## PAGE 622

၅၆၈


ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်ပါး အားနာစရာလဲမရှိ။ မေးမြန်းစရာရှိသလောက်တော့ မေးမြန်းခွင့် မရပေဘူးလား
ဘုရား။”

"

“မှန်လှပါ ဆရာတော်ဘုရား၏ တပည့်ကို အလိုရှိသရွေ့သာ ဆုံးမတော်မူပါဘုရား။”
“ကဲ-ဒါဖြင့် ရှေးက ပဲခူးမြို့ အဗျားရွာတွင် တွေ့ကြစဉ်ကတော့ ဗြုန်းကနဲ
တွေ့ကြရတာကလဲ တကြောင်း၊ အာဂန္တုကချင်း ဖြစ်နေကြတာကလဲ တကြောင်းမို့
မေးသင့်သလောက်သာ မေးရပေတယ်။ ယခုဆက်၍ မေးရပြန်တာပေါ့”

မေး။

။ဦးကဝိရဲ့၊ ယခု သီတင်းလဲကျွတ်ခါနီးပြီ။ ယခု ဝါတွင်း ဘာကိုများ အာရုံပြု၍
သီတင်းသုံး နေပါသတုံးဘုရား။

ဖြေ။ ။သာသနာတော်ကို အာရုံပြုနေပါတယ်ဘုရား။

မေး။

သာသနာတော်ကို ဘယ်ပုံ အာရုံပြုပါသတုံးဘုရား၊ ‘သာသနာ” ဆိုတာ ပရိယတ်
ပဋိပတ် နှစ်ပါးရှိပါတယ်။ ထိုနှစ်ပါးတို့တွင် ´ ဘယ်သာသနာကို ဘယ်ပုံ
အာရုံပြုနေပါသတုံး ဘုရား။

ဖြေ။ ။ဘုရားတပည့်တော်မှာ စာကလဲမတတ်တော့ ပရိယတ္တိ သာသနာကို ချီးမြှင့်ခြင်းငှာ
မစွမ်းနိုင်ပါ။ ဒါကြောင့် ပဋိပတ္တိ သာသနာပေါ်တွင်သာ သမာဓိ မရသေးသော
ပုဂ္ဂိုလ်များလဲ သမာဓိ ရလေအောင်၊ ရပြီးသော ပုဂ္ဂိုလ်များလဲ ရင့်သည်ထက်ရင့်အောင်၊
ရင့်ပြီးသော ပုဂ္ဂိုလ်များလဲ လိုရင်းကိစ္စ ပြီးစီးကြအောင်သာ အာရုံပြုနေရပါ၏ဘုရား။ -
။ဒါဖြင့်လျှင် မေတ္တာပေါ့ ဘုရား၊

ဖြေ။ ။မှန်လှပါဘုရား။

မေး။

။မေတ္တာဆိုတော့ သတ္တပညတ် အပေါ်၌ စိတ်ကိုထား၍ လောကီ ရှိပါသေးတယ်။
လောကုတ္တရာ၌ကော ဘယ်လို အာရုံပြုပြီး စိတ်ကို ထားပါသတုံးဘုရား။
လောကုတ္တရာမှာကော စိတ်ကိုမထားဘူးလား။

ဖြေ။ ။လောကုတ္တရာပေါ်မှာ စိတ်ကို ထားပါရဲ့ဘုရား။

မေး။

အဲဒီ လောကုတ္တရာပေါ်မှာချည်းဘဲ . စိတ်တွေကိုထားပါတော့လား .. ဘုရား၊
အဘယ့်ကြောင့် လောကီ စိတ်တွေသို့ ရောက်နေရသေးသလဲ။

ဖြေ။ ။လောကုတ္တရာပေါ်မှာ ချည်း သက်သက် စိတ်ကို မထားနိုင်ပါဘုရား၊ ခန္ဓာဝန်ကြီးက
အလွန်လေးသောကြောင့် လောကီတလှည့်၊ လောကုတ္တရာတလှည့် ပြောင်းခံနေရပါ၏

ဖြေ။

.

ဘုရား။

။ကဲ-ဒါဖြင့် လောကီပညတ် အာရုံပြုပုံကိုတော့ ထားလိုက်ပါဦးတော့ဘုရား၊
လောကုတ္တရာ ပရမတ်ကိုတော့ ဘယ်လို အာရုံပြုပါသတုံးဘုရား။

မိမိ မြင်ဖူးတာကို အာရုံပြုပါတယ်ဘုရား။

မေး။ ။ဒါဖြင့် တခြားစာတွေ ထားလိုက်ပါဦးတော့၊ သင်္ဂြိုဟ် ဆိုတဲ့အတိုင်း “မဂ္ဂဖလဉ္စ
နိဗ္ဗာနံ၊ ပစ္စဝေက္ခတိ ပဏ္ဍိတော” စသည်ဖြင့် ပစ္စဝေက္ခဏာပေါ့။

