## PAGE 625

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


*

ဘုရား။

၅၇၁

“အဲဒီလို ဆင်ခြင်ပြီး ဝင်စားတာက “ဝဠဉ္စနဖိုလ်' ခေါ်တယ်၊ အဲဒီဖိုလ် မှ
သေသေချာချာ သိရတယ်၊ တယ်ပြီးသိမ်မွေ့တယ်ဘုရား၊ ကဲ-တပည့်တော်လဲ ညောင်းသေးတယ်၊
အနင်းခံပါဦးမယ်” ဟု ဖက်ပင်အိုင် ဆရာတော်ကြီး ကျောင်းပေါ်သို့ ကြွသွားတော်မူလေ၏။

မြင်းခြံဆရာတော်က “မဂ်၏ အဖော်သည် နိဗ္ဗာန်ပင်တည်း” ဟု ဖြေဆိုသည်ကို
´ဦးဓမ္မိကသည် သဘောမကျ မကျေနပ်လှ၍ ဖက်ပင်အိုင် ဆရာတော်ကြီး နောက်သို့
လိုက်ပြီး ကျောင်းပေါ်သို့ တက်သွားလေ၏။

ဆရာတော် ဦးပုည၊ ဦးဇာဂရစသော ရဟန်း သံဃာတော်များနှင့်တကွ ဒါယကာများမှာ
ဖက်ပင်အိုင် ဆရာတော်က မြင်းခြံဆရာတော်အား မေးမြန်း ပြောဆိုပုံကို ကြားရသဖြင့်
အလွန်နှစ်သက် ယုံကြည်ဘွယ် ကောင်းကြောင်းနှင့် စပ်လျဉ်း၍ တတွတ်တွတ် ပြောဆိုကာ
နေရစ်ကြလေ၏။

1

ဦးဓမ္မိက ဖက်ပင်အိုင် ဆရာတော်အား လျှောက်ထားခြင်း

မေး။ ။ဆရာတော်ဘုရား၊ မြင်းခြံဆရာတော်ဘုရားက လောဘတည်းဟူသော သမုဒယ
သစ္စာကို မဂ်က ပယ်သောအခါ မဂ်၏ အဖော် နိဗ္ဗာန်ပင်တည်းဟု ဖြေဆိုခြင်းကို
တပည့်တော် သဘောမကျပါ၊ အဘယ်ကြောင့်ဆိုသော် မဂ္ဂဝီထိ၌ သစ္စာလေးပါးသည်
ပဒီပနည်းအားဖြင့် တပြိုင်နက် ဖြစ်ခြင်းကြောင့် နိဗ္ဗာန်သာ မဂ်၏အဖော်မဟုတ်၊
ဒုက္ခသစ္စာ၊ သမုဒယ သစ္စာလည်း မဂ်၏အဖော် ဖြစ်သေး၏ဟု နှလုံးသွင်းမိပါသည်

ဘုရား။

ဖြေ။ ။မဟုတ်ဘူး ဦးဓမ္မိကရဲ့။ “မဂ္ဂေါဒုက္ခသစ္စံ ပဇာနာတိ” ဆိုတဲ့အတိုင်း မဂ်သည်
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း၊ သမုဒယသစ္စာကိုပယ်ခြင်း၊ မဂ္ဂသစ္စာကို
ပွားများခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း ဆိုတာ မဂ်ကိစ္စ၊ မဂ်၏စွမ်းနိုင်သော
သတ္တိတွေ၊ အဖော်မဟုတ်သေးဘူး။

မေး၊ ဒါဖြင့်လျှင် ဘုရား၊ ယမိုက်ပရိညာဝါရအတိုင်း ဉာတပရိညာ၊ တီရဏပရိညာ၊
ပဟာနပရိညာဆိုတဲ့ ပရိညာသုံးပါးသည် မဂ်ခဏ၌ တပြိုင်နက် ရသောကြောင့်
၎င်း ပရိညာ သုံးပါးကို မဂ်၏အဖေါ်ဟူ၍ မဆိုသင့်ပေဘူးလား ဘုရား။

ဖြေ။ တပြိုင်နက် ဖြစ်ရုံမျှဖြင့် မဂ်၏ အဖော်ဟု မဆိုသင့်ဘူး ဦးဓမ္မိကရဲ့၊ အဖော်ဆိုတာ
တစ်ပါးကို တစ်ပါး မှီရတာကို ဆိုတာပါ၊

မေး။

တစ်ပါးကို တစ်ပါး မှီရတာကို အဖော်ဆိုလျှင် “စိတ္တေန နိယုတ္တံ စေတသိကံ"
ဆိုသလို မဂ်နှင့်အတူ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်တဲ့ စေတသိက် ၃၆-ပါးကို
မဂ်၏အဖော်လို့ မခေါ်ထိုက်ပေဘူးလား ဘုရား။

