## PAGE 637

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၅၈၃

မှာတော်မူ၍ ဦးသံဝရ၊ ဦးဉာဏိက၊ ဦးရေဝတ၊ ဦးကဝိန္ဒ စသော တပည့်များက ထန်းရွက်
မဏ္ဍပ် ထိုး၍ တရားပွဲ အကျွေးအမွေးများ ပြုလုပ်ကာ (ဘုန်းကြီးများ ကူပံ့ငွေ လက်မခံဘဲ)
အပ်စပ်သောနည်းဖြင့် ပူဇော်ကြ၏။ အရိုးအိုး တည်ထားကိုးကွယ်ကြသည်။ အရိုးဓာတ်စေတီကို
စစ်ကိုင်းတောင်ရိုးအလယ် ပရက္ကမချောင်၌လည်း တည်ထားသည်ကို ဖူးတွေ့နိုင်၏။
ဆရာတော်ဘုရားကြီး ပြုစုခဲ့သော ကျမ်းများမှာ အောက်ပါတို့ ဖြစ်၏။ (၁-မှ ၄-
အထိ ပုံနှိပ်ပြီး။)

၁။ ယောဂီပါရဂူကျမ်း(၁၂၈၅)၊

၂။ သစ္စပါရဂူကျမ်း (၁၂၉၃)၊

၃။ ဝိဝဋပါရဂူနှင့် သရဏပါရဂူ၊
၄။ ဓမ္မဝိဒူ၊

၅။ သုဇနပါရဂူ၊

၆။ ဒဿနပါရဂူ၊

၇။

အာရဒ္ဓေါဝါဒ စာတမ်း၊

၈။ ဒိဋ္ဌိပဟာယက စာတမ်း

၉။ ကလျာဏုပ္ပါဒကျမ်း။

မုံရွာခရိုင်၊ ဘုတလင်မြို့ နယ်၊ မောင်းထောင်ကြီးရွာ ယွန်းဆက်
ကျောင်းတိုက် ဆရာတော်'ဦးသောဘိတ' အမိန် ့ရှိချက်နှင့်ယောဂီပါရဂူ စသော
ကျမ်းများအရ ဤမျှသာ ဖော်ပြကြည်ညိုစေရပါသည်။]

ယောဂီ နေရာကျပြလား

“သူများ နေရာမကျတာကို လျှောက်မပြောနဲ့၊ ကိုယ်နေရာကျတာ, မကျတာ သိရင်
တော်ပြီ။ နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီဗျာ့၊ နေရာလဲမကျဘဲနဲ့
နေရာကျတယ်လို့ ထင်နေတာကတော့ နဲနဲကလေးမှ မျှော်လင့်စရာ မရှိဘူးဗျာ့။”

-ဝေဘူဆရာတော်ကြီး။

## PAGE 638


;-

- ၅၈၄ .

သိမ်တောင်-ဆည်ကြီး တောရ ဆရာတော်
( ၁၂၄၄ - ၁၃၂၁ )

သိမ်တောင် ဆည်ကြီးတောရ. ဆရာတော်ကား သိမ်တောင်ဂိုဏ်း ဒုတိယ မြောက်
ဆရာတော်ဖြစ်၏။ အင်းမကြီး ဆရာတော်၏ လက်ဦးတပည့်ကြီးလည်း ဖြစ်၏။
သာသနာပြုဘက် လက်ရုံးကြီး တစ်ဆူလည်း ဖြစ်သည်။

ဆည်ကြီးတောရ ဆရာတော်မှာ အင်းမကြီး ဆရာတော်၏ နည်းနာလက်ကျကို
အတွင်းကျကျ ရရှိသကဲ့သို့ လယ်တီ၊ သေက္ချတောင် ဆရာတော်များနှင့် ဒလ ပျော်ဘွယ်
ဆရာကြီး ဆရာသက်တို့ ထံမှလည်း တရားအမွေ ရရှိခဲ့သော ဆရာတော် ဖြစ်သည်။
ထို့ကြောင့် ဆရာတော်၏ “အရိယာ ဝိဇ္ဇာ မဂ္ဂ အလင်းပြကျမ်း” (၁၃၁၂-ခုနှစ်၊ ပ-အကြိမ်၊
၁၃၁၆-ခုနှစ် ဒု-အကြိမ်နှင့် ပျံလွန်တော်မူခါနီး ရေးသားခဲ့၍ “ဗုဒ္ဓဓမ္မလောက-ဦးထွန်းလှ
အောင်က' ဈာပနပွဲ၌ ရိုက်နှိပ် လှူဒါန်းသော) “နိဗ္ဗာန်ပေါင်းချုပ် အဆီထုတ်” ကျမ်းစာငယ်များမှာ
ပဋိပတ္တိ သာသနာအတွက် အလွန် ကျေးဇူးများလှ ပေသည်။