ဖြေ။ ။မှန်လှပါဘုရား။


## PAGE 623

ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ


၅၆၉

မေး။ ။ ဒါဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာနှင့် ပညတ်ကို အာရုံပြုရတာ ဘယ်က သာ၍
ခက်သတုံးဘုရား။ မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာက သာ၍ မခက်ပေဘူးလား။
ဖြေ။ ။ တပည့်တော်သဘောဖြင့် ဘယ်သင်းမှ မခက်ပါဘုရား။

မေး။

။ မဂ်ကို အာရုံပြုပုံ ပြောပြစမ်းပါဘုရား။

ဖြေ။ ။ ဥပမာ-ယောဂီပုဂ္ဂိုလ်တစ်ယောက်သည် ဝိပဿနာတရားအားထုတ်၍တက်လာတယ်
ဆိုပါတော့ဘုရား၊ အဲသည်တော့ ဘဝင် အနည်းငယ်မျှ ကျသွားပြီးနောက်
ရှေ့စိတ် သုံးပါးက ကိလေသာတရားကို ဖယ်ရှားပေးပါရောဘုရား၊ နောက်စိတ်က
နိဗ္ဗာန်ကို မြင်ပါရော။

မေး။

ဒါနဲ့ စိတ်, စေတသိက်, ရုပ် ဆိုတဲ့ တရားသုံးပါး “ဖြစ်ချုပ်’ဖြစ်ချုပ်’
ဖြစ်နေတာကိုပင် ကြီးစွာသောဆင်းရဲကြီးပါကလား၊ ဒီဆင်းရဲဟာ ဘယ်သူ့ ကြောင့်
ဖြစ်သလဲလို့ စစ်လိုက်တော့ ၎င်း စိတ်-စေတသိက်-ရုပ်ကို· ပြုလုပ်ပေးတတ်တဲ့
“လောဘ” ကို မြင်ပါရောဘုရား။

ယခု ပြောနေတာက တစ်ခုစီ ပြောနေရလို ့ ကြာနေတာပါဘုရား။ ဟိုမှာတော့
ဘာမှ မကြားပါဘုရား။ ဆင်းရဲကို သိတာနဲ ့ တပြိုင်နက်ထဲ ဖြစ်သွားတာပါ။
(ကဲ-ပြောသာ ပြောပါဘုရား)

အဲဒီလို လုပ်ပေးတဲ့သူကို မြင်တော့ နိုင်တဲ့သူက ဗြုန်းခနဲ ပြုလုပ်ပေးတဲ့သူကို
သတ်လိုက်ပါရော၊ အဲဒါက “မဂ်” ပါဘုရား။

[

ဒီတော့ စိတ်, စေတသိက်, ရုပ်များလဲ ဖရိုဖရဲဖြစ်သွားသလို ဖြစ်သွားတော့
အကြောင်းအကျိုး ပြတ်သွားပါရောဘုရား။ အဲဒါ နိဗ္ဗာန်” ပါပဲဘုရား။
ဒါနဲ့ နောက်တော့ “ဖိုလ်ဇော” အုပ်သွားပါရော။ အဲဒါ မြင်ဖူးတာတွေပါပဲဘုရား။
နေစမ်းပါအုံးဘုရား။ ဒီမဂ်ဖြစ်တဲ့အခါများ ထင်ထင်ရှားရှား မဂ်ဖြစ်မှန်း သိရဲ့လား။

ဖြေ။ ။ မသိပါဘုရား၊ နောက် ဆင်ခြင်မှ သိရပါတယ်ဘုရား။

။

ပေ။

11

နောက်-ဆင်ခြင်မှ သိရတယ်ဆိုတာ ဟုတ်ပါရဲ့လား။

ယထာပိ မူလေ အနုပဒ္ဒဝေ ဒဗ္ဗေ၊
ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။

ဧဝံပိ တဏှာနုသယေ အနုပာတေ၊
နိဗ္ဗတ္တတေ ဒုက္ခမိဒံ ပုနပ္ပနံ။ ။

(ဒဠေ-၌ ဟ-ထိုး မပါ။ သတိပြု။ မနုသာ ဒဠန-စသည် ၎င်း။)

အနုပဒ္ဒဝေ၊ စိမ်းစိမ်းလတ်လတ် မသတ်ဖြတ်သေးသော။ မူလေ၊ ရေသောက်

## PAGE 624


၅၇ဝ

ဓမ္မာစရိယဦးဌေးလှိုင်

မြစ်ကြီးသည်။ ဒန္ဓေ၊ မြဲမြံခိုင်ခံ့သည် ရှိသော်။ ဆိန္နောပိ၊ အခက်အရွက် အပင်
ပြတ်သော်လည်း။ ရုက္ခော၊ သစ်ပင်သည်။ ပုနဝ၊ တဖန်သာလျှင်။ ရူဟတိ
ယထာ၊ ပေါက်ရောက်ပြန်သကဲ့သို့။ ဧဝံ၊ ဤအတူသာလျှင်။ တဏှာနုသယေ၊
အဖန်ဖန် ကိန်းတတ်သော တဏှာကို။ အနုပဟတေ၊ မဂ်ဖြင့် မပယ်အပ်သေးသည်
ရှိသော်။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ ဣဒံဒုက္ခမ္ပိ၊ ဤသံသရာ ဝဋ်ဆင်းရဲသည်လည်း။
နိဗ္ဗတ္တတေ၊ ဖြစ်ရဦးမည်ကား မုချမလွဲတည်း။

