## PAGE 631


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၇၇

နှစ်ထောင်ကျော်ကို တစ်ခေါက်ဖတ်ရုံမျှဖြင့် အလွတ်ရနေ၍ ‘နေ့အခါ စာကြည့်တိုက်ထဲ
နေရသကဲ့သို့လည်းကောင်း၊ ညအခါ စာအုပ်များကို ခေါင်းထဲ ထည့်ထားရသကဲ့သို့
လည်းကောင်း မေ့ဖျောက်မရ၍ စိတ်ညစ်နေရသည်” ဟု ဆို၏။

သင်္ချာအရာတွင် ခေတ်မီ အီလက်ထရောနစ် သင်္ချာစက်ထက် နှစ်ဆမြန်အောင်
တွက်နိုင်သော “မာတင်ဖေ့စ်' စသည်ဖြင့် များစွာ ရှိသည်။ (တမင် ဂုဏ်ပြုရေးသားသည်
ထင်အံ့စိုး၍ ပြလိုက်ရပါ၏။)

တိဗက်ပြည်သား သျှီလတိဿ ဆရာတော်နည်း

ကန္နီဆရာတော်ဟု ခေါ်သော ကန္နီမြို့ ရွှေသိမ်တော် တောရ ဆရာတော်ဘုရားကြီး၏
လောင်းလျာသည် ကန္နီမြို့ အနောက်တောင် ကမ်းဖြူရွာ၌ အဖ ကျောင်းဒကာကြီး ဦးသာနု၊
အမိ ကျောင်းအမကြီး ဒေါ်ကောင်းတို့မှ ၁၂၄၁-ခုနှစ် တပေါင်းလပြည့်ကျော် လေးရက်၊
သောကြာနေ့ ညဉ့်လေးချက်မတီးမီ မီးရှူးသန့်စင်သည်။

လေးနှစ်သားအရွယ်မှစ၍ ထီးလည်းတောရ ဆရာတော် ဦးကလျာဏ၊ ၎င်း၏
တပည့် ဦးနန္ဒိယနှင့် ကမ်းဖြူတောရ ဦးအာစိဏ္ဏတို့ထံ ပညာသင်ယူ၏။ ရှင်ရဟန်းပြုပြီ'
မုံရွာ-မန္တ လေးမြို့များ၌ ပညာသင်သည်။ ဘွဲ့-ဦးသောဘိတ။

ပညာသင်ပြီးနောက် ကမ်းဖြူရွာကျောင်း၌ပင် သီတင်းသုံးသည်။ မကြာမီ ကင်းတောင်
တောရသို့ ရွှေ့ပြောင်းသီတင်းသုံးလျက် နှစ်နှစ်တိုင်တိုင် ပဋိပတ် အလုပ်ဖြင့် နေတော်မူ၏။
ထိုစဉ် အတ်ဖို လက်ပံတောရ ဆရာတော်၏ ပဋိပတ် သတင်းများ ကြားရသဖြင့် ကန္နီမှ
ဘုတလင်မြို့သို့ ခြေလျင် ကြွတော်မူ၏။

အုတ်ဖို လက်ပံဟူသည် မုံရွာ ရေဦးကားလမ်း၊ ဘုတလင်မြို့၏ မြောက်ဘက်
ရှစ်မိုင်ဝန့်တွင် အုတ်ဖိုတောင်ရိုးကို တွေ့ နိုင်၏။ ဆယ်မိုင်ခန့်တွင် အုတ်ဖိုတောင်ရိုး အနီး
လက်ပံရွာဟူ၍ ရှိသည်။

လက်ပံတောရ ဆရာတော် ဦးအာဒိစ္စကား ပဋိပတ် အကျော် အရာတော် ဆရာတော်နှင့်
လုံးတော် ဆရာတော်တို့၏ တပည့်ဖြစ်သည်။ လက်ပံဆရာတော်များ ရှုမှတ်သောနည်းမှာ
“အာနာပါန”ပင် ဖြစ်၏။ “သီဟိုဠ်မှ တစ်ဆင့် ကြွလာသော တိဗက်ပြည်သား အရှင်
သျှီလတိဿ ဆရာတော်ထံမှ လက်တွေ့ နည်းနာ ရရှိသည်” ဟု ဆိုသည်။ လောကီနည်းမဟုတ်။
ဝိသုဒ္ဓိမဂ်နည်းပင်တည်း။

ဦးသောဘိတသည် လက်ပံဆရာတော်ထံ၌ ရှစ်လခန့် နည်းနာခံ အားထုတ်၏။
လက်ပံဆရာတော်သည် ဦးသောဘိတ၏ ဉာဏ်အစွမ်းကို သိမြင်တော်မူ၍....

