## PAGE 628

:

၅၇၄


ဓမ္မာစရိယဦးဌေးလှိုင်

မရှိတော့ပါဘုရား၊ တတ်လဲတတ်မည် မထင်ပါဘုရား။

၃-နာ။ ။ဝိပါက်ကြောင့် ဆိုတာလဲဟုတ်ပါရဲ့၊ သို့သော် စူဠပန်တို့များ ပုထုဇဉ်တုန်းကသာ
ဝိပါက်တားတာ၊ ရဟန္တာဖြစ်တော့ မတားဘူး၊ ခုလဲ ကြားတဲ့အတိုင်း ရဟန္တာဖြစ်က
စာတတ်ရမှာပေါ့။

၁-နာ။ ။ဟင်း-ဟင်း၊ စူဠပန်က ပဋိသမ္ဘိဒါပတ္တ၊ အခု ဘာဆိုတာ ကိုယ်တော် သိရဲ့လား၊
အရိယာချင်းတောင် အောက်ပုဂ္ဂိုလ်က အထက်ပုဂ္ဂိုလ်ကို မသိနိုင်ဘူး· ရဟန္တာ
ဖြစ်လျှင် ဝိပါက် မလိုက်ဘူးတဲ့လား။

၃-နာ။ ။ဟုတ်ပါရဲ့၊ သို့သော်လဲ စာသင်ကြည့်ပါဦးဟု ထပ်ပြန်၍ ဤကဲ့သို့ ပြောနေကြစဉ်
မိုးရွာသဖြင့် ကျောင်းပေါ်သို့ တက်ရောက်ကြရပြန်၏။

ကျောင်းပေါ်၌ ဆက်၍ ပြောဆိုကြပုံ

သာ။ ။ကိုယ်တော် အဘိညာဉ်ရအောင် လုပ်ပြီးမှ ဟောပါလား

ခြံ။ ။ရမည် မထင်ပါဘုရား။

၃-နား။ ။လောကီနှင့် လောကုတ္တရာ ဘယ်က ခက်သလဲ။
ခြံ။ ။လောကီက ခက်ပါတယ်ဘုရား။

သာ။ လောကုတ္တရာ ရပြီးတဲ့နောက် သာမလွယ်ဘူးလား။
။အားထုတ်ချင်တဲ့ စိတ်လဲမရှိပါဘုရား။

ခြံ။

၃-နာ။ ။ကိုယ်တော်၊ ယခု သံဃာ ဘယ်နှစ်ပါး ရှိသလဲ။
ခြံ။ ။၁၅-ပါး ရှိပါတယ်ဘုရား။

၃-နာ။ တပည့်တော်များ ကြားတဲ့အတိုင်း ရဟန္တာဖြစ်ပါမူ တပည့်သံယောဇဉ် ရှိသေးသလား။
ခြံ။ တပည့်တော်က လိုက်တွယ်နေသည် မဟုတ်ပါ၊ သူတို့ နေချင်၍ လာနေတာကို
တပည့်တော်က မနေရဘူးဟု မဆိုနိုင်ပါ။

၁-နာ။ ။ဟင်း-ဟင်း၊ ဘုရားနောက် တပည့်ထောင် ကိုးရာရှိနေတာ။ ဘုရားက သံယောဇဉ်
တွယ်နေလို ့လား။

၃-နား ။ဦးနာရဒကလဲ တယ်ရှုပ်ကိုး။

၁-နာ။ ။ရှုပ်တာမဟုတ်ဘူး၊ ကိုယ်တော်တို့ဟာ မဟုတ်လို့။

နေ့ဆွမ်းစားအပြီး ဆက်ဆွေးနွေး

၃-နာ။ ။ဘုန်းကြီး အားထုတ်ပုံအစဉ် ပြောစမ်းပါ။
ခြံ။ ။(လူဝတ်ကစ၍ မဂ်တိုင်အောင် ပြောလေ၏။)
၃-နာ။ ။မဂ်ပြီးတော့ ပစ္စဝေက္ခဏာ မဆင်ခြင်ဘူးလား။

## PAGE 629


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ခြံ။ ။ဆင်ခြင်ပါရဲ့ဘုရား။

၃- နာ။ ။မဂ်,ဖိုလ်,နိဗ္ဗာန် ဆင်ခြင်ပုံ အာကာရ ပြောပြပါ။
ခြံ။ ။ဆင်ခြင်ပြီး အလွန်ဝမ်းမြောက်ပါ၏ ဘုရား။
၃-နား။ ။ပြောစမ်းပါ။

ခြံ။ ။ပြောပြီးပါပြီ ဘုရား။

၃-နာ။ ။ပြောစမ်းပါ။

ခြံ။ ။ဆရာတော်များကို လျှောက်ပြီးသားပါ ဘုရား။

၃-နာ။ ။တပည့်တော်က ဆင်တွေ့ပြီး ခြေရာမခံချင်ဘူး။

၅၇၅

ခြံ။ ။ဆင်ခြင်ပြီး ဝမ်းမြောက်တာပေါ့၊ ယောဂီပုဂ္ဂိုလ်မှန်က `မိမိတို့ ပယ်ပြီးသော
တရားကို သိမ်းဆည်းကြတာဘဲ။

၃-နာ။ ။တပည့်တော်တို့ ဘုရားလောင်းရသေ့ဟာ ပုထုဇဉ်ဘဲ၊ ဒေါသတရား အလွန်သိမ်းဆည်း
ပါတယ်၊, သိမ်းဆည်းရုံမျှနှင့် မယုံကြည်နိုင်ဘူး။