သျှောင်ကြီးဗွေနှင့် မတင်မကျ

ဆရာတော်သည် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် (ထီးလှိုင်တိုက်) ရွှေတွင်းတူး
ဆည်ကြီးရွာ၌ ၁၂၄၄-ခုနှစ် ဝါဆိုလပြည့်ကျော် ငါးရက် အင်္ဂါနေ့ ဖွားမြင်သည်။
မိဘများမှာ ကုန်သည် ဦးကျော့-ဒေါ်ကောင်း၊

ထိုရွာအနီး၌ အနော်ရထာမင်း ဆည်ခဲ့သော ဆည်ရှိ၍ ထိုရွာကို ကျန်စစ်မင်း တည်ခဲ့
ကြောင်း၊ ဆည်ကြီး တောရ ဆိုသည်ကိုလည်း ကျန်စစ်မင်း၏ မိဖုရား 'ခင်သန့်” ဖွားရာ
ဇာတိဖြစ်သော ထီးလှိုင်ရွာ ယင်းမိဖုရား တည်ထားသော ရွှေဘုံသာစေတီ အနောက်တောင်
တာငါးရာကွာ အရပ်၌ တည်ရှိကြောင်း ဆရာတော်ကိုယ်တိုင် ကျမ်းနိဂုံး၌ ရေးသားထားသည်။
ထိုတောရ၌ သဲဖြူခင်းထားသော သံတောင် တစ်ရာရှည်သည့် စင်္ကြံကျောင်းလည်း ရှိသည်။
သက်ရွယ်တော်ကြီးသောအခါ ယင်းစင်္ကြံရှိ တိုင်ကြီး တစ်တိုင်ကို ရွှေပိန်းချထား၏။
ဆရာတော်၏ “ပထမ ဗောဓိဌာန' ဖြစ်သည်။

ဆရာတော်ကား လွယ်လွယ်ကူကူဖြင့် ရဟန်းပြုလာရသူ့မဟုတ်။ သုံးလေးနှစ် လွန်မှ
ရဟန်းဖြစ်ရသည်။ အသက် နှစ်ဆယ်ကျော်လာသည်အထိ မိဘများနှင့် အတူလုပ်ကိုင်
စားသောက်၍ နေရရာ ရွာ၌ နေရသည်မှာ စိတ်မငြိမ်လှသဖြင့် မန္တလေးမြို့၌ သွားရောက်
လုပ်ကိုင်၏။ သျှောင်ကြီးဗွေနှင့်ပင် နေသည်။

ထို့နောက် ရိုးသားဖြောင့်မတ်သည်ကို သိရသဖြင့် မိုးကုတ်မှ သူဌေး တစ်ယောက်က


## PAGE 639


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

..

၅၈၅

မွေးစားရာ မိုးကုတ်သို့ လိုက်ပါနေထိုင်ရသည်။ “အဲဒါ မင်းပစ္စည်းတွေပဲ” ဟု ဆိုကာ
များပြားလှသော ကျောက်သံပတ္တမြားတို့ကို ပြပြီး ပျော်ရာပျော်ကြောင်း ချော့မော့ထားသော်လည်း
ထိုရတနာများကို လိုချင်စိတ် မရှိ။ မိုးကုတ်၌လည်း မပျော်။ ယိုအခိုက် သတင်းအရ
ဖခင်ကြီး ဦးကျော့ လိုက်လာခေါ်၍ အရပ်သို့ ပြန်သွားရရာ မိုးကုတ်သူဌေးမှာ စိတ်မကောင်း
ဖြစ်၍ ကျန်ရစ်ခဲ့ရသည်။