ကျမ်းဂန်လာတဲ့အတိုင်း လောဘကို မဂ်ကပယ်တယ် ဆိုတာ ဟုတ်ပါရဲ့။
သို ့သော်လည်း ယခုလောကမှာ တိုင်းတစ်ပါးက ရန်သူစစ်သည်ကို တိုက်ခိုက်
သုတ်ဖြတ်ရန် ထွက်သွားသော စစ်သူကြီးသည် မိမိ တစ်ယောက်တည်း မသွားဘဲ
နောက်လိုက် နောက်ပါ စစ်သည် ဗိုလ်ပါ များစွာတို ့နှင့် ထွက်၍ ရန်သူစစ်သည်ကို
တိုက်ခိုက် သတ်ဖြငာသလို ယခု လောကုတ္တရာမဂ်ဟာလဲလောဘကို သတ်ရန်
အဖော်များ ရှိသေးသလား၊ တစ်ယောက်ထဲဘဲသတ်လေရော့သလား။

ဖြေ။ ။အဖော်ရှိပါသေးရဲ့ ဘုရား။

မေး။ ။အဖော်က ဘယ်သူတုံး၊ ထည့်ပေးစမ်းပါ။

ဖြေ။ ။ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ဝိပဿနာ တရားအားထုတ်၍ အထွဋ်
အထိပ်ရောက်ခါနီး ရှေ့စိတ်သုံးပါးက ကိလေသာတရား ကင်းစင်သွားအောင်
ပယ်ရှားလိုက်ပါရောဘုရား။ အဲဒီလို ကိလေသာ စင်သွားတော့ နိဗ္ဗာန်ကို မြင်တဲ့စိတ်
ပေါ်ပေါက်လာပါရောဘုရား၊ ၎င်းစိတ်က နိဗ္ဗာန်ကို မြင်တော့ ၎င်းစိတ် မြင်သော
နိဗ္ဗာန်ကို မဂ်ကမှီခိုတွယ်ကပ်ပြီး လောဘကို ပယ်သတ်လိုက်ပါရော ဘုရား။
မေး။ ။မဂ်တော့ သဘောကျပါပြီ ဦးကဝိရယ်၊ အလွန်သိမ်မွေ့ ခက်ခဲနက်နဲတဲ့ နေရာတွေနော်၊
တပည့်တော် များကတော့ စာတွေ့ ပြောရတာ၊ ဒါနဲ့ မဂ်နောက်ဖိုလ် ဇောအုပ်လိုက်တယ်
ဆိုတာ စိတ်ထဲမှာ ဘယ့်နှယ်နေသတုံး ဘုရား။

ဖြေ။ ။ကောင်းကောင်း မသိလိုက်ရပါဘုရား။

မေး။ ။မဂ်နောက်ဖြစ်တဲ့ ဖိုလ်က “အာနန္တရိကဖိုလ်” ခေါ်တယ် ဘုရား၊ နှစ်ကြိမ်-သုံးကြိမ်
ထဲ ဖြစ်တော့ စိတ်ကလဲအလွန်လျင်မြန်သဖြင့် ကောင်းမွန်စွာ သိနိုင်မှာ မဟုတ်ဘူး၊
ဒါထက် မဂ်ကို ဆင်ခြင်တဲ့အခါ သိရှိပုံများ ဘယ်လို နေသတုံးဘုရား။
ဖြေ။ ။ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်ဟာ သောတာပတ္တိ မဂ်ကို ရဟယ်ဆိုပါတော့၊
၎င်းပုဂ္ဂိုလ်ဟာ မိမိရသော မဂ်ကို ဆင်ခြင်သောအခါ “ငါ သောတာပတ္တိမဂ်ကို ရပြီ”
ဟု သိရုံပါဘဲ ဘုရား။

မေး။ ။ဖိုလ်ကို ဆင်ခြင်တဲ့အခါ ဘာကို အာရုံပြုသတုံးဘုရား၊ အဲဒီ ဖိုလ် စိတ်ဖြစ်နေတဲ့အခါ
စိတ်ထဲမှာ ဘယ်လိုများ နေသတုံးဘုရား။

ဖြေ။ ။မိမိ မြင်ဖူးတဲ့ အကြောင်းအကျိုး ပြတ်ရာကလေးကို အာရုံပြုလိုက်တာနှင့်

ဖိုလ်စိတ်ဖြစ်လာပါရော ဘုရား၊ အဲဒီတော့ “စိတ်ချမ်းသာပြီး မှိန်းနေ’ပါရော