ဖြေ။ ။အဲဒီ ၃၆-ပါးသော စေတသိက်လဲ မဂ်၏အဖော်မဟုတ်သေးဘူး၊ မဂ်နှင့် “သဟကာရီ

ကာရဏ' သာ ဖြစ်သေးတယ်၊ “သမုဒယသစ္စာကို ပယ်ရာ၌ မဂ်အားရှိအောင်

## PAGE 626

j


၅၇၂

68:11

ဓမ္မာစရိယ ဦးဌေးလှိုင်

အားကိုးအားထား မှီခိုစရာ မဟုတ်' သောကြောင့် အဖော် မဟုတ်သေးဘူး။
။ဒါဖြင့် မဂ်၏ အဖော်ကို တပည့်တော်တို့ သဘောကျအောင် အမိန့်ရှိပါအုံး ဘုရား။
ဖြေ။ ။ဟော-မဂ္ဂ ဝီထိမှာ မနောဒွါရာဝဇ္ဇန်း ဖြစ်ပြီးနောက် သင်္ခါရုပေက္ခာ ဉာဏ်ဆိုတဲ့
ပရိကံ၊ ဥပစာ၊ အနုလုံဇောများက ကိလေသာ တရား ကင်းစင်သွားအောင်
ပြုပေးလို့ ဂေါတြဘူက နိဗ္ဗာန်ကို မြင်ရရော၊ ဒီကော့ ဂေါတြဘူက “ဒီမှာ နိဗ္ဗာန်'
လို ့ သညာပေးလိုက်တာနှင့် ဂေါတြဘူ၏ သညာသို့ လိုက်၍ ၎င်း
ဂေါတြဘူသညာပေးသော နိဗ္ဗာန်ကို အမှီတံကဲ သဟဲပြုပြီး မဂ်က အနုသယကို
ပယ်တာ ဦးဓမ္မိကရဲ့၊ ဦးကဝိပြောတာ ဟုတ်လိုက်တာဗျာ၊ အလွန်သိမ်မွေ့တဲ့

နေရာတွေဗျ။

(ဝါဂွမ်း၊ မှန်ဘီလူး၊ နေ ဥပမာအရ အသင်္ခတဓာတ် အကူအညီကိုရ၍
မဂ်ကကိလေသာကို လောင်ကျွမ်းစေနိုင်သည်ဟု ဆိုသင့်၏။ ထို့ကြောင့် “ဓမ္မဓာတု” -
အရ အဋ္ဌကထာ၌ ဉာဏ်ကို ယူသည်မှာ ဥပစာဖြစ်ကြောင်း ပြခဲ့ပြီ။)

တစ်ကြိမ် ထပ်၍ မေးစစ်ကြပြန်ခြင်း

၁။ Ce
ငမြကြီး ဘုန်းကြီး ဦးနာရဒ။
၂။ ငမြကြီး ဘုန်းကြီး ဦးသာသန။

၃။ ဆီမီးခုံ ဘုန်းကြီး ဦးနာရဒ။ '

၄။ မြင်သာဘုန်းကြီး ဦးနန္ဒ။

၎င်းဘုန်းကြီးလေးပါး အညီအညာ တိုင်ပင်လာကြပြီးလျှင် ပရိသတ် အလယ်တွင်
မြင်ခြံဆရာတော်အား အောက်ပါအတိုင်း မေးမြန်း စိစစ်ကြပြန်လေသည်။
ဦးသာသန။ ။ကိုယ်တော် စာသင်ဖူးရဲ့လား၊

မြင်းခြံဆရာတော်။ ။မသင်ဖူးပါဘုရား။

ခြံ။

သာ။ ။ဒါဖြင့် ဝိပဿနာ ဘယ်အားထုတ်တတ်မတုံး။ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိမှ မသိဘဲနှင့်။
။တပည့်တော်က ဆရာသမားများက ဒါမအပ်ဘူးဆိုလျှင် လက်နှင့်တောင် မထိပါဘုရား။
၁-နာ။ ။“အာဝါသောစ .....ဣဒ္ဓိ တိ တေ ဒသ” လို့ ပါဠိတော်လာ တဲ့ အတိုင်း ကိုယ်တော်
ပလိဗောဓ ၁၀-ပါးကို ပယ်ရဲ့လား။

ခြံ။ ။တပည့်တော် လူဝတ်နှင့်အားထုတ်ပြီးတော့ သာမဏေဖြစ်ပြီး မကြာမီ ရေလယ်
ဆရာတော်၊ ညောင်လွန့်ဆရာတော်များထံ ရောက်ပြီးနောက် အလုပ်မလုပ်ဘဲ
သူတို့ ဆုံးမတဲ့အတိုင်း နေထိုင်ပြီးလျှင် ရဟန်းအဖြစ်သို့ ရောက်ရပါတယ်ဘုရား။
သာ။ ဒါဖြင့် ကိုယ်တော် စာလဲမတတ်ဘဲနဲ့ ဘဲ့နှယ် ဝိပဿနာကို မှန်ကန်အောင်
လုပ်တတ်မှာလဲ။