ရွာရောက်သောအခါ၌လည်း စိတ်တွေ မငြိမ်ဘဲရှိနေရာ နောက်ဆုံး အင်းမကြီး
တောကျောင်းကလေးသို့ ရောက်လာခဲ့၏။ အိမ်မပြန်တော့ပြီ။ သူပျော်သောနေရာကား
လေးတိုင်စင် ထမ်းရွက်မိုး တောကျောင်းကလေးပင် ဖြစ်၍ မိဘများက ဇွတ်လာခေါ်သော်လည်း
မလိုက်ဘဲ ငြင်းဆန်နေ၏။ သျှောင်ကြီးဗွေနှင့်ပင် အင်းမကြီး ဆရာတော်ထံ ကပ္ပိယ
လုပ်နေတော့သည်။

အချိန်ကား ၁၂၈၆-ခုနှစ် ဝါတွင်းဖြစ်၏။ ဆရာတော်ရော မိဘများကပါ မည်သို့မျှ
တား၍မရသည့်အဆုံး သူ့အလိုကို လိုက်လျောရကာ ထိုနှစ် ဝါတွင်းမှာပင် ကိုရင်ကြီး
ဇဝနအဖြစ်ဖြင့် လေးတိုင်စင် ကျောင်းကလေးမှာ နေရလေ၏။ (မန္တလေးတောင်ပြင်
ထီးလင်းတိုက်၊ ဆရာတော်၏ တူမသီလရှင် ဆရာကြီး 'အဘွားလေး”နှင့် ကျောက်ဆည်မြို့
ရှေ့နေ 'ဦးကာငြိမ်း ဒေါက်တာ ဒေါ်မမလေး' တို့၏ ပြောပြချက်။)

ဆရာတော်၏ လက်ရေးမှတ်စု၌ အောက်ပါအတိုင်း ရေးထားသည်ကို ဖတ်ရှုရသည်-

(၁၂၆၈၊ တော်သလင်း လဆန်း ရှစ်ရက်၊ ရွှေတွင်းတူးကျောင်း ခဏ္ဍသိမ်၌
ပထမ ကမ္မဝါဆရာ မုံတောဂိုဏ်း ထောက် ဦးမာလာ၊ ထနောင်းကုန်း ဂိုဏ်းထောက်
ဦးဝိသုဒ္ဓ၊ တမာကုန်း သရက်ခြံ ဂိုဏ်းထောက် ဦးတေဇဝံသ သုံးပါးနှင့် ဥပဇ္ဈာယ်
ထီးလှိုင်ဂိုဏ်းထောက် ဆရာတော်။ နေ့နာရီပြန် တစ်ချက်။ ၁၂၉၀-ပြည့်၊ ၂၃-ဝါရ။
၁၂၆၈-ဝါတွင်း သာမဏေ လုပ်နေရ။ ၁၂၉၄၊ ၂၇-ဝါရ။)

ကမ္ဘာကို လွှမ်းမိုးနိုင်သော အင်အား

ဆရာတော်သည် ရဟန်းဖြစ်ပြီးနောက် ပရိယတ်ရော ပဋိပတ်ပါတွဲ၍ အားထုတ်သည်။
လယ်တီဆရာတော်၊ သေကျွတောင် ဦးတိလောက ဆရာတော်များထံ၌ လည်း
နည်းခံကျင့်သုံး၏။ ထို့ကြောင့် လယ်တီဆရာတော် တရားစစ်ပုံ၊ ပေးပုံများကို “အရိယာ
ဝိဇ္ဇာမဂ္ဂဒီပနီ' ၌ ရေးသား၍ မှတ်တမ်းတင်ထားသည်မှာ ကျေးဇူးများလှပါပေသည်။
၁။ လယ်တီဆရာတော် ဘုရားကြီးထံ စွန်းလွန်းမှ ဘုန်းကြီးနှင့် ဒကာများ
တရားအစစ်ခံလာစဉ် “ငါ သောကာပန်ဖြစ်ပြီ” စသည်ဖြင့် မပြောသင့်၊
ဆရာကလည်း အဆုံးအဖြတ် မစောသင့်၊ မဂ်ညွန် ချိုးရာ ရောက်ကြောင်း၊
အနုသယ ကိလေသာ သဘောကား သိမ်မွေ့၍ သမာဓိကြောင့် ငုပ်လျှိုး
နေတက်ရာ အရိယာ ဖြစ်ပြီ ထင်မှတ်ရသော်လည်း မဟုတ်ဘဲ ရှိတက်ကြောင်း၊