၁-နာ။ ။ပါရမီချင်းမှ မတူဘဲ၊ ကိုယ်တော်က ထင်ရာပြောနေတာကိုး။

၃-နာ။ ။မင်းက ဘာဝင်ပြောသလဲ။

၁-နာ။။ဘုန်းကြီးက ဘာလဲ။

၃-နာ။ ။တို့တော့ မသိပါဘူးဗျာ။

ဖက်ပင်အိုင်။ ။ ရန်တော့မဖြစ်ကြနှင့်။ ဆင်ခြင်တော့ အာကာရနှင့် ပြောစရာမရှိဘူး၊

U

မဂ်ရပုံသိတာပါဘဲ။

## PAGE 630


ကန္နီရွှေသိမ်တော် တောရဆရာတော်
( ၁၂၄၂ - ၁၃၂၈ )

“အမယ်လေး ငါ့သားရယ်...ဒီစာအုပ်ကလေး လက်တစ်ဝါးလောက်ကို ကိုးရက်တောင်
ကျက်နေရရင် ငါ့သား ဘယ်မှာ စာတတ်တော့မတုံး”

မယ်တော်

ကန္နီဆရာတော် လောင်းလျာ ဆယ်နှစ်သားအရွယ်က သင်္ဂြိုဟ်ကိုးပိုင်းကို ပါဠိရော
အနက်ပါ ကိုးရက်နှင့် အာဂုံရ၏။ “ထိုမျှလောက် ဉာဏ်ထိုင်းရမည်လား” ဟု
ဒေါ်ကောင်းက ညည်းတွားခြင်း ဖြစ်သည်။ မယ်တော်ကြီးကား စာကိုရှေ့ က ရွတ်ပြသွားလျှင်
ကြားရုံမျှဖြင့် နောက်ကလိုက်၍ အလွတ် ပြန်ပြောပြနိုင်၏။

ကမ္ဘာကျော်ထိုက်သော စာတော်ခြင်း

ကန္နီဆရာတော်ကား ပဋိပတ်တွင် နာမည်ကြီးသလို ပရိယတ်တွင် ပို၍ ထူးချွန်နေသည်ကို
တွေ့ရ၏။ ရဟန်းလေးဝါလောက်မှစ၍ သင်ရိုး ပိဋကမျှမက နိကာယ်ငါးရပ်ကိုပင်
အာဂုံဆောင်နိုင်သော အာဇာနည် ယောက်ျားဖြစ်၏။“ဥဘတောဝိဘင်း” ဆောင်သောခေတ်၊
“တိပိဋကဓရ ရွေးချယ်သောခေတ်နှင့် မတိုက်ဆိုင်ရ၍သာ ဆရာတော်၏ ပရိယတ်စွမ်းရည်များ
တိုင်းပြည်က ကြည်ညိုခွင့်မရဘဲ ရှိရလေ၏။

သက်တော် ၆၀-ကျော်၍ မျက်စိနှစ်ကွင်း အလင်းမရစေကာမူ စာအဓိပ္ပာယ်များကို
ဟောပြောရာ၌ အခန်းကဏ္ဍ (အချို့. စာအုပ်မူ စာမျက်နှာ) နှင့်တကွ ရှင်းလင်း
ပြောပြလေ့ရှိသည်။ စာတတ်ဆရာတော်တိုင်းက ချီးကျူး အံ့သြခဲ့ကြရ၏။ စာမကြည့်နိုင်တော့
သောအခါ စာတော်ဖတ်တစ်ပါး အမြဲထား၍ နေ့စဉ် နံနက် ခုနစ်နာရီ ကိုးနာရီထိ ပိဋက
သုံးပုံကို လှည့်၍ဖတ်လျှောက်ရ၏။ သက်တော် ၄၄-နှစ်က ရေးသားခဲ့ သော “ယောဂီပါရဂူ’
ကျမ်းကိုကြည့်လျှင်လည်း ဆရာတော်၏ ပရိယတ္တိကို ပညာရှိတို့ သိနိုင်ပေသည်။

မယ်တော်ကြီး ညည်းတွားသော စကားကို ထောက်၍ ဆရာတော်သည် မျိုးနှင့်ရိုးနှင့်
ဉာဏ်ကောင်းသူ၊ ပဋိသန္ဓေပါ ဉာဏ်ကြီးသူ ဖြစ်ကြောင်း သိနိုင်ပေသည်။ လွန်ခဲ့သော
အနှစ်လေးဆယ်ကျော်က ပိဋကမောင်ထွန်းကြိုင်ကဲ့သို့ အရွယ်နှင့်မလိုက်အောင် တော်သူ
ဖြစ်သည်။ ယင်းသို့ မယုံကြည်နိုင်လောက်အောင် ပဋိသန္ဓေပါ ဉာဏ်ကောင်းသူများ
အတိုင်းတိုင်း အပြည်ပြည်၌ ရှိနေကြသည်ပင်။

အင်္ဂလိပ်စာပေသမိုင်း၊ အင်္ဂလန်သမိုင်း၌ ထင်ရှားသူ 'လော့တောမတ်ဗက်ဗင်
တန်မကောလေး” ဆိုသူလည်း . စာတစ်အုပ်ကို တစ်ခေါက် ဖတ်ရုံမျှဖြင့် အလွတ်ပြန်၍
မူရင်းအတိုင်း ပြောပြနိုင်၏။

ဗီနာမြို့ မှ လီသူနီယန့် အမျိုးသား ‘ရက်ဘီ အီလီဂျက်’ ဆိုသူလည်း စာအုပ်ပေါင်း