ခြံ။ ။ဆရာသမားများ ပြောတဲ့အတိုင်း လုပ်ရတာပါဘဲ။

## PAGE 627

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၇၃

၁-နာ။ ။အို-ဘုရားလက်ထက်က ကျွတ်သွားသူတွေဟာ စာတတ်တဲ့ လူချည့်ဘဲလား၊
လမ်းမှန်တာဟာ ပဓာန။
၃-နာ။ ။ကိုယ်တော့် သတင်း ကြားရတာတော့ဖြင့် အလွန်ဘဲ၊ ရဟန္တာအဖြစ်သို့ ရောက်နေတာဘဲ၊
သို့သော် စာမတတ်ဘူး ဆိုသဖြင့် အချို့ ဒါယကာများ၊ ရဟန်းများက စာမသင်လဲ
မဂ်ဖိုလ်ရနိုင်တာဘဲ၊ စာသင်တာ အပိုပါဆိုကြ၍ ဘယ်သူမှ မသင်ကြားကြလျှင်
ပရိယတ္တိ သာသနာတော်ကြီး မပျက်စီးဘူးလား၊ ပရိယတ္တိ ပျက်စီးမှဖြင့် ပဋိပတ္တိ-
ပဋိဝေဓ ပျက်စီးကုန်ရောပေါ့၊ အကယ်၍ တပည့်တော်တို့ ကြားတဲ့အတိုင်း
ရဟန္တာဖြစ်ရိုး မှန်ပါမူ “စာမတတ်’ဟူသော စကားကို မဆိုသင့်၊ ပရိယာယ်
တစ်မျိုးနှင့်သာ ဆိုသင့်၏။ သာသနာတော်ကြီး ပျက်စီးကလည်း ပုထုဇဉ်ထက်
အရိယာ ပုဂ္ဂိုလ်က သာ၍ ... နာသင့်သည် မဟုတ်ပါလော။

ခြံ။ ။တပည့်တော် မတတ်လို့ မတတ်ဘူးပြောတာပါဘုရား၊ ပရိယတ္တိ သင်ကြားသော
ပုဂ္ဂိုလ်များကို တပည့်တော်က သင်္ကန်းစသည် လှူဒါန်းပြီး တိုက်တွန်းပါရဲ့။
၁-နာ။ ။အို.......ကိုယ်တော်က စာတတ်ကဲ့လားလို့ မေးပြီးတော့ စာမတတ်ဘဲနှင့်
ကိုယ်တော်တို့ကို တတ်တယ်လို့ လိမ်ပြောရအုံးမှာလား။

၃-နာ။ ။ကိုယ်တော် နားထောင်နေစမ်းပါအုံး၊ ပြောပါစေ။

၁-နာ။ ။အို……..စာမတတ်ဘူးလို့ မိမိကိုယ်ကို မိမိ ဟုတ်မှန်ရာ.တာနဲ ့ဘဲ သာသနာ
သုံး-ရပ် ပျက်ရတော့မှာလား။

၃-နာ။ ။နေစမ်းပါအုံး ဦးနာရဒရယ်၊ ဒီစကားကို နောက်မှ ပြောပါ၊ မြင်းခြံဘုန်းကြီး
မေးပါရစေအုံး။

၁-နာ။ ။အို......ကိုယ်တော်တို့ဟာ ဟုတ်မှ မဟုတ်ဘဲ၊ ဟိုဘုရားလက်ထက်က သူငယ်ချင်း
ရဟန်း ၂-ပါး ရှိတယ်မဟုတ်လား၊ တစ်ပါးက ရဟန္တာ၊ တစ်ပါးက ပိဋကတ်
သုံးပုံဆောင်၊ ဒါနဲ ့ ပိဋကတ် သုံးပုံဆောင် ရဟန်းက သူငယ်ချင်းဟာ စာမသင်
ပေမသင်နှင့် ထင်ရာနေတယ်လို ့ ရဟန္တာကို စွပ်စွဲပြီး ပြဿနာ မေးမည်အကြံတွင်
ရဟန္တာကို ပြစ်မှားမှာစိုးလို့ ဘုရားက မေးခွန်းထုတ်၍ မေးရတာကို ကြည့်ပါ၊
လမ်းမှန်လို့ နေရာကျသွားရင် ဝိပဿနာ လမ်းစဉ်ကို သူတို့လောက် ဘယ်သူမှ
မသိနိုင်ဘူးဗျ။

၃-နာ။ ။နေစမ်းပါအုံး ဦးနာရဒရယ်၊ မြင်းခြံဘုန်းကြီးကိုသာ မေးပါရစေဦး အဲ-ဤကဲ့သို့
သာသနာသုံးရပ် အရှည်ခိုင်ခံ့အောင်ဟာ စာမတတ်ဆိုသော စကားကို ပရိယာယ်
တစ်မျိုးနှင့်သာ ပြောဘို့ ကောင်းပါတယ်။

ခြံ။ ။တပည့်တော်ကလဲ မှန်တဲ့အတိုင်း ပြောတာပါဘုရား။

၃-နာ။ ။ကိုယ်တော် စာသင်ပါအုံးလား၊ စာသင်ပြီးမှ ပြောဟောရလျှင် သာသနာ သာလို
မကြီးပွားဘူးလား။

ခြံ။ ။တပည့်တော် ဝိပါက်ကြောင့် စာမတတ်တာဟု ယုံကြည်ပြီး သင်ချင်တဲ့စိတ်
