

၆။ . အဲသည်လို ခန္ဓာကိုယ်ပေါ်သို ့ အာရုံ ရောက်လာတော့ ဝေဒနာတွေ ပြန်ပြီး ပေါ်လာ
တယ်။ အဲသည်တော့ အာရုံက အထက် လွန်သွားလိုက်၊ အောက် ပြန်ကျ သွားလိုက်
နှင့်နေတယ်၊ မဇ္ဈိမပဋိပဒါ မကျသေးဘူး။ အဲသည်တော့ ဇောကိုတင်ပြီး တဖြေးဖြေး
ချလာတော့ မဇ္ဈိမပဋိပဒါ ကျသွားရော၊ အဲဒါ “ပဋိပဒါ ဉာဏဒဿန ၀ိသုဒ္ဓိ” လို
ခေါ်တယ်။

၇။ အဲသည်လို ပဋိပဒါလဲကျသွားရော၊ သေနတ်ကို ယမ်းဟောင့် ထည့်ပြီး စိက
ကိုင်ဖြုတ်လိုက်သလို “ဒင်း” ဆို ပြတ်သွားပါရော။ အဲဒါ “ဉာဏဒဿန ဝိသုဒ္ဓိ” လို့
ခေါ်တယ်။

ဂျပ်ပင် ဆရာတော်က “အရှင်ဘုရား ဝိသုဒ္ဓိက သာ၍ပင် ကောင်းသေးသည်”
ဟု ပြောလေ၏။

- စာတွေ့နှင့်လက်တွေ့ ညှိနှိုင်းစစ်ဆေးကြပုံ

၁၂၈၇-ခုနှစ် တော်သလင်းလဆန်း ၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင်
ဖက်ပင်အိုင် ဆရာတော် ဘုရားကြီး ကြွလာတော်မူသောအခါ ဆရာတော် ဦးပုည၊ ဦးဇာဂရ
စသော ရဟန်းတော်များလည်း ပါကြ၏။

ဒါယကာများ ဆည်းကပ်နေကြစဉ် ဖက်ပင်အိုင် ဆရာတော် ဘုရားကြီးက
မြင်းခြံဆရာတော် ဦးကဝိအား အောက်ပါအတိုင်း မေးမြန်းစိစစ်လေသည်။

“ဦးကဝိတို့ ကြွလာမယ့် အကြောင်းကို ပင့်စာ၌ ပါသောကြောင့်သာ ယနေ့ညနေ
လာခဲ့ရတာပါဘုရား။ သို့မဟုတ်လျှင် နက်ဖြန် နေ ့ဆွမ်း မှီရုံလောက်မှာသာ လာမယ်ဟု
ကြံပါတယ်။ လူကြီးဆိုတော့ သွားလာရတာများ တယ် ဝန်လေးတယ် ဦးကဝိရဲ့။”
“မှန်လှပါဘုရား”

"

“ကဲ ဦးပုညတို့ ဦးဇာဂရတို့၊ ဦးကဝိနှင့် စကားပြောကြပါ ဘုရား၊ တပည့်တော်တော့
မောသေးတယ်။”

..

“မှန်လှပါဘုရား၊ အမောအပန်းဖြေ၍ နားနေပြီးနောက် . ဆရာတော်ဘုရားသာ
အမိန့်ရှိတော်မူပါဘုရား” ဟု လျှောက်ကြသဖြင့် အမောအပန်းမဖြေဘဲ ဆက်လက်၍
အောက်ပါအတိုင်း ပြောဆိုလေ၏။

“ဦးကဝိ၊ တပည့်တော်များသည် တစ်ပါးနှင့် တစ်ပါး ဘွားကနဲ ယခုမှ တွေ့မြင်ကြသော
ပုဂ္ဂိုလ်များလဲ မဟုတ်ကြပေ။ ရှေးကလဲ တွေ့ဖူးမြင်ဖူးသူများ ဖြစ်ကြ၍ တစ်ပါးကို