“ငါ့ရှင်၊ ဤယခု ဆရာတို့ ပွားများနည်းကို ယောဂီအစဉ်အဆက် ဝဋ်မှထွက်မြောက်ရန်
“ပါရဂူ” အမည်တပ်၍ ကျမ်းကြီးတစ်စောင် ရေးရစ်ပါ' ဟု အတန်တန် တာဝန်ပေး
တော်မူလေသည်။


## PAGE 632


၅၇၈

ဓမ္မာစရိယ ဦးဌေးလှိုင်

လက်ပံတောရမှ အပြန်တွင် ဘုတလင်မှ ကန္နီသို့ အသွား ညောင်ကန်ရွာအနီး
တောတွင်း၌ လှည့်လည် သီတင်းသုံးတော်မူသော ဘုန်းတော်ကြီး ဦးသာရွှန်း (သက်တော်
တစ်ရာရှည်သော ရဟန္တာ ဦးကဝိန္ဒ) ထံ ဝင်ရောက်နည်းခံသည်။ (ထိုအကြောင်း
အပြည့်အစုံ ရေးခဲ့ပြီ။)

ကန္နီမြို့သို့ရောက်ပြီး မကြာမီပင် ကန္နီမြို့သူကြီး ဇနီးမောင်နှံတို့က ရွှေကျောင်းကြီးကိ
ဆောက်လှူ ကိုးကွယ်ကြ၏။ ထိုကျောင်းကြီးကို တပည့်များနှင့် လွှဲကာ ကန္နီမြို့ အနောက်တောင်
ဝတ်ကုန်းအရပ်၌ ဧကစာ သီတင်းသုံး၍ “ယောဂီ ပါရဂူကျမ်း’ ကြီးကို ပြုစုတော်မူ၏။
သက်တော် ၄၄-နှစ်၊ ၁၂၈၅-ခုနှစ်။

ဆရာတော်၏ ကျမ်းများမှာ ဂဏ္ဌိ သဖွယ်ဖြစ်၍ လေးနက်ကျစ်လစ်၏။ စာတတ်သူတို့ပင်
ဖတ်၍ မလွယ်။ အဓိပ္ပာယ်နှင့်တကွ လေး၏။ ယခု ရွှေသိမ်တော် တောရ၌ အမြဲ
သီတင်းသုံးတော်မူလျက် ပဋိပတ္တိ သာသနာ ပြုတော်မူသည်။ ပဋိပတ်ကြောင့် ထက်မြက်
စူးရှလာသော ဉာဏ်နှင့် ပဋိသန္ဓေပါ ဉာဏ်ကောင်းခြင်းကြောင့် ရံခါ ပရိယတ္တိ၌
အားသန်နေဟန်လည်း ရှိ၏။

ဆရာတော် လောင်းလျာသည် မာန်လည်ဆရာတော် ဘုရားကြီး ထံ၌လည်း
ပညာသင်ကြားဖူးရာ တစ်နေ့သောအခါ ကျောင်းရေစက်ချပွဲ တစ်ခုတွင် ဆရာတော်ကြီးက
ခိုင်း၍ ရေစက်ချရရာ ပြီးလျှင် ‘မောင်ပဉ္စင်းလာဦး' ဟု ခေါ်၍ လက်ကိုဆွဲကိုင်လှုပ်ပြီး
'ဒီကတုံးမှ ဒီကတုံး' ဟု ချီးကျူးတော်မူသည်။

လက်ပံဆရာတော်က ဉာဏ် ၁၀-ပါးကို ရေးပြခိုင်း၍ ရေးပြီး ဖတ်လျှောက်ရာတွင်လည်း
“မောင်ပဉ္စင်း ကျောက်တစ်လုံး' ဟု လက်ကို လှုပ်ရမ်းလျက် ချီးမွမ်းတော်မူလေသည်။
(တောင်စွန်း ဦးဝိဗောဓာလင်္ကာရ၏ ဆဝဿဒီပနီတွင် လည်းကောင်း၊ မောင်းထောင်
မြေဇင်းတောရ ဆရာတော်၏ ပဓာနပါရဂူတွင် လည်းကောင်း ဆရာတော်ကြီး၏ သြဝါဒ
အဆိုအမိန့်များကို ဖတ်ရှုနိုင်ပါသည်။)

ရုက္ခစိုးကြီး ဇနီးမောင်နှံ၏ သဒ္ဓါတရား

ဆရာတော် ငယ်စဉ်ကာလ ယောဂီ တပည့်ရဟန်း နှစ်ဆယ်ခန့် မျှသာရှိ၍ မြို့မှ
ဆွမ်းပို့ လှူသည်ကိုသာ ဘုဉ်းပေး၏။ ဆွမ်းခံကြွတော်မမူ။ ထိုစဉ်ကပင် ဆွမ်းစားချိန်တွင်
သပိတ်၌ ဆွမ်းတစ်ခွက်လောက်သာ ထည့်ယူ၍ ဘို့မယ်ချောင်ဘက်သို့ ကြွကာ တစ်ပါးတည်း
ထိန်းအောင်းတော်မူလေ့ရှိ၏။

ထိုဒ ိုက် ဒကာတစ်ဦးက ဝတ်ကြီးဝတ်ငယ် ပြုရန် လျှောက်လှာသည်၊ လက်မခံ။
ထိုဒကာကား “လူယောင်ဆောင် လာသော ရုက္ခစိုးကြီး' ဟုပင် ဆိုကြလေသည်။

ရုက္ခစိုးနတ်အကြောင်းနှင့်စပ်၍ ရွှေသိမ်တော် တောရ၌ စာရေးသူ၏ နောင်တော်ကြီး
(မောင်းထောင် ယွန်းဆက်တိုက် ဆရာတော် ဦးသောဘိတ) တရားအားထုတ်စဉ် သီတင်းသုံးဖော်

နဝမအကြိ

## PAGE 633


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၇၉

ဆရာတော်တစ်ပါး ဆွမ်းခံကြွရာ ကျောင်းသို့ ပြန်မရောက်လာသဖြင့် လိုက်လံ ရှာဖွေကြရသည်ဟု
ဆိုသည်။

ထိုဆရာတော်ကား ရန်ကုန်မှ လာရောက်၍ တရားအားထုတ်သော စာချ ဆရာတော်
ဦးသုဘောဂ ဖြစ်၏။ သုံးရက်ကြာမှ ကျောင်းသို့ ပြန်ရောက်လာရာ သူ့စိတ်ထဲမှာ
သုံးရက်ဟု ထင်ပုံမရ။

“ဒကာမကြီး တစ်ဦးက ဆွမ်းစားပင့်လို ့ သူ့အိမ်မှာပဲဆွမ်းဘုဉ်းပေးနေရတယ်” ဟု
သာ ပြောပြလေသည်။ ထိုရက်များအတွင်းမှာပင် ဦးသုဘောဂ ဆွမ်းခံကြွရာ လမ်းခရီး
အကြား သစ်ပင် တစ်ပင်မှ ဝတ်ဖြူစင်ကြယ်နှင့် ဒကာကြီး တစ်ဦး ဆင်းလာသည်ကို
တွေ့ရ၏။

“အရှင်ဘုရား၊ ခဏရပ်တော်မူပါဦး” ဟု ဆိုကာ သင်္ကန်းတစ်စုံလည်း လှူသည်။
နောက် ထိုဒကာကြီးက-

“အရှင်ဘုရား၊ တပည့်တော်ကို မမှတ်မိဘူးထင်တယ်” ဟု မေးရာ ဦးသုဘောဂမှာ
ရုတ်တရက် မမှတ်မိဘဲ ရှိနေသဖြင့်-

“အရှင်ဘုရား၊ ရန်ကုန်မှာ ဦးပဉ္စင်းဘဝက တပည့်တော်အိမ် နေ့တိုင်း ဆွမ်းခံကြွနေတဲ့ဟာ
မမှတ်မိဘဲကိုး” ဟု ဆိုပြန်၏။ ဦးသုဘောဂကား စဉ်းစား၍မရ၊

“တပည့်တော် အဂ္ဂမဟာပဏ္ဍိတ မောင်ဖြေလေ ဘုရား” ဟု ဆိုရာ ဦးသုဘောဂမှာ
လွန်စွာ အံ့သြသွား၏။ ဟုတ်ပေသည်။ ဦးသုဘောဂကား လွန်ခဲ့သော အနှစ်လေးဆယ်ခန့်က
ပါဠိဆရာကြီး ဦးဖြေအိမ်တွင် ဆွမ်းခံကိုယ်တော် ဖြစ်ခဲ့သည်ကို သတိပြုမိလေ၏။

..

“အရှင်ဘုရား ဒကာမကြီးနှင့် မတွေ့ဘူးလား၊ အရှင်ဘုရား ဒကာမကြီးလဲ ဒီမှာပဲ.
ရှိနေပါတယ်” ဟု လျှောက်ပြန်သည်။

“ဆွမ်းပင့်ကပ်သော ဒကာမကြီး ဖြစ်လေမလား' ဟု စဉ်းစားနေခိုက် ရုက္ခစိုး
ဒကာကြီး ဦးဖြေ ကွယ်ပျောက်သွားလေ၏။

ပါဠိဆရာကြီး ဆရာဖြေကား အင်္ဂလိပ်အစိုးရခေတ်တွင် လူပုဂ္ဂိုလ်ထဲမှာ ပထမဆုံး
“အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ရ' နာမည်ကျော် ဆရာကြီးပင်တည်း။

ရသည်။

တရားပေးပုံနှင့် တရားအယူအဆ

ကန္နီဆရာတော်၏နည်းကို ပုံကြမ်းအားဖြင့် အချုပ်ဆိုရသော် ဦးစွာသီလကို သုတ်သင်

နှစ်ရက် သုံးရက်ဖြစ်စေ၊ တစ်ပတ်ဖြစ်စေ မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၊
မရဏဿတိ ကမ္မဋ္ဌာန်းတို့ကို ရှုပွားရ၏။

ပြီးမှ အာနာပါနကို ၁,၂,၃,၄,၅,၆,၇,၈-ဂဏနာနည်းမှ အစပြု၍ ပဋိဘာဂနိမိတ်
ကောင်းစွာ ထင်အောင် ရှုမှတ်ရသည်။

